နေ့နံအလိုက် ကိုယ်ရည်ကိုယ်သွေးများနှင့် ကံပွင့်စေသော လက်ဝတ်ရတနာများ

blank
တနင်္လာ

တနင်္လာနေ့မှာ မွေးဖွားသူအများစုဟာ ရုပ်ရည်ချောမောကြတယ်။  စိတ်အပြောင်းအလဲမြန်တယ်။ စိတ်ခံစားမှုကိုဦးစားပေးပြီး တုံ့ပြန်တတ်တာကြောင့် တစ်ခါတလေမှာ နောင်တရစရာတွေ ဖြစ်တတ်ပါတယ်။  အလုပ်ကြိုးစားတတ်တဲ့ တနင်္လာသားသမီးတွေဟာ တစ်ဘဝလုံးမှာ ငွေကြေးကြောင့် အခက်အခဲကြုံတွေ့ရလေ့ သိပ်မရှိပါဘူး။  တနင်္လာသားသမီးတွေ အနေနဲ့ ဆန်းလဂ်တွေ တိုးတက်စေဖို့အတွက် လက်ကောက်ကို ဦးစားပေးပြီး ဝတ်ဆင်သင့်ပါတယ်။ အခြား လက်ဝတ်ရတနာတွေအနေနဲ့လည်း လခြမ်းပုံနဲ့ အဝိုင်းပုံသဏ္ဍာန်တွေက ဇာတာဆန်းလဂ် မြင့်တက်စေပါတယ်။

အင်္ဂါ

အင်္ဂါနေ့မှာ မွေးဖွားသူတွေဟာ များသောအားဖြင့် အေးဆေးတည်ငြိမ်ပေမယ့် တစ်ခါတလေမှာ စိတ်ဆတ်ပါတယ်။ အကောင်းမြင်စိတ်ရှိပေမယ့် ပြစ်မှုကျူးလွန်သူကို ထိုက်ထိုက်တန်တန် အပြစ်ပေးရမှ ကျေနပ်တတ်သူတွေပါ။ နားလည်ရခက်ပေမယ့် ချစ်ခင်သူတွေကို စိတ်နစ်ပြီး ကူညီတတ်ပါတယ်။ အင်္ဂါသားသမီးတွေ အနေနဲ့ လက်ဝတ်ရတနာဝတ်ဆင်တဲ့အခါ လက်စွပ်ကိုအသားပေးပြီး ဝတ်ဆင်သင့်ပါတယ်။ အခြားလက်ဝတ်ရတနာတွေအနေနဲ့ ရေခဲမှုန်လို စိန်ပွင့်သေးသေးလေးတွေပါတဲ့ ဒီဇိုင်းတွေက ကံပွင့်စေပါတယ်။

ဗုဒ္ဓဟူး

ဗုဒ္ဓဟူးသားသမီးတွေဟာ စိတ်အတက်အကျမြန်ပြီး ဒေါသထွက်လွယ်သူတွေပါ။ စိတ်သဘောထား ဖြောင့်မတ်မှန်ကန်ပြီး မဟုတ်မခံဆတ်ဆတ်ကြဲလေးတွေပါ။ ခေါင်းဆောင်မှုစွမ်းရည်ရှိပြီး လူအများနှစ်သက်လောက်အောင် စကားပြောစွမ်းရည်ကောင်းကြတယ်။ အပေးအကမ်းရက်ရောပြီး သူတစ်ပါးတွေရဲ့ ဘဝကိုမြင့်မားအောင် ကူညီပေးတတ်ကြပါတယ်။ ဗုဒ္ဓဟူးနေ့မှာ မွေးဖွားတဲ့ပျိုမေတွေဟာ လည်တိုင်လှပကြော့ရှင်းကြတာကြောင့် လှပတဲ့ဆွဲသီးတွေကို ဦးစားပေးဝတ်ဆင်သင့်ပါတယ်။ အခြားလက်ဝတ်ရတနာတွေကို ဝတ်ဆင်တဲ့နေ့ရာမှာလည်း ပန်းချိတ်ပုံစံလေးတွေ ရွေးချယ်ခြင်းဖြင့် ဇာတာဆန်းလဂ်မြင့်တက်စေပါတယ်။

ကြာသပတေး

ကြာသပတေး သားသမီးတွေဟာ အနေအေးတယ်။ စကားနည်းတယ်။ သစ္စာတရားကိုတန်ဖိုးထားတတ်ပြီး ရှေးထုံးတွေကို မြတ်နိုးတတ်တယ်။ အကောင်းမြင်တတ်ပြီး လူတွေကို လေးစားသမှုနဲ့ ဆက်ဆံတတ်တယ်။ တစ်ခါတလေမှာ သွေးအေးလွန်းပြီး ဆုံးဖြတ်ချက်ချတာနှေးတာဟာ အားနည်းချက်ဖြစ်တတ်ပါတယ်။ နားသယ်စပ်နားမှာ ဆန်းရှိတဲ့ ကြာသပတေးပျိုဖြူများအနေနဲ့ နားကပ်ကိုအသားပေးပြီး ဝတ်ဆင်သင့်ပါတယ်။ အခြားလက်ဝတ်ရတနာတွေကိုလည်း ဘဲဥပုံစံဆန်ဆန်လက်ဝတ်ရတနာတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

သောကြာ

သောကြာသားသမီးတွေဟာ တီထွင်ကြံဆဉာဏ်ကောင်းမွန်တယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အပြောအဆိုညက်ညောတယ်။ စကားပြောပွင့်လင်းပြီး ရိုးသားဖြောင့်မတ်ကြတယ်။ အတိတ်ကနာကျင်မှုတွေ ဘယ်လောက်ကြုံရကြုံရ အကောင်းဆုံးပြန်လည်ရုန်းထွက်နိုင်သူတွေဖြစ်ကြတယ်။ သောကြာသားသမီးတွေအနေနဲ့ လက်ဝတ်ရတနာဝတ်ဆင်တဲ့အခါ ဆွဲသီးကို ဦးစားပေးဝတ်ဆင်သင့်ပါတယ်။ အခြားလက်ဝတ်ရတနာဒီဇိုင်းရွေးချယ်တဲ့အခါ ပန်းခက်ပန်းနွယ်တွေပါတဲ့ ဒီဇိုင်းတွေဟာ ကံကောင်းစေပါတယ်။

စနေ

စနေနေ့မှာမွေးဖွားသူတွေဟာ စိတ်ဆတ်ပေမယ့် သဘောထားဖြူစင်ကောင်းမွန်သူလေးတွေပါ။ မိမိတာဝန်ယူထားတဲ့အလုပ်တွေကို အကောင်းဆုံးဆောင်ရွက်ပေးတတ်တယ်။ အပေါင်းအသင်းတွေအပေါ် တတ်စွမ်းသလောက် ကူညီပေးတတ်တယ်။ စကားကိုဒဲ့ပြောတတ်တဲ့အကျင့်ကြောင့် အခြားလူတွေရဲ့ အမြင်စောင်းခြင်းကို ခံရတတ်ပါတယ်။ ဖြူစင်တဲ့နှလုံးသားပိုင်ရှင် စနေသမီးလေးတွေအနေနဲ့ ရင်ထိုးကို ဦးစားပေးဝတ်ဆင်သင့်ပါတယ်။ အခြားလက်ဝတ်ရတနာလေးတွေလည်း လေးထောင့်ဆန်တဲ့ ဒီဇိုင်းတွေကို ရွေးချယ်ခြင်းဖြင့် ကံမြင့်စေပါတယ်။

တနင်္ဂနွေ

တနင်္ဂနွေနေ့မှာမွေးဖွားသူတွေဟာ ပေးဆပ်ရတာကို နှစ်သက်တတ်ကြတယ်။ တစ်ယောက်တည်းနေရတာကို နှစ်သက်တတ်ပြီး ခံစားချက်တွေကို ဖုံးကွယ်တဲ့နေရာမှာ ဆရာကြီးတွေပါ။ လုပ်ဆောင်သမျှတွေကိုအကောင်းဆုံးလုပ်ဆောင်တတ်ပြီး အကောင်းကြိုက်တတ်သူတွေပါ။ တစ်ခါတလေမှာ ပေပေတေတေနဲ့ အပျင်းကြီးတတ်သူလေးတွေပါ။ တနင်္ဂနွေနေ့မှာ မွေးဖွားတဲ့ ပျိုမေများဟာ ဦးခေါင်းပိုင်းမှာ ဝတ်ဆင်ရတဲ့ လက်ဝတ်ရတနာတွေကို ဦးစားပေးဝတ်ဆင်သင့်ပါတယ်။ အခြားလက်ဝတ်ရတနာတွေဝတ်ဆင်တဲ့အခါ ရတနာပွင့်ခပ်ကြီးကြီးကို တစ်ခုတည်းသုံးထားတဲ့လက်ဝတ်ရတနာတွေကို ရွေးချယ်သင့်ပါတယ်။

စာချစ်သူတို့ရေ….

ပျိုမေတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးအဟောလေးနဲ့ ကံမြင့်စေတဲ့ လက်ဝတ်ရတနာလေးတွေ ရွေးချယ်နိုင်စေဖို့ တော်ဝင်စိန်တိုက်နဲ့ ဂန္ထဝင်မဂ္ဂဇငှ်း ပူးပေါင်းပြီး တင်ဆက်ပေးလိုက်တဲ့ ဗေဒင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦးနော်။ မိမိနဲ့သင့်တော်တဲ့ လက်ဝတ်ရတနာလေးတွေကို ရွေးချယ်ဝယ်ချင်တယ်ဆိုရင် အရည်အသွေးပြည့်ဝ ဝန်ဆောင်မှုကောင်းမွန်တဲ့ ရွှေမန္တလေးက တော်ဝင်စိန်တိုက်မှာ စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

စာချစ်သူတွေအားလုံး သင့်တော်တဲ့  လက်ဝတ်ရတနာတွေ ဝတ်ဆင်ရင်း ဇာတာဆန်းတွေမြှင့်သည်ထက်မြှင့်မားနိုင်ကြပါစေရှင်။