၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဧပြီ ၃-ရက်နေ့မှ ၉-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ
          ဝင်ငွေများသလို ထွက်ငွေလည်းများနေမယ့် ကာလဖြစ်ပါတယ်။ အကြွေးတင်တတ်တာကြောင့် သေချာစိစစ်သုံးသင့်ပါတယ်။ အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနဲ့ ထိတွေ့နေရလိမ့်မယ်။ မိတ်ဆွေ သစ်တွေ့မယ်။ အချစ်ရေးမှာ သင်ချစ်တဲ့သူနဲ့ သင့်ကို ချစ်နေတဲ့သူကြားမှာ ဗျာများနေရမယ်။

ယတြာ။         ။ မွေးရက်မှာ ကြာဆံကြော်ဆွမ်းလောင်းပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ
          လုပ်ကိုင်သမျှ အရာထင်နေတာကြောင့် သင့်ကိုယ်သင်ယုံကြည်မှုလေးတွေ တိုးနေမယ်။ အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေတာကြောင့် နှစ်ဆတိုးပြီး ကြိုးစားပါ။ ငွေကုန်ကြေးကျ များနေတာကြောင့် အသုံးအစွဲစိစစ်ပါ။ အချစ်ရေး သာယာနေပါတယ်။
ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ(၂၂)မှ ဇွန်လ (၂၁)ရက်အတွင်း မွေးဖွားသူများ

မျှော်လင့်မထားတဲ့ သတင်းထူးကြားရမယ်။ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ငွေကြေး အရှုပ်အရှင်းကိစ္စကြုံရတတ်တာကြောင့် အထူးသတိထားပါ။ အချစ်ရေး၊ အိမ်ထောင်ရေး သာယာပါ တယ်။ ပညာရပ်အသစ်တစ်ခု သင်ကြားရကိန်းရှိတယ်။ သင့်ဘဝကို အထောက်အကူပြုမယ့် ပညာ ရပ်မို့ အားတက်သရောသင်ယူလိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးရက်မှာ ငှက် ၉-ကောင်လွှတ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိတ်ဆွေသူငယ်ချင်းတွေဆီက အကြံဉာဏ်ကောင်းတွေ ရရှိမယ့်ကာလဖြစ်ပါတယ်။ သင် စိတ်ကူးရည်ရွယ်ထားတာလေးတွေနဲ့ ပေါင်းစပ်ပြီး အကောင်အထည်ဖော်ခြင်းအားဖြင့် အောင်မြင်မှု ရရှိပါလိမ့်မယ်။ မိသားစုအတွင်း အပြောင်းအလဲလေးတွေကြုံရမယ်။ လူဦးရေ အသစ်တိုးမယ်။ အချစ်ရေးမှာ အနေဝေးလို့ လွမ်းနေရမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းလှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
          ကြားဝင်သွေးထိုးတတ်သူတစ်ဦးကြောင့် အချစ်ရေး၊ အိမ်ထောင်ရေးမှာ အထင်လွဲစရာလေး တွေ ဖြစ်ပေါ်တတ်တယ်။ ပြဿနာတွေကို စိတ်လိုက်မာန်ပါမဖြေရှင်းဘဲ စိတ်ရှည်ရှည်နဲ့ ဖြေရှင်းပါ။ မကြာခင်အဆင်ပြေသွားမှာပါ။ ငွေဝင်ကိန်း ကြီးကြီးမားမားရှိတယ်။ ထီထိုးပါ။
ယတြာ။         ။  မွေးရက်မှာ သီလရှင် ၃-ပါးကို ဆန်စိမ်းလောင်းလှူပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်းမွေးဖွားသူများ

လူမှုရေးတွေနဲ့ အချိန်ကုန်နေတာကြောင့် ငွေကုန်ကြေးကျများပြီး အတန်ငယ်မောနေရမယ်။ အလုပ်ထဲမှာ ဦးဆောင်ဦးရွက်ပြုနေရမယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးတွေရဲ့ ကူညီစောင့် ရှောက်မှုကို ရရှိမယ်။ မျှော်လင့်မထားဘဲ ခရီးတစ်ခုထွက်ရမယ်။ အချစ်ရေး အေးဆေးပါတယ်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ကြန့်ကြာနေတဲ့ကြွေးဟောင်းတွေ ပြန်ရမယ်။ လုပ်ငန်းသစ်လုပ်ကိုင်ဖို့ အခွင့်အလမ်းကောင်း တွေပေါ်မယ်။ စုပေါင်းလုပ်ငန်းတွေမှာ အရှုံးပေါ်တတ်တယ်။ အချိန်နည်းနည်းစောင့်ပါ။ အချစ်ရေးမှာ အချစ်ဟောင်းနဲ့ ပြန်ဆုံရတတ်တယ်။ နေအိမ်ကို ညအိပ်ညနေဧည့်သည်လာရင် ထီထိုးပါ။ ဆုကြီး ပေါက်တတ်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ကြောင်လေးတွေကို ငါးကြော်ကျွေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)      
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

အတွေ့အကြုံနဲ့ စိတ်ကူးဉာဏ်တွေကို ပေါင်းစပ်ပြီး လုပ်ငန်းသစ်တွေ စတင်သင့်တဲ့ကာလ ဖြစ်ပါတယ်။ ကူညီမယ့် ဆရာသမားကောင်း၊ မိတ်ဆွေကောင်းတွေတွေ့မယ်။ ပညာရပ်အသစ်တွေ သင်ယူခွင့်ကြုံမယ်။ အချစ်ရေးမှာ အချိန်မပေးနိုင်တာကြောင့် နားလည်မှုလေးတွေ လွဲနေတတ်တယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်းကပ်လှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အဘက်ဘက်က ပျော်စရာလေးတွေနဲ့ ပြည့်နေတဲ့ကာလဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ လစာတိုးမယ်။ မိသားစုအတွင်း သတင်းကောင်းကြားရမယ်။ အချစ်ရေး အဆင် ပြေမယ်။ ကျန်းမာရေးအနည်းငယ် အညံ့ရှိတယ်။ အစားမှားတတ်တယ်။ သတိပြုပါ။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုခုလုပ်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ရောက်လေရာမှာ ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေမယ့် ကာလဖြစ်ပါတယ်။ ရွေးရခက်နေ တာကြောင့် အတန်ငယ်စိတ်ရှုပ်နေရမယ်။ ငွေကြေးကိစ္စအလိမ်ခံရတတ်တယ်။ လူတိုင်းကို မယုံ ကြည်ပါနဲ့။ ကျန်းမာရေးကောင်းပါတယ်။ မိသားစုအရေး သာယာပါတယ်။

ယတြာ။         ။ မွေးနံထောင့်ဘုရားမှာ ရေသပ္ပာယ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်းမွေးဖွားသူများ

အားနာတတ်တဲ့အကျင့်ကို အခွင့်အရေးယူတတ်တဲ့သူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရမယ်။ နေရာတကာမှာ အားမနာပါနဲ့။ အင်္ဂါနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးနေပါတယ်။ နေအိမ် ပြုပြင်ရမယ်။ စက်ပစ္စည်းအသစ်တွေဝင်မယ်။ အချစ်ရေးမှာ ပြိုင်ဘက်ပေါ်တတ်တယ်။

ယတြာ။         ။ မွေးရက်မှာ သစ်ပင် ၃-ပင်စိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အဆိုးနဲ့အကောင်း ဒွန်တွဲနေတဲ့ကာလဖြစ်ပါတယ်။ နားလည်မှုလွဲနေတဲ့ မိသားစုနဲ့ ချစ်သူကြားမှာ ဗျာများနေရတတ်တယ်။ ပြဿနာတွေကို အေးအေးဆေးဆေး အချိန်ယူဖြေရှင်းဖို့ ကြိုးစားပါ။ လုပ်ငန်းတွေ အဆင်ပြေမယ်။ ငွေဝင်မယ်။ အလှူဒါနတွေ ပြုရမယ်။

ယတြာ။         ။ မွေးရက်မှာ နာမကျန်းသူကို ဆေးဝါးဒါနပြုပါ။