၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (နိုဝင်ဘာ ၂ဝ-ရက်နေ့မှ ၂၆-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

လုပ်ကိုင်သမျှတိုင်း အလွဲလွဲအချော်ချော်လေးတွေ ဖြစ်နေမယ်။ ပြောချင်တာက တစ်မျိုး ပြောမိတာက တခြားဖြစ်နေတာကြောင့် ချစ်သူနဲ့လည်း အထင်လွဲစိတ်ကောက်နေရမယ်။ ဘာပဲ လုပ်လုပ် အလောသုံးဆယ်မလုပ်ပါနဲ့။ အမှားအယွင်းလေးတွေ ဖြစ်တတ်တာကြောင့် မလုပ်ခင်သေ ချာစဉ်းစားပါ။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

စိတ်ရှည်သည်းခံခြင်းတွေနဲ့ လမ်းကြောင်းမှန်ဆီကို ချီတက်ရမယ့်ကာလဖြစ်ပါတယ်။ အလုပ် မှာ အခက်အခဲတချို့ရှိပေမဲ့ အားမလျော့ပါနဲ့။ နှစ်ဆကြိုးစားလိုက်ပါ။ သင်မျှော်လင့်ထားတာထက် ပို မိုတဲ့အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။ ငွေကြေးကံကောင်းတယ်။ ထီထိုးပါ။

ယတြာ။         ။ ဆေးရုံတစ်ခုမှာ ဆန်ပြုတ်အာဟာရဒါနပြုပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ(၂၂)မှ ဇွန်လ (၂၁)ရက်အတွင်း မွေးဖွားသူများ

နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့မိတ်ဆွေတချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမယ်။ အ တန်ငယ်အညံ့ရှိတဲ့ကာလဖြစ်တာကြောင့် ရန်ကိုရန်ချင်းမတုံ့နှင်းပါနဲ့။ အရာရာကို မေတ္တာစိတ်နဲ့သာ ကျော်ဖြတ်လိုက်ပါ။ ကောင်းတဲ့ကံတရားတွေက သင့်ဆီပြန်ရောက်လာမှာပါ။ အချစ်ရေးသာယာပါ တယ်။

ယတြာ။         ။ အခင်မင်ဆုံးသူငယ်ချင်းကို ကြေးအိုးတိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဆွေမျိုးထဲမှာ မင်္ဂလာသတင်းကြားရမယ်။ မိသားစုရဲ့အလုပ်လေးတွေကို လိုက်လုပ်ပေးရင်းနဲ့ အချိန်ကုန်နေမယ်။ ငွေကုန်ကြေးကျများမယ်။ မမျှော်လင့်ဘဲ ခရီးရှည်တစ်ခုထွက်ရကိန်းရှိတယ်။ ရေ လမ်းခရီးကို ရှောင်ပါ။ ခရီးထွက်ရင်း မိတ်ဆွေကောင်းတွေ့တတ်ပါတယ်။ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ရလဒ်တွေကြောင့် အလုပ်လုပ်ရတာ တက်ကြွပျော်ရွှင် နေမယ့်ကာလဖြစ်ပါတယ်။ စိတ်ကူးထားတဲ့လုပ်ငန်းသစ်တွေ တိုးချဲ့ဖို့ အခွင့်အလမ်းကောင်းတွေ ပေါ် နေမယ်။ ဆုံးဖြတ်ချက်တွေကို အလျင်စလိုမချမှတ်ပါနဲ့။ နားလည်တတ်ကျွမ်းသူတွေနဲ့ သေချာတိုင်ပင် ဆွေးနွေးပြီးမှ လုပ်ကိုင်ပါ။ အောင်မြင်မှုတွေရရှိပါလိမ့်မယ်။

ယတြာ။         ။ မွေးရက်မှာ အဖြူရောင်ဝတ်ပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်းမွေးဖွားသူများ

ငွေကြေးဆုံးရှုံးမှုတွေ ကြုံရကိန်းရှိတယ်။ မပျောက်ရှအောင် သေချာထိန်းသိမ်းပါ။ ငွေကို လွယ် လွယ်နဲ့ ချေးငှားပေးတာမျိုးမလုပ်ပါနဲ့။ မလွှဲမရှောင်သာချေးငှားရရင်လည်း စာချုပ်စာတန်းနဲ့ သေချာပြု လုပ်ပါ။ အချစ်ရေးမှာ အောင်သွယ်ကောင်းကြောင့် နီးစပ်မှုရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ မိဘတွေကို ငွေကြေးဖြင့်ကန်တော့ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အောင်မြင်မှုတွေဆီ လှမ်းတက်နိုင်တော့မယ့် ကာလဖြစ်ပါတယ်။ သင်ယူမှုအသစ်တွေကို ကြိုး စားသင်ယူပါ။ လုပ်ငန်းမှာ အသုံးချပါ။ မိဘဆရာကောင်းတို့ရဲ့ အကြံဉာဏ်ယူပါ။ ဗုဒ္ဓဟူးနံနဲ့စတဲ့ လုပ် ငန်းတွေကို ရွေးချယ်ပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ငွေ ၅ဝဝဝ ကျပ် ပံ့သကူပစ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)      

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ငွေကြေးကိစ္စနဲ့ ခေါင်းရှုပ်နေရမယ့်ကာလဖြစ်ပါတယ်။ အများရဲ့ငွေကြေးတွေကို တာဝန်ယူ ထိန်းသိမ်းပေးရတဲ့အလုပ်မျိုးကို ရှောင်ပါ။ အချင်းများရတတ်ပါတယ်။ မိသားစုအကြီးအကဲ ကျန်းမာ ရေး ဂရုစိုက်ပါ။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ စာကလေးဆယ်ကောင်လွှတ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ကောင်းတဲ့အပြောင်းအလဲသစ်တွေ စောင့်ကြိုနေတဲ့ကာလဖြစ်ပါတယ်။ အပြောင်းအလဲတွေကို မကြောက်ပါနဲ့။ သင့်ဘဝအတွက် အသင့်တော်ဆုံးပြောင်းလဲမှုကို ရွေးချယ်ပြီး ကြိုးစားလျှောက်လှမ်း လိုက်ပါ။ ကြိုးစားမှုတွေရဲ့အဆုံးမှာ ကံကောင်းခြင်းတွေက သင့်ကို ဆီးကြိုနေပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးနေမယ်။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ငွေဝင်များသလောက် ငွေထွက်ကြမ်းနေတာကြောင့် အိတ်ပေါက်နဲ့ ဖားကောက်ရသလို ဖြစ်နေ တဲ့ကာလဖြစ်ပါတယ်။ ငွေကို ချွေတာမသုံးစွဲရင် စိတ်မောရတတ်တာကြောင့် အသုံးအစွဲကို စိစစ်ပါ။ နေအိမ်ကို စက်ပစ္စည်းအသစ်ဝင်မယ်။ အသစ်ဝင်ရင် ထီထိုးပါ။ ဆုကြီးပေါက်တတ်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးတွေကို အစားကျွေးပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်းမွေးဖွားသူများ

        အနုပညာဝါသနာပါသူများအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်လာနိုင်တဲ့ ကာလဖြစ် ပါတယ်။ ကူညီမယ့် မိတ်ဆွေကောင်း၊ ဆရာသမားကောင်းတွေနဲ့ ဆုံဆည်းရမယ်။ စိတ်အားမ လျော့ဘဲ နှစ်ဆကြိုးစားလိုက်ပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ သစ်ပင်တစ်ပင်စိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အသစ်တွေနဲ့အကျိုးပေးနေတဲ့ ကာလဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ အိမ်ထောင်သည်များ နေအိမ်အသစ်ပြုပြင်ရမယ်။ စက်ပစ္စည်းအသစ်ဝင်မယ်။ မိသားစုဝင် အသစ်တိုးမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ သက်ကြီးဘိုးဘွားတွေကို ငွေကြေးလှူပါ။