ရာသီခွင်အလိုက် စီးပွားရေးနှင့်ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အလေ့အထများ

blank
၁။ မိရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

မိဿရာသီဖွားတွေဟာ စွန့်စားရတာကို နှစ်သက်တဲ့အတွက် စွန့်ဦးစီးပွားရှာသူတွေဖြစ်တတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းနဲ့ အကျိုးပေးတတ်ပြီး အခြားသူတွေ ရင်းနှီးမြှပ်နှံဖို့ တွန့်ဆုတ်နေတတ်တဲ့အလုပ်အကိုင်တွေမှာ အောင်မြင်တတ်ပါတယ်။ တစ်ခါတလေမှာ စွန့်စားလွန်းတဲ့စိတ်ကြောင့် လောင်းကစားတွေမှာ ငွေကြေးတွေမဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတတ်ပါတယ်။

၂။ ပြိရာသီဖွား (Taurus )
ပြီလ(၂၁ )မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ပြိဿရာသီဖွားတွေဟာ လိုချင်တာကို တစိုက်မတ်မတ်နဲ့ မဆုတ်မနစ်ကြိုးစားတတ်သူတွေဖြစ်ပါတယ်။ လွတ်လပ်စွာနေတတ်ပြီး ရဲရင့်တာကြောင့် စီးပွားရေးလုပ်ငန်းတွေကိုလည်း ကိုယ်စွမ်းကိုယ်စနဲ့ လုပ်ဆောင်တတ်ကြပါတယ်။ ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်တတ်ပြီး ဖြစ်မြောက်အောင်လုပ်တတ်တဲ့ ပြိဿရာသီဖွားတွေဟာ ကြိုးစားသလောက်လည်း ငွေဝင်တတ်ပါတယ်။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ

မေထုန်ရာသီဖွားတွေဟာ ဝါသနာတွေကို အခြေခံပြီး စီးပွားရေးလုပ်ကိုင်ရတတ်ပါတယ်။ အကြံဉာဏ်ကောင်းထုတ်တဲ့နေရာမှာ မေထုန်ရာသီဖွားတွေကို ဘယ်သူမှမမှီပါဘူး။ စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့အကြံဉာဏ်တွေကို အချိန်နဲ့ တပြေးညီထုတ်နိုင်ပြီး “အကြံကောင်းလျှင် တစ်သက်” ဆိုသလိုပဲ ချမ်းသာကြွယ်ဝလာတတ်ပါတယ်။

၎။ ကရက်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

 ကရကဋ်ရာသီဖွားတွေဟာ ငွေကြေးစည်းစိမ်တွေထက် ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားတတ်သူတွေပါ။ မိမိချစ်ရသူတွေအတွက် ရည်စူးပြီးငွေရှာတတ်သလို မိမိရဲ့အပေါင်းအသင်းတွေရဲ့ ငွေကြေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာကို နှစ်သက်တတ်ကြပါတယ်။ အလုပ်အပေါ်သစ္စာရှိပြီး ကြိုးကြိုးစားစားရှာဖွေတတ်တာကြောင့် ငွေကြေးကံကောင်းတတ်ပါတယ်။

၅။ သိဟ်ရာသီဖွား (Leo)   
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

သိဟ်ရာသီဖွားတွေဟာ ဖျော်ဖြေရေးနဲ့ အနုပညာလုပ်ငန်းတွေနဲ့ အကျိုးပေးတတ်ပါတယ်။ ထင်ပေါ်ကျော်ကြားတာကို နှစ်သက်တဲ့ သိဟ်ရာသီဖွားတွေဟာ လူအများနဲ့ထိတွေ့ဆက်ဆံရတဲ့ လုပ်ငန်းမျိုးနဲ့ ချမ်းသာလာတတ်ပါတယ်။ စာပေရေးသားတာ၊ သီချင်းဆိုတာ စတဲ့အနုပညာလုပ်ငန်းတွေဟာ သိဟ်ရာသီဖွားတွေအတွက် အသင့်တော်ဆုံးအလုပ်တွေပါ။ ငွေကြေးနဲ့ ပတ်သက်ပြီးအလေးအနက်မထားတတ်တဲ့ စိတ်ကိုတော့ ပြင်ဖို့လိုပါတယ်။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

မဖြစ်နိုင်တဲ့အရာတွေကို ဖြစ်အောင်လုပ်တတ်တဲ့ ကန်ရာသီဖွားတွေဟာ ငွေကြေးနဲ့ပတ်သတ်ရင် ကံကောင်းတတ်ကြပါတယ်။ ငွေကိုဇွဲရှိရှိနဲ့ သမ္မာအာဇီဝကျကျရှာတတ်ကြပြီး ကျစ်ကျစ်လျစ်လျစ်စုတတ်ကြပါတယ်။ မိမိလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သတ်ပြီး သေသေချာချာစူးစမ်းလေ့လာတတ်တဲ့ အကျင့် အရိပ်ပြအကောင်မြင်တတ်တဲ့ အကျင့်တွေကြောင့်သူတစ်ပါးထက်ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ရတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

တူရာသီဖွားတွေရဲ့ ရိုးသားကြိုးစားတတ်တဲ့ စရိုက်လက္ခဏာကြောင့် စီးပွားရေးပေါင်းစပ်လုပ်ကိုင်လိုသူတွေ ပေါတတ်ပါတယ်။ အပေါင်းအသင်းတွေက မိမိကို ချစ်ခင်တတ်ကြပြီး စီးပွားရေးလုပ်ကိုင်ဖို့ ငွေလုံးငွေရင်းတွေ စိုက်ထုတ်ပေးတာမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကျယ်ပြန့်ပြီး ကွန်ယက်ချိတ်ဆက်မှုကောင်းမွန်တာဟာ တူရာသီဖွားတွေကို ချမ်းသာစေဖို့ အခြေခံဖြစ်ပါတယ်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ဗြိစ္ဆာရာသီဖွားတွေဟာ မိမိကိုယ်ကိုယ့်ယုံကြည်မှု မြင့်မားကြပါတယ်။ မိမိရောင်းလိုတဲ့ ကုန်ပစ္စည်းကို တစ်ပါးသူဝယ်ချင်အောင် ရောင်းချနိုင်စွမ်းရှိပါတယ်။ စည်းရုံးမှုအားကောင်းတဲ့အတွက် မားကတ်တင်းနဲ့ ဆိုင်တဲ့လုပ်ငန်း၊ ဥပဒေရေးရာ ရှေ့နေစတဲ့လုပ်ငန်းတွေနဲ့ အကျိုးပေးတတ်ကြပါတယ်။ စိတ်ဆန္ဒပြင်းပြပြီး တက်တက်ကြွကြွ လုပ်ဆောင်တတ်တဲ့အတွက် အများက လောဘကြီးသူတစ်ယောက်အဖြစ်မြင်တတ်ကြပါတယ်။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ရာသီဖွားတွေမှာ အပျော်တတ်ဆုံးအဖြစ်သတ်မှတ်ခြင်းခံရတဲ့ ဓနုရာသီဖွားတွေဟာ ဟာသဉာဏ်ရှိပြီး  ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်သူတွေပါ။ ဝါသနာကိုအခြေခံပြီး အလုပ်လုပ်တတ်တယ်။ ရာထူးဂုဏ်သိမ်တွေနဲ့ အလုပ်လုပ်တာမျိုးထက် ခင်မင်နဲ့နားလည်မှုပူးပေါင်းပြီး အကျိုးတူစီးပွားရေးတွေနဲ့ ချမ်းသာလာတတ်ပါတယ်။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

မကာရရာသီဖွားတွေဟာ လုပ်ချင်တာထက် လုပ်သင့်တာကို ရွေးချယ်ပြီးလုပ်တတ်ကြပါတယ်။ အကြံဉာဏ်အသစ်တွေထုတ်တာထက် စည်းမျဉ်းဘောင်တွေနဲ့ လုပ်ရတာမျိုးကို နှစ်သက်တတ်သူတွေလည်းဖြစ်ပါတယ်။ မိရိုးဖလာစီးပွားရေးလုပ်ငန်းတွေကို လက်ဆင့်ကမ်းလုပ်ဆောင်ခြင်းနဲ့ အကျိုးပေးတတ်သူတွေပါ။

၁၁။ ကုံရာသီဖွား (Aquarius)
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ 

ကုံရာသီဖွားတွေဟာ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်လုက်ကိုင်တဲ့ သူတွေဖြစ်တတ်ကြပါတယ်။ ကူညီတတ်တယ်။ အပေးအကမ်းရက်ရောတဲ့အတွက် လက်အောက်ငယ်သားတွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပါတယ်။ အကွက်ကျော်မြင်တတ်မှုနဲ့ စီမံကိန်းကျကျ အကောင်အထည်ဖော်တတ်မှုတွေကြောင့် အထက်အရာရှိရဲ့ ယုံကြည်ကိုးစားမှုကို ခံရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင်တော့ ဖြည်းဖြည်းမှန်မှန်အကွက်ကျကျ စုဆောင်းရင်း တဖြည်းဖြည်းချမ်းသာလာမယ့်သူတွေဖြစ်ပါတယ်။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ  

မိန်ရာသီဖွားတွေဟာ အစားအသောက်လုပ်ငန်း၊ ဇိမ်ခံပစ္စည်းရောင်းချတဲ့ လုပ်ငန်းတွေနဲ့ အကျိုးပေးတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ရလေလေပိုရှာလေလေဖြစ်တတ်ပြီး အလုပ်လုပ်ရတာကို ဘဝရဲ့အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားသူပါတယ်။ အလုပ်လုပ်နေရတဲ့အခါ အအိပ်အစားတွေကိုတောင် မေ့ထားတတ်သူတွေဖြစ်ပါတယ်။

သဘောကျနှစ်ခြိုက်ရင် SHARE ပေးလိုက်ပါဦး။