၂ဝ၁၈၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

သူငယ်ချင်းတစ်ယောက်နဲ့ ဆက်စပ်ပြီး မိတ်ဆွေ၊သူငယ်ချင်းအသစ်တွေတိုးမယ်။ အဲ့ဒီလူနဲ့ပတ်သက်ပြီး စီးပွားရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရမယ်။ အလုပ်အကိုင်အသစ်ပြောင်းရတတ်တယ်။ စက်ပစ္စည်းဝင်တတ်တယ်။ ရပ်ဝေးမှ သတင်းကောင်းကြားရတတ်တယ်။

ယတြာ-နေအိမ်ဘုရားမှာ ရေချမ်းကပ်လှူပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ခင်မင်ရင်းနှီးတဲ့သူတစ်ဦးရဲ့ ရုတ်တရက်ဖယ်ကြဉ်ခြင်းကို ခံရမယ်။ မိမိထက်ငယ်ရွယ်သူများကြောင့် စိတ်ချမ်းသာပျော်ရွှင်ရလိမ့်မယ်။ လုပ်ငန်းတွေဆောင်ရွက်ရာမှာ အစပိုင်းစိတ်အားထက်သန်သလောက် နောက်ပိုင်းမှာ လက်တွေ့ဆောင်ရွက်မှုအားနည်းနေတတ်တယ်။ မမျှော်လင့်ဘဲ အချစ်စစ်နဲ့တွေ့တတ်ပါတယ်။

ယတြာ- မိဘမဲ့ကလေးတွေအတွက် စာရေးကိရိယာလှူဒါန်းပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အချိန်အတော်ကြာအောင် လုပ်ငန်းတူပူးပေါင်းဆောင်ရွက်လာသူတစ်ဦးရဲ့ သစ္စာဖောက်ခြင်းကို ခံရတတ်တယ်။ လုပ်ငန်းနေရအသစ်ပြောင်းရွှေ့ရတတ်တယ်။ အလွယ်တကူ ပျင်းရိငြီးငွေ့တတ်တဲ့ အကျင့်ကို ပြင်ပါ။ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုကို ထွက်ရတတ်ပါတယ်။

ယတြာ- ဘိုးဘွားတွေအတွက် ဓာတ်စာလှူဒါန်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

စောင့်မျှော်နေတဲ့ ဖုန်းအဝင်ကောလ်တစ်ခုကို လက်ခံရလိမ့်မယ်။ အချိန်အတော်ကြာအောင် အဆက်အသွယ်ပြတ်နေသူတွေနဲ့ အဆက်အသွယ်ရလိမ့်မယ်။ လူသစ်တွေနဲ့ အတူပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရတတ်ပါတယ်။ အချစ်ရေးကံကောင်းပါတယ်။
ယတြာ- ငါးစာကျွေးပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

လူတွေနဲ့ဝေးရာကို တစ်ယောက်တည်း သွားနေချင်လောက်အောင် မွန်းကြပ်မှုကို ခံစားနေရတဲ့ ကာလပါ။ မိသားစုနဲ့ ပတ်သက်ပြီး  အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို တစ်ဦးတည်း ဒိုင်ခံဖြေရှင်းနေရပါတယ်။ ရာထူးတိုးတတ်တယ်။ စီးပွားရေးတွေ အဆင်ပြေတတ်တယ်။ အနာဂတ်အတွက် သင့်တော်တဲ့လက်တွဲဖော်နဲ့ ဆုံဆည်းရတတ်ပါတယ်။

ယတြာ- ရေဖိုးဒါနပြုပါ။

၆။ ကန်ရာသီဖွား (Virgo)     
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ 

ငွေရလွယ်တဲ့ ဖြတ်ထိုးလမ်းတွေကို လိုက်ရင်း တည်မြဲတဲ့အလုပ်ကို ထိခိုက်မိသလို ဖြစ်နေတတ်ပါတယ်။ စိတ်ရှည်သည်းခံပြီး ရေရှည်အတွက် ကြိုးစားဆောင်ရွက်ပါ။ မိမိသတိမမူဖြစ်နေခဲ့တဲ့အရာတစ်ခုမှ အခွင့်အလမ်းအသစ်တွေရတတ်ပါတယ်။ အချစ်ရေးကတော့ နေမြဲအတိုင်းပါပဲ။

ယတြာ- လေလွင့်ခွေးလေးတွေကို အစာကျွေးပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိမိလုပ်ကိုင်သင့်သည့်အရာများကို ဈာန်ဝင်စားစွာ လုပ်ကိုင်တတ်သောအကျင့်ကြောင့် အောင်မြင်မှုများစွာရရှိမယ်။  အနှောင့်အယှက်အဟန့်အတားတွေကို ကျော်လွှားနိုင်မယ်။ အမည်ဂုဏ်သတင်း အထူးကျော်ဇောမယ်။ ထူးဆန်းတဲ့ အိပ်မက်မက်တယ်ဆိုရင် ထီထိုးပါ။

ယတြာ- ဘုရားမှာ သစ်သီးလှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)   
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ   

အလုပ်အကိုင်အတွင်းမှာ ကိုယ့်ကိုယ်ကိုအားကိုးပြီး ဆောင်ရွက်လိုက်တဲ့ ကိစ္စတစ်ခုမှာ အောင်မြင်မှုတွေရရှိမယ်။ ခြေလှမ်းအသစ်တွေကို လျှောက်လှမ်းနိုင်မယ်။ သူငယ်ချင်းနဲ့ ချစ်သူအဖြစ် ပြောင်းလဲသွားမယ့်ကာလပါ။ ငွေကံကောင်းပါတယ်။

ယတြာ- ဘုရားမှာ  လျှပ်စစ်မီး ပူဇော်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

အရာရာကို ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ အကျင့်ကြောင့် ချစ်တဲ့သူတွေရဲ့ အထင်လွဲမှားခြင်းကို ခံရမယ်။ မိမိဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်ဆောင်ရွက်နိုင်မယ်။ အလုပ်အကိုင်မှာ အောင်မြင်မှုတွေရရှိမယ်။ ငွေဝင်သလောက် ငွေမမြဲသေးပါ။

ယတြာ- ကလေး(၃) ယောက်ကို ရေခဲမုန့် ဝယ်ကျွေးပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

အလုပ်အကိုင်နှင့်ပတ်သတ်ပြီး  ကံအထူးကောင်းတဲ့ ကာလဖြစ်တယ်။ အထက်လူကြီးတွေက  မိမိရဲ့ လုပ်ရည်ကိုင်ရည်များကို အသိအမှတ်ပြု ချီးမြှောက်ခံရမယ့် ကာလဖြစ်တယ်။ ကျန်းမာရေးအနည်းငယ်ညံ့ကိန်းရှိသည်။ ညအိပ်ညနေခရီးထွက်ရန် မသင့်တော်သေးပါ။
ယတြာ- ရေတွင်းရေကန်များအတွက် အလှူငွေထည့်ဝင်ပေးပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ 

အကြံဉာဏ်အသစ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပါ။ အများကလုပ်ဆောင်ရန် တွန့်ဆုတ်နေသောကိစ္စများကို စွန့်ဦးလုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှုများစွာ ရရှိမည်။ အစပြုထားသောကိစ္စရပ်များကို ပြီးမြောက်အောင်မြင်သည်အထိလုပ်ဆောင်တတ်သည့် အကျင့်ကိုမွေးမြူပါ။
ယတြာ- လမ်းတံတားအလှူငွေ လှူဒါန်းပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

မိသားစုအတွက် အနည်းငယ် စိတ်ပင်ပန်းရတဲ့ကာလဖြစ်ပါတယ်။ မိသားစုဝင် တချို့ရဲ့ ကျန်းမာရေးအတွက် ပူပန်နေရမယ်။ အလုပ်ထဲမှာလည်း အခက်အခဲတချို့ ကြုံမယ်။ ကြုံလာသမျှ အခက်အခဲတွေကို စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်း လိုက်ပါ။ အချစ်ရေး အဆင်ပြေပါတယ်။ ယာယီခရီးတစ်ခု ပေါ်လာတတ်တယ်။ ကံကောင်းစေမယ့်ခရီး ဖြစ်ပါတယ်။

တိုက်ဆိုင်မှုလေးတွေပါရင် SHARE လိုက်ပါဦးနော်။