သင့်ခင်ပွန်းရဲ့ရာသီခွင်က ဖော်ပြပေးနေတဲ့ သူ့ရဲ့စိတ်သဘောထားနဲ့ အမူအကျင့်များ

blank
Lovely couple smiling in heart frame. Valentine day concept

၁။ သင့်ခင်ပွန်းက မိဿရာသီဖွား (Aries) ဆိုရင်

ချစ်ခြင်းမေတ္တာကို ခံစားတတ်တဲ့သူပါ။ ရင်ထဲကအချစ်အတွက် ဖွင့်ပြောဖို့ ဝန်လေးတတ်ဘူး။ အီစီကလီဇယားလေးတွေ များပေမဲ့ တကယ်ချစ်ရမယ့်မိန်းကလေးနဲ့ တွေ့ရင်တော့ အံ့သြစရာကောင်းလောက်အောင် သစ္စာရှိပြီး ယုံကြည်စရာကောင်းတာကို တွေ့ရပါလိမ့်မယ်။

၂။ သင့်ခင်ပွန်းက ပြိဿရာသီဖွား (Taurus) ဆိုရင်

အပေါ်ယံကြည့်ရင် သင်ချစ်သလောက် မချစ်ဘူးထင်ရပေမဲ့ သူ့စိတ်ထဲမှာ သင့်ကို အလွန်တရာ ချစ်မြတ်နိုးပါတယ်။ ဖွင့်မပြောပြတဲ့ ချစ်ခြင်းတွေကြောင့် သင့်အနေနဲ့ စိတ်မသက်မသာ ခံစားရတတ်ပါတယ်။

၃။ သင့်ခင်ပွန်းက မေထုန်ရာသီဖွား (Gemini) ဆိုရင်

သူဟာ ခင်ပွန်းတစ်ယောက်လိုသာမက သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ပါ သင့်ဘေးနားမှာ ရှိနေမယ့်သူဖြစ်ပါတယ်။ အမြဲလိုလို တက်ကြွနေပြီး သင့်စကားကို နားထောင်မယ့်သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ စပ်စုပြီး စွက်ဖက်တတ်တဲ့အကျင့်လေးကိုတော့ သင်သည်းခံရပါလိမ့်မယ်။

၎။ သင့်ခင်ပွန်းက ကရကဋ်ရာသီဖွား (Cancer) ဆိုရင်

ဘဝကို ဘယ်တော့မှအရှုံးမပေးဘဲ ကြိုးစားတတ်တဲ့စိတ်ရှိတာကြောင့် ဘဝနောင်ရေးအတွက် စိတ်ချရပါတယ်။ သင့်ကို နားလည်မှုပေးတယ်။ သူပေးသလောက်အချစ်တွေကို သင်ပြန်ပေးမယ်လို့လည်း မျှော်လင့်ထားတတ်တယ်။

၅။ သင့်ခင်ပွန်းက သိဟ်ရာသီဖွား (Leo) ဆိုရင်

အချစ်ဆိုတာ ချစ်နေရရင်ပြီးရောလို့ မှတ်ယူထားတဲ့သူပါ။ သင့်ရဲ့ အားထုတ်မှု သေးသေးလေးကိုတောင် အသိအမှတ်ပြုတတ်ပါတယ်။ သင်ပျော်ဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ပေးမယ့်သူလည်း ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ သင့်ခင်ပွန်းက ကံရာသီဖွား (Virgo) ဆိုရင်

အပြောမကြီးဘဲ အလုပ်နဲ့ သက်သေပြတတ်သူပါ။ စိတ်ရှည်တယ်။ နားလည်ပေးတယ်။ ပြီးတော့ အိမ်ထောင်ရေးမှာ ရိုးသားမှုကို လက်ကိုင်ထားသူလည်းဖြစ်ပါတယ်။

၇။ သင့်ခင်ပွန်းက တူရာသီဖွား (Libra) ဆိုရင်

ဖြူစင်တဲ့မေတ္တာနဲ့ သင့်ကိုချစ်မြတ်နိုးတဲ့သူပါ။ သင့်ကို အံ့သြပျော်ရွှင်အောင် surprise လေးတွေ မကြာခဏ ဖန်တီးပေးတတ်သူပေါ့။ အချစ်ရေးမှာ သာယာနေအောင်လည်း အမြဲကြိုးစားနေလေ့ရှိပါတယ်။

၈။ သင့်ခင်ပွန်းက ဗြိစ္ဆာရာသီဖွား (Scorpio) ဆိုရင်

ဘဝကို အလေးအနက်ဖြတ်သန်းနေတဲ့သူ တစ်ယောက်ပါ။ ခပ်တည်တည်နေတတ်ပေမဲ့ ချစ်တတ်တဲ့နှလုံးသားကတော့ အနှိုင်းမဲ့ပါပဲ။ ဉာဏ်ရည်ထက်မြက်မှုနဲ့ ရိုးသားမှုကတော့ သူ့ရဲ့ ဝိသေသ လက္ခဏာတွေပေါ့။

၉။ သင့်ခင်ပွန်းက ဓနုရာသီဖွား (Sagittarius) ဆိုရင်

အမြဲတမ်း ဖျတ်လတ်ပေါ့ပါးပြီး ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူပါ။ ပြဿနာ တစ်ခုခု ဖြစ်ရင်တောင် ရင်ထဲမှာ မထားဘဲ ဖြေရှင်းပြီး မေ့ပစ်တတ်ကြပါတယ်။ သင့်ကိုချစ်ပေမဲ့ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ သင့်ကို မေ့သွားတတ်ပါတယ်။

၁ဝ။ သင့်ခင်ပွန်းက မကာရရာသီဖွား (Capricon) ဆိုရင်

ကတိပေးခဲပေမဲ့ ပေးသမျှကတိတိုင်းကို ထိန်းသိမ်းနိုင်တယ်။ စကားပြောတည်ကြည်ပြီး အမြဲသတိရှိတဲ့ စာအုပ်ကြီးသမားတစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ရင်ခုန်စရာ surprise လေးတွေအကြောင်း သွားပြောမိရင် သင်သာ မောသွားပါလိမ့်မယ်။

၁၁။ သင့်ခင်ပွန်းက ကုမ်ရာသီဖွား (Aquarius) ဆိုရင်

စကားပေါတဲ့သူဖြစ်ပြီး ဟာသဉာဏ်ရွှင်တယ်။ စိတ်ကူးယဉ်တတ်ပြီး သင်ပျော်ဖို့အတွက် ဖြည့်ဆည်းပေးမယ့်သူပါ။ ဟန်မဆောင်တတ်တာကြောင့် အတွင်းစိတ်ကို အကဲခတ်ရလွယ်ပြီး ရိုးသားပွင့်လင်းသူဖြစ်ပါတယ်။

၁၂။ သင့်ခင်ပွန်းက မိန်ရာသီဖွား (Pisces) ဆိုရင်

သင့်အပေါ်ကို သဝန်တိုတတ်တယ်။ သင့်အပေါ်သစ္စာရှိပြီး သိပ်ချစ်တတ်ပါတယ်။ အချစ်ကြီးလို့ အမျက်ကြီးတတ်တယ်။ သူနဲ့ ကြာကြာနေလေ၊ သူ့အကြောင်းပိုသိလေ ဖြစ်ပါတယ်။

သင့်ခင်ပွန်းကို mention ခေါ်လိုက်ပါဦး။ သူငယ်ချင်းတွေအတွက်ပါ SHARE ပေးလိုက်ပါနော်။