ရာသီခွင်အလိုက် ကိုယ်စားပြု Disney မင်းသမီးလေးများနှင့် ရာသီဖွားတို့ရဲ့ အမူအကျင့်လေးများ

၁။ မိဿရာသီဖွား (Aries)
မတ် (၂၁) မှ ဧပြီ (၂ဝ)ရက်အတွင်း မွေးဖွားသူများ

မိဿရာသီဖွားတွေရဲ့ ကိုယ်စားပြု Diseny Princess က ပိုတာဟွန်းတက်စ် (Pocahontas) ဆိုတဲ့ လူရိုင်းမင်းသမီးလေးပါ။ မိဿရာသီဖွားမိန်းကလေးတွေဟာ လွတ်လပ်မှုကိုမြတ်နိုးတယ်၊ စူးစမ်းတတ်တယ်။ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးတယ်။ ဘဝနဲ့ပတ်သက်ပြီး စွန့်စားချင်စိတ်တွေများတယ်။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အကျည်းတန်သတ္တဝါကြီးအဖြစ် ကျိန်စာသင့်နေတဲ့မင်းသားလေးကို ချစ်မိတဲ့ ဘဲလ်(Belle) ဆိုတဲ့ Disney မင်းသမီးလေးက ပြိဿရာသီဖွားတွေရဲ့ ကိုယ်စားပြုမင်းသမီးလေးပါ။ ပြိဿရာသီဖွားတွေဟာ ချစ်ခင်ကြင်နာတတ်တယ်။ အချစ်ကိုကိုးကွယ်တယ်။ ထက်မြက်တယ်။ ယုံကြည်မှုပြင်းထန်တယ်။ မိဘအပေါ်လည်းကျေးဇူးသိတတ်တဲ့ သမီးရတနာလေးတွေ ဖြစ်ပါတယ်။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ

ဆံပင်ရှည်ကြီးနဲ့ လှပနေတဲ့ ရယ်ပန်ဇယ် (Rapunzel) မင်းသမီးလေးက မေထုန်ရာသီဖွားတွေရဲ့ ကိုယ်စားပြုမင်းသမီးလေးပါ။ ခရီးသွားရတာကို မြတ်နိုးတယ်။ အယုံမလွယ်တတ်ဘူး။ အနုပညာကို ဝါသနာပါတယ်။ အချစ်ကြောင့် ခံစားရတတ်တယ်။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဂျူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

ကရကဋ်ရာသီဖွားတွေကို ကိုယ်စားပြုနေတဲ့ မင်းသမီးလေးက ဖန်ခြေနင်းနဲ့ စင်ဒရဲလား (Cindrella) မင်းသမီးလေးပေါ့။ ကရကဋ်ရာသီဖွားတွေဟာ  ရိုးသားဖြူစင်ပြီး သဘောကောင်းကြတယ်။ အားနာတတ်တာက အားနည်းချက်တစ်ခုလို ဖြစ်နေတတ်တယ်။ ဘဝမှာ ဘာပြဿနာပဲကြုံကြုံ အချိန်တန်ရင် ကူညီဖြေရှင်းပေးမယ့်သူ ပေါ်လာတတ်တယ်။

၅။ သိဟ်ရာသီဖွား (Leo)
ဂျူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        ဖားမင်းသမီးလေး တီယာနာ (Tiana) က သိဟ်ရာသီဖွားတွေရဲ့ ကိုယ်စားပြုမင်းသမီးလေး ဖြစ်ပါတယ်။ သိဟ်ရာသီဖွားတွေဟာ ရည်မှန်းချက်ကြီးမားတယ်။ မျှော်လင့်ချက်မထားဘဲ သူတစ်ပါးကို ကူညီတတ်တယ်။ စေတနာကောင်းတာကြောင့် အမြဲတမ်း ကံကောင်းနေတတ်တယ်။ သိဟ်ရာသီဖွားတွေမှာ အားနာတတ်တဲ့ အကျင့်ရှိတတ်ပြီး အဲဒီအကျင့်လေးကြောင့်ပဲ စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။

၆။ ကံရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

ချစ်စရာစနိုးဝှိုက် (Snow White) မင်းသမီးလေးက ကံရာသီဖွားတွေကို ကိုယ်စားပြုတဲ့ မင်းသမီးလေးပါ။ ကံရာသီဖွားတွေက ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းချင်ကြပါတယ်။ အယုံလွယ်တဲ့အကျင့်ကြောင့် လှည့်စားခံရပြီး နာကျင်ခံစားရတဲ့အချိန်တွေ ရှိခဲ့တယ်။ လူချစ်လူခင်ပေါပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးတွေပေါ့။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

        Sleeping Beauty လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ အော်ရိုရာ (Aurora) မင်းသမီးလေးက တူရာသီဖွားတွေရဲ့ ကိုယ်စားပြုမင်းသမီးလေးဖြစ်ပါတယ်။ တူရာသီဖွားတွေဟာ စကားပြောကောင်းတယ်။ ပျော်ပျော်နေတတ်တယ်။ သူတစ်ပါးပယောဂကြောင့် မကြခဏဒုက္ခတွေ့တ်ပေမဲ့ အချိန်တန်ရင် ကူညီကယ်တင်ပေးမယ့်သူပေါ်လာတယ်။ အိမ်ထောင်ဖက်ကောင်းကို ပိုင်ဆိုင်ရတတ်တယ်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

        ကိုယ်စားပြုမင်းသမီးလေးကတော့ ရဲဝံ့တဲ့မင်းသမီးလေး မူလန် (Mulan)ပဲ ဖြစ်ပါတယ်။ ဗြိစ္ဆာရာသီဖွားတွေဟာ ရဲရင့်တယ်။ စိတ်ဓာတ်ခိုင်မာတယ်။ အမှန်တရားဘက်က ရပ်တည်တယ်။ ညှာတာထောက်ထားတတ်တယ်။ အယုံလွယ်တတ်တာက အားနည်းချက်တစ်ခုလို ဖြစ်နေပါတယ်။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

        ဓနုရာသီဖွားတွေရဲ့ ကိုယ်စားပြုမင်းသမီးကတော့ မာရီဒါ (merida) မင်းသမီးလေး ဖြစ်ပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့အပြင် မိသားစုကိုပါ ကြည့်ရှုစောင့်ရှောက်နိုင်တဲ့ အရည်အချင်းတွေ ဓနုရာသီဖွားတွေမှာ ရှိနေပါတယ်။ ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်ပြီး သတ္တိရှိတယ်။ သူတစ်ပါးကို စာနာကူညီတတ်တာဟာ ဓနုရာသီဖွားတွေရဲ့ အမူအကျင့်လေး ဖြစ်ပါတယ်။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂၀) ရက်အတွင်းမွေးဖွားသူများ

        အာလာဒင်မင်းသမီးလေး ဂျက်စမင် (Jasmine) က မကာရရာသီဖွားတွေရဲ့ ကိုယ်စားပြုမင်းသမီးလေးပါ။ မကာရရာသီဖွားတွေဟာ ဘဝအကျိုးပေးကောင်းကြတယ်။ လွတ်လပ်မှုကို မြတ်နိုးတယ်။ ပျော်ပွဲရွှင်ပွဲတွေကို နှစ်သက်တယ်။ ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင် ဇွဲနဘဲနဲ့ ကြိုးစားတတ်ကြတယ်။ ချစ်သူကောင်းကို ပိုင်ဆိုင်ရတတ်ပါတယ်။

၁၁။ ကုံရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

နှင်းပွင့်ဧကရီ အယ်လ်ဆာ (Elsa) မင်းသမီးလေးက ကုံရာသီဖွားတွေရဲ့ ကိုယ်စားပြုမင်းသမီးဖြစ်ပါတယ်။ ကုံရာသီဖွားတွေမှာ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်လေးတွေ ရှိတတ်တယ်။ မိသားစုကို တန်ဖိုးထားတယ်။ တစ်ကိုယ်တည်းနေရတာကို နှစ်သက်တယ်။ အပေါ်ယံ မာနကြီးသလိုထင်ရပေမဲ့ အတွင်းစိတ်က အရမ်းနူးညံ့တယ်။ မိဖုရားဘဝထက် ဘုရင်မဘဝကို ပိုပြီးမြတ်နိုးတတ်သူတွေ ဖြစ်ပါတယ်။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

        ရေသူမလေး အေရီရယ် (Ariel) က မိန်ရာသီဖွားတွေကို ကိုယ်စားပြုပေးနေတဲ့ မင်းသမီးလေးပါ။ မိန်ရာသီဖွားတွေက ထုံးတမ်းဓလေ့တွေထက် အသစ်အဆန်းပြုလုပ်ရတာကို ပိုပြီး စိတ်ဝင်စားတယ်။ ချစ်ခြင်းမေတ္တာကို လက်ကိုင်ထားတယ်။ အယုံလွယ်တတ်တယ်။ အချစ်အတွက်ဆို အရာရာကို စွန့်လွှတ်ရဲကြတယ်။ ဘဝတိုးတက်ဖို့အတွက် ပြောင်းလဲဖို့ဝန်မလေးဘူး။ မိန်ရာသီဖွားအများစုဟာ စာတော်သလောက် ကြိုးစားတဲ့ စာကြမ်းပိုးလေးတွေ ဖြစ်နေတတ်ကြတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။