၂ဝ၁၈၏အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

တိမ်မြှုပ်နေတဲ့အရည်အချင်းကောင်းတွေ ထုတ်ဖော်ပြသဖို့ အခွင့်အလမ်းကောင်းတွေ ရှိလာ မယ့်ကာလဖြစ်ပါတယ်။ နေရာသစ်၊ အလုပ်အကိုင်သစ်နဲ့ အဆင်ပြေမယ်။ လူကြီးသူမတွေရဲ့ ကူညီ စောင့်ရှောက်မှုကို လက်ခံရရှိမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းလှူပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

မရည်ရွယ်ဘဲ ထွက်ဖြစ်လိုက်တဲ့ခရီးကနေ စီးပွားရေးအတွက် လမ်းစကောင်းတွေ တွေ့မယ့် ကာလဖြစ်ပါတယ်။ တစ်ကိုယ်တည်းသမားများ ရပ်ဝေးမှာ အတန်ကြာခြေချရကိန်းကြုံမယ်။ မိတ်ဆွေ သစ်တွေတွေ့မယ်။ ဖူးစာဖက်တွေ့မယ်။
ယတြာ။         ။ မွေးနံထောင့်မှာ သစ္စာပန်းကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အစားအသောက်မှားပြီး ဝမ်းဗိုက်ဒုက္ခပေးတတ်တယ်။ အစားအသောက် ဆင်ခြင်သတိပြုပါ။ စု ပေါင်းလုပ်ကိုင်ရတဲ့ စီးပွားရေးလုပ်ငန်းတွေ အကျိုးပေးနေမယ်။ တိုးချဲ့သလောက် အရာထင်အောင် မြင်နေမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ နှင်းဆီပန်းကပ်လှူပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ ရည်ရွယ်ချက်လေးတွေ တကယ်အကောင်အထည်ပေါ်လာမယ့် ပျော်စရာကာလဖြစ်ပါတယ်။ အနုပညာဝါသနာပါသူများ အခွင့်အလမ်းသစ်တွေ တွေ့မယ်။ အောင်မြင် အောင် ပံ့ပိုးကူညီသူတွေနဲ့ တွေ့မယ်။ အချစ်ရေးမှာ အဝေးကလူနဲ့ ချစ်ကြိုးသွယ်ရတတ်တယ်။
ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းကပ်လှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အဟောင်းတွေနဲ့ အကျိုးပေးနေတဲ့ကာလဖြစ်ပါတယ်။ ကွဲကွာနေတဲ့ မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့မယ်။ အကြွေးဟောင်းတွေ ပြန်ရမယ်။ အမှုဟောင်းတွေ ပြန်ပေါ်တတ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး စနစ်တကျလုပ်ပါ။ အချစ်ရေးမှာ ချစ်သူနဲ့ခဏခွဲနေရမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ပန်းသီးကပ်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

မနာလိုသူတချို့ရဲ့ အတိုက်အခိုက်တွေကြောင့် အလုပ်လုပ်ရတာ စိတ်အနှောင့်အယှက် ဖြစ် နေရမယ်။ ရန်ကိုရန်ချင်းမတုံ့ပြန်ပါနဲ့။ လုပ်စရာရှိတာကိုသာ နှစ်ဆတိုးပြီး ကြိုးစားလုပ်လိုက်ပါ။ မကြာ ခင်မှာ အတိုက်အခိုက်တွေ ရပ်သွားမှာပါ။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့ တွေ့မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

လူပျိုကြီး၊ အပျိုကြီးဖြစ်ပါက အိမ်ထောင်ရက်သားကျတဲ့အထိ အချစ်ရေးမှာ စန်းပွင့်နေမယ့် ကာလဖြစ်ပါတယ်။ တနင်္လာနံနဲ့စတဲ့ စီးပွားရေးလုပ်ငန်းတွေ အကျိုးပေးမယ်။ ခရီးယာယီရှိတယ်။ မိ သားစုတွင်း သတင်းကောင်းကြားရမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ကံ့ကော်ပန်းကပ်လှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ  

အလုပ်ကိစ္စ၊ မိသားစုအရေးကိစ္စတွေနဲ့ စိတ်ဖိစီးမှုလေးတွေ ခံစားနေရမယ့် ကာလဖြစ်ပါတယ်။ အရာရာကို စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပါနဲ့။ ပြဿနာတွေ ပိုကြီးထွားတတ်ပါတယ်။ အကောင်းဆုံး ကြိုးစားမှုတွေနဲ့ ကျော်ဖြတ်လိုက်ရင် အဆင်ပြေသွားမှာပါ။ အချစ်ရေး သာယာပါတယ်။
ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်းငွေပန်းကပ်လှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

အချစ်ရေးမှာ အပြိုင်အဆိုင်လေးတွေပေါ်နေတာကြောင့် စိတ်မောနေရမယ်။ မိသားစုထဲ မင်္ဂ လာသတင်းကြားရမယ်။ နေအိမ်သစ်ပြုပြင်ရမယ်။ စက်ပစ္စည်းအသစ်ဝင်မယ်။ ကျန်းမာရေးအနေနဲ့ ခါး နာ၊ ဒူးနာဖြစ်တတ်ပါတယ်။ အမြင့်တက်ရင် သတိပြုပါ။
ယတြာ။         ။ မွေးနံထောင့်မှာ သရက်သီးကပ်လှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ပျော်စရာ၊ စိတ်ညစ်စရာလေးတွေ ဒွန်တွဲနေတဲ့ကာလဖြစ်ပါတယ်။ ငွေဝင်များသလို ငွေကုန် ကြေးကျလည်း များနေတာကြောင့် စိတ်မောနေရမယ်။ ကြန့်ကြာနေတဲ့ကိစ္စလေးတွေ အကောင်အ ထည်ပေါ်လာမယ်။ အချစ်ရေးသာယာပါတယ်။
ယတြာ။         ။ မွေးနံထောင့်မှာ နာနတ်သီးကပ်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

ပညာရေးဘက်လေ့လာလိုက်စားသူများအတွက် အထူးအကျိုးပေးနေတဲ့ ကာလဖြစ်ပါတယ်။ နိုင်ငံရပ်ခြားအထိ ပညာတော်သင်သွားဖို့ အခွင့်အလမ်းတွေပေါ်မယ်။ ဘိုးဘွားမိဘတွေရဲ့ အမွေ အနှစ်တွေ ရရှိမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။
ယတြာ။         ။ မွေးနံထောင့်မှာ ဆီမီးပူဇော်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

လုပ်ချင်တဲ့အလုပ်တွေများပြီး ဘာကိုရွေးချယ်ရမှန်းမသိဘဲ ဗျာများနေတတ်တဲ့ ကာလ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ရွေးချယ်မှုတွေကို  အလောသုံးဆယ်မဆုံးဖြတ်ပါနဲ့။ လူကြီးမိဘတွေနဲ့ တိုင်ပင်ပါ။ အချစ်ရေးမှာ အသက်ငယ်သူနဲ့ဆုံမယ်။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

တိုက်ဆိုင်မှုလေးတွေပါရင် SHARE လိုက်ပါဦးနော်။