၂ဝ၁၈ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (မေလ ၂၁-ရက်နေ့မှ ၂၇ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အချစ်ရေးနဲ့ပတ်သက်ပြီး ဒွိဟဖြစ်စရာတွေ ကြုံတွေ့ရမယ့် ကာလဖြစ်တယ်။ သံသယထားတတ်တဲ့ အကျင့်ကြောင့် အချစ်ရေးမှာ ကတောက်ကဆလေးတွေ ကြုံတွေ့ရလိမ့်မယ်။ အရာရာကို ကမူးရှူးထိုး ဖြေရှင်းတတ်တဲ့ အကျင့်ကို ပြင်ပါ။ သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်ပြီး စကားများရန်ဖြစ်ရကိန်းရှိတယ်။ စက်ပစ္စည်းအသစ်တစ်ခုဝင်ရင် ထီထိုးပါ။
ယတြာ- သံဃာတော်တွေကို ဒံပေါက်ဆွမ်းကပ်လှူပါ။  

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အသေးအဖွဲ ကိစ္စလေးတွေမှာတောင် ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရမယ့် ကာလပါ။ ကျင့်ဝတ်မစောင့်ထိန်းတဲ့ လူတစ်ချို့ကြောင့် စိတ်ညစ်ရလိမ့်မယ်။ မိမိပြောလိုက်တဲ့စကားကို ချဲ့ကားပြီးသတင်းလွှင့်တတ်သူတွေ ရှိတတ်တာကြောင့် အပြောအဆို ဆင်ခြင်ရမယ့်ကာလပါ။ ဝန်ထမ်းတွေရာထူးတိုးတက်တယ်။

ယတြာ- မယ်သီလရှင် သုံးပါးကို မျက်နှာသုတ်ပုဝါလှူဒါန်းပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ    

           အချစ်ရေးမှာ ခြေလှမ်းသစ်တွေ တက်လှမ်းဖို့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ ပြည့်ဝနေမယ်။ သူတစ်ပါးကို ကူညီရင်း မိမိရဲ့အချိန်တွေကို ကုန်ဆုံးမိနေတတ်တယ်။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ရောထွေးတတ်တဲ့ အကျင့်ကိုပြင်ပါ။ မိဘအကြီးအကဲ ကျန်းမာရေး ဂရုစိုက်ပေးပါ။ ရပ်ဝေးမှဧည့်သည်ရောက်လာပါက ထီထိုးပါ။

ယတြာ- ချို့တဲ့သူများအတွက် ဆေးဝါးလှူဒါန်းပါ။

 ၄။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိမိလုပ်စရာရှိတာတွေထက် အခြားလူတွေအကြောင်း စပ်စုရင်းအချိန်တွေ ကုန်နေတတ်တယ်။ အတင်အဖျင်းတွေကြောင့် အချိန်ဖြုန်းနေတတ်တဲ့ အကျင့်ကို ပြင်ပါ။ မိမိအမှန်တကယ် စိတ်မဝင်စားတဲ့လုပ်ငန်းတွေမှာ  ရင်းနှီးမြှပ်နှံမှုပြုလုပ်ရင် အရှုံးပေါ်မယ်။ တိတ်တခိုးချစ်နေသူကို ချစ်ကြောင်းဖွင့်ဟဝန်ခံဖို့ အချိန်ကောင်းပဲဖြစ်ပါတယ်။

ယတြာ- လမ်းတံတားအတွက် အလှူငွေပေးလှူပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အလုပ်အကိုင်နဲ့ပတ်သက်ပြီး ကံအထူးကောင်းနေတဲ့ ကာလဖြစ်တာကြောင့် မျက်စိဖွင့် နားစွင့်ထားရမယ့်ကာလဖြစ်ပါတယ်။ မလိုအပ်တဲ့နေရာတွေမှာ အာရုံစိုက်နေရင်း မိမိအတွက် ကြီးမားတဲ့ အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးတာမျိုးဖြစ်တတ်ပါတယ်။ အချစ်ရေးသင့်တင့်ပါတယ်။ ပညာရှာနေသူများ ပညာရပ်အသစ်တွေကို လေ့လာဆည်းပူးခွင့်ရမယ်။

ယတြာ- လေလွင့်ခွေးကလေးများကို အစာကျွေးပါ။

၆။ ကန်ရာသီဖွား (Virgo)   

သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်အတွင်း ကန်ရာသီဖွားတွေအတွက် အလုပ်အကိုင်၊ လူမှုရေးနဲ့ပတ်သတ်ပြီး အရာရာအဆင်ပြေမယ့် ကာလဖြစ်ပါတယ်။ အလုပ်အကိုင်အသစ်စတင်ထားသူများ ကံအထူးကောင်းပါတယ်။ အလုပ်အကိုင်အသစ်တွေ ချဲ့ထွင်လုပ်ကိုင်နိုင်မယ်။ ကန်ရာသီဖွား လူပျိုကြီးအပျိုကြီးများ မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်တယ်။

ယတြာ- ချို့တဲ့လူနာများအတွက် ဆေးဝါးလှူဒါန်းပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

လုပ်ငန်းခွင်အတွင်းမှာ ရောက်လာမယ့် လူသစ်တစ်ယောက်ကြောင့် မိမိဘဝအများကြီး ပြောင်းလဲလာမယ်။ အနာဂတ်အတွက် သေချာရေရာတဲ့ ခြေလှမ်းသစ်တွေကို လျှောက်လှမ်းနိုင်မယ်။ များပြားတဲ့အခွင့်အရေးတွေအကြား မိမိအတွက် ကောင်းမွန်တဲ့အရာတွေကို သေချာဆုံးဖြတ်ပြီး ရွေးချယ်ပါ။ သူငယ်ချင်းတွေကို ဦးစားပေးတတ်တဲ့ အကျင့်ကြောင့် ချစ်သူနဲ့ ကတောက်တဆလေးတွေ ကြုံတွေ့ရမယ်။

ယတြာ- ငါးစာကျွေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

အလုပ်မှာကြုံတွေ့လာမယ် အခက်အခဲတွေကို ကျော်လွှားရင်း ခြေလှမ်းသစ်များကို တက်လှမ်းနိုင်မယ်။ မနာလိုဝန်တိုတတ်သူတစ်ဦးကြောင့် စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်ရမယ်။  မိမိဘဝတိုးတက်အောင်မြင်စေမယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မယ်။ ချစ်သူနဲ့ နှစ်ဖက်မိဘအသိုင်းအဝိုင်းက ကြည်ဖြူလက်ခံမယ့် အခြေအနေတစ်ခုကို ဖန်တီးနိုင်မယ်။

ယတြာ- ငှက်သက်စေ့လွှတ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

တစ်ယောက်တည်း ဆောင်ရွက်တဲ့ အလုပ်ထက် အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အလုပ်တွေ ပိုမိုအောင်မြင်မှု ရရှိမည်။ ကြံစည်စိတ်ကူးနေတဲ့ ကိစ္စရပ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်။ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ ကိစ္စတွေ အောင်မြင်မှု ရရှိမယ်။ မမျှော်လင့်ဘဲ ခရီးထွက်ရကိန်းရှိတယ်။

ယတြာ- သူငယ်ချင်းတစ်ယောက်ကို ကြေးအိုးတိုက်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ  

ရုတ်တရက်ပြောင်းလဲသွားတဲ့ ချစ်ခင်ရသူတွေရဲ့ အမူအကျင့်တွေကြောင့် တုန်လှုပ်ခြောက်ခြားနေမယ်။ မိမိရဲ့ အကြံဉာဏ်တွေ စိတ်ကူးတွေကို လက်မခံဘဲ ပယ်ချတတ်တဲ့ အထက်လူကြီးကြောင့် စိတ်ညစ်ညူးရမယ်။ အပြောအဆိုတွေကို ဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။ အချစ်ရေး ကံကောင်းပါတယ်။

ယတြာ- မွေးနံထောင့်မှာ ဆီမီးကပ်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

အသေးအဖွဲကိစ္စလေးအတွက်နဲ့ အခင်မင်ရဆုံးသူငယ်ချင်းတွေနဲ့ စိတ်ဝမ်းကွဲရတတ်တယ်။ အ ပြောအဆို၊ အနေအထိုင်ဆင်ခြင်ပါ။ ကြားလူတွေကို သတိထားပါ။ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်း တိုးချဲ့လုပ်ကိုင်ဖို့ အခွင့်အရေးကောင်းတွေတွေ့မယ်။ ဝန်ထမ်းဖြစ်ပါက နေမြဲအတိုင်းပါ။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့ဆုံရမယ်။

ယတြာ။         ။ ကြာဆံကြော်ပြီး အိမ်နီးချင်းတွေကို ဝေပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

စိတ်တွေပျံ့လွင့်နေတာကြောင့် အလုပ်ထဲ အမှားမှားအယွင်းယွင်းလေးတွေ ဖြစ်နေမယ်။ မလို သူတွေရဲ့စကားတင်းဆိုကဲ့ရဲ့မှုတွေကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်နေရမယ့်ကာလပါ။ ဘယ် အရာကိုပဲဖြစ်ဖြစ် အလောသုံးဆယ်မဆုံးဖြတ်ပါနဲ့။ စိတ်အေးအေးထားပြီး အချိန်ယူဆုံးဖြတ်ပါ။ မကြာ ခင်မှာ အခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားသွားနိုင်မှာပါ။

ယတြာ။         ။ မွေးနံထောင့်မှာစံပယ်ပန်းကပ်လှူပါ။

သင့်အတွက်မှန်နေခဲ့ရင် သူငယ်ချင်းတွေအတွက်လည်း ဝေမျှပေးလိုက်ပါဦးနော်။