၂ဝ၁၈ ၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဖေဖော်ဝါရီ ၁၂-ရက်နေ့မှ ၁၈-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ရိုးသားပွင့်လင်းတဲ့ချစ်သူနဲ့ ဆုံရတတ်တယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေးအပိုင်းမှာ ပုံမှန်ပဲရှိ နေပါမယ်။ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့ စိတ်ကူးထားရင် တစ်ဦးတည်းလုပ်ပါ။ အများနဲ့စုပေါင်းစပ်ပေါင်း လုပ်ငန်းတွေ အကျိုးမပေးသေးပါ။ ကျန်းမာရေးအနေနဲ့ ခြေထောက်အနာတရဖြစ်တတ်တယ်။ ဆိုင် ကယ်စီးသတိပြုပါ။

ယတြာ။         ။ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းကျွေးပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အားငယ်တတ်တဲ့အတွေးတွေကို ဖယ်ရှားပြီး ဘဝရဲ့အကောင်းဆုံးအနာဂတ်တွေဆီ ရှေ့ရှုရ မယ့်ကာလဖြစ်ပါတယ်။ ရောက်လေရာမှာ စောင့်ရှောက်ကူညီလိုသူတွေများနေမယ်။ ငွေကြေးနဲ့ပတ် သက်ရင် လူတိုင်းကို အယုံမလွယ်ပါနဲ့။ ငွေလိမ်ခံရတတ်တယ်။  အချစ်ရေးကံ ကောင်းပါတယ်။

ယတြာ။         ။ မွေးရက်မှာ သက်ကြီးပုဂ္ဂိုလ် ၃ ဦးကို တတ်နိုင်သလောက် ငွေကြေးလှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အိမ်ထောင်ရှင်များ ပျော်ရွှင်ရမယ့်ကာလဖြစ်ပါတယ်။ နေအိမ်ပြုပြင်ရမယ်။ ငွေကြေးအဆင် ပြေမယ်။ အလှူအတန်းတွေ များများပြုရပါမယ်။ လူလွတ်များ အိမ်ထောင်ကျကိန်းရှိတယ်။ နေအိမ်ကို ညအိပ်ညနေရပ်ဝေးဧည့်လာတတ်တယ်။ လာရင် ထီထိုးပါ။ ထီပေါက်ကိန်းရှိတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

သင့်ရဲ့ထက်မြက်တဲ့အရည်အချင်းကောင်းတွေ ထုတ်ဖော်ပြသနိုင်မယ့်ကာလ ဖြစ်ပါတယ်။ အ ကူအညီတောင်းခံသူတွေများနေတဲ့အတွက် တာဝန်ယူစရာတွေများနေမယ်။ ချွေတာစုဆောင်း သူဌေး လောင်းဖြစ်ချင်ပေမဲ့ မဖြစ်မနေငွေကြေးအကုန်အကျများနေတာကြောင့် ရင်မောနေရမယ်။ စိတ်မပူပါ နဲ့။ မကြာခင်မှာ သင့်အခက်အခဲတွေ ပြေလည်သွားမှာပါ။ အချစ်ရေးသာယာပါတယ်။

ယတြာ။         ။ ကြောင်လေးတွေကို အစာကျွေးပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဆုံးပြီထင်ထားတဲ့အကြွေးတွေ မမျှော်လင့်ဘဲ ပြန်ရမယ်။ အားပေးကူညီမယ့် မိတ်ဆွေသစ် တွေ့မယ်။ မိတ်ဆွေယောင်ဆောင်ပြီး လိမ်ညာတတ်တဲ့သူတွေနဲ့လည်း ဆုံရတတ်တဲ့အတွက် သတိ ထားပါ။ တနင်္လာနံနဲ့စတဲ့လုပ်ငန်းတွေအကျိုးပေးမယ်။ အကျိုးတူပူးပေါင်းလုပ်ကိုင်ရမယ့်အလုပ်တွေ အကျိုးပေးမယ်။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့ ဆုံဆည်းတတ်တယ်။

ယတြာ။         ။ ဆေးရုံမှာ ဆန်ပြုတ်အာဟာရဒါနပြုပါ။

၆။ ကန်ရာသီဖွား (Virgo )  

သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

ပရဟိတအလုပ်တွေနဲ့ ရှုပ်နေတဲ့ကာလဖြစ်ပါတယ်။ ငွေကြေးအကုန်အကျလည်း များနေမယ်။ စီးပွားရေးဘက်ကို မလှည့်နိုင်သေးတာကြောင့် အတန်ငယ်စိတ်မောနေရမယ်။ မိသားစုအတွင်း ပျော်စ ရာ သတင်းထူးကြားရမယ်။ စက်ပစ္စည်းအသစ်ဝင်မယ်။

ယတြာ။         ။ မွေးရက်မှာ ငွေငါးထောင် ပံ့သကူပစ်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အိမ်ကို ရပ်ဝေးဧည့်အလာများနေတာကြောင့် စိတ်မအား၊ လူမအားဖြစ်နေတတ်တဲ့ကာလပါ။ ရစရာရှိတဲ့ငွေတွေကလည်း ကြန့်ကြာနှောင့်နှေးနေတာကြောင့် စိတ်မောနေရမယ်။ စိတ်မပျက်ပါနဲ့။ မကြာခင်မှာ အခက်အခဲတွေအားလုံးပြေလည်သွားအောင် ကူညီမယ့်သူပေါ်လာမှာပါ။ အချစ်ရေးမှာ အထူးကံကောင်းနေပါတယ်။

ယတြာ။         ။ မွေးရက်မှာ နေအိမ်ခြံဝင်းထဲ သစ်ပင်သုံးပင်စိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ပျင်းရိငြီးငွေ့နေတာတွေဖျောက်ပြီး အောင်မြင်မှုဆီရှေ့ဆက်ရမယ့်ကာလဖြစ်ပါတယ်။ ထင် ထားတာထက် ပိုကောင်းတဲ့ပန်းတိုင်တွေက သင့်ကို ရှေ့မှာ စောင့်ကြိုနေပါတယ်။ ပညာရပ်အသစ် အ ဆန်းတွေ သင်ယူခွင့်ရမယ်။ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ပေါ်ပါမယ်။ အချစ်ရေးမှာနေမြဲ အတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ လူကြီးမိဘကို ဆေးဝါးဖြင့် ကန်တော့ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

သူတစ်ပါးပြဿနာတွေကြားမှာ ဝင်မပါမိပါစေနဲ့။ သူ့ပြဿနာက ကိုယ့်ပြဿနာဖြစ်တတ် တယ်။ ရှင်းလေရှုပ်လေဖြစ်တတ်တယ်။ ကင်းကင်းနေပါ။ ဆွေမျိုးထဲ မင်္ဂလာကိစ္စပေါ်တတ်တယ်။ အလှူကို အကြောင်းပြုပြီး ခရီးတိုတစ်ခုထွက်ရမယ်။ အချစ်ရေးမှာ နီးနီးလေးက လူနဲ့ဖူးစာဆုံရတတ် တယ်။

ယတြာ။         ။ မွေးနံထောင့်မှာ စပယ်ပန်းလှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ပညာရေးဘက်လေ့လာလိုက်စားသူများအတွက် အထူးကံကောင်းနေတဲ့ ကာလဖြစ်ပါတယ်။ နိုင်ငံရပ်ခြားအထိ ပညာတော်သင်သွားရမယ်။ ပညာမျှဝေပေးတဲ့ ဆရာသမားကောင်းတွေနဲ့ ဆုံဆည်း ရမယ်။ ဝန်ထမ်းများ ရာထူးအပြောင်းအရွှေ့ရှိတယ်။ အချစ်ရေးမှာ ရပ်ဝေးကလူနဲ့ ချစ်ကြိုးသွယ်ရ တတ်ပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ နှင်းဆီကိုးပွင့်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

အချိန်တွေကို တန်ဖိုးထားရင် တန်ဖိုးထားသလောက် အကျိုးများစေမယ့် ကာလဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေက သင့်ကို ဆီးကြိုနေမယ်။ အလုပ်တစ်ခုကို လွယ်လွယ် ရင်းနှီးမြှုပ်နှံတာမျိုးမလုပ်ဘဲ လူကြီးမိဘတွေနဲ့ တိုင်ပင်ပြီးမှ လုပ်ပါ။ ကျန်းမာရေးအနေနဲ့ ခါးနာတတ် တယ်။ အလေးအပင်တွေ မ,မပါနဲ့။

ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းလှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ရောက်လေရာမှာ ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေတတ်တဲ့ကာလဖြစ်ပါတယ်။ ရွေးချယ်စရာ တွေများနေလို့ အရွေးရခက်နေတတ်တယ်။ အင်္ဂါနံနဲ့စတဲ့ လုပ်ငန်းတွေအကျိုးပေးမယ်။ ရပ်ဝေးခရီး သွားရမယ်။ သင့်အတွက် ပျော်ရွှင်ကံကောင်းခြင်းတွေသယ်ဆောင်လာမယ့်ခရီးဖြစ်ပါတယ်။ ထီထိုးပါ။

ယတြာ။         ။ လိုအပ်နေတဲ့နေရာတွေမှာ တတ်နိုင်သလောက် အကူအညီပေးပါ။

တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။