အချစ်ရေးကို အကျိုးသက်ရောက်စေနိုင်တဲ့ နက္ခတ်တာရာဆက်နွှယ်မှုများ

blank

           အချစ်ရေးတွေ မတည်မြဲရခြင်းအကြောင်းရင်းကို မေးလိုက်ရင် လူတော်တော်များများက သစ္စာမရှိလို့၊ သဝန်တိုလို့၊ အနိုင်ကျင့်နှိပ်စက်လို့၊ လူမှုရေးနဲ့ ယဉ်ကျေးမှုမတူလို့ စတဲ့အကြောင်းပြချက်တွေ ပေးကြပါလိမ့်မယ်။ တကယ်လည်း ဒီအကြောင်းတွေကြောင့် အချစ်ရေးပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီအချက်တွေအပြင် နက္ခတ်တာရာတွေကြောင့်လည်း အချစ်ရေးမှာ ဆိုးကျိုးသက်ရောက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ချစ်သူစုံတွဲတွေကြားမှာ အချစ်ရေးအဆင်ပြေဖို့ဆိုတာ နှစ်ဦးစလုံးရဲ့ နက္ခတ်တွေကြား နေနဲ့လရဲ့ဆက်သွယ်မှုတွေ ခိုင်မြဲနေဖို့လိုပါတယ်။ လမင်းကြီးဆိုတာ ဗေဒင်ပညာရပ်မှာ စိတ်ခံစားမှုတွေ၊ အမှတ်တရတွေကို ကိုယ်စားပြုတဲ့အရာဖြစ်ပါတယ်။ နေမင်းကြီးကတော့ ဘဝရည်မှန်းချက်တွေကို ကိုယ်စားပြုတာပေါ့။ တကယ်လို့ တစ်စုံတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် စိတ်ခံစားမှုတွေဟာ ဆက်စပ်သွားပြီး ဘဝရည်မှန်းချက်က အဲဒီတစ်စုံတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် အခြားနက္ခတ်တာရာတွေကလည်း အထောက်အပံ့တွေအဖြစ်ရပ်တည်လာပါတယ်။

ယူရေးနပ်စ် (Uranus) နက္ခတ်တာရာက လမ်းခွဲခြင်းနဲ့ ကွာရှင်းခြင်းကို အားပြုတာကြောင့် ချစ်သူနှစ်ဦးကြားမှာ ယူရေးနပ်စ်ဆက်နွှယ်မှုအားကောင်းနေရင် အချစ်ရေးကြာရှည်မခံနိုင်ပါဘူး။

နပ်ကျွန်း (Neptune) နက္ခတ်တာရာဟာ တစ်ခါတလေမှာ ရင်ခုန်စရာတွေကို ကိုယ်စားပြုပေမဲ့ တစ်ခါတလေမှာတော့ လိမ်ညာမှုတွေနဲ့ လှည့်စားမှုတွေကို ကိုယ်စားပြုနေပါတယ်။

ပလူတို (Pluto) နက္ခတ်တာရာဟာ သက်တောင့်သက်သာမရှိမှုတွေကို ကိုယ်စားပြုနေတာကြောင့် ပလူတိုဆက်နွှယ်မှုတွေရှိနေတဲ့အချစ်ရေးမှာ စိတ်ဝမ်းနည်းစရာတွေ ကြုံရနိုင်ပါတယ်။

ဒါကြောင့် လေဓာတ်ကိုကိုယ်စားပြုတဲ့ မေထုန်ရာသီဖွား (Gemini)၊ တူရာသီဖွား (Libra)နဲ့ ကုံရာသီဖွား (Aquarius) တို့ဟာ ဓာတ်တူရာသီဖွားအချင်းချင်း ချစ်သူတော်မယ်ဆိုရင် စိတ်တူကိုယ်တူနဲ့ အများကအားကျရတဲ့ စံပြစုံတွဲတွေဖြစ်လာနိုင်ပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ရေဓာတ်ကို ကိုယ်စားပြုတဲ့ ကရကဋ်ရာသီဖွား (Cancer)၊ ဗြိစ္ဆာရာသီဖွား(Scorpio)နဲ့ မိန်ရာသီဖွား (Pisces) စတဲ့ ရာသီဖွားတွေဟာ ဓာတ်တူရာသီဖွားအချင်းချင်းချစ်သူဖြစ်မယ်ဆိုရင် အချစ်ရေးမှာ ပျော်ရွှင်သာယာတဲ့ခံစားမှုတွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

မြေဓာတ်ကို ကိုယ်စားပြုတဲ့ ပြိဿရာသီဖွား (Taurus)၊ ကံရာသီဖွား (Virgo)နဲ့ မကာရ ရာသီဖွား (Capricorn)တွေမှာတော့ ဓာတ်တူရာသီဖွားအချင်းချင်း စုံဖက်မယ်ဆိုရင် အချစ်ရေးခိုင်မာပြီး ရာသက်ပန်ပေါင်းဖက်နိုင်မှာ ဖြစ်ပါတယ်။

မီးဓာတ်ကို ကိုယ်စားပြုတဲ့ မိဿရာသီဖွား (Aries)၊ သိဟ်ရာသီဖွား (Leo) နဲ့ ဓနုရာသီဖွား (Sagittarius) တွေကတော့ ဓာတ်တူရာသီဖွားအချင်းချင်းချစ်သူဖြစ်မယ်ဆိုရင် နားလည်မှုအပြည့်နဲ့ ပျော်ရွှင်သာယာတဲ့အချစ်ရေးလေးတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။