သင့်ရာသီခွင်အရ ၂ဝ၁၈ မှာ သင်ဘာတွေဖြစ်နေမလဲဆိုတာ ကြိုတင်သိနိုင်ဖို့…

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

၂ဝ၁၈ ကသင့်အတွက်တော့ အဖြစ်အပျက်ပေါင်းများစွာနဲ့ပြည့်နေတဲ့ နှစ်ဖြစ်ပါတယ်။ သင့်အိပ် မက်တွေတကယ်ဖြစ်လာဖို့ နည်းလမ်းကောင်းတွေပေါ်လာလိမ့်မယ်။ အလုပ်ကြိုးစားလေလေတိုးတက် လေလေဖြစ်မယ့် အားရစရာနှစ်သစ်ဖြစ်ပါတယ်။ ဝင်ငွေများသလို ထွက်ငွေလည်းများတဲ့အတွက် အ သုံးအစွဲတော့ စိစစ်ဖို့လိုပါလိမ့်မယ်။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

သင့်ကိုယ်သင် ပြန်ရှာဖွေရမယ့်နှစ်သစ်ပဲဖြစ်ပါတယ်။ သင့်အတွင်းစိတ်ကို သေသေချာချာလေ့ လာဆန်းစစ်ဖြစ်မယ်။ အပြောင်းအလဲတွေကိုလည်း ကြုံရမယ်။ အဲ့ဒီအပြောင်းအလဲတွေက သင့်အ တွက် ပိုကောင်းတဲ့အခြေအနေတွေကို ရရှိစေလိမ့်မယ်။ လုပ်ငန်းအတွက် ပိုကောင်းတဲ့စိတ်ကူးစိတ် သန်းတွေလည်း ရရှိပါမယ်။ ကြိုးစားမှုတွေနဲ့ရှေ့ဆက်သင့်တဲ့နှစ်ဖြစ်ပါတယ်။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁)ရက်အတွင်း မွေးဖွားသူများ

ဘဝအတွက် ကြီးမားတဲ့ဆုံးဖြတ်ချက်တွေနဲ့ အချိုးအကွေ့တွေကို ရင်ဆိုင်ကျော်ဖြတ်ရမယ့် နှစ် သစ်ဖြစ်ပါတယ်။ စိတ်သစ်လူသစ်နဲ့ အကောင်းဆုံးကျော်ဖြတ်လိုက်ပါ။ စိတ်လှုပ်ရှားစရာအခွင့်အရေး ကောင်းတွေပေါ်လာပါလိမ့်မယ်။ စွန့်စားစရာတွေနဲ့အတူ ပိုကောင်းတဲ့ပြောင်းလဲမှုတွေက သင့်ကိုစောင့် ကြိုနေပါတယ်။ ခွန်အားအပြည့်နဲ့သာ ယုံကြည်စွာ ရှေ့ဆက်လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

သင့်အတွက် အောင်မြင်မှုတွေဆောင်ကြဉ်းလာပေးမယ့်နှစ်ဖြစ်ပါတယ်။ တစ်နှစ်လုံးမှာ မျှော် လင့်ချက်တွေ၊ ကံကြမ္မာကောင်းတွေနဲ့ပြည့်နေလိမ့်မယ်။ ကောင်းမွန်တဲ့အတွေးအမြင်တွေ၊ လုပ်ဆောင် ချက်တွေနဲ့ ကံပိုကောင်းအောင် ကြိုးစားသင့်ပါတယ်။ ၂ဝ၁၈ ကသင့်အတွက်တော့ အတောက်ပဆုံး နှစ်တစ်နှစ်ပါပဲ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဝါသနာနဲ့ စီးပွားရေး ဘက်ညီပြီး သက်တောင့်သက်သာဖြတ်သန်းရမယ့်နှစ် ဖြစ်ပါတယ်။ ဘာ သာရပ်အသစ်တွေကို လေ့လာသင်ယူခွင့်ရမယ်။ နိုင်ငံရပ်ခြားခရီးထွက်ရမယ်။ အချစ်ရေးမှာတော့ ဖြစ် ချင်တဲ့အခြေအနေတစ်ခုရောက်ဖို့ အတန်ငယ်ကြိုးစားတည်ဆောက်ယူရပါမယ်။ လူမှုရေးကိစ္စတွေမှာ ပိုမိုအချိန်ပေးဖြစ်မယ်။ သင့်အတွက်တော့ အေးချမ်းတဲ့ ၂ဝ၁၈ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်းမွေးဖွားသူများ

သင့်ဘဝထဲက ပြောင်းလဲသင့်တာတွေကို ပြောင်းလဲပြီး ရှေ့ဆက်ဖို့ ကြိုးစားရမယ့်နှစ်ဖြစ်ပါ တယ်။ ဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ရမယ်။ ကွဲကွာနေတဲ့မိသားစုဝင်၊ ဒါမှ မဟုတ် ဆွေမျိုးရင်းချာတွေနဲ့ပြန်ဆုံရမယ်။ စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ခြင်းဖြင့် အောင်မြင်မှုဆီ တက်လှမ်းနိုင်စေမယ့် နှစ်ဖြစ်ပါတယ်။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

သင့်အတွက်တော့ စိတ်ချမ်းသာမှုတွေနဲ့ပြည့်နေမယ့် နှစ်ဖြစ်ပါတယ်။ သင့်ကိုယ်သင်လည်း ပို မိုဂရုစိုက်လာမယ်။ ရေရှည်ပျော်ရွှင်စရာ ဘဝစီမံကိန်းလေးတွေကို အစပျိုးနိုင်မယ်။ ချစ်သူမရှိသေးသူ များအချစ်နဲ့ကြုံတွေ့နိုင်တဲ့နှစ် ဖြစ်ပါတယ်။ သင့်အတွက်တော့ စိတ်ကောလူပါ ကျန်းမာပျော်ရွှင်မယ့် ၂ဝ၁၈ ပဲဖြစ်ပါတယ်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

သင့်ကိုယ်သင် ယုံကြည်မှုတွေနဲ့ ပြည့်နေတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ အတိတ်တုန်းက အမှား တွေရှိခဲ့ရင် မေ့ပစ်လိုက်ပါ။ စိတ်သစ်လူသစ်နဲ့ရှေ့ဆက်တာက သင့်ကို ပိုမိုအောင်မြင်တဲ့နေ့ရက်တွေဆီ ပို့ဆောင်ပေးမှာပါ။ သင့်အတွက် ခရီးသွားနှစ်လို့ ဆိုရလောက်အောင် ခရီးတွေ မကြာခဏထွက်ရမယ်။ အပြောင်းအလဲသစ်တွေနဲ့ စိတ်လှုပ်ရှားစရာ နှစ်ဖြစ်ပါတယ်။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အချိန်မဖြုန်းဘဲနဲ့ လုပ်စရာရှိတာတွေကို မြန်မြန်ဆန်ဆန်ကြိုးစားအကောင်အထည်ဖော်ရမယ့် နှစ်ဖြစ်ပါတယ်။ ကူညီမယ့် မိတ်ဆွေသစ်တွေ၊ ဆရာသမားကောင်းတွေ ဘဝထဲကို ဝင်ရောက်လာ မယ်။ အနာဂတ်အတွက် အစီအမံတွေချမှတ်နိုင်မယ်။ အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ မိသားစုနဲ့ အလုပ်အကိုင် သဟဇာတဖြစ်မယ့် စိတ်ချမ်းသာစရာ ၂ဝ၁၈ ဖြစ်ပါတယ်။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

သင့်အရည်အချင်းနဲ့ အရည်အသွေးတွေ အတောက်ပဆုံးလင်းလက်ခွင့်ရမယ့်နှစ် ဖြစ်ပါတယ်။ တည်ငြိမ်စွာနဲ့အလုပ်ကို အာရုံစူးစိုက်နိုင်မယ်။ ရလဒ်အနေနဲ့ ကြီးမားတဲ့အောင်မြင်မှုတွေကို လက်ခံရရှိ ပါလိမ့်မယ်။  မိသားစုအတွင်း ထူးခြားတဲ့ပြောင်းလဲမှုလေးတွေ ကြုံတွေ့ရမယ်။ မင်္ဂလာကိစ္စတွေ များ မယ်။ အလှူအတန်းတွေ များများပြုနိုင်မယ့်နှစ် ဖြစ်ပါတယ်။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်းမွေးဖွားသူများ

စောင့်ဆိုင်းနေတဲ့အလုပ်တွေ အကောင်အထည်ပေါ်လာမယ့်နှစ်ပါတယ်။ ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေရှိရင်လည်း ဒီနှစ်ထဲမှာ ပြန်ရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ထူးခြားတဲ့အပြောင်းအလဲသစ်တွေနဲ့ကြုံရမယ်။ ကောင်းတဲ့ပြောင်းလဲခြင်းတွေဖြစ်ပါတယ်။ သင့်အ တွက် စိတ်အားထက်သန်မှု၊ စွမ်းအားနဲ့ နာမည်ကျော်ကြားမှုတွေကို ကိုယ်စားပြုနေတဲ့နှစ်ပဲ ဖြစ်ပါ တယ်။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အသစ်တီထွင်ဖန်တီးမှုစွမ်းရည်တွေနဲ့ ပြည့်နေမယ့်နှစ်ဖြစ်ပါတယ်။ လုပ်စရာတွေများလွန်းလို့ရှိ တဲ့အချိန်နဲ့မလောက်ငှနိုင်အောင် ဖြစ်နေတတ်ပါတယ်။ သင့်အနာဂတ်အတွက် အုတ်မြစ်ကောင်းတွေ ချမှတ်နိုင်မယ်။ အပြောင်းအလဲသစ်တွေကို ရင်ဆိုင်ရမယ်။ ဘဝထဲက ကံကောင်းခြင်းလက်ဆောင် တွေကို လက်ခံရရှိမယ့် ၂ဝ၁၈ ပဲ ဖြစ်ပါတယ်။

ဒီစာစောင်လေးကိုဖတ်ပြီးရင် တခြားသူတွေအတွက်လည်း SHARE ပြီး မျှဝေပေးလိုက်ပါဦးနော်။