၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာ ၄-ရက်နေ့မှ ၁ဝ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ယခုတစ်ပတ်အတွင်း အတားအဆီးများကို ကျော်လွှားပြီးအောင်မြင်မှုရရှိမည်။ ဘောင်ကျော်၍တွေးတတ်သောကြောင့် ထူးခြားသော အခွင့်အရေးများကို ဖမ်းဆုပ်မိမည်။ မိသားစုအရေးကိစ္စများကို လျစ်လျူရှုမိသလိုဖြစ်နေသောကြောင့် ချစ်သူခင်သူများ၏ စိတ်ကွက်မှုကို ခံရမည်။

 ယတြာ- မွေးနေ့မှာ အင်္ကျီအဟောင်းတစ်စုံ စွန့်ပစ်ပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ယခုတစ်ပတ်အတွင်း အိမ်တွင်းရေးအဆင်ပြေသလောက် ငွေကြေးအလုပ်အကိုင်နှင့် ပတ်သက်သောကိစ္စရပ်များ စိတ်ထင်သလောက် မပေါက်ရောက်ဘဲဖြစ်နေမည်။ စိတ်မထိန်းနိုင်ဘဲ ပေါက်ကွဲချင်သလိုဖြစ်နေမည်။ အချစ်ရေးထင်သလောက် အဆင်မပြေသေးပါ။
ယတြာ- ဘုရားတွင် အောင်သပြေကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)     
မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

ယခုတစ်ပတ်အတွင်း အိမ်တွင်းရေး ကတောက်ကဆများ ကြုံတွေ့ရမည်။ ကြားလူတစ်ယောက်ကြောင့် မိသားစုနှင့်မိမိကြား အထင်အမြင်လွဲမှားစရာများ ကြုံတွေ့ရမည်။ နားလည်မှုဖြင့်အရာရာကိုဖြေရှင်းပါ။ စိတ်လိုက်မာန်ပါဖြေရှင်းတတ်တဲ့အကျင့်ကို ပြင်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ- ဘကကျောင်းတစ်ခုတွင် စာရေးကိရိယာလှူဒါန်းပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ယခုတစ်ပတ်အတွင်း ငွေဒလဟောဝင်သော်လည်း ထင်တိုင်းသုံးတတ်တဲ့အကျင့်ကြောင့် ငွေမစုမိဘဲဖြစ်နေမည်။ အကြံဉာဏ်ကောင်းပေးတတ်သော မိတ်ဆွေတစ်ယောက်ကြောင့် စီးပွားရေးနှင့်အချစ်ရေးတွင် အဆင်ပြေမှုများ ကြုံရမည်။

ယတြာ- ဆေးဝါးလှူဒါန်းပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အခြားသူများမနာလိုချင်စရာကောင်းလောက်အောင် ဖျတ်လတ်တက်ကြွနေမည့် ကာလဖြစ်သည်။ ငွေကြေးရင်းနှီးမြှပ်နှံမှုများကို အလောတကြီးပြုလုပ်ရင် အချိန်မကျသေးပါ။ ငွေကြေးအလွဲသုံးစားပြုလုပ်သူတစ်ဦးကြောင့် အရှုပ်အရှင်းများဖြေရှင်းရတတ်သည်။ အချစ်ရေးအဆင်ပြေချောမွေ့မည်။

ယတြာ- သံဃာတော်များကို နေ့ဆွမ်းကပ်လှူပါ။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

စိတ်တည်ငြိမ်ငြိမ်းချမ်းမှုဖြင့် အရာရာကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်မည့်ကာလဖြစ်သည်။ တီထွင်ကြံဆဉာဏ်ကောင်းမွန်မှု၊ ထိုးထွင်းသိမြင်နိုင်မှုတို့ကြောင့် အလုပ်အကိုင်တွင်း အောင်မြင်မှုများရရှိမည်။ အချစ်ရေးတွင် တတိယလူတစ်ယောက်ပေါ်ပေါက်လာမည်။ ထူးဆန်းသောလက်ဆောင်တစ်ခုရပါက ထီထိုးပါ။

ယတြာ- ဆွမ်းဆန်စိမ်းလောင်းလှူပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုများနှင့် အကြောင်းမယ်မယ်ရရမရှိဘဲ ကတောက်ကဆဖြစ်နေတတ်သည်။ အလိုလိုဒေါသထွက်လွယ်နေသော စိတ်ကြောင့် မြင်တွေ့သမျှကို အမြင်မကြည်ဖြစ်နေမည်။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။ ငွေပေးအပေးအယူသတိထားပါ။

ယတြာ- ဘုရားဂုဏ်တော် သက်စေ့ရွတ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား (Scorpio)         
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

အလုပ်အကိုင်အတွင်း လုပ်သလောက် ခရီးမပေါက်ဖြစ်နေသောကြောင့် အလုပ်ကြိုးစားလိုစိတ် ကင်းမဲ့နေသောကာလဖြစ်သည်။ စိတ်ဖိစီးနေပြီး အချိန်ပြည့်ပူပန်နေမည်။ ခင်မင်ရသောမိတ်ဆွေတစ်ဦးကို ရင်ဖွင့်ပြီးအကူအညီရယူပါ။ ကျန်းမာရေးဂရုစိုက်ပါ။ မမျှော်လင့်ဘဲ ချစ်သူရတတ်သည်။

ယတြာ- ဘုရားစင်သန့်ရှင်းရေးလုပ်ပေးပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ       

သံသယစိတ်များ၊ ကိုယ့်ကိုယ်ကိုမယုံကြည်မှုများကြောင့် အချိန်ဖြုန်းမိသလိုဖြစ်နေတတ်တယ်။ ရည်မှန်းချက်များပြည့်ဝရန်ကူညီသူတစ်ဦးပေါ်လာမည်။ စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်လျှင်နိုင်သလောက် အောင်မြင်မှုများရရှိမည်။ ချစ်သူ၏အားပေးနှစ်သိမ့်မှုကို ခံယူပါ။

ယတြာ- မိဘမဲ့ကလေးများအတွက် အာဟာရလှူဒါန်းပေးပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များပေါက်ကြားပြီး စိတ်လေနေသောကာလဖြစ်သည်။ မိမိအကြောင်း မကောင်းပြောဝေဖန်မှုများကို တုံ့ပြန်လိုစိတ်မရှိဘဲ စိတ်ထင်ရာလုပ်မိနေတတ်သည်။ မိသားစု၏အားပေးမှုဖြင့် မကောင်းမြင်အတွေးများကို ဖယ်ရှားပါ။ ရပ်ဝေးမှ မင်္ဂလာသတင်းကြားရတတ်သည်။
ယတြာ- မွေးနံထောင့်တွင် ဆီမီးကပ်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )    
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

လွတ်လွတ်လပ်လပ်နေတတ်သော အကျင့်ကြောင့် ချစ်သူ၏ အထင်လွဲမှားမှုကို ခံရတတ်သည်။ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သောကြောင့် လူမုန်းများလိမ့်မည်။ အနာဂတ်အစီအစဉ်များ အကောင်အထည်ဖော်ရန်နှောင့်နှေးနေမည်။
ယတြာ- ဘုရားမှာ ဆီမီးပူဇော်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

စိတ်ဖိစီးမှုများပြီး စိတ်ဂဏှာမငြိမ်ဖြစ်နေသော ကာလဖြစ်သည်။ စိတ်သောကများကို တစ်ယောက်တည်းခံစားနေမည့်အစား မိမိကိုနားလည်ပေးတတ်သော မိတ်ဆွေတစ်ဦးနှင့် ရင်ဖွင့်တိုင်ပင်ပါ။ ငွေကြေးကံအသင့်အတင့်ကောင်းမွန်သည်။ ရင်းနှီးမြှပ်နှံမှုပြုလုပ်ရန် အချိန်ကောင်းဖြစ်သည်။

ယတြာ- သက်ကြီးရွယ်အိုများအတွက် အနွေးထည်လှူဒါန်းပါ။