၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဖေဖော်ဝါရီ ၁၃-ရက်နေ့မှ ၁၉-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကံကောင်းခြင်းတွေ စုပြုံနေတဲ့ကာလဖြစ်ပါတယ်။ အလုပ်အင်တာဗျူးဖြေထားသူများ အင်တာ ဗျူးအောင်မယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ အခွင့်အလမ်းကောင်းတွေ ရရှိနေတာကြောင့် ကြိုး စားမှုကို နှစ်ဆတိုးပြီး အောင်မြင်မှုဆီတက်လှမ်းသင့်ပါတယ်။ အိမ်ထောင်သည်များ သားသမီးရတနာ ပိုင်ဆိုင်ရမယ်။ မိဘအကြီးအကဲကျန်းမာရေး အနည်းငယ်ညံ့တယ်။ ဂရုစိုက်ပါ။

ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းကပ်လှူပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

လူအများစုဆီက အာရုံစိုက်မှုတွေကို ရရှိမယ့်ကာလဖြစ်ပါတယ်။ ကောင်းတဲ့သတင်းဖြစ်စေ၊ ဆိုးတဲ့သတင်းကြောင့်ဖြစ်စေ နာမည်ထွက်နိုင်တာကြောင့် အနေအထိုင်အသွားအလာ ဆင်ခြင်သင့် ပါတယ်။ ပရဟိတတွေများများလုပ်ပေးပါ။ အလှူဒါန ပြုပေးပါ။ ငွေရကံကြုံနေပါတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ စာကလေး ၇-ကောင် လွှတ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ(၂၂)မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

စိတ်ရှုပ်ထွေးစရာ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ ကြုံရမယ့်ကာလဖြစ်ပါတယ်။ အခြေအနေ အဆိုးအကောင်းရောပြွမ်းနေတာကြောင့် အရာရာကို စိတ်လိုက်မာန်ပါ မဆုံးဖြတ်မိဖို့ သတိထားသင့်ပါ တယ်။ အချစ်ရေးစန်းပွင့်နေပါတယ်။ ချစ်ကြိုက်မယ့်သူတွေ ဝိုင်းဝိုင်းလည်နေတာကြောင့် အရွေးရခက် နေတတ်တယ်။ ကျန်းမာရေးသင့်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ကလေးတွေကို ဆန်ပြုတ်ဒါနပြုပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
         ဝင်ငွေထွက်ငွေမမျှတနေတာကြောင့် အတန်ငယ်စိတ်မောနေရဦးမယ့် ကာလဖြစ်ပါတယ်။ ရစ ရာ ရှိတာတွေလည်း ကြန့်ကြာနေမယ်။ ပညာရေးကံကောင်းနေပါတယ်။ ပညာရပ်အသစ်တွေ သင် ယူဖို့ အခွင့်အလမ်းကြုံမယ်။ မိသားစုထဲ သတင်းကောင်းကြားရမယ်။
ယတြာ။         ။ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းကျွေးပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

လုပ်ငန်းခွင်ထဲမှာ အတိုက်အခိုက်တချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရမယ့် ကာလဖြစ် ပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ စိတ်ရှည်သည်းခံခြင်းနဲ့သာ ဖြတ်ကျော်လိုက်ပါ။ မကြာခင်မှာ အ ခက်အခဲတွေအားလုံး ပြေလည်သွားမှာပါ။ အချစ်ရေး ကံကောင်းနေပါတယ်။ စိတ်ဝင်စားနေသူထံမှ တုံ့ပြန်မှုကောင်းလေးတွေကို လက်ခံရရှိလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မိတ်ဆွေတစ်ဦးကို အဖြူရောင်အင်္ကျီတစ်ထည်လက်ဆောင်ပေးပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အဆုံးသတ်ပြီး အောင်မြင်မှုဆီ ချဉ်းကပ်ရတော့မယ့်အချိန် ကောင်းဖြစ်ပါတယ်။ လုပ်ငန်းသစ်တွေစတင်ဖို့ အခွင့်အလမ်းကောင်းတွေပေါ်မယ်။ ကူညီစောင့်ရှောက် ပေးမယ့် ဆရာသမားကောင်း၊ မိတ်ဆွေကောင်းတွေတွေ့မယ်။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ မိဘနှစ်ပါးကို ငွေကြေးနဲ့ကန်တော့ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

စိတ်ကူးယဉ်မှုလေးတွေကို စွန့်လွှတ်ပြီး လက်တွေ့အကောင်အထည်ဖော်ရမယ့် ကာလဖြစ်ပါ တယ်။ အခွင့်အလမ်းကောင်းတွေက ရှေ့မှာ ဆီးကြိုနေပါတယ်။ ခရီးရှည်တစ်ခုထွက်ရမယ်။ သင့်အ တွက် ကံကောင်းခြင်းတွေသယ်ဆောင်လာပေးမယ့်ခရီး ဖြစ်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ သစ်ပင် ၉-ပင်စိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)      

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ
         ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနဲ့ တက်ကြွနေမယ့်ကာလဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ ဦး ဆောင်နေရမယ်။ အကြံဉာဏ်တောင်းသူတွေ များနေမယ်။ လိုအပ်နေသူတွေကို တတ်နိုင်သမျှ အကူ အညီပေးပါ။ သင့်အတွက်လည်း တန်ပြန်ကူညီမယ့် မိတ်ဆွေကောင်းတွေ ပေါ်လာတတ်ပါတယ်။

ယတြာ။         ။ စာချစ်သူတစ်ဦးကို သူအနှစ်သက်ဆုံးစာအုပ်တစ်အုပ် လက်ဆောင်ဝယ်ပေးပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

မလိုသူတစ်ဦးရဲ့ ကြားဝင်သွေးထိုးမှုကြောင့် မိသားစုအတွင်း စိတ်ဝမ်းကွဲစရာလေးတွေ ဖြစ်နေ ရတတ်တယ်။ မိသားစုအတွင်း နားလည်မှုလေးတွေနဲ့ ကျော်ဖြတ်သွားလိုက်ပါ။ မကြာခင်မှာ ပြန်အ ဆင်ပြေသွားမှာပါ။ စီးပွားရေးမှာ စပ်တူလုပ်ငန်းလုပ်ဖို့ အခွင့်အလမ်းပေါ်မယ်။ ယုံကြည်စိတ်ချရသူတွေ နဲ့တွဲပြီး လုပ်ကိုင်သင့်ပါတယ်။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ
        ပညာရပ်အသစ်တွေသင်ဖို့ အခွင့်အလမ်းကောင်းတွေ တစ်ပြိုင်နက်တည်းပေါ်မယ်။ သင့် အတွက် အသုံးတည့်မယ့် ပညာရပ်ကို သေချာရွေးချယ်သင်ကြားသင့်ပါတယ်။ မိတ်ဆွေဟောင်း၊ သူငယ်ချင်းဟောင်းတွေနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံတတ်တယ်။ ပြန်ဆုံရင် ထီထိုးပါ။ ထီဆုကြီးပေါက် တတ်တယ်။

ယတြာ။         ။ အိမ်နီးချင်းတွေကို ကြာဆံကြော်ဝေပါ။

၁၁။ ကုံရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

စိန်ခေါ်မှုတချို့နဲ့ ရင်ဆိုင်ရမယ့်ကာလဖြစ်ပါတယ်။ လုပ်ငန်းထဲမှာကော အချစ်ရေးမှာပါ ပြိုင် ဘက်တွေပေါ်တတ်တယ်။ သင့်ရဲ့အကောင်းဆုံးကြိုးစားမှုတွေနဲ့ ကျော်ဖြတ်လိုက်ပါ။ ထိုက်သင့်တဲ့ ရလဒ်ကောင်းကို လက်ခံရရှိမှာပါ။ ကျန်းမာရေးအတန်ငယ်ညံ့နေပါတယ်။ ဂရုစိုက်ပါ။ ငွေကြေးကံ ကောင်းနေပါတယ်။ နေအိမ်ကို စက်ပစ္စည်းကြီးကြီးမားမားဝင်မယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုခုလုပ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

        ရောက်လေရာမှာ ချစ်ခင်သူတွေဝိုင်းဝိုင်းလည်နေပြီး မျက်နှာပွင့်လန်းနေမယ့်ကာလဖြစ်ပါ တယ်။ အချစ်ရေးမှာ ရွေးချယ်ရခက်နေမယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်တယ်။ အစား အ သောက် ဆင်ခြင်ပါ။ မမျှော်လင့်ဘဲ မိသားစုအပျော်ခရီးထွက်ရတတ်တယ်။ ရေလမ်းခရီးကို ရှောင်ပါ။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။