၂ဝ၁၈ ခုနှစ် မတ်လ ၅ ရက်နေ့မှ ၁၁ရက်နေ့အထိ အပတ်စဉ်ဂန္ထဝင်ဗေဒင်

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

အလုပ်ခွင်မှာ ကြိုးစားမှုကြောင့် ရလဒ်ကောင်းတွေထွက်ပြီး ချီးကျူးခံရမယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူတွေအတွက်ကတော့ အခုရက်ပိုင်းဟာ စတင်ဖို့အကောင်းဆုံးအချိန်ပါ။ ငွေရလိုစိတ်တစ်ခုတည်းနဲ့ စိတ်မပါတဲ့အလုပ်ကို မလုပ်ပါနဲ့။ အခွင့်အလမ်းတွေကို အကောင်းဆုံးအသုံးချပါ။ အချစ်ရေးမှာ ကံကောင်းမှုတွေကြုံရတော့မှာပါ။

ယတြာ ။        ။ သင့်အတွက်အသုံးမဝင်တဲ့အရာတွေကို အသုံးလိုနေတဲ့သူတွေဆီ စွန့်ကြဲလိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ရှေ့နှစ်လှမ်းတိုးဖို့အတွက် နောက်ကို တစ်လှမ်းဆုတ်ရမယ့်အချိန်ပါ။ အလုပ်တွေကို အရှိန်မြှင့်ပြီးလုပ်ဖို့ အခုအချိန်မှာ ခဏလေးအချိန်ယူပြီး ပြင်ဆင်လိုက်ပါ။ အတိုက်အခိုက်တွေကြောင့် စိတ်ညစ်ရတတ်တယ်။ ဘုရားတရားမြဲပါ။ စိတ်ညစ်စရာတွေကို ကျော်ဖြတ်ပြီးရင် သတင်းကောင်းတွေ စောင့်ကြိုနေလိမ့်မယ်။ အချစ်ရေးကတော့ ပုံမှန်ပါပဲ။

ယတြာ ။        ။ ကံဇာတာတက်အောင် အိမ်ကဘုရားစင်မှာ သစ်သီးဆွမ်းကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ

မထင်မှတ်ဘဲ ပြုလုပ်မိတဲ့အမှားတွေကြောင့် အပေါင်းအသင်းတွေကြားမှာ အထင်လွဲစရာတွေ ကြုံရနိုင်တယ်။ ကိုယ့်အမှားကိုယ်တာဝန်ယူပြီး တောင်းပန်စရာရှိတာတွေ တောင်းပန်လိုက်ပါ။ သူများကတောင်းပန်လာရင်လည်း ခွင့်လွှတ်လိုက်ပါ။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို မရောထွေးမိပါစေနဲ့။ ရပ်ဝေးကနေ သတင်းကောင်းကြားရတတ်တယ်။ ငွေကံကောင်းနေတတ်တာကြောင့် ထီထိုးသင့်ပါတယ်။

ယတြာ ။        ။ ကံဇာတာကောင်းဖို့ မနက်တိုင်း ဘုရားရှစ်ခိုးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဂျူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

ငွေရေးကြေးရေးကိစ္စတွေ၊ အာမခံကိစ္စတွေ၊ စာချုပ်စာတမ်းကိစ္စတွေမှာ တစ်ချက်မှားလိုက်တာနဲ့ ဒုက္ခရောက်တတ်တာမို့ ဒီရက်ပိုင်းမှာ ဆင်ခြင်သင့်ပါတယ်။ သူများကိစ္စအာမခံပေးတာထက် အကြံကောင်းလေးတွေပေးတာက ပိုပြီး အဆင်ပြေစေပါတယ်။ မိသားစုအတွင်း ပျော်စရာအချိန်လေးတွေ ပိုင်ဆိုင်ရမယ်။ အချစ်ရေးမှာ မျှော်လင့်မထားတာတွေ ကြုံရတတ်တယ်။

ယတြာ ။        ။ မိဘမဲ့ကလေးကျောင်းမှာ တတ်နိုင်သလောက် သွားရောက်လှူဒါန်းပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဂျူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ကြိုးစားမှုတွေကြောင့် အလုပ်အကိုင်တွေ အောင်မြင်မယ်၊ အောင်မြင်တာကြောင့် စိတ်ဓာတ်တက်ကြွပြီး ပိုကြိုးစားမယ်။ ဒီသံသရာလေးအတိုင်းပဲ ကြိုးစားပါ။ ချစ်ရသူအပေါ်ထားတဲ့ မာနတွေကြောင့် မဖြစ်သင့်တာတွေဖြစ်ပြီး ဝမ်းနည်းရတတ်တယ်။ မိသားစုဝင်တွေကြောင့် ပျော်ရလိမ့်မယ်။ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
ယတြာ ။        ။ ဒီတစ်ပတ်လုံး မိဘကို ကန်တော့ပြီးမှ အလုပ်သွားပါ။

၆။ ကံရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

ပြဿနာတစ်ခုခုကို သေသေချာချာမသိဘဲနဲ့ အလောတကြီး ဝေဖန်ပြောဆိုတာတွေကို ဆင်ခြင်ပါ။ မရည်ရွယ်ဘဲ ပြောလိုက်တဲ့ စကားတွေကြောင့် မိတ်ဆွေအသိုင်းအဝိုင်းကြားမှာ မျက်နှာပူစရာတွေ ဖြစ်လာတတ်တယ်။ အခုရက်ပိုင်းမှာ ဝင်ငွေတွေ ပိုတိုးနေမယ်။ ခရီးသွားရကိန်းရှိတယ်။ အချစ်ရေးမှာ ရင်ခုန်စရာလေးတွေ ကြုံရမယ်။

ယတြာ ။        ။ အားကိုးရာမဲ့ သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက် လှူဒါန်းပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ကြုံနေရတဲ့ စိတ်ညစ်စရာတွေ၊ ကံဇာတာအညံ့တွေ ပြေပျောက်သွားမယ်။ မြုပ်နေတဲ့ ငွေတွေ ပြန်ပေါ်လာမယ်။ ကြွေးဟောင်းတွေ ပြန်ရမယ်။ အခွင့်အလမ်းအသစ်တွေကို အကောင်းဆုံးအသုံးချပါ။ ဘုရားတရားများများလုပ်ပါ။ ဝင်ငွေထွက်ငွေ မျှအောင်သုံးပါ။ မိသားစုတွင်းက လူကြီးတစ်ဦးဦး နေမကောင်းဖြစ်တတ်သည်။

ယတြာ ။        ။ ခိုစာကျွေးပြီး လိုရာဆုတောင်းပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

မလိုသူတွေ ကုန်းတိုက်တာကြောင့် အထက်လူကြီးရဲ့ အထင်လွဲခြင်းကို ခံရတတ်တယ်။ ကိုယ်မဟုတ်ဘူးဆိုရင် မဟုတ်တဲ့အကြောင်း သေချာရှင်းပြပါ။ ကြိုးစားမှုတွေကြောင့် ရလဒ်ကောင်းတွေထွက်လာနိုင်မယ်။ သူတစ်ပါးအကျိုးဆောင်ရင်း ကိုယ့်အကျိုးအောင်မယ့်ကာလလည်း ဖြစ်ပါတယ်။

ယတြာ ။        ။ သူဆင်းရဲကလေးငယ်လေးတွေကို တတ်နိုင်သလောက် ကျွေးမွေးပေးကမ်းပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အလုပ်ကိစ္စမှာ အပြိုင်အဆိုင်တွေကြား ကြိုးစားကောင်မြင်မယ်။ ငွေရေးကြေးရေး ကံကောင်းနေတယ်။ လက်လျှော့လိုက်ရတော့မယ်လို့ ထင်ထားတဲ့ ကိစ္စတွေမှာ မျှော်လင့်ချက်အသစ်တွေ ရှိလာမယ်။ ပြတ်သားစွာ ဆုံးဖြတ်ခဲ့တဲ့ အချစ်ရေးကြောင့် ပျော်ရွှင်ရလိမ့်မယ်။ ခရီးသွားရကိန်းရှိတယ်။

ယတြာ ။        ။ မွေးရက်မှာ သတ်သတ်လွတ်စားပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

နောင်တတွေထဲမှာ တဝဲလည်လည်ဖြစ်မနေဘဲ အနာဂတ်အတွက် စတင်ကြိုးစားသင့်ပါပြီ။ ဘဝအတွက် အခွင့်အလမ်းကောင်းတွေကို မလွတ်တမ်းဆုပ်ကိုင်နိုင်အောင်ကြိုးစားပါ။ မိတ်ဆွေသစ်တွေကြောင့် လုပ်ငန်းအတွက် ပိုပြီး အကျိုးရှိလာနိုင်တယ်။ အချစ်ရေးမှာ ပိုမိုခိုင်မာတဲ့ သံယောဇဉ်တွေ ဖြစ်တည်လာမယ်။ အခုရက်ပိုင်းမှာ ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။

ယတြာ ။        ။ မနက်ခင်းမှာ ငှက်ကလေးတွေကို အစာကျွေးပါ။

၁၁။ ကုံရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

သင်လုံးဝမဖြေရှင်းနိုင်ဘူးလို့ထင်ထားတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းတွေ ပေါ်ပေါက်လာလိမ့်မယ်။ နေမြဲအတိုင်းသာနေပါ။ အတိတ်က ခင်မင်ခဲ့သူတစ်ဦးဆီကနေ သင့်အလုပ်အကိုင် ကိစ္စတွေအတွက် သတင်းကောင်းကြားရတတ်တယ်။ အလုပ်တွေကို အကောင်အထည် ဖော်နိုင်ဖို့ကြိုးစားပါ။ အပေါင်းအသင်းတွေကြား အထင်လွဲမှုလေးတွေ ကြုံရတတ်တယ်။

ယတြာ ။        ။ ကံတွေ ကောင်းသထက်ကောင်းဖို့ ရေလှူအသင်းတွေမှာ ရေလှူပေးပါ။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

မျှော်လင့်ထားပေမဲ့ ဖြစ်မလာတဲ့အရာတွေ တကယ်ဖြစ်လာမယ့်အချိန်ပါ။ အခုရက်ပိုင်းအတွင်း ကံကောင်းနေလိမ့်မယ်။ ပျော်စရာအချိန်တွေ ကြုံရမယ်။ ခရီးသွားရကိန်းရှိတယ်။ ဝင်ငွေနဲ့ထွက်ငွေမမျှဘဲ ငွေကုန်ကြေးကျများနေမယ်။ ကိုယ့်ထက်အသက်ကြီးဝါကြီးတဲ့သူတွေရဲ့ အကြံဉာဏ်တွေကို အခြေခံပြီး အလုပ်မှာ ကြိုးစားပါ။ ရလဒ်ကောင်းတွေ ထွက်လာမှာပါ။

ယတြာ ။        ။ သက်ကြီးရွယ်အို အဘိုးအဘွားတွေကို ဒါနပြုပါ။

ဗေဒင်လေးကမှန်တယ်ဆိုရင် သူများတွေအတွက်ပါ SHARE ပေးလိုက်ပါဦးနော်။