၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာ ၂၅-ရက်နေ့မှ ၃၁-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

နှစ်သစ်ကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ စတင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကာလဖြစ်တယ်။ စိတ်ကအလိုလို လွတ်လပ်ပေါ့ပါးနေမယ်။ သူငယ်ချင်းဟောင်းတွေနဲ့ မမျှော်လင့်ဘဲဆုံတွေ့နိုင်တယ်။ အနာဂတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မယ်။ အပျော်အပါးစွက်ရင်း ငွေနဲ့အချိန်တွေဖြုန်းမိနေတတ်ပါတယ်။ မတော်တဆမှုတွေဖြစ်ပွားတတ်တာကြောင့် အသွားအလာ ဂရုစိုက်ပါ။

ယတြာ-မွေးနေ့မှာ ငှက်စာကျွေးပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ
            လှပပြီးဆွဲဆောင်မှုရှိတဲ့ ဆန့်ကျင်ဖက်လိင်တစ်ဦးနဲ့ မိတ်ဆွေအသစ်ဖွဲ့ရမယ်။ ရိုးရိုးသားသားအခြေအနေတွေကနေ ဆန်းဆန်းပြားပြားအဆင့်တွေကို တက်လှမ်းနိုင်လိမ့်မယ်။ အလုပ်အကိုင်တွေကို အချစ်ရေးလောက် လေးလေးနက်နက်မထားဘဲ လုပ်မိနေလိမ့်မယ်။ အိမ်တွင်းရေးသာယာအဆင်ပြေမယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်လွန်းတဲ့အကျင့်ကြောင့် အိမ်သားတွေနဲ့ အဆင်မပြေဖြစ်မယ်။
ယတြာ- ဘုရားမှာ လျှပ်စစ်မီးပူဇော်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)     

မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ မြင့်တက်နေမယ်။ အလုပ်အကိုင်အတွင်းမှာ တစ်ဆင့်မြင့်တဲ့နေရာတွေကို တက်လှမ်းနိုင်မယ်။ (၂ဝ၁၈) အတွက် အစီအစဉ်ကောင်းတွေကို ချမှတ်နိုင်မယ်။ New year အကြိုညမှာ ရင်ခုန်ရတဲ့သူတစ်ဦးနဲ့ အမှတ်မထင်ဆုံတွေ့ရမယ်။ ငွေကြေးကံကောင်းတတ်တယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာသတင်းကြားရတယ်ဆိုရင် ထီထိုးပါ။

ယတြာ- တိရိစ္ဆာန်လေးတွေကို အစာကျွေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိသားစုအလိုကျဖြည့်ဆည်းရင်း မိမိကိုယ်ကိုပျောက်ဆုံးနေသလို ခံစားနေရမယ်။ တစ်ပါးသူရဲ့ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးရင်း မိမိလိုချင်တဲ့အရာများကို လက်လွတ်ဆုံးရှုံးနေရမယ်။ လူမှုရေးအဖွဲ့အစည်းတစ်ခုကို ကူညီရင်း မိတ်ဆွေအသစ်တွေအများကြီးရမယ်။ အလုပ်အကိုင်နေရာပြောင်းရွှေ့ရတတ်တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ- နေအိမ်ဘုရားမှာ နို့ဆွမ်းကပ်လှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အလိုလိုထိရှလွယ်နေသော စိတ်ကြောင့် နောင်တရစေမယ့် အပြုအမူတွေလုပ်မိလိမ့်မယ်။ ပတ်ဝန်းကျင်အသစ်၊ လူသစ်တွေနဲ့ အထင်အမြင်လွဲမှားစရာတွေကြုံတွေ့ရလိမ့်မယ်။ စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်ပြီး အကောင်းမြင်စိတ်တွေနဲ့ ပြုမူတုံ့ပြန်ပါ။ ဘဝတစ်ခုလုံးကို ပြောင်းလဲစေမယ့် သတင်းကောင်းတစ်ခုကြားရလိမ့်မယ်။ အဝေးရောက်ချစ်သူနဲ့ ပြန်လည်ဆုံတွေ့ရလိမ့်မယ်။

ယတြာ- ဂီလာနဘိုးဘွားများကို ဆေးဝါးဒါနပြုပါ။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

မိမိထက်ငယ်ရွယ်တဲ့သူ၊ လက်အောက်ငယ်သား တစ်ယောက်ယောက်ရဲ့ ဘဝအရေးကို ဝင်ရောက် ဖြေရှင်းအကြံပေးရလိမ့်မယ်။ မိသားစုအရေးအရာတွေမှာ စိတ်ကိုကြည်ကြည်လင်လင်ထားပြီး နားလည်မှုအပြည့်နဲ့ ကိုင်တွယ်ဖြေရှင်းပါ။ အလုပ်အကိုင်အတွင်းမှာ နေရာရမယ်။ နှစ်သစ်အစမှာ မျှော်လင့်မထားတဲ့ခရီးတစ်ခုထွက်ရမယ်။ ကန်ရာသီဖွား လူပျိုကြီးအပျိုကြီးများ ဖူးစာရှင်နဲ့ ဆုံဆည်းတတ်တယ်။

ယတြာ- ဘုရားတစ်ခုခုမှာ ရေအိုးလှူဒါန်းပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ပြဿနာရပ်တိုင်းကို အလွယ်တကူကိုင်တွယ်ဖြေရှင်းနေနိုင်လိမ့်မယ်။ အများနဲ့ ချိတ်ဆက်လုပ်ကိုင်တဲ့ အလုပ်အကိုင်တွေ အဆင်ပြေလိမ့်မယ်။ မိမိကိုစိတ်အနှောင့်အယှက်ပေးနေတဲ့ လူတွေနဲ့ ဖြစ်ရပ်တွေကို အပြီးသတ်ချန်ထားနိုင်လိမ့်မယ်။ ချစ်သူကိုချစ်ခွင့်ပန်ရန် အချိန်ကောင်းမဟုတ်သေးပါ။ အလုပ်အသစ်ပြောင်းသော တူရာသီဖွားများအထူးကံကောင်းသည်။
ယတြာ- သံဃာတော်များကို ထီးလှူဒါန်းပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

နှစ်သစ်မှာ တစ်ဘဝလုံးရည်ရွယ်လက်တွဲလို့ရတဲ့ အချစ်စစ်နဲ့ တွေ့မယ်။ အိမ်ထောင်ရေးကိစ္စတွေကို အလေးအနက်ထား ဆုံးဖြတ်ချက်ချမယ့် ကာလဖြစ်တယ်။ အခြားလူတွေရဲ့ ဆန္ဒနဲ့ မိမိရဲ့ သဘောထားအကြားဗျာများစိတ်ညစ်ရလိမ့်မယ်။ ဘဝကို ပိုမိုမြင့်တက်စေမယ့် ဆုံးဖြတ်ချက်တွေချမှတ်နိုင်လိမ့်မယ်။ မမျှော်လင့်ဘဲ ရာထူးတိုးတတ်တယ်။ ငွေကြေးလက်လွန်ထားတာတွေ ပြန်ရတတ်တယ်။

ယတြာ- မိဘမဲ့ကလေးတွေအတွက် စာရေးကိရိယာလှူဒါန်းပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ       

အလုပ်ကို အစိုင်းတပြင်းလုပ်ရင်း အားလပ်ချိန်မရှိလောက်အောင်ဖြစ်နေလိမ့်မယ်။ လူတွေကို အလွယ်တကူယုံတတ်တဲ့အကျင့်ကို ပြင်ပါ။ အချစ်ရေးမှာ ကြားလူကြောင့် အဖုအထစ်လေးတွေ ကြုံရမယ်။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်မချပါနဲ့။ ပညာရပ်အသစ်တွေလေ့လာဆည်းပူးနိုင်လိမ့်မယ်။ ငွေကြေးအပေးအယူကိစ္စတွေကို သတိနဲ့ဆောင်ရွက်ပါ။

ယတြာ- ရာသီခွင်တူ သူငယ်ချင်းတစ်ယောက်ကို အဖြူရောင်အစတစ်ခု လက်ဆောင်ပေးပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

အိမ်တွင်းရေးသာယာအဆင်ပြေမှုကြောင့် စိတ်ငြိမ်းချမ်းပျော်ရွှင်နေမယ်။ သူတစ်ပါးပြောသမျှ ခေါင်းငြိမ့်တတ်တဲ့အကျင့်ကို ပြင်ပါ။ အသွားအလာသတိထားပါ။ အထင်မှားခံရကိန်းရှိတယ်။ စိတ်ရင်းအတိုင်းပြုမူတတ်တဲ့အကျင့်ကြောင့် အသုံးချခံဖြစ်သွားတတ်တယ်။ အလုပ်အကိုင်အတွင်းမှာ လူသစ်တွေရောက်လာတယ်ဆိုရင် ထီထိုးပါ။

ယတြာ- မွေးနံထောင့်မှာ အောင်သပြေကပ်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )    

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

ငွေရေးကြေးရေး ပြတ်လပ်နေမယ့် ကာလဖြစ်တယ်။ ဘောင်ကျော်ပြီး စဉ်းစားအကြံထုတ်လိုက်တဲ့ ကိစ္စကြောင့် အောင်မြင်မှုရရှိမယ်။ စိတ်ပူပန်မှုတွေကို တစ်ယောက်တည်းမြိုသိပ်ဖြေရှင်းနေမယ့်အစား သူငယ်ချင်းတွေဆီက အကြံဉာဏ်တောင်းခံပြီး အတူတူဖြေရှင်းပါ။ ချစ်သူနဲ့အတူတူ ခရီးတိုတစ်ခုထွက်ရတတ်တယ်။

ယတြာ- တနင်္လာသမီးတစ်ယောက်ကို ရေခဲမုန့်ဝယ်ကျွေးပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှုပ်ထွေးနေတဲ့ကိစ္စရပ်တွေကို အပြီးသတ်ဖြေရှင်းနိုင်မယ်။ နှစ်သစ်မှာ မျှော်လင့်ချက်အသစ်တွေနဲ့ စိတ်အားထက်သန်နေလိမ့်မယ်။ အတိတ်ကနာကျင်စရာတွေကို မေ့ပြီး ပျော်စရာတွေကို ဖန်တီးနိုင်လိမ့်မယ်။ အလုပ်အကိုင်နေရာပြောင်းရွှေ့ရလိမ့်မယ်။

ယတြာ- ငါးသက်စေ့လွှတ်ပါ။

သင့်အတွက် မှန်တယ်ဆိုရင် LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။