၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (မတ် ၆-ရက်နေ့မှ ၁၂-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အလုပ်၊ ကျန်းမာရေးနဲ့ တာဝန်ဝတ္တရားတွေအပေါ် အပြည့်အဝအာရုံစိုက်နေရတဲ့ကာလဖြစ်ပါ တယ်။ စိတ်မောလူမောနဲ့ အချစ်ရေးမှာ အချိန်မပေးနိုင်တာကြောင့် ချစ်သူနဲ့အထင်လွဲစရာလေးတွေ ဖြစ်ပေါ်တတ်တယ်။ နားလည်အောင် သေချာပြောပြပြီး ဖြေရှင်းသင့်ပါတယ်။ ငွေဝင်ကိန်းရှိပါတယ်။

ယတြာ။         ။ မွေးရက်တွင် မိဘမဲ့ကလေးကျောင်းမှာလှူပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ
          ကြိုးစားသမျှ အရာထင်နေတာကြောင့် ခွန်အားတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနဲ့ တက်ကြွ နေတဲ့ကာလဖြစ်ပါတယ်။ ရည်ရွယ်ထားတဲ့လုပ်ငန်းသစ်လေးတွေရှိရင် စတင်သင့်ပါတယ်။ စုပေါင်းရှယ် ယာလုပ်ငန်းတွေ အကျိုးမပေးသေးပါ။ သောကြာနံနဲ့စတင်တဲ့ အမည်ပိုင်ရှင်နဲ့ ဖူးစာဆုံရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ သက်ကြီးသီလရှင်တစ်ပါးကို ဆန် ၃-ပြည်လှူပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ(၂၂)မှ ဇွန်လ (၂၁)ရက်အတွင်း မွေးဖွားသူများ

ဘယ်အရာကိုမှ စိတ်လိုက်မာန်ပါ မဆုံးဖြတ်သင့်သေးတဲ့ကာလဖြစ်ပါတယ်။ မိတ်ဆွေတွေနဲ့ စ ကားအရှုပ်အရှင်းဖြစ်တတ်တယ်။ စကားပြောဆင်ခြင်ပါ။ ပညာရပ်အသစ်သင်ဖို့ အခွင့်အလမ်းပေါ် မယ်။ လုပ်ငန်းသစ်စတင်ဖို့ အခွင့်အရေးကောင်းပေါ်မယ်။ ကူညီမယ့်သူတွေပေါ်မယ်။ စိတ်ဝင်စားနေ တဲ့သူဆီက တုံ့ပြန်မှုကောင်းတွေ ရရှိမယ်။
ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းကျွေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မျှော်လင့်မထားတဲ့အပြောင်းအလဲတွေနဲ့ ကြုံရမယ့်ကာလဖြစ်ပါတယ်။ အကောင်းအဆိုး ရော ပြွမ်းနေတာကြောင့် ရေရှည်အောင်မြင်မှုကို ပိုပြီးထည့်တွက်ရွေးချယ်သင့်ပါတယ်။ သင်လုပ်မယ့်အလုပ် တွေကို စေတနာအပြည့်နဲ့ကူညီမယ့် မိတ်ဆွေကောင်းတွေ့မယ်။ အချစ်ရေး သာယာပါမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်းကပ်လှူပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အလုပ်မှာ အောင်မြင်မှုတွေဆက်တိုက်ရရှိနေပါမယ်။ ငွေကြေးဝင်မယ်။ နေအိမ်ပြုပြင်ရမယ်။ စက်ပစ္စည်းကြီးကြီးမားမားဝင်မယ်။ အလှူအတန်းပြုလုပ်ရမယ်။ ကျန်းမာရေးအနည်းငယ်အညံ့ရှိတယ်။ ဆိုင်ကယ်သတိထားမောင်းပါ။ အချစ်ရေးမှာ ကြားလူဝင်နှောင့်ယှက်တတ်တယ်။ သတိပြုပါ။

ယတြာ။         ။ မွေးရက်မှာ ကြာဆံကြော်ပြီး အိမ်နီးချင်းတွေကိုဝေပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်းမွေးဖွားသူများ

ဘဝအတွက် ကြီးမားတဲ့ဆုံးဖြတ်ချက်တွေချရမယ့်ကာလဖြစ်ပါတယ်။ တစ်ယောက်တည်း မ ဆုံးဖြတ်ဘဲ မိဘ၊ ဆရာသမားတွေနဲ့ တိုင်ပင်သင့်ပါတယ်။ မမျှော်လင့်ဘဲ ခရီးတစ်ခု ထွက်ရမယ်။ အ လုပ်အတွက် လေ့လာသင်ယူမှုတွေအများကြီး ပြုလုပ်နိုင်မယ့်ပျော်စရာခရီးဖြစ်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ လူကြီးမိဘများကို သီးနှံအစုံဖြင့် ကန်တော့ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ကြားလူကြောင့် မိသားစုကြားမှာ အထင်အမြင်လွဲမှားစရာတွေ ကြုံရလေ့ရှိတတ်တဲ့ကာလပါ။ စိတ်လိုက်မာန်ပါမပြောဆိုဘဲ ပိုပြီးစည်းလုံးချစ်ခင်မှုရရှိအောင်သာ ကြိုးစားသင့်ပါတယ်။ အလုပ်မှာ စွန့် စားဖို့ တွန့်ဆုတ်နေမိတာကို ရပ်လိုက်ပါ။ ကြီးကျယ်တဲ့အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါ တယ်။

ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းကပ်လှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)        

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

စိတ်ခံစားချက်တွေကို ဦးစားပေးနေမိတဲ့အတွက် အလုပ်ထဲမှာ လျော့တိလျော့ရဲ ဖြစ်နေတတ် တဲ့ကာလပါ။ ကြိုးစားမှုတွေကို ပြန်လည်ဖြည့်တင်းပါ။ ဝေဖန်မှုတွေကို လျစ်လျူရှုပါ။ မကြာခင် အစစ အရာရာ အဆင်ပြေသွားမှာပါ။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ မိဘကို ငွေကြေးဖြင့်ကန်တော့ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ဝင်လာမစဲ တသဲသဲဖြစ်နေတဲ့ကာလဖြစ်ပါတယ်။ သင့်အတွက် အကောင်းဆုံးဖြစ်မယ့်အလုပ်တစ်ခုကို သေချာရွေးချယ်ပါ။ အပေါင်းအသင်းကြောင့် အမှု အခင်းနဲ့ ကြုံရတတ်တယ်။ အသွားအလာအနေအထိုင် ဆင်ခြင်ပါ။ မထင်မှတ်ဘဲ ငွေဝင်ကိန်းကြုံမယ်။ ထီထိုးပါ။
ယတြာ။         ။ ဘေးဘယာတွေ ဝေးကွာစေဖို့ ဘယာကြော်ဆွမ်းကပ်လှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

အလုပ်နဲ့ပတ်သက်တဲ့ စိတ်ကူးကောင်းလေးတွေ၊ တီထွင်ဖန်တီးမှုစွမ်းရည်တွေ ကွန့်မြူးနေမယ့် ကာလဖြစ်ပါတယ်။ အများမလုပ်ဖြစ်သေးတဲ့ အသစ်အဆန်းလေးတွေနဲ့ အောင်မြင်မှုရရှိမယ်။ မိသားစု အတွင်း သတင်းထူးတစ်ခုကြားရမယ်။ လူဦးရေတိုးမယ်။

ယတြာ။         ။ မွေးရက်မှာ သစ်ပင်စိုက်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်းမွေးဖွားသူများ

စန်းအလွန်ပွင့်ပြီး ရောက်လေရာမှာ ချစ်ခင်သူတွေနဲ့ ဝိုင်းဝိုင်းလည်နေမယ့်ကာလဖြစ်ပါတယ်။ စီးပွားရေးမှာ ငွေပေးငွေယူကိစ္စအရှုပ်အရှင်းဖြစ်တတ်တယ်။ အရေးကြီးတဲ့ငွေကြေးကိစ္စတွေမှာ သေ ချာဂရုစိုက်ပါ။ မထင်မှတ်ဘဲ နိုင်ငံရပ်ခြားခရီးစဉ်တစ်ခုသွားရတတ်တယ်။ သင့်ဘဝကို အထောက်အ ကူပြုမယ့်ခရီးဖြစ်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ကြောင် ၃-ကောင်ကို ငါးကြော်ကျွေးပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

လုပ်ငန်းခွင်ထဲမှာ ဦးဆောင်တာဝန်ယူနေရတဲ့ကိစ္စတွေကြောင့် စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေ တတ်တဲ့ကာလဖြစ်ပါတယ်။ စိတ်မပျက်ပါနဲ့။ အကောင်းဆုံးသာ ကြိုးစားလုပ်ကိုင်လိုက်ပါ။ အောင်မြင် မှုတွေက နောက်ကလိုက်လာမှာပါ။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်း ၂-ယောက်ကို ကြေးအိုးတိုက်ပါ။