မွေးဖွားတဲ့ရာသီခွင်အလိုက် စိတ်ဆိုးဒေါသထွက်တတ်ပုံလေးများ

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၁၉) ရက်အတွင်းမွေးဖွားသူများ

မိဿရာသီဖွားတွေဟာ စိတ်ထက်သန်ပြင်းပြသူတွေဖြစ်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေ၊ ဒါမှမဟုတ် တစ်ယောက်ယောက်က သူတို့ဖြစ်စေချင်တာနဲ့ ဆန့်ကျင်ပြီး လုပ်မိတဲ့အခါ စိတ်ဆိုးတတ် ကြပါတယ်။ အဲ့ဒီအခါ ညှိနှိုင်းဖို့လည်း မလွယ်တော့ပါဘူး။ ဒါပေမဲ့ စိတ်ဆိုးလွယ်သလို စိတ်ပြေလွယ် သူတွေလည်းဖြစ်တာကြောင့် အရှိန်လျှော့သွားတဲ့အခါ အလိုလို စိတ်ဆိုးပြေသွားတတ်ပါတယ်။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂ဝ)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ပြိဿရာသီဖွားတွေဟာ ဒေါသထွက်ခဲသူတွေဖြစ်ပြီး ညှိညှိနှိုင်းနှိုင်းရှိကြသူတွေပါ။ ဒါပေမဲ့ သူ တို့ကို နာကျင်စရာတွေပေးတဲ့သူ၊ လိမ်ညာတဲ့သူတွေကိုတော့ ခွင့်မလွှတ်တတ်ကြပါဘူး။ ကတိလွယ် လွယ်မပေးဘဲ ကတိပေးပြီးရင်လည်း တည်အောင်ကြိုးစားတတ်ကြပါတယ်။ စကားကို လိုအပ်သ လောက်ပဲပြောတတ်ပေမဲ့ စိတ်ဆိုးလာပြီဆိုရင်တော့ ထိထိမိမိစကားလုံးတွေနဲ့ တရစပ်တုံ့ပြန်တတ်ကြ သူတွေဖြစ်ပါတယ်။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

အတင်းအဖျင်းပြောတတ်သူတွေကို သဘောမကျသလို ချုပ်ခြယ်တာ၊ ဆရာလုပ်ခံရတာတွေ ကို စိတ်ဆိုးကြသူတွေပါ။ အဲ့ဒီလိုလူတွေနဲ့လည်း အပေါင်းအသင်းမလုပ်ဘဲ နေတတ်ပါတယ်။ သူတို့ မနှစ်သက်တဲ့အမူအကျင့်တွေကို ရှောင်ကြဉ်မယ်ဆိုရင်တော့ ခင်မင်စွာပေါင်းသင်းလို့ကောင်းတဲ့ ရာသီ ဖွားတွေဖြစ်ပါတယ်။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

ကရကဋ်ရာသီဖွားတွေဟာ ပင်ကိုယ်အားဖြင့် သဘောကောင်းသူ၊ ထောက်ထားကြင်နာတတ် သူတွေ၊ ယဉ်ကျေးသိမ်မွေ့သူတွေပါ။ ဒါပေမဲ့ စိတ်ဆိုးပြီးရင်လည်း လွယ်လွယ်နဲ့မပြေတတ်တဲ့အတွက် သူတို့နဲ့ဆက်ဆံပြောဆိုတဲ့အခါ သတိထားသင့်ပါတယ်။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သိဟ်ရာသီဖွားတွေဟာ စိတ်ဆိုးပြီဆိုရင် ချက်ချင်းထုတ်ဖော်ပြသတတ်ကြပါတယ်။ စိတ်ဆိုးတဲ့ အလျောက်လည်း ချက်ချင်းဖြေရှင်းတာ၊ တုံ့ပြန်တာမျိုးလုပ်တတ်ကြတယ်။ ဒါပေမဲ့ အငြိုးအတေးတွေ ကိုတော့ အကြာကြီးဆုပ်ကိုင်မထားတတ်ကြတဲ့ ဘွင်းဘွင်းရှင်းရှင်းသမားတွေဖြစ်ပါတယ်။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ကန်ရာသီဖွားတွေဟာ စိတ်ခံစားချက်နဲ့ပတ်သက်လာရင် လေးနက်လွန်းသူတွေဖြစ်ပါတယ်။ သူတို့အပေါ် စိတ်နာအောင်လုပ်မိရင် လက်တုံ့ပြန်မှုမပြုပေမဲ့ သူငယ်ချင်းအဖြစ်က စွန့်လွှတ်တဲ့အထိ ပြတ်သားတတ်ကြပါတယ်။ ခွင့်လွှတ်ပေးရင်တောင် ဘယ်တော့မှမမေ့တတ်တဲ့သူတွေဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၂) ရက်အတွင်း မွေးဖွားသူများ

တူရာသီဖွားတွေက ငြိမ်းချမ်းရေးသမားတွေပါ။ ပေါင်းသင်းဆက်ဆံရေးတွေကို ဟန်ချက်ညီ အောင်ထိန်းခြင်းဖြင့် ဒေါသထွက်စရာတွေကို ဝေးဝေးရှောင်တတ်သူတွေဖြစ်ပါတယ်။ သူတို့ကိုစိတ်နာ အောင် လုပ်ရင် စိတ်ထဲမှာပဲ သိုဝှက်ထားပြီး နောင်တချိန်ကြုံကြိုက်လာမှ ထုတ်ဖော်ပြသတတ်ကြပါ တယ်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ဗြိစ္ဆာရာသီဖွားတစ်ယောက်ဒေါသထွက်နေတဲ့အခါ သူတို့ရဲ့မျက်လုံး၊ မျက်နှာအမူအရာနဲ့ တခြားသော ကိုယ်ဟန်အမူအရာတွေနဲ့ ဖော်ပြတတ်ပါတယ်။ နှုတ်ကတော့ မပြောပြတတ်ပါဘူး။ သူတို့ကို ဖိအားပေးတာ၊ နေရာမပေးတာတွေကို စိတ်ဆိုးတတ်ကြတယ်။ စိတ်ဆိုးနေချိန်မှာလည်း သူတို့ကို သွားမချော့ပါနဲ့။ ပိုပြီးဒေါသထွက်တတ်ကြသူတွေဖြစ်ပါတယ်။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတွေက သစ္စာမဲ့မှုတွေကို လုံးဝသည်းမခံနိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့ကို ဒေါ သထွက်အောင်လုပ်မိရင် ဝုန်းဝုန်းဒိုင်းဒိုင်းတုံ့ပြန်တတ်ကြပြီး ရေရှည်တော့ အတေးအမှတ်မထားတတ် ကြပါဘူး။ ဒေါသထွက်နေချိန် စိတ်လိုက်မာန်ပါလုပ်တတ်သလောက် ပြီးသွားတဲ့အခါ ပြန်ရှက်နေတတ် ကြတဲ့ ရာသီဖွားတွေဖြစ်ပါတယ်။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

မကာရရာသီဖွားတွေဟာ များသောအားဖြင့် ဒေါသနည်းပါးသူတွေဖြစ်ပါတယ်။ အေးအေး ဆေးဆေးနေရတာကို ကြိုက်ပြီး ဒေါသနဲ့ အချိန်ကုန်ရမှာကို ရှောင်ကြဉ်တတ်ကြသူတွေပါ။ သူတို့ကို စိတ်ဆိုးအောင်လုပ်မိပြီဆိုရင်လည်း ခွင့်မလွှတ်တတ်ကြပါဘူး။ သူတို့ကို စိတ်ဆိုးအောင် မလုပ်မိသ ရွေ့တော့ သဘောကောင်းတဲ့ ခင်မင်စရာ ရာသီဖွားတွေဖြစ်ပါတယ်။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၈) တွင်းမွေးဖွားသူများ

ကုမ်ရာသီဖွားတွေဟာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ စကားအချေအတင်ပြောရတာ၊ ဗဟုသုတ ရစရာ စကားဝိုင်းတွေကို  သဘောကျသလောက်  အငြင်းပွားမှုတွေကိုတော့ သည်းမခံနိုင်ပါဘူး။ သူ တို့ကိုစိတ်ဆိုးအောင်လုပ်မိရင် ပြန်ပြေဖို့ မမျှော်လင့်ပါနဲ့။ ရေရှည်ပေါင်းသင်းဆက်ဆံရေးကိုအလေး ထားတည်ဆောက်တတ်ပေမဲ့ စိတ်ဆိုးပြီဆိုရင်လည်း လှည့်မကြည့်တတ်တော့တဲ့ ရာသီဖွားတွေဖြစ်ပါ တယ်။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

မိန်ရာသီဖွားတွေဟာ နက်ရှိုင်းတဲ့စိတ်ခံစားချက်ရှိနေကြသူတွေပါ။ ဒေါသထွက်နေရင်တောင် ဒေါသထွက်နေမှန်းမသိရလောက်အောင် သိုသိုဝှက်ဝှက်နေတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ အ ငြင်းပွားမှုတွေကို မနှစ်သစ်ဘဲ အငြင်းပွားစရာတွေကိုလည်း ရှောင်ကြဉ်တတ်ကြပါတယ်။ နာကျည်း စရာရှိတာတွေဆိုရင်လည်း နှစ်ရှည်လများ လူမသိသူမသိ နာကျည်းနေတတ်ကြသူတွေပါ။

စာစောင်လေးကို မျှဝေဖို့အတွက် SHARE လိုက်ပါဦး။