၂၀၁၇၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

အလုပ်ကိစ္စမှာ အပြိုင်အဆိုင်တွေကြား ကြိုးစားကောင်မြင်မယ်။ ငွေရေးကြေးရေး ကံကောင်းနေမယ်။ လက်လျှော့လိုက်ရတော့မယ်လို့ ထင်ထားတဲ့ ကိစ္စတွေမှာ မျှော်လင့်ချက်အသစ်တွေ ရှိလာမယ်။ ပြတ်သားစွာ ဆုံးဖြတ်ခဲ့တဲ့ အချစ်ရေးကြောင့် ပျော်ရွှင်ရလိမ့်မယ်။

ယတြာ ။        ။ အားကိုးရာမဲ့ သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက် လှူဒါန်းပါ။

သူငယ်ချင်း ၂ယောက်ကို mentionခေါ်လိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ (၂၁) ရက်အတွင်း မွေးဖွားသူများ

အားနာနာနဲ့ မပေးမဖြစ်ပေးလိုက်ရတဲ့ ကတိစကားတွေကြောင့် သင့်အစီအစဉ်တွေ ကမောက်ကမ ဖြစ်တတ်တယ်။ အမှန်တရားဘက်က ရပ်တည်တတ်တဲ့အကျင့်ကြောင့် လူအများရဲ့ ယုံကြည်လေးစားခြင်းကို ခံရမယ်။ အိမ်အပြောင်းအရွှေ့ကိစ္စတွေ အောင်မြင်မယ်။ အချစ်ရေးမှာ အမှတ်တရအသစ်လေးတွေ တိုးလာမယ်။

ယတြာ ။        ။ သင့်အတွက်အသုံးမဝင်တဲ့အရာတွေကို အသုံးလိုနေတဲ့သူတွေဆီ စွန့်ကြဲလိုက်ပါ။

သူငယ်ချင်း ၃ ယောက်ကို mention ခေါ်လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ

အကြံဉာဏ်သစ်တွေကြောင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုရမယ်။ အလုပ်တိုင်းကို ဇွဲရှိရှိနဲ့ ကြိုးစားပါ။ ဝင်ငွေနဲ့ ထွက်ငွေ မမျှမတဖြစ်နေတတ်တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အာမခံပေးတာတွေကို ရှောင်ကြဉ်ပါ။ အချစ်ရေးကတော့ သာသာယာယာပါပဲ။

ယတြာ ။        ။ မွေးရက်မှာ သတ်သတ်လွတ်စားပါ။

ဤစာစောင်လေးကို သူငယ်ချင်းတွေဖတ်ဖို့ SHARE လိုက်ပါ။
၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဂျူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

အကျိုးမျှော်ကိုးပြီး အလုပ်လုပ်တတ်တဲ့စိတ်တွေကို စွန့်လွှတ်လိုက်ပါ။ စိတ်ရင်းနဲ့ ကူညီလိုက်တဲ့ ကိစ္စလေးတစ်ခုကြောင့် ကောင်းကျိုးတွေ တန်ပြန်သက်ရောက်လာတတ်တယ်။ အဝေးကနေ သတင်းကောင်းကြားရတတ်တယ်။ သူငယ်ချင်းထက် ပိုချင်တဲ့သူကြောင့် ရင်ခုန်ရကိန်းရှိတယ်။

ယတြာ ။        ။ ကံတွေ ကောင်းသထက်ကောင်းဖို့ ရေလှူအသင်းတွေမှာ ရေလှူပေးပါ။

ချစ်ရသူ ၃ယောက်ကို mention ခေါ်လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဂျူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        နိုင်ငံခြားနဲ့ ဆက်သွယ်လုပ်ကိုင်ရတဲ့အလုပ်တွေ အဆင်ပြေအောင်မြင်မယ်။ ဘဝအတွက်ထားရှိတဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကြိုးစားနိုင်မယ့် အခွင့်အရေးတွေ ရလာမယ်။။ ခရီးသွားရကိန်းရှိတယ်။ ငွေဝင်ကောင်းမယ်။ အချစ်ရေးမှာတော့ အတိုက်အခိုက်တွေ ရှိနေတတ်ပါတယ်။

ယတြာ ။        ။ မိဘမဲ့ကလေးကျောင်းမှာ တတ်နိုင်သလောက် သွားရောက်လှူဒါန်းပါ။

သူငယ်ချင်းတွေရဲ့ timeline ပေါ်မှာ ဒီဗေဒင်စာစောင်လေးတွေကို SHARE ပေးလိုက်ပါ။

၆။ ကံရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

နောင်တတွေထဲမှာ တဝဲလည်လည်ဖြစ်မနေဘဲ အနာဂတ်အတွက် စတင်ကြိုးစားသင့်ပါပြီ။ ဘဝအတွက် အခွင့်အလမ်းကောင်းတွေကို မလွတ်တမ်းဆုပ်ကိုင်နိုင်အောင်ကြိုးစားပါ။ မိတ်ဆွေသစ်တွေကြောင့် လုပ်ငန်းအတွက် ပိုပြီး အကျိုးရှိလာနိုင်တယ်။ အချစ်ရေးမှာ ပိုမိုခိုင်မာတဲ့ သံယောဇဉ်တွေ ဖြစ်တည်လာမယ်။

ယတြာ ။        ။ ကံဇာတာတက်အောင် အိမ်ကဘုရားစင်မှာ သစ်သီးဆွမ်းကပ်လှူပါ။

သူငယ်ချင်းတွေဖတ်ဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိသားစုဝင်တွေအပေါ်၊ ချစ်ရသူအပေါ် ပျက်ကွက်ခဲ့တာတွေ များနေတဲ့အတွက် အချိန်ပေးပြီး သူတို့ကို ဂရုစိုက်ပေးသင့်ပါတယ်။ အလုပ်ကိစ္စတွေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်အောင်နိုင်ဖို့ အကောင်းဆုံးလက်နက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုပါ။ ငွေကြေးကိစ္စတွေ ဖြေရှင်းပေးရင်း သင်ခန်းစာကောင်းတွေ ရလာမယ်။ သူတစ်ပါးအကျိုးဆောင်ရင်း ကိုယ့်အကျိုးအောင်မယ့် ကာလလည်းဖြစ်ပါတယ်။

ယတြာ ။        ။ သူဆင်းရဲကလေးငယ်လေးတွေကို တတ်နိုင်သလောက် ကျွေးမွေးပေးကမ်းပါ။

သူငယ်ချင်း ၃ယောက်ရဲ့ Timeline ပေါ်မှာ ဒီစာစောင်လေးကို SHARE ပေးလိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

        သင်ပေးသမျှအကြံဉာဏ်တိုင်းက သင့်သူငယ်ချင်းတွေအတွက် အသုံးဝင်နေလိမ့်မယ်။ အလုပ်ကိစ္စတွေမှာ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ သင့်ရဲ့ဆုံးဖြတ်ချက်တိုင်းကို သေချာစဉ်းစားပြီးမှ ချမှတ်ပါ။ သာမန်ထက်များတဲ့ဝင်ငွေတွေ ရလာလိမ့်မယ်။ ကောင်းစွာစီမံသုံးစွဲပါ။ အချစ်ရေးမှာ အတွေးမှားခြင်းကြောင့် နောင်တတွေ ရတတ်ပါတယ်။

ယတြာ ။        ။ ခိုစာကျွေးပြီး လိုရာဆုတောင်းပါ။

ရာသီခွင်တူ သူငယ်ချင်းတစ်ဦးကို mention ခေါ်လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

မကြာသေးခင်ကမှ ခင်မင်ခဲ့ရတဲ့လူတစ်ယောက်ကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ တိုးပွားလာမယ်။ အတိတ်ကအမှားတွေကြောင့် စိတ်ဖိစီးမှုဖြစ်နေတတ်တယ်။ အတိတ်ကို မေ့ပြီး အနာဂတ်အတွက် ကြိုးစားလိုက်ပါ။ ကြိုးစားသလောက် အရာထင်လာမယ့်အချိန်ဖြစ်ပါတယ်။ အချစ်ရေးမှာ နောက်ကျောကို ဓားနဲ့ထိုးခံရတတ်တယ်။

ယတြာ ။        ။ ကံဇာတာကောင်းဖို့ မနက်တိုင်း ဘုရားရှစ်ခိုးပါ။

သူငယ်ချင်း ၃ ယောက်ကို mention ခေါ်လိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

သင်လုံးဝမဖြေရှင်းနိုင်ဘူးလို့ထင်ထားတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းတွေ ပေါ်ပေါက်လာလိမ့်မယ်။ နေမြဲအတိုင်းသာနေပါ။ အတိတ်က ခင်မင်ခဲ့သူတစ်ဦးဆီကနေ သင့်အလုပ်အကိုင် ကိစ္စတွေအတွက် သတင်းကောင်းကြားရတတ်တယ်။ အလုပ်တွေကို အကောင်အထည် ဖော်နိုင်ဖို့ကြိုးစားပါ။ အပေါင်းအသင်းတွေကြား အထင်လွဲမှုလေးတွေ ကြုံရတတ်တယ်။

ယတြာ ။        ။ မနက်ခင်းမှာ ငှက်ကလေးတွေကို အစာကျွေးပါ။

သူငယ်ချင်းတွေဖတ်ဖို့ ဒီဗေဒင်စာစောင်လေးကို SHARE လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

ကောလဟာလတွေကြောင့် စိတ်ရှုပ်ရတတ်တယ်။ ဘယ်သူတွေ ဘာတွေပြောပြော ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ဘဝကိုယ် တိုးတက်အောင် ကြိုးစားမြှင့်တင်ပါ။ မိတ်ဆွေတစ်ယောက်ရဲ့ အကူအညီကြောင့် အစစအရာရာ အဆင်ပြေသွားလိမ့်မယ်။ ပြောင်းလဲမှုတွေ ကြုံရတတ်တယ်။ လက်ခံနိုင်ဖို့ ပြင်ထားပါ။

ယတြာ ။        ။ ဒီတစ်ပတ်လုံး မိဘကို ကန်တော့ပြီးမှ အလုပ်သွားပါ။

သူငယ်ချင်းတွေလည်း ဖတ်နိုင်ဖို့ ဒီစာစောင်ကို SHARE လိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

        အလုပ်အပေါ်ကောင်းကောင်း အာရုံမစိုက်နိုင်တာကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ဘူးဖြစ်နေတတ်တယ်။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားသိအောင် ကြိုးစားပါ။ အစီအစဉ်အသစ်တွေ ပြောင်းလဲ ရေးဆွဲပါ။ အချစ်ရေးမှာ ပဋိပက္ခလေးတွေ ရှိနိုင်ပေမဲ့ စစ်မှန်တဲ့ ချစ်ခြင်းကြောင့် အရာရာကို ကျော်လွှားနိုင်မှာပါ။

ယတြာ ။        ။ ငါးစာကျွေးခြင်းက သင့်ကို ကံဇာတာတက်စေမှာပါ။

မျှဝေတယ်ဆိုတာ ကုသိုလ်တစ်မျိုးဖြစ်တာကြောင့် ဒီစာစောင်လေးကို SHARE လိုက်ပါ။