၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇူလိုင်လ ၂၄-ရက်နေ့မှ ၃ဝ-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အပင်မြင့်လေ လေတိုက်လေဆိုတဲ့အတိုင်း သင့်အတွက် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတချို့ ကြုံ တွေ့ရနိုင်တဲ့ ကာလဖြစ်ပါတယ်။ အခြေအနေတွေကို စိတ်လိုက်မာန်ပါမတုံ့ပြန်ပါနဲ့။ အမှားပေါ် အမှား ဆင့်တတ်ပါတယ်။ မကြာခင်မှာ သင့်ကို ကူညီစောင့်ရှောက်ပေးမယ့် မိတ်ဆွေသူငယ်ချင်းကောင်းတွေ ပေါ်လာမှာပါ။ အချစ်ရေးမှာ သင်စိတ်ဝင်စားနေသူဆီက သတင်းကောင်းကြားရတတ်တယ်။

ယတြာ။         ။ ၁၁ မီးငြှိမ်းအောင် မွေးနံထောင့်ဘုရားမှာ ဆီမီး ၁၁ တိုင်ပူဇော်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

        ပူပင်သောကတွေကင်းဝေးပြီး အရာရာအေးအေးဆေးဆေးဖြစ်နေတဲ့ ကာလဖြစ်ပါတယ်။ အတန်ကြာစောင့်ဆိုင်းနေတဲ့ မျှော်လင့်ချက်တစ်ခု မမျှော်လင့်ဘဲ ပြည့်စုံခွင့်ရရှိမယ်။ အလှူရေစက် လက်နဲ့မကွာလှူတန်းခွင့်ရမယ်။ မင်္ဂလာကိစ္စတစ်ခုနဲ့ ခရီးဝေးသွားရမယ်။ ငွေကြေးကံ အသင့်တင့် ကောင်းနေပါတယ်။ ချွေတာစုဆောင်းမှုပြုပါ။

ယတြာ။         ။ မွေးရက်မှာ မုန့်ဟင်းခါးချက်ပြီး မိတ်ဆွေသူငယ်ချင်းတွေကို ကျွေးပါ။

၃။ မေထုန်ရာသီဖွား (Gemini)    
မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

ပျော်ရွှင်မှုတွေသယ်ဆောင်လာတဲ့ အချိန်ကာလဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံထားတဲ့လုပ်ငန်းတွေ ဆီက အကျိုးအမြတ်ကောင်းတွေ ပေါ်လာမယ်။ အထူးသဖြင့် အဝတ်အထည်နဲ့ပတ်သက်တဲ့လုပ်ငန်း တွေ အကျိုးပေးမယ်။ ချေးငှားထားတဲ့ကြွေးဟောင်းတွေ ပြန်လာဆပ်မယ်။ ကွဲကွာနေတဲ့ မိသားစုဝင် တွေရှိရင် မမျှော်လင့်ဘဲ ပြန်ရောက်လာတတ်တယ်။ အချစ်ရေးသာယာပါတယ်။

ယတြာ။         ။ မိုးရွာတဲ့နေ့မှာ သံဃာတစ်ပါးကို ထီးတစ်ချောင်းလှူပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိုးရေစက်တွေနဲ့အပြိုင် အချစ်ရေး၊ စီးပွားရေး အစစအရာရာအေးနေမယ့်ကာလဖြစ်ပါတယ်။ သွေးနွေးသွားအောင် ကြိုးစားမှုတွေကို နှစ်ဆတိုးမြှင့်အားထုတ်လိုက်ပါ။ အောင်မြင်မှုတွေက နောက် ကလိုက်ပါလာမှာပါ။ ထီး၊ ဖိနပ်နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးမယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ အစားမှားပြီး ဝမ်းဗိုက်ဒုက္ခပေးတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးရက်တစ်နေ့လုံးမှာ တတ်နိုင်သမျှ ပရဟိတလုပ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာယှဉ်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ အချစ်ရေးကို ဦးစားပေးချင်ပေ မဲ့ ပညာရေးအတွက် ငွေကုန်ကြေးကျခံအားထုတ်ရဦးမယ့်အချိန်ပါ။ ပညာရပ်အသစ်တွေကို သင်ယူဖို့ အခွင့်အလမ်းကောင်းတွေ ဆက်တိုက်ပေါ်မယ်။ အလုပ်စာမေးပွဲဖြေထားသူများ သတင်းကောင်းကြား ရမယ်။ အတိတ်မှာ ဆုံးရှုံးခဲ့ဖူးတဲ့အရာတွေကို အောင်မြင်စွာပြန်လည်တည်ဆောက်နိုင်မယ်။

ယတြာ။         ။ သက်ကြီးရွယ်အိုတစ်ဦးကို ထီ ၅ စောင်တွဲကန်တော့ပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

        အတွေးတွေကို ခေါ်လာမိတာကြောင့် ချစ်သူနဲ့ကြားမှာ သံသယလေးတွေနဲ့ စိတ်အနှောင့် အယှက်ဖြစ်နေရမယ့်ကာလဖြစ်ပါတယ်။ အခြေအနေကို လက်တွေ့ကျကျသုံးသပ်ပါ။ ပိုကောင်း အောင် ပြင်ဆင်တည်ဆောက်ပါ။ ဖြစ်မလာသေးတဲ့ အရာတွေအတွက် စိတ်ပင်ပန်းမခံပါနဲ့။ ငွေဝင် ကိန်းကြီးကြီးမားမားရှိတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ မိဘမဲ့ကလေးတစ်ယောက်ကို အဝတ်တစ်ထည် လက်ဆောင်ပေးပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

        မိတ်ဆွေသူငယ်ချင်းကံကောင်းနေတဲ့ ကာလဖြစ်ပါတယ်။ အကျိုးကျေးဇူးကောင်းတွေပေးမယ့် မိတ်ဆွေသစ်တွေ၊ သူငယ်ချင်းအသစ်တွေ သင့်ဘဝထဲကို မမျှော်လင့်ဘဲ ရောက်ရှိလာလိမ့်မယ်။ အနု ပညာဝါသနာပါတဲ့သူဆိုရင် အနုပညာလောကထဲဝင်ရောက်ဖို့ အခွင့်အလမ်းကောင်းတွေပေါ်မယ်။ အ ချစ်ရေးမှာ မျက်လုံးချင်းစကားပြောနေသူနဲ့ နီးစပ်ခွင့်ကြုံမယ်။ ကျန်းမာရေး သင့်တင့်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ငွေ ၃ဝဝဝ ကျပ်ကို ပံ့သကူပစ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)        
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

        ဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ရမယ့်ကာလဖြစ်ပါတယ်။ သင့်ဘဝကို ချိုးကွေ့စေမယ့်အချိန်ဖြစ်တာကြောင့် တစ်ယောက်တည်း မဆုံးဖြတ်ဘဲ မိသားစု၊ မိတ်ဆွေသူငယ် ချင်းကောင်းတွေနဲ့ တိုင်ပင်ပြုလုပ်ပါ။ အချစ်ရေးသာယာပါတယ်။ ငွေဝင်ကိန်းရှိတယ်။

ယတြာ။         ။ မွေးရက်မှာ နေအိမ်ဝန်းကျင်တဝိုက် သန့်ရှင်းရေးလုပ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

        ငွေအလိမ်ခံရကိန်းရှိတယ်။ ငွေကြေးကိစ္စတွေမှာ ရင်းနှီးသူတွေနဲ့ဆိုရင်တောင် စိတ်ချသေချာ စွာပြုလုပ်ပါ။ အပေါင်းအသင်းသတိထားပါ။ တခြားသူတွေရဲ့ငွေကြေးအရှုပ်အရှင်းပြဿနာတွေထဲမှာ ကြားညပ်တတ်တယ်။ အချစ်ရေးမှာ ကွဲကွာသွားတဲ့အချစ်ဟောင်းနဲ့ ဇာတ်လမ်းပြန်ဆက်ရတတ်တယ်။ ကျန်းမာရေးဂရုစိုက်ပါ။

ယတြာ။         ။ မွေးရက်မှာ လိုအပ်နေသူတစ်ဦးကို သင်တတ်နိုင်သလောက် ငွေကြေးကူညီပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

        အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို ထင်မှတ်မထားတဲ့ အသေးအဖွဲကိစ္စလေးတွေကနေ မိသားစုအကြား ပြဿနာဖြစ်တတ်တယ်။ အပြောအဆို၊ အနေအထိုင် ဆင်ခြင်သတိပြုပါ။ အလုပ်စာ မေးပွဲဖြေဆိုထားပါက အောင်မြင်မယ်။ အိမ်ထောင်သည်များ အစစအရာရာအဆင်ပြေမယ်။ ချစ်သူရှိ သူများ ချစ်ခရီးလမ်း ချောမွေ့သာယာနေမယ်။

ယတြာ။         ။ မွေးရက်မှာ လူအများပျော်ရွှင်စေမယ့် အခြေအနေတစ်ခုကို ဖန်တီးပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )  
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

        မိသားစုဝင်တစ်ယောက်ကြောင့် အတန်ငယ်ပူပင်သောကရောက်တတ်တဲ့ကာလဖြစ်ပါတယ်။ အမှုအခင်းဖြစ်တတ်တယ်။ ငွေကုန်လူပန်းဖြစ်တတ်တယ်။ နေအိမ်ကို ရပ်ဝေးဧည့်သည်တွေ အလာ များမယ်။ စက်ပစ္စည်းအသစ်ဝင်မယ်။ ဆိုင်သစ်ဖွင့်ရမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ မိဘနှစ်ပါးကို ငွေကြေးဖြင့်ကန်တော့ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

        အရောင်းအဝယ်အလုပ်နဲ့ အကျိုးပေးမယ့်ကာလဖြစ်ပါတယ်။ ကျောက်မျက်ရတနာလုပ်ငန်း လုပ်ကိုင်သူတွေ အောင်မြင်မယ်။ ငွေစုဆောင်းပါ။ ရင်းနှီးမြုပ်နှံမှုပြုပါ။ အစုရှယ်ယာလုပ်ငန်းတွေ အ ကျိုးမပေးသေးပါ။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ အချစ်ရေးမှာ ကြားလေသွေးလို့ ဝေးနေမယ်။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတစ်ဦးကို လက်ဖက်ထမင်းသုပ်ကျွေးပါ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။