၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (မေ၂၈-ရက်နေ့မှ ဇွန် ၃ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ချစ်ခင်သူတွေရဲ့ စိတ်ချမ်းသာမှုလေးတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ကာလဖြစ်ပါတယ်။ အကူ အညီလိုအပ်နေသူတွေကို စိတ်သွားတိုင်းကိုယ်ပါ ကူညီခွင့်ရရှိမယ်။ ခရီးယာယီရှိမယ်။ မျှော်လင့်မ ထားဘဲ နိုင်ငံရပ်ခြားအထိ ခြေဆန့်ခွင့်ရတတ်တယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။
ယတြာ။         ။ မွေးရက်မှာ ၂၄ ပစ္စည်းပဌာန်းရွတ်ဖတ်ပူဇော်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ      

အချစ်ရေးနဲ့ပတ်သက်ပြီး တွေဝေစရာလေးတွေ ရှိနေမယ့်ကာလဖြစ်ပါတယ်။ ဘဝအတွက် ဦး စားပေးစရာလေးတွေ အပြိုင်အဆိုင်ပေါ်နေတာကြောင့် ရွေးချယ်ရခက်နေမယ်။ မိသားစုအတွင်းပျော် စရာသတင်းကောင်းကြားရမယ်။ နေအိမ်သစ်ပြုပြင်ရမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ အောင်သပြေကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံရမယ်။ ရစရာရှိတာတွေ နှောင့်နှေးနေသလို ပေးစရာရှိတာတွေကတော့ အလောသုံးဆယ်ဖြစ်နေမယ်။ ဝန်ထမ်းဖြစ်ပါက ငွေစာ ရင်းတွေ လွဲချော်တတ်တယ်။ သတိထားပါ။ အချစ်ရေး အဆင်ပြေပါတယ်။

ယတြာ။         ။ မွေးရက်မှာ ဘယာကြော်ဆွမ်းလောင်းပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မျှော်လင့်မထားတဲ့ အပြောင်းအလဲလေးတွေနဲ့ ဖြတ်သန်းရမယ့် ကာလဖြစ်ပါတယ်။ ဆွေမျိုးထဲ မင်္ဂလာကိစ္စပေါ်မယ်။ မိတ်ဆွေသစ်တွေတိုးမယ်။ ပညာရေးဘက်လိုက်စားသူများ နိုင်ငံရပ်ခြားအထိ ပ ညာတော်သင်သွားရမယ်။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့ ဆုံစည်းရမယ်။

ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ချစ်သူနဲ့ မိသားစုအကြား ဗျာများနေရမယ့် ကာလဖြစ်ပါတယ်။ ပြဿနာတွေကို စိတ်လိုက် မာန်ပါ မဖြေရှင်းပါနဲ့။ အချိန်ယူပြီး နားလည်မှုတွေတည်ဆောက်လိုက်ပါ။ ရစရာရှိတဲ့ ငွေတွေ တစ်စု တစ်စည်းတည်းပြန်ရရှိမယ်။ စီးပွားရေးအခြေအနေ ကောင်းနေပါတယ်။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

လူမှုရေးကိစ္စတွေနဲ့ လုံးချာလည်နေမယ့် ကာလဖြစ်ပါတယ်။ အပြင်ထွက်စရာလမ်းတွေများ နေတာကြောင့် စီးပွားရေး၊ မိသားစုအရေးနဲ့ အချစ်ရေးဘက် အချိန်မပေးနိုင်ဘဲဖြစ်နေမယ်။ ငွေဝင် များသလို ငွေထွက်လည်း ကြမ်းနေတာကြောင့် အတန်ငယ်စိတ်မောနေရမယ်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

          ချစ်ခင်သူတွေနဲ့ နားလည်မှုလွဲပြီး အတန်ငယ်စိတ်ညစ်ရမယ့် ကာလဖြစ်ပါတယ်။ ငွေရေးကြေး ရေးကိစ္စတွေနဲ့ အချင်းများရတတ်တာကြောင့် ငွေကြေးနဲ့ပတ်သက်ပြီး သတိပြုပါ။ အချေးအငှားကို စာ ရင်းဇယားနဲ့ တိတိကျကျမှတ်သားပါ။ အချစ်ရေး အဆင်ပြေပါတယ်။

ယတြာ။         ။ မွေးရက်မှာ မိဘနှစ်ပါးကို ငွေကြေးနဲ့ကန်တော့ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ကာလဖြစ်ပါတယ်။ ဝမ်းကွဲမောင်နှမတွေဆီက စီးပွား ရေးနဲ့ပတ်သက်တဲ့ အကြံဉာဏ်ကောင်းတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ရရှိမယ်။ လုပ်ငန်းသစ်တွေ တိုးချဲ့နိုင်မယ်။ တနင်္လာနံနဲ့စတဲ့ လုပ်ငန်းတွေ အကျိုးပေးမယ်။ အချစ်ရေးအနေနဲ့ ရပ်ဝေးကလူနဲ့ ချစ် ကြိုးသွယ်ရတတ်တယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရေချမ်းကပ်လှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်မယ့် ပျော်စရာကာလဖြစ်ပါတယ်။ ရည်မှန်းချက် အောင်မြင်ဖို့ ကူညီမယ့်သူတွေအများကြီးတွေ့မယ်။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ မမျှော်လင့်ဘဲ ပြန် ဆုံမယ်။ ငွေကြေးကံအထူးကောင်းနေပါတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ဖြစ်ချင်နေတာလေးတွေများပြီး အတန်ငယ်စိတ်လောနေမိမယ့် ကာလဖြစ်ပါတယ်။ လမ်းများ ရင် လိုရာခရီးမရောက်ဘဲ ငွေကုန်လူပန်းဖြစ်တတ်တာကြောင့် တစ်ခုတည်းကို ဆုံးဖြတ်ချက်ချပြီး ကြိုး စားလိုက်ပါ။ သင်မှန်းထားတာထက် ပိုအောင်မြင်မှာပါ။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

အနုပညာဝါသနာပါသူများအတွက် အခွင့်အရေးကောင်းတွေ တန်းစီနေတဲ့ကာလဖြစ်ပါတယ်။ မြေတောင်မြှောက်ပေးမယ့် ဆရာသမားကောင်းတွေနဲ့ တွေ့မယ်။ ချစ်သူရှိသူများ အဝေးရောက်နေလို့ လွမ်းနေရမယ်။ ငွေကြေးကံသင့်ပါတယ်။

ယတြာ။         ။ မကျန်းမာသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ကြားသုံးကြားမဝင်ပါနဲ့။ သူများပြဿနာက ကိုယ့်ပြဿနာဖြစ်တတ်ပါတယ်။ ငွေကြေးအပျောက်အရှရှိတယ်။ သတိထားသိမ်းဆည်းပါ။ နေအိမ်ကို စက်ပစ္စည်းကြီးကြီးမားမား ဝင်မယ်။ အိုးအိမ်သစ်ပြုပြင်ရမယ်။ အချစ်ရေးမှာ ရွယ်တူတန်းတူနဲ့ ဆုံစည်းမယ်။

ယတြာ။         ။ နေအိမ်ခြံဝင်းထဲ အရိပ်ရပင်စိုက်ပါ။

တိုက်ဆိုင်မှုလေးတွေပါနေရင် Like & Share လုပ်လိုက်ပါ။