၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (မတ် ၂ဝ-ရက်နေ့မှ ၂၆-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

စိတ်အားထက်သန်တက်ကြွမှုတွေနဲ့ အလုပ်တွင်နေမယ့်ကာလဖြစ်ပါတယ်။ အခွင့်အ လမ်းကောင်း တွေလည်းတွေ့မယ်။ အလုပ်တွဲလုပ်တဲ့အခါ ငွေရေးကြေးရေးကိစ္စတွေမှာ လက်မလွယ် ပါနဲ့။ အလိမ်ခံရတတ်တယ်။ သောကြာနံနဲ့စတဲ့အလုပ်တွေ ပိုအကျိုးပေးမယ်။ မမျှော်လင့်ဘဲ မိသားစုနဲ့ အပျော်ခရီးထွက်ရမယ်။

ယတြာ။         ။ မွေးရက်မှာ မိဘနှစ်ပါးကို ငွေကြေးဖြင့်ကန်တော့ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

စိတ်ကူးထားတဲ့အလုပ်လေးတွေအတွက် အချိန်ယူရဦးမယ့်ကာလဖြစ်ပါတယ်။ မလိုသူတွေရဲ့ အတိုက်အခိုက်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ မေတ္တာတရားနဲ့ သာ သည်းခံနေလိုက်ပါ။ မကြာခင်မှာ အခက်အခဲတွေအားလုံးပြေလည်သွားမှာပါ။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ(၂၂)မှ ဇွန်လ (၂၁)ရက်အတွင်း မွေးဖွားသူများ
          အနာဂတ်အတွက် အစီအမံတွေနဲ့ပြည့်နေတဲ့ကာလဖြစ်ပါတယ်။ သင့်လုပ်ငန်းတွေကို ကူညီအ ကောင်အထည်ဖော်ပေးမယ့် မိတ်ဆွေကောင်းတွေနဲ့တွေ့မယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး အထောက်အ ကူဖြစ်စေမယ့် ခရီးစဉ်တစ်ခု ထွက်ရမယ်။ အချစ်ရေးသာယာနေမယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးရက်မှာ ကြောင်လေးတွေကို ငါးကြော်ကျွေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မလိုသူတစ်ဦးရဲ့ ကြားဝင်နှောင့်ယှက်မှုတွေကြောင့် မိသားစုကြားမှာ စိတ်ဝမ်းကွဲစရာလေး တွေဖြစ်ပေါ်မယ့်ကာလပါ။ ပြဿနာများကို စိတ်လိုက်မာန်ပါမဖြေရှင်းဘဲ စိတ်ရှည်ရှည်နဲ့ ဖြေရှင်းယူပါ။ မကြာခင်မှာ အားလုံးပြေလည်သွားမှာပါ။ အချစ်ရေးမှာ သင်ချစ်နေသူရဲ့ အရေးပေးမှုကို လက်ခံရရှိ မယ်။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတွေကို မုန့်ကျွေးပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အစစအရာရာ အဆင်ပြေသာယာနေမယ့်ကာလဖြစ်ပါတယ်။ ကြိုးစားသမျှလည်း အရာထင် နေတာကြောင့် တိုးချဲ့ဖို့စိတ်ကူးထားတာရှိရင် လုပ်သင့်ပါတယ်။ မိသားစုအကြီးအကဲ ကျန်းမာရေးဂရု စိုက်ပါ။ အိမ်ကို ညအိပ်ညနေဧည့်သည်လာရင် လူကြည့်ပြီးမှ လက်ခံပါ။ ပြဿနာတွေပါလာတတ်ပါ တယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်းမွေးဖွားသူများ
          ခင်မင်သူတွေနဲ့ ငွေရေးကြေးရေးကိစ္စအထင်လွဲစရာဖြစ်တတ်တယ်။ ငွေကြေးကိစ္စတွေမှာ သ တိထားစီမံပါ။ ငွေဝင်ကြမ်းသလို ငွေထွက်လည်း ကြမ်းနေမယ်။ လူမှုရေးကိစ္စတွေ များနေတာကြောင့် ငွေမစုနိုင်သေးပါဘူး။ အချစ်ရေးမှာ အဆင်ပြေနေပါတယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုလုပ်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကြားမှာ ဗျာများနေမယ်။ သင့်ကို အကြံဉာဏ်ကောင်းပေးနိုင်တဲ့ မိ ဘ၊ ဆရာသမားတွေနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ပါ။ ပညာရပ်အသစ်တွေ သင်ယူရမယ်။ သင့်အောင်မြင်မှု ကို အထောက်အကူဖြစ်စေမယ့် ပညာရပ်တွေဖြစ်ပါတယ်။ အချစ်ရေးမှာ သင် တိတ်တခိုးစိတ်ဝင်စား နေသူနဲ့ နားလည်မှုလေးတွေ ပိုနေလိမ့်မယ်။

ယတြာ။         ။ မွေးရက်မှာ ကြက်ဥချက်နဲ့ဆွမ်းလောင်းပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)      
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ဖြစ်ချင်တာလေးတွေက နှောင့်နှေးနေတာကြောင့် အတန်ငယ်စိတ်အနှောင့်အယှက် ဖြစ်နေရ မယ်။ ဇွဲမလျှော့ပါနဲ့။ အရင်ကထက် ခွန်အားနှစ်ဆစိုက်ထုတ်ပြီး ကြိုးစားလိုက်ပါ။ အောင်မြင်မှုတွေက သင့်ကို ဆီးကြိုနေပါတယ်။ အချစ်ရေးမှာ သင့်ကို ချစ်တဲ့သူနဲ့ သင်ကချစ်တဲ့သူအကြားမှာ ဗျာများနေရ တတ်တယ်။

ယတြာ။         ။ မွေးရက်မှာ သီလရှင် ၃-ပါးကို ဆန် ၃-ပြည်လှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ရောက်လေရာမှာ ချစ်တဲ့သူဝိုင်းဝိုင်းလည်နေတာကြောင့် အရွေးရခက်နေတတ်တယ်။ မိတ် ဆွေသူငယ်ချင်းအသစ်တွေလည်း တွေ့မယ်။ အစုရှယ်ယာစပ်လုပ်ငန်းတွေ ပူးပေါင်းလုပ်ကိုင်ရမယ်။ သင့်အတွက် အကျိုးပေးမယ့်လုပ်ငန်းတွေဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဆီးအောင့်တတ်တယ်။ ဂရုစိုက်ပါ။

ယတြာ။         ။ မွေးရက်မှာ ဆရာသမားတစ်ဦးကို ငွေကြေးဖြင့်ကန်တော့ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ
          ကြန့်ကြာနေတဲ့အကြွေးဟောင်းတွေ ပြန်ရမယ့်ကာလဖြစ်ပါတယ်။ ဆိုင်းငံ့ထားတဲ့လုပ်ငန်းတွေ လည်း ပြန်လည်လည်ပတ်ဖို့ အခွင့်အရေးတွေပေါ်မယ်။ အားထုတ်မှုတွေနဲ့ အကောင်းဆုံးကြိုးစား လိုက်ပါ။ မိသားစုထဲ ပျော်စရာသတင်းကောင်းကြားရမယ်။ နေအိမ်ကို စက်ပစ္စည်းအသစ်ဝင်မယ်။

ယတြာ။         ။ မွေးရက်မှာ သပြေညွှန့် ၉-ညွှန့်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်းမွေးဖွားသူများ

ငွေဝင်ကိန်းကြီးကြီးမားမားရှိတယ်။ ထီထိုးပါ။ အလှူအတန်းတွေပြုရမယ်။ အကူအညီလာ တောင်းသူတွေကို သင်တတ်နိုင်သလောက်ကူညီလိုက်ပါ။ သင့်အခက်အခဲတွေလည်း ပြေလည်သွား မှာပါ။ နေအိမ်ပြုပြင်ရမယ်။ ချစ်သူနဲ့အဆင်ပြေမယ်။

ယတြာ။         ။ မွေးရက်မှာ ခေါက်ဆွဲကြော်ပြီး အိမ်နီးချင်းတွေကိုဝေပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အနုပညာအလုပ်နဲ့ အကျိုးပေးမယ့်ကာလဖြစ်ပါတယ်။ အနုပညာဝါသနာပါသူများအတွက် ကြိုး စားဖို့အခွင့်အလမ်းကောင်းပေါ်မယ်။ အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ ချစ်သူနဲ့ ကြားလေသွေးလို့ ဝေးနေရတတ်တယ်။ နားလည်မှုလေးတွေဖြည့်စွက်ပြီး အဆင်ပြေအောင် ကြိုးစားလိုက်ပါ။ မကြာခင် ပြေလည်သွားမှာပါ။

ယတြာ။         ။ မွေးရက်မှာ သစ်သီးဆွမ်းကပ်လှူပါ။

ယခုစာစောင်လေးကို တခြားသူတွေပါ ဖတ်ရအောင် SHARE လိုက်ပါ။