၂ဝ၁၇၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဇန်နဝါရီ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ
         အလုပ်ထဲမှာ အတွေ့အကြုံသစ်တွေနဲ့ တက်ကြွနေမယ့်ကာလဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက် အသစ်တွေနဲ့တွေ့ဆုံရပြီး ပညာယူစရာတွေလည်း အများကြီးရရှိမယ်။ ကြံရွယ်ထားတဲ့စိတ်ကူးတွေကို သေချာအကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ပါ။ တခြားသူတွေကိုလည်း ကူညီခွင့်ရမယ်။ အ ချစ်ရေးအထူးသာယာနေပါတယ်။
ယတြာ။         ။ မွေးရက်မှာ အရိပ်ရပင်၃-ပင်စိုက်ပါ။ ယခုစာစောင်လေးကို SHARE ပြီး အရင်းနှီးဆုံး သူငယ်ချင်း ၁-ယောက်ကို mention ခေါ်လိုက်ပါ။
၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ
          အပေါင်းအသင်းခင်တတ်တဲ့စိတ်ကိုလျှော့ပြီး အလုပ်ထဲအာရုံစိုက်ရမယ့်အချိန်ဖြစ်ပါတယ်။ အ ခွင့်အလမ်းကောင်းတွေက သင့်ကို စောင့်ကြိုနေပါတယ်။ တနင်္လာနံနဲ့စတဲ့အလုပ်တွေက အကျိုးပေး မယ်။  အစုရှယ်ယာလုပ်ငန်းတွေကို မစဉ်းစားသင့်သေးပါ။ အချင်းများရတတ်ပါတယ်။
ယတြာ။         ။ မွေးနံထောင့်မှာ သက်စေ့ရေသပ္ပာယ်ပါ။ ယခုစာစောင်လေးကို SHARE လိုက်ပါ။
၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ
         စကားအချေအတင်ဖြစ်တတ်တဲ့အတွက် မှန်တိုင်းလည်း မပြောသင့်တဲ့ကာလဖြစ်ပါတယ်။ ရိုး ရိုးကျင့်မြင့်မြင့်ကြံပါ။ သင့်ဘက်က ရပ်တည်ပေးမယ့်သူတွေ ပေါ်လာပါလိမ့်မယ်။ အစုရှယ်ယာလုပ်ငန်း တွေ အကျိုးပေးနေပါတယ်။ အင်္ဂါနံနဲ့စတဲ့လုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်ပါ။ အချစ်ရေးစန်းပွင့်နေ တယ်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
ယတြာ။         ။ မွေးရက်မှာ လူကြီးမိဘတွေကို ငွေကြေးနဲ့ကန်တော့ပါ။ ယခုစာစောင်လေးကို LIKE & SHARE လုပ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ သင်နဲ့သင့်ချစ်သူကြားမှာ ခဏခဏစိတ်ကောက်နေရတတ် တယ်။ ကြားစကားတွေကို နားမယောင်ပါနဲ့။ ပညာရပ်အသစ်သင်ဖို့ အခွင့်အလမ်းကောင်းပေါ်မယ်။ သင့်ရဲ့အလုပ်အကိုင်ကို အထောက်အကူပြုမယ့်ပညာရပ်မို့ ကြိုးစားသင်ယူလိုက်ပါ။ ငွေကြေးကံ ကောင်းနေတယ်။ ၁ နဲ့ ၉ များများပါတဲ့ နံပါတ်ကို ရွေးပြီးထီထိုးပါ။
ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းနယ်ကျွေးပါ။ ယခုစာစောင်လေး ကို LIKE & SHARE လုပ်ပြီး တခြားသူတွေကို မျှဝေပေးလိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ရောက်လေရာမှာ စန်းပွင့်ပြီး ချစ်ခင်သူတွေဝိုင်းဝိုင်းလည်နေတဲ့ကာလဖြစ်ပါတယ်။ ဘယ်သူ့ကို ရွေးချယ်ရမှန်းမသိဘဲ ဗျာများနေရတတ်တယ်။ လုပ်ငန်းတိုးတက်မှုအခြေအနေ နည်းနည်းငြိမ်နေပါ တယ်။ လိုအပ်နေတာတွေကို ဖြည့်စွက်ပြီး ပိုမိုကြိုးစားလိုက်ပါ။ ယာယီခရီးတစ်ခု ထွက်ရတတ်တယ်။ သင့်အတွက် ကံကောင်းခြင်းတွေသယ်ဆောင်လာမယ့်ခရီးဖြစ်ပါတယ်။

ယတြာ။         ။ သင်တတ်နိုင်တဲ့ငွေကြေးပမာဏတစ်ခုကို ပံ့သကူပစ်လိုက်ပါ။ သင့်အခင်မင်ဆုံးသူ ငယ်ချင်းကို Tag တွဲပြီး ယခုစာစောင်လေးကို SHARE လိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ
          သင့်အားနာမှုကို အသုံးချပြီး လိုတာထက်ပိုအခွင့်အရေးယူချင်သူတချို့ကြောင့် စိတ်အနှောင့် အယှက်ဖြစ်နေရတဲ့ကာလဖြစ်ပါတယ်။ သင့်ဘက်က မှန်မှန်ကန်ကန်သာ တုံ့ပြန်လိုက်ပါ။ အဆင်ပြေ သွားမှာပါ။  မိသားစုအတွင်း ပျော်ရွှင်စရာသတင်းကောင်းကြားရမယ်။  နိုင်ငံရပ်ခြားခရီးထွက်ရကိန်းရှိ တယ်။ ကျန်းမာရေးဂရုစိုက်ပါ။

ယတြာ။         ။ ခက်ခဲနေသူတစ်ဦးကို ငွေကြေးကူညီပါ။ သင်အခင်မင်ဆုံးသူငယ်ချင်း ၃-ယောက်ကို Tag တွဲပြီး ယခုစာစောင်လေးကို SHARE လိုက်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ
          တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုခု ကျပျောက်တတ်တယ်။ ယခုအတောအတွင်း သတိပြုပါ။ အလုပ်အ ကိုင်အခွင့်အလမ်းပွင့်လန်းနေပါတယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ အလုပ်အင်တာဗျူးဖြေဆို ထားသူများ အင်တာဗျူးအောင်မယ်။  အချစ်ရေးအဆင်ပြေပါတယ်။ ကျန်းမာရေးအနေနဲ့ ဆီးပူဆီး အောင့်ဖြစ်တတ်တယ်။ အပူအစပ်ရှောင်ပါ။
ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။ ယခုစာစောင်လေးကို SHARE လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)        

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ
          ချစ်ခင်သူတွေနဲ့ ယာယီခွဲခွာနေထိုင်ရမယ့် အကြောင်းအရင်းတွေပေါ်ပေါက်လာတတ်တဲ့ ကာ လပါ။ အလုပ်ထဲမှာ အထက်အရာရှိအကြီးအကဲတွေရဲ့ ထူးထူးခြားခြား မျက်နှာသာပေးမှုတွေကို ရရှိ မယ်။ လူကြီးမိဘနဲ့ ဆရာသမားတွေရဲ့ အကြံကောင်းတွေကို ရရှိမယ်။ လူယုံသစ္စာဖောက်တတ်တာ ကြောင့် အရေးကြီးတဲ့ကိစ္စတွေဆိုရင် လူတိုင်းကို မပြောပြပါနဲ့။
ယတြာ။         ။ ကလေးတွေကို မုန့်ဝယ်ကျွေးပါ။ သင်နဲ့တိုက်ဆိုင်တာလေးတွေပါတယ်ဆိုရင် ယခု စာစောင်လေးကို SHARE လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ
          ကြန့်ကြာနေတဲ့ကြွေးဟောင်းတွေပြန်ရပြီး ငွေကြေးအဝင်များမယ့်ကာလဖြစ်ပါတယ်။ ဒါပေမဲ့ ငွေကြေးကုန်ကျစရာတွေကလည်း များပြားနေတာကြောင့် သေချာစီစစ်နိုင်လွန်းမှ တော်ကာကျပါလိမ့် မယ်။ ခရီးထွက်ရကိန်းရှိတယ်။ ရေလမ်းခရီးကို ရှောင်ပါ။ ရေထွက်ပစ္စည်းတွေ အကျိုးမပေးသေးပါဘူး။

အိမ်ထောင်ရှင်များ အိမ်ထောင်ရေးသာယာပါမယ်။

ယတြာ။         ။ မွေးရက်မှာ သက်ကြီးဘိုးဘွားတွေကို ငွေကြေးနဲ့ကန်တော့ပါ။ ယခုစာစောင်လေးကို SHARE လိုက်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ
          လုပ်ကိုင်ဖို့စိတ်ကူးထားတဲ့လုပ်ငန်းတွေကို ရေရှည်အတွက် ကြည့်ပြီးမှစတင်ပါ။ အလောသုံး ဆယ်နဲ့ မဆုံးဖြတ်ပါနဲ့။ ငွေကြေးကိစ္စ အရှုပ်အရှင်းဖြစ်တတ်တယ်။ အရေးကြီးတဲ့ငွေပေးငွေယူကိစ္စ တွေမှာ စာချုပ်စာတမ်းနဲ့ အခိုင်အမာပြုလုပ်ပါ။ ငွေချေးတဲ့အခါ ယုံကြည်စိတ်ချရတဲ့သူကိုသာ ချေးငှား ပါ။ ကျန်းမာရေးကောင်းမွန်ပါတယ်။
ယတြာ။         ။ ခက်ခဲနေသူတစ်ဦးကို ငွေကြေးကူညီပါ။ သင်အခင်မင်ဆုံးသူငယ်ချင်း ၁-ယောက်ကို Tag တွဲပြီး ယခုစာစောင်လေးကို SHARE လိုက်ပါ။
၁၁။ ကုံရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ
          စကားအရှုပ်အရှင်းလုပ်တတ်တဲ့သူတွေကြောင့် ချစ်ခင်သူတွေနဲ့သင့်အကြားမှာ အထင်အမြင် လွဲမှားမှုတွေ ဖြစ်ပေါ်တတ်တဲ့ကာလပါ။ စကားအပြောအဆိုမမှားအောင် ဂရုစိုက်ဆင်ခြင်ပါ။ ကွဲကွာ နေရတာကြာပြီဖြစ်တဲ့ မိတ်ဆွေတစ်ယောက်ဆီက အံ့သြစရာလက်ဆောင်တစ်ခုကို လက်ခံရရှိတတ် တယ်။ လက်ခံရရှိတယ်ဆိုရင် ထီထိုးလိုက်ပါ။
ယတြာ။         ။ မွေးရက်မှာ စံပယ်သက်စေ့လှူပါ။ သင်နဲ့တိုက်ဆိုင်တာလေးတွေပါတယ်ဆိုရင် ယခု စာစောင်လေးကို SHARE လိုက်ပါ။
၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အလုပ်နဲ့ပတ်သက်ပြီး သွားဖို့ပြင်ဆင်နေတဲ့ခရီးတွေ နှောင့်နှေးကြန့်ကြာနေဦးမယ့်ကာလဖြစ် ပါတယ်။ လုပ်သမျှလေးတွေမှာ အလွဲလေးတွေနဲ့ တေ့လွဲနေတာကြောင့် အလုပ်အပေါ် ခါတိုင်းထက် ပိုမိုအာရုံစိုက်ပေးပါ။ အချစ်ရေးမှာ နားလည်မှုလေးတွေနဲ့ ပျော်ရွှင်နေရပါမယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်တယ်။ အစားအသောက်ဆင်ခြင်ပါ။

ယတြာ။         ။ မွေးနံထောင့်မှာ သပြေညွှန့် ၉-ညွှန့်လှူပါ။ ယခုစာစောင်လေးကို SHARE လိုက်ပါ။