၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇန်နဝါရီ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဘဝအတွက် အရေးပါတဲ့အလုပ်တွေထဲ နစ်မြုပ်ပြီး မိသားစုနဲ့အချစ်ရေးကို အချိန်မပေးနိုင်တဲ့ ကာလဖြစ်ပါတယ်။ နားလည်မှုတွေလွဲနေတာကြောင့် အချစ်ရေးမှာ စိတ်ဖိစီးနေရတတ်တယ်။ ဒါပေမဲ့ ပြဿနာတွေကို ထိပ်တိုက်မရင်ဆိုင်ဘဲ အေးအေးဆေးဆေးဖြေရှင်းပါ။ သိပ်မကြာခင် အားလုံးပြေ လည်သွားမှာပါ။ ကြားဝင်သွေးထိုးတတ်သူတွေကို သတိထားပါ။

ယတြာ ။        ။ သူငယ်ချင်းတစ်ယောက်ရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးပါ။ ဤစာစောင်ကို သူ ငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အလုပ်မှာစကားမတည်သူတချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ ရလဒ်ကောင်းတွေ ထွက်နေတာကြောင့် စိတ်ချမ်းသာရမယ့်ကာလပါ။ အခွင့်အလမ်းတွေက စောင့်ကြိုနေတာကြောင့် အားထုတ်မှုတွေကို နှစ်ဆတိုးလိုက်ပါ။ မမျှော်လင့်ဘဲ ချစ်သူနဲ့ ပျော်စရာခရီးထွက်ရတတ်တယ်။ မိခင် ရဲ့ကျန်းမာရေးကို ဂရုစိုက်ပါ။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ မကျန်းမာသူကို ဆေးဝါးဒါနပြုပါ။ ယခုဗေဒင်ကိုမျှဝေဖို့ ရာသီခွင်တူတဲ့ သူငယ်ချင်း ၁-ယောက်ကို Tag တွဲပြီး SHARE လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ(၂၂)မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ
          အလုပ်မှာ အတိုက်အခိုက်နဲ့ အနှောင့်အယှက်လေးတချို့ကြောင့် စိတ်ရှုပ်ရတဲ့ကာလပါ။ ရန်ကို ရန်ချင်းမတုံ့နှင်းဘဲ လုပ်စရာရှိတာကိုသာ မှန်မှန်လုပ်သွားပါ။ မကြာခင်မှာ အားလုံးကိုကျော်ဖြတ်နိုင်မှာ ပါ။ ငွေကြေးကိစ္စတွေမှာ အယုံမလွယ်ပါနဲ့။ အလိမ်ခံရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးသာယာ ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ပညာရပ်အသစ်တစ်ခုသင်ဖို့ အခွင့်အလမ်းကောင်းပေါ်မယ်။ အခွင့်အ လမ်းကို လက်လွှတ်မခံဘဲ ကြိုးစားသင်ယူလိုက်ပါ။

ယတြာ။         ။ ဘေးဘယာတွေ ဝေးကွာစေဖို့ ဗယာကြော်ပြီး အိမ်နီးချင်းတွေကို ဝေလိုက်ပါ။ ယခု စာစောင်ကို SHARE ပြီး တခြားသူတွေအတွက် ဝေမျှပေးလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
        အတန်ငယ်စိတ်လေနေတဲ့ကာလဖြစ်ပါတယ်။ စိတ်နဲ့လူမကပ်တာကြောင့် ငွေကြေးကိစ္စနဲ့ အ ရေးကြီးတဲ့အလုပ်ကိစ္စတွေမှာ နှုတ်ကျွံတတ်တယ်။ အထူးသတိပြုပါ။ နေအိမ်ကို စက်ပစ္စည်းကြီးကြီး မားမားဝင်ကိန်းရှိတယ်။ မိသားစုတွင်းမှာ အပြောင်းအလဲအသစ်ပေါ်မယ်။ ပျော်စရာ အပြောင်းအလဲ ဖြစ်ပါတယ်။ ချစ်သူနဲ့ ခဏခဏစိတ်ဆိုးစိတ်ကောက်နေရတတ်တယ်။ နားလည်မှုလေးတွေကို တည် ဆောက်လိုက်ပါ။

ယတြာ။         ။ အလှူဒါနလေးတွေကို လက်လှမ်းမီသလောက် လုပ်ပါ။ ရာသီခွင်တူတဲ့ သူငယ်ချင်း ၃-ယောက်ကို mention ခေါ်ပြီး ယခုစာစောင်လေးကို မျှဝေပေးလိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
မမျှော်လင့်တဲ့ ဘဝအချိုးအကွေ့အပြောင်းအလဲတွေကို သင်ကိုယ်တိုင်တောင် အံ့အားသင့်နေ မိရမယ့်ကာလဖြစ်ပါတယ်။ အလုပ်နေရာသစ်ပြောင်းရွှေ့ရတတ်တယ်။ အချစ်သစ်တွေ့တတ်တယ်။ မိတ်ဆွေသူငယ်ချင်းအသစ်တွေ့ရတတ်ပါတယ်။ ကြုံတွေ့ရတဲ့အပြောင်းအလဲတွေဆီက အခွင့်အရေး တွေကို ရယူဖမ်းဆုပ်လိုက်ပါ။ တိုးတက်အောင်မြင်မှုတွေက သင့်ကိုစောင့်ကြိုနေပါတယ်။

ယတြာ။         ။ အိမ်ရှေ့မှာ အရိပ်ရသစ်ပင်စိုက်ပါ။ သင်နဲ့တိုက်ဆိုင်တဲ့ အချက်လေးတွေကို ထုတ် နှုတ်ပြီး ယခုစာစောင်လေးကိုပါ သင့် Wall ပေါ် SHARE လိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ
အဖက်ဖက်က စီးပွားရေး၊ လူမှုရေးကိစ္စတွေနဲ့ ရှုပ်ရှတ်ခတ်နေတဲ့ကာလဖြစ်ပါတယ်။ ငွေကုန် ကြေးကျများပြီး ကိုယ်ပိုင်အချိန်နည်းနေတာကြောင့် စိတ်မောလူမောဖြစ်နေပါမယ်။ သင်ချစ်ခင်ရသူ တွေကို လွယ်လွယ်နဲ့ ကတိမပေးပါနဲ့။ လက်ရှိမှာ ကတိမတည်နိုင်သေးတာကြောင့် အခင်မင်ပျက်ရ တတ်တယ်။ ဆရာသမားကောင်းတွေနဲ့ ဆုံတွေ့ခွင့်ရတတ်တယ်။ အလုပ်ကို ပေးကမ်းစွန့်ကြဲမှုလေး တွေနဲ့ တွဲလုပ်ပါ။

ယတြာ။         ။ ကံကောင်းစေဖို့ ကန်စွန်းရွက်ကြော်ပြီး သံဃာ(၃)ပါးကို လောင်းလှူပါ။ တိုက်ဆိုင်တဲ့ အချက်လေးတွေပါတယ်ဆိုရင် SHARE လိုက်ပါဦးနော်။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ
ကြိုးစားသလောက် အရာထင်နေတဲ့အလုပ်လေးတွေကြောင့် ပျော်ရွှင်နေရတဲ့ကာလဖြစ်ပါ တယ်။ ကြိုးစားမှုတွေကို နှစ်ဆထပ်တိုးလိုက်ပါ။ အောင်မြင်မှုတွေက သင့်ကို ဆီးကြိုနေပါတယ်။ မိတ် ဆွေသူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံရတတ်တယ်။ နေအိမ်ကို ညအိပ်ညနေဧည့်သည်လာမယ်။ လူ ကြည့်ပြီးမှ လက်ခံပါ။ အမှုတွဲထဲ ပါတတ်တယ်။ အချစ်ရေး အဆင်ပြေပါတယ်။
ယတြာ။         ။ မွေးရက်မှာ အရင်းနှီးဆုံးသူငယ်ချင်း၃-ယောက်ကို ထီလက်မှတ်တစ်စောင်စီဝေပါ။ ကြံစည်သမျှအောင်မြင်စေဖို့ ယခုစာစောင်လေးကို SHARE လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)        

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ
          လွမ်းရေးထက် ဝမ်းရေးခက်နေတဲ့ကာလဖြစ်ပါတယ်။ မိသားစုကိစ္စတွေကြောင့် ချစ်သူကို အ ချိန်မပေးနိုင်ဘဲဖြစ်နေမယ်။ စိတ်ဖိစီးမှုများနေတာကြောင့် ပြဿနာတွေဖြေရှင်းရာမှာ ပြဿနာပိုကြီး အောင် စကားမှားမိတတ်တယ်။ အပြောအဆိုဆင်ခြင်ပါ။ အခက်အခဲတွေကို ကူညီမယ့်သူပေါ်တတ်ပါ တယ်။ စိတ်ရှည်သည်းခံခြင်းတွေနဲ့ကျော်ဖြတ်ရင် သိပ်မကြာခင် အဆင်ပြေသွားပါလိမ့်မယ်။

ယတြာ။        ။ အစစအရာရာအဆင်ပြေဖို့ သူတစ်ပါးအခက်အခဲတစ်ခုကို ကူညီပေးလိုက်ပါ။ ယခုစာ စောင်လေးကို SHARE လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ
          လူမှုရေးတွေများပြီး ဝင်ငွေနဲ့ထွက်ငွေမမျှတတာကြောင့် စိတ်မောနေရမယ့်ကာလဖြစ်ပါတယ်။ ဘဝအတွက် ရွေးချယ်ဖို့ အခွင့်အလမ်းနှစ်ခု တစ်ပြိုင်နက်တည်းပေါ်တတ်တယ်။ သင်လေးစားယုံ ကြည်ရတဲ့မိဘဆွေမျိုး၊ အကြီးအကဲတွေနဲ့ တိုင်ပင်ပြီး ပိုသင့်တော်တဲ့လမ်းကို ရွေးချယ်သင့်ပါတယ်။ အချစ်ရေးမှာ ပြိုင်ဘက်ပေါ်တတ်တယ်။ စစ်မှန်တဲ့သင့်ရဲ့ချစ်ခြင်းမေတ္တာတရားနဲ့သာ ပြိုင်ဘက်ကို အနိုင်ယူလိုက်ပါ။
ယတြာ။         ။ မွေးရက်မှာ ကြာဆန်ကြော်ဆွမ်းလောင်းပါ။ ယခုစာစောင်လေးကို LIKE & SHARE လုပ်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ
          အဟောင်းတွေနဲ့ အကျိုးပေးနေတဲ့ကာလပါ။ ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေပြန်ရမယ်။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့ရတတ်တယ်။ ပျောက်ဆုံးသွားတဲ့ပစ္စည်းဟောင်းတွေ ပြန်တွေ့မယ်။ အချစ်ရေးမှာ သင်တိတ်တခိုးချစ်နေသူဆီက မမျှော်လင့်တဲ့တုံ့ပြန်မှုကောင်းကို ပိုင်ဆိုင်ခွင့်ရတတ်ပါ တယ်။ ကျန်းမာရေးအနေနဲ့ အစားမှားပြီး ဝမ်းပျက်တတ်တယ်။ အစားအသောက် ဆင်ခြင်ပါ။
ယတြာ။         ။ ကျန်းမာစေဖို့ လိုအပ်နေသူတွေကို ဆေးဝါးဒါနပြုပါ။ သင်ချစ်ခင်တဲ့သူ၂-ယောက်ကို Tag တွဲပြီး ယခုစာစောင်လေးကို SHARE လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ
မလိုသူတွေရဲ့အတင်းအဖျင်းစကားတွေကြောင့် အလုပ်လုပ်ရတာ အနည်းငယ် ကသိက အောက်ဖြစ်နေရတဲ့ကာလဖြစ်ပါတယ်။ ကြားလူတွေကြောင့် ပြဿနာပိုကြီးနိုင်တဲ့အတွက် စကားအ ပြောအဆို ဆင်ခြင်နေလိုက်ပါ။ မိသားစုအတွက် ပိုအချိန်ပေးပါ။ ဘာသာတရားကို ပိုလိုက်စားလိုက် ပါ။ စိတ်စေတနာကောင်းတွေနဲ့အခက်အခဲတွေကို ကျော်ဖြတ်လိုက်ပါ။ သင့်ကိုချစ်တဲ့သူတွေက သင့် ကို ကူညီကြပါလိမ့်မယ်။
ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုခုလုပ်ပါ။ ယခုစာစောင်လေးကို SHARE ပြီး အရင်းနှီးဆုံး သူငယ်ချင်း ၁-ယောက်ကို mention ခေါ်လိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြားမှာ ဗျာများနေရတဲ့ကာလဖြစ်ပါတယ်။ သင့်ဘဝအတွက် ပိုအရေးကြီးတဲ့အရာကို မိဘအကြီးအကဲတွေနဲ့ တိုင်ပင်ပြီး ရွေးချယ်သင့်ပါတယ်။ စပ်တူရှယ်ယာ လုပ်ငန်းတွေလုပ်ဖို့ အခွင့်အလမ်းပေါ်မယ်။ ငွေကြေးလက်လွန်တတ်တာကြောင့် သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ အချစ်ရေးသာယာပါတယ်။

ယတြာ။         ။ အလုပ်လေးတွေ အဆင်ပြေချောမွေ့စေဖို့ မွေးရက်မှာ ဘုရားရင်ပြင်တော်ပေါ်မှာ သန့်ရှင်းရေးလုပ်ပါ။ ယခုစာစောင်လေးကို SHARE ပြီး တခြားသူတွေကို မျှဝေပေးလိုက်ပါ။