၂ဝ၁၇၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (နိုဝင်ဘာ ၂၇ – ရက်နေ့မှ ဒီဇင်ဘာ ၂ – ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အစစအရာရာ အဆင်ပြေသာယာနေတဲ့ကာလဖြစ်ပါတယ်။ ချစ်ရေးဆိုထားသူထံမှ အဖြေရလိမ့်မယ်။ ကြံစည်ထားတဲ့အလုပ်အကိုင်အသစ်တွေ စဖြစ်လိမ့်မယ်။ ပရဟိတလုပ်ငန်းတစ်ခုမှာ ဝင်ရောက်ကူညီဖြစ်လိမ့်မယ်။ ပညာသင်ဖို့ အခွင့်အလမ်းကောင်းပေါ်မယ်။ ရေချိုးမှားခြင်းကြောင့် ဖျားနာတတ်ပါတယ်။ ပစ္စည်းအချေးအငှားတွေ သတိပြုပါ။

ယတြာ ။        ။ လမ်းဘေးခွေးလေးတွေကို အစာကျွေးလိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီလ (၂၁ )မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ
         လုပ်ချင်တာတွေများနေပြီး အချိန်နည်းနေတာကြောင့် ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်မိနေတဲ့ ကာလ ဖြစ်ပါတယ်။ မိသားစုနဲ့ အလုပ်ကြားမှာ အပြေးအလွှား ဗျာများနေရပါမယ်။ ခရီးစဉ်နှစ်ခု တစ်ပြိုင်တည်း ပေါ်တတ်တယ်။ မိသားစုနဲ့တိုင်ပင်ပြီး သင့်အတွက် အခွင့်အလမ်းပိုမိုကောင်းမွန်တဲ့ခရီးကို ရွေးချယ် လိုက်ပါ။ မမျှော်လင့်ဘဲ ငွေအစုလိုက်ဝင်တတ်တယ်။
ယတြာ ။        ။ သက်ကြီးဘိုးဘွားများကို ဆေးဝါးဒါနပြုလိုက်ပါ။
၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၂) မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အခက်အခဲတချို့ကြောင့် စိတ်မောလူမောဖြစ်နေရမယ့်ကာလဖြစ်ပါတယ်။ လူမှုရေးကိစ္စတွေ လည်း များနေပါမယ်။ စိတ်မပူပါနဲ့၊ မကြာခင်မှာ အခက်အခဲတွေပြေလည်ပြီး လုပ်ငန်းသစ်စတင်နိုင်ပါလိမ့်မယ်။ ကွဲကွာနေတဲ့ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံရတတ်ပါတယ်။ အိမ်ကိုညအိပ်ညနေ ဧည့်သည်လာရင် ထီထိုးပါ။

ယတြာ ။        ။ နေအိမ်ဘုရားမှာ သောက်တော်ရေချမ်းကပ်လှူပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်း မွေးဖွားသူများ

ငွေကြေးအရှုပ်အရှင်းကြောင့် ပူပန်ရမယ့်ကာလဖြစ်တာကြောင့် ငွေအပေးအယူကိစ္စတွေကို သတိပြုပါ။   မိသားစုအတွင်း သတင်းကောင်းကြားရမယ်။ အချစ်ရေးကတော့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ အဆင်ပြေနေတဲ့ကာဖြစ်ပါတယ်။ လူငယ်များ ပညာရပ်အသစ်သင်ယူဖို့ အခွင့်အရေးပေါ်မယ်။ သင့်ဘဝတိုးတက်လမ်းကို မြှင့်တင်ပေးနိုင်မယ့် ပညာရပ်ကို သေချာရွေးချယ်သင်ယူလိုက်ပါ။

ယတြာ ။        ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အတိုက်အခိုက်တချို့ကြောင့် အတန်ငယ်စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ကာလဖြစ်ပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ မေတ္တာနဲ့သာ ဆက်ဆံလိုက်ပါ။ မေတ္တာတရားရဲ့အကျိုးကျေးဇူးကို ခံစားရ ပါလိမ့်မယ်။ ငွေဝင်ကိန်းရှိပါတယ်။ ထီထိုးပါ။ မိသားစုအကြီးအကဲကျန်းမာရေး ဂရုစိုက်ပါ။

ယတြာ ။        ။ ဘုရားမှာ ဘယာကြော်ကပ်လှူပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်း မွေးဖွားသူများ

စကားအရှုပ်အရှင်း ဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်။ မှန်တိုင်းမပြောတာ သင့်အတွက် အ ကောင်းဆုံးပါပဲ။ သင် ဦးဆောင်လုပ်ရမယ့်လုပ်ငန်းတွေ ပေါ်တတ်တယ်။ ရလဒ်ကောင်းတွေ ထွက် ပေါ်နိုင်တာကြောင့် သင့်ရဲ့ခေါင်းဆောင်မှုအရည်အသွေးကို ပြသဖို့ ကြိုးစားသင့်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးသာယာပါတယ်။

ယတြာ ။        ။ ဖိနပ်အဟောင်းတစ်ရံကို စွန့်ပစ်လိုက်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

မှန်းချက်နဲ့ နှမ်းထွက်ကိုက်ညီနေတာကြောင့် အလုပ်မှာ ပျော်ရွှင်ရတဲ့ကာလပါ။ ဝန်ထမ်း ဖြစ်ပါက ရာထူးတိုးကိန်းမြင်ပါတယ်။ အလှူအတန်းများများပြုနိုင်မယ့်အချိန်လည်းဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံရတတ်တယ်။ အချစ်ရေးမှာ ကြားလူကြောင့် အထင်လွဲ စရာဖြစ်တတ်တယ်။ သတိပြုပါ။

ယတြာ ။        ။ မွေးရက်မှာ သံဃာတစ်ပါးကို သင်္ကန်းလှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ကြိုးစားသလောက် ခရီးမတွင်တဲ့အခြေအနေကြောင့် အတန်ငယ်စိတ်မောနေရတဲ့ကာလ ပါ။ ဝန်ထမ်းဖြစ်ပါက နေရာပြောင်းရွှေ့ရကိန်းရှိပါတယ်။ သင့်အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အရေး တွေ ရရှိစေမယ့်နေရာဖြစ်ပါတယ်။ အချစ်ရေး ကောင်းမွန်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဒူးနာ၊ ခါးနာ ဖြစ်တတ်ပါတယ်။ အသွားအလာ၊ အထိုင်အထ သတိပြုပါ။

ယတြာ ။        ။ သီလရှင်တစ်ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃) မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

မလိုအပ်ဘဲ ငွေကုန်ကြေးကျများနေလို့ စိတ်မောရမယ့်ကာလဖြစ်ပါတယ်။ ငွေကို စနစ်တကျ ချွေတာသုံးစွဲသင့်ပါတယ်။ စကားအပြောအဆို ဆင်ခြင်ပါ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အခင်မင်ပျက် တတ်ပါတယ်။ ခရီးတိုတစ်ခုထွက်ရတတ်တယ်။ သင့်အတွက် ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းတွေ ပေး မယ့်ခရီးဖြစ်ပါတယ်။

ယတြာ ။        ။ ချို့တဲ့ကျောင်းသားများအတွက် စာရေးကိရိယာလှူဒါန်းပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂၀) ရက်အတွင်း မွေးဖွားသူများ

စီးပွားရေးအတွက်၊ ဘဝအတွက် ပိုမိုကောင်းမွန်တဲ့ စိတ်ကူးဉာဏ်ကောင်းတွေ ရင့်သန်နေတဲ့ ကာလဖြစ်ပါတယ်။ စိတ်ကူးတွေနဲ့ပဲ ကျေနပ်မနေပါနဲ့။ မိတ်ဆွေကောင်းတွေ၊ ဆရာသမားကောင်း တွေနဲ့ တိုင်ပင်အကြံဉာဏ်ယူကြည့်ပါ။ အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။ အချစ်ရေး သာယာနေပါတယ်။ အနေဝေးနေတဲ့ချစ်သူနဲ့ ပိုပြီးနားလည်မှုရတတ်ပါတယ်။

ယတြာ ။        ။ ဘုရားမှာ သစ်သီးဆွမ်းကပ်လှူပါ။

၁၁။ ကုံရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) အတွင်း မွေးဖွားသူများ

ပျော်ရွှင်စရာအချစ်ရေး၊ မိသားစုအရေးတွေနဲ့ သာယာနေတဲ့ကာလဖြစ်ပါတယ်။ သူတို့တွေကို အချိန်ပေးနေရတဲ့အတွက် သင့်ကိုယ်ပိုင်အချိန်တွေနည်းနေပါမယ်။ စီးပွားရေးမှာ လုပ်ငန်းသစ်အတွက် ခြေလှမ်းစတင်ဖို့ အခွင့်အရေးပေါ်မယ်။ နားလည်သူအကြီးအကဲတွေနဲ့တိုင်ပင်ပြီး လုပ်ကိုင်လိုက်ပါ။ ကျန်းမာရေးအနေနဲ့ အစားအသောက်သတိပြုပါ။ အစားမှားတတ်ပါတယ်။

ယတြာ ။        ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အနာဂတ်အတွက် အစီအစဉ်တွေနဲ့ပြည့်နေတဲ့ကာလဖြစ်ပါတယ်။ စိတ်မလောပါနဲ့။ ဖြည်းဖြည်း မှန်မှန်သွားမှ လိုရာပန်းတိုင်ကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ရည်မှန်းချက်တွေကို သေချာအစီအစဉ်ချ မှတ်ပြီး ကြိုးစားလိုက်ပါ။ အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။ ကျန်းမာရေးကောင်းမွန်ပါ တယ်။

ယတြာ ။        ။ အောင်မြင်မှုရရှိအောင် သပြေညွှန့်ဆောင်ပါ။