၂၀၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာ၁၉-ရက်နေ့မှ ၂၅-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

မိသားစုအကြား သဘောထားကွဲလွဲစရာအဖြစ်တွေကြောင့် အတန်ငယ်စိတ်အနှောင့်အယှက် ဖြစ်နေရတဲ့ ကာလဖြစ်ပါတယ်။ စိတ်မပူပါနဲ့။ မကြာခင်မှာ အားလုံးပြန်ပြေလည်သွားမှာပါ။ အစုရှယ် ယာလုပ်ငန်းတွေလုပ်ကိုင်ဖို့ အခွင့်အလမ်းကောင်းပေါ်မယ်။ အချစ်ရေးသာယာပါတယ်။ ကျန်းမာရေး အနေနဲ့ အလွန်အမင်း အာရုံစိုက်ရတဲ့အလုပ်တွေကို နည်းနည်းလျှော့ပါ။

ယတြာ ။        ။လမ်းဘေးခွေးလေးများကို အစာကျွေးပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အဆင်မပြေတဲ့အချစ်ရေးအခြေအနေကြောင့် အတန်ငယ်စိတ်အနှောင့်အယှက်ဖြစ်နေရတဲ့ ကာလဖြစ်ပါတယ်။  ကြားစကားတွေကို နားမထောင်ဘဲ ချစ်သူနဲ့နားလည်မှုတည်ဆောက်ပါ။ မကြာ ခင် အဆင်ပြေသွားမှာပါ။ မိသားစုအတွင်း သတင်းကောင်း တစ်ခုရောက်လာမယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ ။        ။မွေးနေ့မှာ ဆေးရုံမှာ ဆန်ပြုတ်ဒါနပြုပါ။ ဤစာစောင်ကို LIKE & SHARE လုပ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ
ကြိုးစားသမျှ အရာထင်နေတဲ့စီးပွားရေးကြောင့် ကျေနပ်ပျော်ရွှင်နေရတဲ့ကာလဖြစ်ပါတယ်။ ကြံရွယ်ထားတဲ့လုပ်ငန်းသစ်တွေရှိရင် စတင်လိုက်ပါ။ ဆရာသမားကောင်းတွေရဲ့ အကူအညီကို ရရှိ တတ်ပါတယ်။ အလှူအတန်းပြုရတတ်တယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်တယ်။ အစားအ သောက် ဆင်ခြင်သတိပြုပါ။
ယတြာ ။        ။နာမကျန်းဖြစ်နေသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။ သင်နဲ့ရာသီခွင်တူ သူငယ်ချင်း (၃) ယောက်ကို mention ခေါ်လိုက်ပါ။
၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အနာဂတ်အတွက် ခြေလှမ်းသစ်တွေနဲ့ တက်ကြွနေမယ့် ကာလဖြစ်ပါတယ်။ အခွင့်အလမ်း ကောင်းတွေလည်း ပေါ်တတ်ပါတယ်။ အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းများနဲ့ ငွေကြေးကိစ္စအရှုပ် အရှင်းကြုံရတတ်တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး စကားလွန်တာ၊ နှုတ်ကျွံတာမျိုးမဖြစ်အောင် ဆင်ခြင် ပါ။ ပညာရေးကံကောင်းနေပါတယ်။ အလုပ်အင်တာဗျူးဖြေထားသူများ အင်တာဗျူးအောင်မယ်။

ယတြာ ။        ။သူငယ်ချင်းတစ်ယောက်ကို ဟော့ပေါ့ကျွေးပါ။ ဤစာစောင်ကို SHARE ပြီး သင်အား အခင်မင်ရဆုံးသူကို TAG လုပ်လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ကြိုးစားသမျှ အရာမထင်ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် စိတ်မောလူမောဖြစ်နေရတဲ့ ကာလဖြစ်ပါတယ်။ လူမှုရေးတွေလည်းများနေတတ်တယ်။ မမျှော်လင့်ဘဲ ခရီးစဉ်တစ်ခုပေါ်လာတတ် တယ်။ သင့်အတွက် ကံကောင်းခြင်းတွေယူဆောင်လာတဲ့ခရီးဖြစ်ပါတယ်။ မိသားစုအကြီးအကဲ ကျန်း မာရေးဂရုစိုက်ပါ။

ယတြာ ။        ။မွေးရက်မှာ သံဃာတစ်ပါးကို ဝတ္ထုငွေကပ်လှူပါ။ ရာသီခွင်တူတဲ့ သူငယ်ချင်းတစ် ယောက်ကို mention ခေါ်လိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

ကြန့်ကြာနေတဲ့ကြွေးဟောင်းတွေ မမျှော်လင့်ဘဲ ပြန်ရတတ်တယ်။ အိမ်ကို စက်ပစ္စည်းအသစ် ဝင်မယ်။ အိုးအိမ်ပြုပြင်ရတတ်တယ်။ ကျန်းမာရေးအနည်းငယ်ချူချာနေမယ်။ ထီး၊ ဖိနပ်စုတ်တွေရှိရင် လွှင့်ပစ်လိုက်ပါ။ အချစ်ရေး ကံကောင်းနေပါတယ်။

ယတြာ ။        ။ကြောင်ကလေးတွေကို ငါးကြော်ကျွေးလိုက်ပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအ တွက် SHARE ပေးလိုက်ပါ။

၇။ တူရာသီဖွား (Libra) 
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ရောက်လေရာမှာ ချစ်ခင်သူတွေဝိုင်းဝိုင်းလည်ပြီး စန်းပွင့်နေတဲ့ကာလဖြစ်ပါတယ်။ သင် တ ကယ်ချစ်တဲ့သူကိုသာ ရွေးချယ်လိုက်ပါ။ ပညာရပ်အသစ်တင်ဖို့ အခွင့်အလမ်းနှစ်ခုတစ်ပြိုင်တည်း ပေါ်မယ်။ နားလည်တတ်ကျွမ်းတဲ့ ဆရာသမားတွေနဲ့တိုင်ပင်ပြီး သင့်ဘဝအတွက် အကောင်းဆုံး အခွင့်အလမ်းကို ရွေးချယ်လိုက်ပါ။

ယတြာ ။        ။ခိုလေးတွေကို အစာကျွေးပါ။ သင့်သူငယ်ချင်း ၃ယောက်ရဲ့ Timeline ပေါ်မှာ ဤစာစောင်ကို SHARE ပေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

        လူမှုရေးကိစ္စတွေနဲ့လုံးချာလည်ပြီး ငွေကုန်ကြေးကျများနေတဲ့ကာလဖြစ်ပါတယ်။ အချစ်ရေးမှာ အချိန်မပေးနိုင်တာကြောင့် အထင်လွဲစရာလေးတွေ ဖြစ်နေတတ်တယ်။ စိတ်မပူပါနဲ့။ မကြာခင် ပြန်အ ဆင်ပြေသွားမှာပါ။ အိမ်ကို ရပ်ဝေးဧည့်သည်ရောက်လာတတ်တယ်။ ရောက်လာရင် ထီထိုးပါ။

ယတြာ ။        ။သင့်အိမ်ရှေ့လမ်းပေါ်မှာ အမှိုက်ရှင်းပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အလုပ်ထဲမှာ မမျှော်လင့်ထားတဲ့အခက်အခဲလေးတွေကြောင့် စိတ်ပင်ပန်းရတဲ့ကာလဖြစ်ပါ တယ်။ အမှိုက်ကစ ပြဿဒ်မီးလောင်တတ်တာကြောင့် အသေးအဖွဲလေးတွေကို ပစ်မထားဘဲ ပြေ လည်အောင်ဖြေရှင်းလိုက်ပါ။ အချစ်ရေးမှာ နားလည်မှုလေးတွေနဲ့ သာယာနေတတ်ပါတယ်။ ကျန်းမာ ရေးအနေနဲ့ ဒူးနာ၊ ခါးနာတတ်တယ်။ အသွားအလာ၊ အထိုင်အထ သတိပြုပါ။

ယတြာ ။        ။မွေးနံထောင့်မှာ နှင်းဆီပန်းကပ်လှူပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကတိမတည်တဲ့လူတွေကြောင့် အလုပ်တွေ ကမောက်ကမဖြစ်ရတတ်ပါတယ်။ အရေးကြီးတဲ့ ငွေကြေးကိစ္စတွေမှာ စာချုပ်စာတန်းနဲ့ အလုပ်လုပ်ပါ။ ဆွေမျိုးထဲမှာ မင်္ဂလာသတင်းကြားရမယ်။ အလှူ အတန်းကိစ္စနဲ့ ရပ်ဝေးကို ခရီးထွက်ရတတ်တယ်။ ရေလမ်းခရီးရှောင်ပါ။

ယတြာ ။        ။ကြာဆံဟင်းခါးချက်ပြီး အိမ်နီးချင်းတွေကို ဝေပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအ တွက် SHARE ပေးလိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

မိသားစုနဲ့ အချစ်ရေးကြားမှာ ဗျာများနေရတဲ့ကာလပါ။ ပြဿနာတွေကို စိတ်လိုက်မာန်ပါ မဖြေ ရှင်းဘဲ သေချာအချိန်ယူပါ။ မကြာခင်မှာ အားလုံးပြေလည်သွားမှာပါ။ ဝန်ထမ်းဖြစ်ရင် ရာထူးတိုးကိန်း ရှိတယ်။ ငွေဝင်ကိန်းကြီးကြီးမားမားရှိ တယ်။ အစုရှယ်ယာလုပ်ငန်းတွေ အကျိုးပေးတတ်တယ်။ အင်္ဂါနံ နဲ့စတဲ့လုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်ပါ။

ယတြာ ။        ။မွေးနံထောင့်မှာ ဆီမီးကပ်လှူပါ။ မျှဝေပေးတယ်ဆိုတာ ဂရုစိုက်ခြင်းတစ်မျိုးမို့ သူငယ် ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ပစ္စည်းအပျောက်အရှဖြစ်တတ်တယ်။ အထူးသတိထားရမယ့် ကာလပါ။ သင့်အတွက် အရေး ကြီးတဲ့ ပစ္စည်းတွေ၊ စာချုပ်စာတန်းတွေကို သေချာသိမ်းဆည်းပါ။ အလုပ်နဲ့ပတ်သက်ပြီး မျှော်လင့်မ ထားတဲ့ သတင်းထူးတစ်ခုကြားရမယ်။ အချစ်ရေးအဆင်ပြေပါတယ်။ ကျန်းမာရေးအနေနဲ့ ရေချိုးဆင် ခြင်ပါ။ ဖျားနာတတ်တယ်။

ယတြာ ။        ။ကျောင်းသားကျောင်းသူများကို စာရေးကိရိယာလှူဒါန်းပါ။ ဤစာစောင်ကို သူငယ် ချင်းတွေအတွက် SHARE ပေးလိုက်ပါ။