၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဖေဖော်ဝါရီ ၁၉-ရက်နေ့မှ ၂၅-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အမှန်တွေပြောမိလို့ ချစ်ခင်သူတွေနဲ့ စိတ်ဝမ်းကွဲရတတ်ပါတယ်။ စကားအပြောအဆို ဆင်ခြင် ပါ။ အပျော်အပါးလျှော့ပါ။ ငွေကြေးအကုန်အကျများနေမယ်။ စုပေါင်းစပ်ပေါင်းလုပ်ငန်းတွေ အကျိုးပေး မယ်။ ဗုဒ္ဓဟူးနံနဲ့စတဲ့လုပ်ငန်းတွေကို ဦးစားပေးရွေးချယ်ပါ။ အချစ်ရေးမှာ မျှော်လင့်နေသူဆီကသတင်း ကောင်းကြားရမယ်။

ယတြာ။         ။ မွေးရက်မှာ အခင်မင်ဆုံးသူငယ်ချင်းကို ကြေးအိုးတိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

မျှမျှတတကြည့်မပေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် အလုပ်ထဲမှာ စိတ်ကသိက အောက် ဖြစ်နေမယ်။ အတိုက်အခိုက်တွေများနေပေမဲ့ ရန်ကိုရန်ချင်းမတုံ့နှင်းပါနဲ့။ မေတ္တာတရားနဲ့သာ စိတ်ရှည်ရှည်ကျော်ဖြတ်လိုက်ပါ။ မကြာခင်မှာ အခက်အခဲတွေပြေလည်ပြီး မျှော်မှန်းထားတဲ့ပန်းတိုင် ကို ရရှိမှာပါ။ အချစ်ရေး အထူးကောင်းနေပါတယ်။

ယတြာ။         ။ မွေးနံထောင့်ဘုရားမှာ ရေသပ္ပာယ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး အလိမ်ခံရတတ်တယ်။ လူတိုင်းအပေါ် အယုံကြည်မလွယ်ပါနဲ့။ ငွေကြေးအသေးအဖွဲကအစ စနစ်တကျချေးငှားပါ။ ဝန်ထမ်းများ ရာထူးတိုး၊ လစာတိုးကိန်းရှိတယ်။ ဆရာသမားကောင်း၊ မိတ်ဆွေကောင်းတွေ့မယ်။ အချစ်ရေးမှာ အဝေးကလူနဲ့ ဖူးစာဆုံရကိန်းရှိတယ်။

ယတြာ။         ။ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းနယ်ကျွေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အညံ့တွေပြေပျောက်ပြီး ကောင်းခြင်းတွေရောက်လာနေတဲ့ မင်္ဂလာအချိန်ဖြစ်ပါတယ်။ စီးပွား ရေးလုပ်နေသူများ အမြတ်အစွန်းများမယ်။ ဝန်ထမ်းဖြစ်ပါက လစာတိုးမယ်။ နေရာကောင်းရမယ်။ ပ ညာရေးဘက်လေ့လာလိုက်စားနေသူများ အထူးအောင်မြင်မှုရရှိမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အယုံသွင်းပြီး နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့မိတ်ဆွေတုတွေကြောင့် အလုပ်လုပ်ရတာ စိတ်အနှောင့်အယှက်တွေဖြစ်နေရမယ်။ အခက်အခဲတွေကြုံနေရပေမဲ့ အားမလျှော့ပါနဲ့။ လုပ်စရာ ရှိတာကို မှန်မှန်လုပ်သွားပါ။ ကူညီစောင့်ရှောက်မယ့် မိတ်ဆွေသစ်တွေနဲ့ ထပ်တွေ့ကိန်းရှိပါတယ်။ အချစ်ရေးမှာ စန်းပွင့်နေမယ်။

ယတြာ။         ။ မွေးရက်မှာ ငှက် ၁ဝ ကောင်လွှတ်ပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

လုပ်ချင်တာလေးတွေ ရှောရှောရှူရှူ အကောင်အထည်ဖော်ဖြစ်နေမယ်။ ကြိုးစားမှုလေးတွေ အရာထင်နေတာကြောင့် မလိုသူတွေရဲ့ အတိုက်အခိုက်တွေလည်း ကြုံနေရမယ်။ မလိုသူတွေကို စိတ်လိုက်မာန်ပါ မတုံ့ပြန်ပါနဲ့။ ပိုပြီးရန်မီးပွားတတ်တာကြောင့် မေတ္တာတရားနဲ့သာ သည်းခံနေလိုက်ပါ။ အချစ်ရေးမှာ ချစ်တဲ့သူဆီက အဖြေစကားကြားရမယ်။

ယတြာ။         ။ မွေးရက်မှာ ကြာဆံကြော်ဆွမ်းလောင်းပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

စောင့်မျှော်နေတဲ့ အခွင့်အလမ်းကောင်းတွေ ဆက်တိုက်ရောက်ရှိလာနေတဲ့ ပျော်စရာကာလ ဖြစ်ပါတယ်။ ရွေးချယ်စရာတွေများနေတာကြောင့် ဘယ်ကနေ စလုပ်ရမှန်းမသိ ဖြစ်နေတတ်တယ်။ ဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို လူကြီးမိဘ၊ မိတ်ဆွေကောင်းတွေနဲ့ တိုင်ပင်ဆုံးဖြတ် ပါ။ အချစ်ရေးမှာ ကြားလေသွေးလို့ ဝေးနေမယ်။

ယတြာ။         ။ မွေးရက်မှာ ငွေသုံးထောင်ကျပ်တိတိပံ့သကူပစ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ငြိမ်နေတာတွေရပ်ပြီး သင့်ကိုယ်ပိုင်အစွမ်းအစတွေကို ထုတ်ဖော်ပြသရမယ့်ကာလဖြစ်ပါ တယ်။ အလုပ်ထဲမှာ ဦးဆောင်လုပ်ကိုင်ရတာတွေ ပိုမိုအောင်မြင်မှုရရှိမယ်။ မိသားစုထဲမှာ သင်ဦး ဆောင်တဲ့အလုပ်တွေဆိုရင် ပိုအဆင်ပြေမယ်။ နေအိမ်သစ်ပြုပြင်ရမယ်။ အချစ်ရေးမှာ အိပ်မက်ထဲက ဖူးစာရှင်မျိုးနဲ့ မမျှော်လင့်ဘဲ ဆုံရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ နေအိမ်ခြံဝင်းထဲ အမှိုက်ရှင်းပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

အနုပညာဝါသနာအိုးများအတွက် အခွင့်အလမ်းကောင်းတွေ အများကြီးပေါ်လာမယ့် ကာလ ဖြစ်ပါတယ်။ မြေတောင်မြှောက်ပေးမယ့်ဆရာသမားကောင်းတွေ၊ လက်တွဲခေါ်ယူမယ့် မိတ်ဆွေ ကောင်းတွေအများကြီးတွေ့မယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ရောဂါတွေ ဂရုစိုက်ပါ။ အချစ်ရေးမှာ ချစ်သူနဲ့ခဏခွဲနေရမယ်။

ယတြာ။         ။ စာပေဝါသနာပါသူတစ်ယောက်ကို စာအုပ်တစ်အုပ်လက်ဆောင်ဝယ်ပေးပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ရောက်လေရာမှာ ချစ်ခင်သူတွေဝိုင်းဝိုင်းလည်နေတာကြောင့် အရွေးရခက်နေတဲ့ ကာလဖြစ် ပါတယ်။ မိသားစုနဲ့အဆင်ပြေတာကတစ်ယောက်၊ သင်စိတ်ဝင်စားတာက တစ်ယောက် ဖြစ်နေတတ် တယ်။ စီးပွားရေးသမားများ သောကြာနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပြုမယ်။ ငွေကြေးကံကောင်းတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုလုပ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

ပြောင်းလဲလို့မရတဲ့အတိတ်အတွက် စိတ်ညစ်နေတာတွေရှိရင် ဖယ်ထုတ်ပစ်လိုက်ပါ။ နှစ်ဆ ကြိုးစားမှုတွေနဲ့ အကောင်းဆုံးအနာဂတ်ဆီ ရှေ့ရှုရမယ့်ကာလဖြစ်ပါတယ်။ မျှော်မှန်းထားတာထက် ပိုကောင်းတဲ့အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေကြပါတယ်။ အချစ်ရေးမှာ အောင်သွယ်ကြောင့် ပိုဝေးနေတတ်တယ်။ ချစ်တဲ့သူကို ကိုယ်တိုင်ချဉ်းကပ်လိုက်ပါ။

ယတြာ။         ။ သီလရှင်တစ်ပါးကို ဆွမ်းဆန်စိမ်း တစ်ပြည်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

         ငွေကြေးကံအထူးကောင်းနေတဲ့ကာလဖြစ်ပါတယ်။ ထီထိုးပါ။ ဘိုးဘွားမိဘတွေရဲ့ အမွေ အနှစ်ကို မမျှော်လင့်ဘဲ ရရှိတတ်တယ်။ အိမ်ထောင်စုအကြီးအကဲ ကျန်းမာရေး ဂရုစိုက်ပါ။ ပညာရေး လေ့လာလိုက်စားနေသူများ ပညာရပ်အသစ်တွေ ထပ်မံဆည်းပူးခွင့်ရမယ်။ နိုင်ငံရပ်ခြားအထိ ပညာတော်သင်ခရီးသွားရတတ်တယ်။ အချစ်ရေးမှာ အေးဆေးနေပါတယ်။

ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။