၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဖေဖော်ဝါရီ ၂ဝ-ရက်နေ့မှ ၂၆-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

မတူညီတဲ့ အယူအဆလေးတွေကြောင့် အများနဲ့တစ်ယောက်ဖြစ်နေတတ်တယ်။ သင့်ဘက်က မှန်ကန်တဲ့လုပ်ရပ်တွေနဲ့သာ သက်သေပြလိုက်ပါ။ မကြာခင်မှာ အထင်လွဲနေတာတွေ ပြေလည်သွားပါ လိမ့်မယ်။ အဝေးက သတင်းကောင်းကြားရမယ်။ ငွေဝင်ကိန်းရှိတယ်။ အလှူအတန်းပြုလုပ်ပေးပါ။

ယတြာ။         ။ မိဘမဲ့ဂေဟာတစ်ခုမှာ ငွေကြေးလှူဒါန်းပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ
          သင့်ရဲ့အားနာတတ်တဲ့စိတ်ကို အသုံးချပြီး အခွင့်အရေးယူတတ်သူတချို့ကြောင့် စိတ်အနှောင့် အယှက်ဖြစ်နေရတဲ့ကာလဖြစ်ပါတယ်။  မလိုအပ်ဘဲ အားနာတတ်တဲ့အကျင့်ကို ပြုပြင်သင့်ပါတယ်။ ကြန့်ကြာနေတဲ့ကြွေးဟောင်းတွေပြန်ရမယ်။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်ဆုံတွေ့ရတတ်တယ်။ အချစ်ရေးသာယာပါတယ်။
ယတြာ။         ။ မွေးရက်မှာ စာအုပ်ဒါနပြုပါ။
၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

        လုပ်ဖော်ကိုင်ဖက်တွေဆီက အကူအညီကောင်းတွေရရှိမယ့် ကာလဖြစ်ပါတယ်။ လုပ်ငန်းသစ် တွေ စတင်ပါ။ မတော်တဆငွေကြေးအလိမ်ခံရနိုင်တာကြောင့် ငွေရင်းနည်းနည်းနဲ့ပဲ စတင်သင့်ပါ တယ်။ ငွေကြေးကြီးကြီးမားမားကိစ္စတွေမှာ စာချုပ်စာတန်းနဲ့ သေချာပြုလုပ်ပါ။ ကျန်းမာရေး ကောင်း မွန်ပါတယ်။

ယတြာ။         ။ နေအိမ်ခြံဝင်းထဲမှာ ရေမြောင်းရှင်းပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
          အရေးကြီးတဲ့အရာတွေကို ပိုမိုအာရုံစိုက်သင့်တဲ့ကာလဖြစ်ပါတယ်။ ငွေကြေးကိစ္စ၊ လုပ်ငန်း ကိစ္စနဲ့ လူမှုရေးကိစ္စတွေမှာ လွဲချော်မှုလေးတွေဖြစ်တတ်တာကြောင့် သတိပြုပါ။ အထူးသဖြင့် ငွေကြေး ကိစ္စအတွက် ရင်းနှီးသူတွေနဲ့ အချင်းများရတတ်တာကြောင့် နှုတ်မလွန်ပါစေနဲ့။ လက်မလွန်ပါစေနဲ့။ အ ချစ်ရေးမှာ ချစ်သူနဲ့နားလည်မှုလေးတွေ တိုးနေမယ်။
ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

          စပ်တူရှယ်ယာလုပ်ဖို့ အခွင့်အလမ်းကောင်းတွေ ပေါ်မယ်။ လူကြီးမိဘ၊ ဆရာသမားတွေနဲ့ အ ရင်တိုင်ပင်ပြီးမှ ဆုံးဖြတ်ပါ။ မမျှော်လင့်ဘဲ ခရီးတစ်ခုထွက်ရမယ်။ ပျော်ရွှင်မှုတွေရရှိစေမယ့်ခရီးဖြစ်ပါ တယ်။ နေအိမ်ကို ရပ်ဝေးဧည့်သည် ညအိပ်ညနေလာတည်းခိုတတ်တယ်။ ထီထိုးပါ။

ယတြာ။         ။ ထီးစုတ်၊ ဖိနပ်အစုတ်တွေရှိရင် လွှင့်ပစ်လိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

        မိသားစုနဲ့ လုပ်ငန်းတာဝန်တွေကြားမှာ စိတ်တွေမွန်းကြပ်နေမိမယ့်ကာလဖြစ်ပါတယ်။ လူမှု ရေးကိစ္စတွေလည်း များနေတာကြောင့် စိတ်ဖိစီးမှုတွေဖြစ်ပေါ်နေတတ်ပါတယ်။ အရာရာကို စိတ်အေး အေးနဲ့ သေချာစီမံဖြေရှင်းသင့်ပါတယ်။ လုပ်ငန်းသစ်တွေပြုလုပ်ဖို့ရှိရင် မစတင်ပါနဲ့ဦး။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ ကြာဆံချက်ပြီး ဆွမ်းလောင်းပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

စကားမှားတတ်တာကြောင့် စကားအပြောအဆို ဆင်ခြင်သင့်တဲ့ကာလဖြစ်ပါတယ်။ လုပ်ငန်း အပြောင်းအရွှေ့ကြုံရတတ်တယ်။ နေအိမ်ကို ပြုပြင်ရမယ်။ ငွေဝင်ကိန်းကြီးကြီးမားမား ရှိနေပါတယ်။ အလှူအတန်းတွေ ပြုရမယ်။ လူကြီးမိဘ၊ ဆရာသမားတွေရဲ့ ကူညီစောင့်ရှောက်မှုကို ခံရမယ်။ ချစ် သူနဲ့ ကြားလေသွေးလို့ ဝေးနေမယ်။ နားလည်မှုတွေ ပိုမိုတည်ဆောက်ဖို့ ကြိုးစားလိုက်ပါ။

ယတြာ။         ။ မွေးရက်မှာ လူကြီးမိဘတွေကို ကန်တော့ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)        
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ကြိုးစားသမျှအရာထင်နေတဲ့ အခြေအနေတွေကြောင့် ပျော်ရွှင်နေရမယ့်ကာလဖြစ်ပါတယ်။ ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေ ပြန်ရမယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ လစာတိုးမယ်။ မိ သားစုအကြီးအကဲ ကျန်းမာရေးဂရုစိုက်ပါ။ ချစ်သူနဲ့ နားလည်မှုလေးတွေ တိုးနေမယ်။
ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းလှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

         မိသားစုနဲ့ အချစ်ရေးကြားမှာ ဗျာများနေရမယ့်ကာလဖြစ်ပါတယ်။ အရာရာကို စိတ်လိုက်မာန် ပါ မဆုံးဖြတ်ဘဲ စိတ်ရှည်သည်းခံခြင်းနဲ့သာ ကျော်ဖြတ်လိုက်ပါ။ မကြာခင်မှာ အကောင်းဆုံး ပြန်ဖြေ ရှင်းနိုင်မှာပါ။ လုပ်ငန်းခွင်မှာ သင်ယူစရာအသစ်တွေနဲ့ အလုပ်များနေမယ်။ ပင်ပန်းသလောက် အကျိုး အမြတ်ရရှိနိုင်တာကြောင့် ကြိုးစားလုပ်ဆောင်လိုက်ပါ။

ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်ဆွမ်းကပ်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ရွှေ၊ ငွေစတဲ့ အဖိုးတန်ပစ္စည်းတွေပျောက်ရှတတ်တာကြောင့် သေချာသတိပြုထိန်းသိမ်းသင့်တဲ့ ကာလဖြစ်ပါတယ်။ လူတိုင်းကို အယုံကြည်မလွယ်ပါနဲ့။ လူလိမ်ခံရတတ်တယ်။ မိသားစုအတွင်း ပျော်စ ရာသတင်းထူး ကြားရမယ်။ နေအိမ်ကို ပြုပြင်ရမယ်။ စက်ပစ္စည်းကြီးကြီးမားမားဝင်မယ်။

ယတြာ။         ။ မွေးရက်မှာ လိုအပ်နေသူတစ်ဦးကို အကူအညီပေးပါ။

၁၁။ ကုံရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

        အရေးကြီးတာနဲ့ အရေးမကြီးတာတွေကို ခွဲခြားပြီး လေးလေးနက်နက်လုပ်ဆောင်ရမယ့် ကာ လဖြစ်ပါတယ်။ အခွင့်အလမ်းကောင်းတွေက သင့်ကိုစောင့်ကြိုနေပါတယ်။ ယုံကြည်ထိုက်သူတွေနဲ့ လက်တွဲပြီး အလုပ်လုပ်ပါ။ ငွေကြေးထက် ပညာရမယ့်သူတွေကို ရွေးချယ်လက်တွဲပါ။

ယတြာ။         ။ မွေးရက်မှာ ဘိုးဘွားမိဘတွေကို ငွေကြေးဖြင့်ကန်တော့ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

        မှန်းချက်နဲ့ နှမ်းထွက်မကိုက်ညီသေးတာကြောင့် အတန်ငယ်စိတ်မောနေရဦးမယ့်ကာလဖြစ် ပါတယ်။ စိတ်ရှည်သည်းခံခြင်းနဲ့ပဲ ဇွဲမလျှော့ဘဲ ကြိုးစားလိုက်ပါ။ မကြာခင်မှာ အဆင်ပြေသွားမှာပါ။ ငွေကြေးရင်းနှီးမြုပ်နှံရမယ့် လုပ်ငန်းသစ်တွေပေါ်မယ်။ အင်္ဂါနံနဲ့ စတဲ့လုပ်ငန်းတွေ ပိုမိုအကျိုးပေးပါ တယ်။ အချစ်ရေးသာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ အလှူဒါနတစ်ခုခုပြုလုပ်ပါ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။