၂ဝ၁၈ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ)

blank
၁။ မိရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဒီတစ်ပတ်အတွင်းမှာ ငွေကြေးရေးရာကိစ္စတွေ ထင်သလောက်ခရီးမပေါက်ဘဲ ဖြစ်နေမယ်။ အိမ်သားတွေနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုများပြားနေမယ်။ စနေသားတစ်ယောက်ထံမှ အကူအညီများစွာရရှိမယ်။ အရာရာကိုရိုးသားမှုအပြည့်နဲ့ ဆောင်ရွက်ပါ။ အခက်အခဲတွေ မကြာမီ ပြေလည်သွားပါလိမ့်မယ်။

ယတြာ- ဘုရားပရဝုဏ်သန့်ရှင်းရေးလုပ်ပေးပါ။

၂။ ပြိရာသီဖွား (Taurus )
ပြီလ(၂၁ )မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

မိမိပတ်ဝန်းကျင်ကလူတွေကို အလိုလိုနေရင်း စိတ်ပျက်နေမယ့် ကာလဖြစ်တယ်။ ရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတဲ့အရာတွေကို အဓိကထားဆောင်ရွက်ပါ။ မိသားစုအတွင်း စိတ်ဝမ်းကွဲအောင်ပြုလုပ်နေသူတွေရှိတတ်တယ်။

ယတြာ- မိဘမဲ့ကလေးများအတွက် အစားအစာဒါနပြုပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ

တစ်နှစ်အစအတွင်းမှာကတည်းက သင်ကြိုးစားနေခဲ့သောအရာတွေ အကောင်အထည်ပေါ်မယ်။  မိသားစုနှင့်ဘုရားဖူးသွားရတတ်တယ်။ မျှော်လင့်နေသူထံမှ ချစ်စကားကြားရတတ်တယ်။  မနာလိုသူတစ်ဦးကြောင့် အလုပ်အတွင်းမှာ အနှောင့်အယှက်တွေ ကြုံရလိမ့်မယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယတြာ- နွမ်းပါးသောကလေးငယ်တွေအတွက် စာရေးကိရိယာလှူဒါန်းပါ။

၎။ ကရက်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ပြီး ယုံကြည်မှု ကင်းမဲ့နေတဲ့ ကာလဖြစ်တယ်။ ခံစားချက်တွေကို အလေးမထားတတ်သောချစ်သူကြောင့် စိတ်အားငယ်နေမယ်။ ခံစားချက်တွေကို ထိန်းချုပ်ပြီးလုပ်သင့်လုပ်ထိုက်တာတွေကို  အလေးထားဆောင်ရွက်သင့်ပါ။ မထင်မှတ်ဘဲ ရာထူးတိုးတတ်တယ်။ ပညာဆည်းပူးနေသူတွေ အထက်တန်းကျကျအောင်မြင်တတ်တယ်။
ယတြာ-လမ်းဘေးခွေးကလေးများအား အစာကျွေးပါ။

၅။ သိဟ်ရာသီဖွား (Leo)    
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ပြောချင်ရာကို ကမူးရှူးထိုးပြောတတ်သောအကျင့်ကြောင့် လျှို့ဝှက်ချက်တွေ ပေါက်ကြားတတ်တယ်။ အလွန်အမင်းသဝန်တိုတတ်တဲ့ စိတ်ကြောင့် ချစ်သူနဲ့စကားများရန်ဖြစ်ရတတ်တယ်။  အမြင်တစ်ခုတည်းနဲ့ တစ်ဖက်သတ်ဆုံးဖြတ်တတ်တဲ့ အကျင့်ကိုပြင်ပါ။ သိဟ်ရာသီဖွား လူပျိုကြီး၊အပျိုကြီးများ အိမ်ထောင်ကျတတ်တယ်။

ယတြာ- သံဃာတော်များကို အချိုပွဲကပ်လှူပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

ဒီအပတ်အတွင်းမှာ ချစ်ခင်ရင်နှီးသူတွေရဲ့  အိပ်မက်တွေကို ကူညီပေးရင်း အချိန်ကုန်တတ်တယ်။ စေတနာများရောင်ပြန်ဟပ်မယ့် ကာလဖြစ်တယ်။ ထင်မှတ်မထားသူတစ်ဦှးှဆီက လက်ဆောင်ရတတ်တယ်။ ဘဝတက်လှမ်းအတွက် အထောက်အကူပြုမယ့် ပွဲတစ်ခုတက်ရောက်ရတတ်တယ်။

ယတြာ- မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

အိမ်တွင်းရေးပြဿနာတွေနဲ့ စိတ်ရှုပ်နေရပေမဲ့  သင့်ဖက်မှ  မားမားမတ်မတ်ရပ်တည်ပေးတတ်သူတစ်ယောက်ကြောင့် စိတ်အားတက်ရလိမ့်မယ်။ သက်ကြီးဝါကြီးတစ်ဦး၏ ကူညီစောင်မမှုကိုရတတ်တယ်။ အရင်ကတင်နေတဲ့ အလုပ်ကြွေးနဲ့ ချေးငှားထားတဲ့ ငွေကြွေးများကို ဆပ်နိုင်လိမ့်မယ်။ ထီထိုးပါ။

ယတြာ- မွေးနံထောင့်တွင် ဆီမီးကပ်လှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

မထင်မှတ်ဘဲ ပြောလိုက်မိတဲ့ စကားကြောင့် အရှုပ်အရှင်းတွေကိုဖြေရှင်းရတတ်တယ်။ စကားကို မစဉ်းစားဘဲပြောတတ်တဲ့ အကျင့်ကို ပြင်ပါ။ အချစ်ရေးကံကောင်းတယ်။ အချိန်အတော်ကြာပိတ်ထားတဲ့ နှလုံးသားတံခါးကို လာခေါက်သူတစ်ဦးပေါ်ပေါက်လာမယ်။

ယတြာ- သက်ကြီးရွယ်အိုများကို သန့်ရှင်းရေးလုပ်ပေးပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

မိမိရဲ့ အားနည်းချက်၊ အားသာချက်များကို သိရှိပြီး ထုတ်ဖော်အသုံးချနိုင်မည့်ကာလဖြစ်တယ်။  ဘဝအတွက် အရေးပါအရာရောက်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်လိမ့်မယ်။ နှုတ်မလုံတတ်သူတစ်ဦးကို ခံစားချက်များဖွင့်ဟမိတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြေရှင်းရတတ်တယ်။  ထူးခြားသောလက်ဆောင်တစ်ခုရတတ်တယ်။

ယတြာ- ဘုရားစင်သန့်ရှင်းရေးလုပ်ပေးပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဒီတစ်ပတ်အတွင်းအချစ်ရေးနဲ့ ပတ်သတ်ပြီး ကံကောင်းမယ်။ ရည်မှန်းချက်တွေကို ဆန္ဒရှိသလောက် ကွက်ကွက်ကွင်းကွင်းပုံဖော်နိုင်မယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေပျောက်ရှတတ်တာကြောင့် သတိထားပါ။ ငွေကြေးအပေးအယူတွေ စာချုပ်စာတမ်းလက်မှတ်ထိုးတာတွေကို ဂရုတစိုက်ဆောင်ရွက်ပါ။

ယတြာ- ဘုရားမှာ  အောင်သပြေကပ်လှူပါ။

၁၁။ ကုံရာသီဖွား (Aquarius)
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ

အနောက်ကိုဆွဲခေါ်နေတဲ့ အတိတ်ကဖြစ်ရပ်တွေကို  မေ့ပစ်ပြီး အနာဂတ်အတွက် အရေးပါတဲ့ ခြေလှမ်းတွေကို စတင်နိုင်မယ်။ သင့်ပျော်ရွှင်မှုကို ဟန့်တားနေတဲ့ အရာများကို စိတ်ဓာတ်ခိုင်မာစွာနဲ့ ကျော်ဖြတ်နိုင်မယ်။ တနင်္လာသမီးတစ်ဦးဆီကနေ အရေးပါတဲ့  အကြံဉာဏ်တွေရတတ်တယ်။

ယတြာ- သံဃာတော်များကို နို့ဆွမ်းကပ်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ  

ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် စိတ်ရှုပ်ထွေးနေမယ့် ကာလဖြစ်တယ်။ ပြဿနာတွေကို တိုက်ရိုက်မရှင်းတတ်တဲ့ အကျင့်ကြောင့်ပြဿနာများ ပိုမိုရှုပ်ထွေးမယ်။ အိမ်တွင်းရေးဆူပူမှုများဖြစ်ပေါ်မယ်။ သူငယ်ချင်းတွေဆီကနေ အကူအညီရရှိမယ်။ အလုပ်အကိုင်အရွှေ့အပြောင်းကြုံတွေ့ရမယ်။

ယတြာ- နေအိမ်ဘုရားမှာ ရေချမ်းကပ်လှူပါ။

သင့်အတွက် မှန်နေခဲ့ရင် သူငယ်ချင်းတွေဖတ်ရဖို့ ဤစာလေးကို SHARE ပေးပါ။