၂ဝ၁၇၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (မေလ ၈ရက်နေ့မှ မေလ ၁၄ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries) 
(မတ်လ ၂၁ရက်မှ ဧပြီ ၂ဝရက်နေ့အတွင်း မွေးဖွားသူများ)

ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် မယုံနိုင်စရာကောင်းလောက်အောင် ကံပွင့်ကံမြင့်နေမယ်။ ဒါပေမဲ့ ကံကိုယုံပြီး ဆူးပုံကို ဇွတ်နင်းတာမျိုးမလုပ်ပါနဲ့။ ဘယ်အရာကိုမဆို ဉာဏ်နဲ့ယှဉ်ပြီး စဉ်းစားချင့်ချိန်ပါ။ စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်တာကြောင့် မိတ်ဆွေတွေအကြား မျက်နှာပျက်ရတာမျိုးတွေ ဖြစ်တတ်တယ်။ ကံ၊ ဉာဏ်၊ ဝီရိယ (၃)ပါးလုံးပေါင်းစပ်ပြီး ကြိုးစားရင် အောင်မြင်မှုကိုရဖို့ ပိုပြီးမြန်ဆန်လိမ့်မယ်။

ယတြာ ။        ။ ဘုရားမှာ သစ်သီး (၉) မျိုးကပ်လှူပါ။ မွန်းလွဲမတိုင်ခင် ပြန်စွန့်ပြီး မရှိဆင်းရဲသူတွေကို သစ်သီးတွေလှူလိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus)
(ဧပြီလ ၂၁ရက်မှ မေလ ၂၁ရက်အတွင်း မွေးဖွားသူများ)

သင့်ရဲ့ စဉ်းစားချင့်ချိန်ပြီးလုပ်ကိုင်နိုင်စွမ်းကြောင့် ဘဝရဲ့ကဏ္ဍတော်တော်များများမှာ ကောင်းကျိုးတွေဖြစ်လာပါလိမ့်မယ်။ နောက်ကျောဘက်ကထိုးလာမယ့် ဓားချက်တွေကိုသတိထားပါ။ အတ္တစိတ်တွေကို ဖယ်ရှားနိုင်မှ ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ကျန်းမာရေးမှာ မကြာခဏမောပမ်းနေတတ်တာကလွဲပြီး အားလုံးကောင်းနေပါတယ်။

ယတြာ ။        ။ အညံ့တွေ ပျောက်စေဖို့ သင့်အိမ်က ဖိနပ်အဟောင်းတွေကို လိုနေသူဆီစွန့်ကြဲလိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
(မေလ ၂၂ရက်မှ ဇွန်လ ၂၁ ရက်နေ့အတွင်း မွေးဖွားသူများ)
          သင့်ရဲ့ လိမ္မာပါးနက်မှုနဲ့ စကားပြောစွမ်းရည်ကြောင့် ပဋိပက္ခဖြစ်နေတဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကြား ဖျန်ဖြေပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ လူမှုရေးနဲ့ အလုပ်အကိုင်စီးပွားရေးကြားမှာ balance ဖြစ်အောင် ကြိုးကြိုးစားစား ထိန်းညှိရလိမ့်မယ်။ လတ်တလောကာလအတွင်းမှာတော့ ရှေ့နှစ်လမ်းတိုးဖို့၊ နောက်တစ်လှမ်းဆုတ်လိုက်ပါ။

ယတြာ ။        ။ ငှက် (၇)ကောင်လွှတ်ပေးပြီး လိုရာဆုတောင်းပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
(ဇွန်လ ၂၂ရက်မှ ဇူလိုင်လ ၂၃ရက်အတွင်း မွေးဖွားသူများ)

စိတ်ထဲရှိတဲ့အတိုင်း မဆင်မခြင် ပြုမူပြောဆိုမှုတွေကြောင့် ပဋိပက္ခလေးတွေ ဖြစ်လာတတ်ပါတယ်။ အပြုအမူအပြောအဆိုတွေကို ဉာဏ်နဲ့ယှဉ်ပြီး ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။ ရပ်ဝေးကနေ သတင်းကောင်းကြားရတတ်တယ်။ ငွေအလုံးအရင်းလိုက်ဝင်မယ်။ စိတ်ဖိစီးမှုတွေကြောင့် ကျန်းမာရေးထိခိုက်တတ်တယ်။

ယတြာ ။        ။ ငါးစာကျွေးပြီး လိုရာဆုတောင်းပါ။

၅။ သိဟ်ရာသီဖွား (Leo)
(ဇူလိုင်လ ၂၄ရက်မှ သြဂုတ်လ ၂၃ရက်အတွင်း မွေးဖွားသူများ)

လတ်တလောမှာကြုံနေရတဲ့ ငွေကြေးပြဿနာတွေကို ဖြရှင်းဖို့ မတူညီတဲ့ရှုထောင့်တွေကနေ နည်းလမ်းရှာပြီး ဖြေရှင်းလိုက်ပါ။ အားလုံးပြေလည်သွားပါလိမ့်မယ်။ ဒုတိယအခွင့်အရေးကြောင့် ပြန်လည်ကြိုးစားနိုင်ပြီး အောင်မြင်မှုရရှိနိုင်မယ့်ကာလလည်းဖြစ်ပါတယ်။ အချစ်ရေးမှာ ထိလွယ်ရှလွယ်အခြေအနေဖြစ်နေတာကြောင့် သတိရှိရှိကိုင်တွယ်ဆုံးဖြတ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယတြာ ။        ။ မိဘမဲ့ကလေးကျောင်းမှာ တတ်နိုင်သလောက်လှူပါ။

၆။ ကန်ရာသီဖွား (Virgo)
(သြဂုတ်လ ၂၄ရက်မှ စက်တင်ဘာလ ၂၃ ရက်အတွင်း မွေးဖွားသူများ)

သင်ဟာ စိတ်အေးလက်အေးနဲ့ ဖြေးဖြေးမှန်မှန်ကြိုးစားတတ်သူတစ်ယောက်ဖြစ်ပေမဲ့ ဒီတစ်ပတ်အတွင်းမှာတော့ စွန့်စားမှ အောင်မြင်နိုင်မယ့်အခြေအနေလေးတွေ ကြုံတွေ့ရလိမ့်မယ်။ ဘယ်အရာကိုမှ ဖြတ်လမ်းက မလိုက်ပါနဲ့။ မိသားစုဝင်တွေကို အချိန်ပေးနိုင်ဖို့ကြိုးစားပါ။ မိတ်ဆွေသစ်တွေကြောင့် အခွင့်အလမ်းသစ်တွေ ရလိမ့်မယ်။ အချစ်ရေး စန်းပွင့်နေမယ်။

ယတြာ ။        ။ မွေးရက် မနက် (၈)နာရီမှာ အိမ်ကဘုရားကို ကိတ်မုန့်ဆွမ်းကပ်ပါ။ ၁၂နာရီထိုးရင် ကိတ်မုန့်ကို စွန့်ပြီး သက်ကြီးရွယ်အိုတစ်ဦးဦးကို လှူလိုက်ပါ။

၇။ တူရာသီဖွား (Libra)
(စက်တင်ဘာလ ၂၄ရက်မှ အောက်တိုဘာ ၂၃ ရက်အတွင်းမွေးဖွားသူများ)

စည်းမစောင့်တဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်တယ်။ လုပ်ရိုးလုပ်စဉ်တွေကနေ သွေဖယ်ပြီး နည်းအသစ်တွေနဲ့ ကြိုးစားခြင်းက ပိုပြီးအောင်မြင်နိုင်စေပါလိမ့်မယ်။ ဝင်ငွေထွက်ငွေ မမျှမတဖြစ်တတ်တာကြောင့် ကောင်းစွာစီမံပါ။ အချစ်ရေးမှာ အဆိုးတွေကင်းဝေးသွားပါလိမ့်မယ်။

ယတြာ ။        ။ ဘုရားမှာ စံပယ်ပန်းကပ်လှူပါ။

၈။ ဗြိစ္ဆာရာသီဖွား (Scorpio)

(အောက်တိုဘာလ ၂၄ရက်နေ့မှ နိုဝင်ဘာလ ၂၂ ရက်အတွင်းမွေးဖွားသူများ)

မထင်မှတ်ဘဲဝင်လာတဲ့ အတိုက်အခိုက်တွေ၊ အရှုပ်အထွေးတွေကြောင့် စီစဉ်ထားသမျှတွေ ပျက်စီးသွားရတတ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ အမျှော်အမြင်ကြီးမားစွာ ကိုင်တွယ်ဖြေရှင်းနိုင်မှုတွေကြောင့် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ ထီပေါက်နိုင်ကိန်းရှိပါတယ်။ ရပ်ဝေးက သတင်းကောင်းကြားရလိမ့်မယ်။ အချစ်ရေးမှာ အားလုံးအဆင်ပြေနေပါလိမ့်မယ်။

ယတြာ ။        ။ ငါးလွှတ်ပြီး ကံပွင့်ကံမြင့်စေဖို့ ဆုတောင်းပါ။

၉။ ဓနုရာသီဖွား (Sagittarius)
(နိုဝင်ဘာလ ၂၃ရက်မှ ဒီဇင်ဘာလ ၂၁ရက်အတွင်းမွေးဖွားသူများ)

ဘယ်လောက်ပဲ ကောင်းအောင်ကြိုးစားကြိုးစား၊ အပြစ်ရှာကြည့်တတ်တဲ့သူတွေကြောင့် စိတ်ဓာတ်ကျစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ရှည်သည်းခံပါ။ ဒေါသကိုထိန်းချုပ်ပါ။ အချိန်တန်ရင် ကိုယ့်အစွမ်းအစကို သူတို့တွေ နားလည်လက်ခံသွားပါလိမ့်မယ်။ ငွေများများဝင်မယ်။ ခရီးသွားရကိန်းရှိတယ်။ အချစ်ရေးမှာတော့ နေတတ်သလိုနေတာ အကောင်းဆုံးပါ။

ယတြာ ။        ။ ငှက်လေးတွေကို အစာကျွေးပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
(ဒီဇင်ဘာ ၂၂ရက်နေ့မှ ဇန်နဝါရီ ၂ဝရက်အတွင်း မွေးဖွားသူများ)

ဉာဏ်စွမ်းဉာဏ်စကောင်းမွန်မှုကြောင့် လုပ်ငန်းစီးပွားတိုးတက်ပြီး အကျိုးအမြတ်တွေများစွာရလိမ့်မယ်။ ဝင်ငွေကောင်းသလို ထွက်ငွေလည်း များနေတတ်တယ်။ ငွေရေးကြေးရေးကို ဂရုတစိုက်စီမံပါ။ ငွေချေးငှားခြင်းကိစ္စတွေမှာ သတိထားပါ။ ကျန်းမာရေးအထူးကောင်းမွန်နေမယ်။ အချစ်ရေးမှာ ကံကောင်းတယ်ဆိုတာထက်ကို ပိုကောင်းနေလိမ့်မယ်။

ယတြာ ။        ။ သက်ကြီးရွယ်အိုတစ်ဦးကို ဆေးဝါးကုသိုလ်ပြုလိုက်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius)
(ဇန်နဝါရီလ ၂၁ရက်မှ ဖေဖော်ဝါရီ ၁၉အတွင်း မွေးဖွားသူများ)

ကိုယ့်ဘဝရဲ့ တကယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို သေချာသတ်မှတ်ပါ။ အခုအချိန်ပိုင်းက သင့်အနာဂတ်ခရီးအတွက် တာထွက်ကောင်းမယ့်အချိန်ပါ။ အလုပ်အကိုင်သစ်၊ ဘဝသစ်ကို စတင်လုပ်ဆောင်သင့်တဲ့အချိန်လည်းဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားရကိန်းရှိတယ်။ ထိုခရီးကနေ အခွင့်အလမ်းအသစ်တွေ ရလာမယ်။ အဟန့်အတားလေးတွေ တွေ့ရတတ်တယ်။ မေတ္တာဖြင့်သာ ရင်ဆိုင်ကျော်ဖြတ်ပါ။ ချစ်သူအတွက် အချိန်မပေးနိုင်လို့ ရွှေစိတ်တော်အကောက်ခံရတတ်ပါတယ်။

ယတြာ။         ။ အဟန့်အတားတွေ ကြုံလာရရင် သင်နဲ့မွေးနံတူတဲ့ပန်း ၇ပွင့်ကို ဘုရားမှာ လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)

(ဖေဖော်ဝါရီလ ၂ဝရက်နေ့မှ မတ်လ ၂ဝရက်အတွင်း မွေးဖွားသူများ)

အခုအချိန်မှာ သင့်ခံစားချက်တွေကို ဘယ်သူ့ကိုရင်ဖွင့်တိုင်တည်ရမှန်းမသိ ဖြစ်နေတတ်တယ်။ ဆုံးဖြတ်ချက်တစ်ခုချဖို့ ဝေခွဲမရဖြစ်နေတတ်တယ်။ အရိုးရှင်းဆုံးနည်းလမ်းကို စဉ်းစားပါ။ မိတ်ဆွေသစ်တွေနဲ့ ကြုံတွေ့ရလိမ့်မယ်။ မိသားစုဝင်တွေကြားမှာ ပဋိပက္ခလေးတွေ ဖြစ်တတ်တယ်။ ဝမ်းနည်းစရာကြုံလာတိုင်း ချစ်သူရဲ့ဖေးမမှုတွေက သင့်အတွက် အားဆေးတစ်ခွက် ဖြစ်နေမှာပါ။

ယတြာ ။        ။ အိမ်ယာမဲ့သူတစ်ဦးကို မိုးကာလှူဒါန်းလိုက်ပါ။

မှန်တယ်ဆိုရင် သူငယ်ချင်းတွေအတွက် SHARE လိုက်ပါဦး။