၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ)

blank
၁။ မိရာသီဖွား (Aries )

 မတ်လ (၂၁)  မှ ပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

မိမိလုပ်ကိုင်သင့်သည့်အရာများကို ဈာန်ဝင်စားစွာ လုပ်ကိုင်တတ်သောအကျင့်ကြောင့် အောင်မြင်မှုများစွာရရှိမည်။ အနှောင့်အယှက်အဟန့်အတားများသည်လည်း သင့်၏စိတ်အားထက်သန်မှုကို မကျော်လွန်နိုင်ဖြစ်နေမည်။ အမည်ဂုဏ်သတင်း အထူးကျော်ဇောမည်။

ယတြာ- မိဘမဲ့ကျောင်းတွင် နွားနို့လှူဒါန်းပါ။ မိမိ၏ Timeline ပေါ်တွင် ဤစာကို SHARE ပေးပါ။

၂။ ပြိရာသီဖွား (Taurus )
ပြီလ(၂၁ )မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အပြောင်းအလဲများကို မိမိ၏ဘဝတက်လှမ်းအတွက် အသုံးချပြီး အောင်မြင်မှုရရှိမည့်ကာလဖြစ်သည်။ ဝန်ထမ်းများအလုပ်အကိုင်အပြောင်းအရွှေ့များကြုံတွေ့ရမည်။ အလုပ်များကို ဇယ်ဆက်သလိုလုပ်ကိုင်နေရတတ်သော်လည်း စိတ်လက်ပေါ့ပါးစွာပျော်ရွှင်နေမည့် ကာလဖြစ်သည်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယတြာ- မွေးနံထောင့်တွင် ရွှေထီးငွေထီးလှူဒါန်းပါ။ ပြိဿရာသီဖွားသူငယ်ချင်း(၃)ယောက်အား mention ခေါ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ

အလုပ်အကိုင်နှင့်ပတ်သတ်၍ ကံအထူးကောင်းသော ကာလဖြစ်သည်။ အထက်လူကြီးများမှ မိမိလုပ်ရည်ကိုင်ရည်များကို အသိအမှတ်ပြု ချီးမြှောက်မည့်ကာလဖြစ်သည်။ ကျန်းမာရေးအနည်းငယ်ညံ့ကိန်းရှိသည်။ ညအိပ်ညနေခရီးထွက်ရန် မသင့်တော်သေးပါ။
ယတြာ- ရေတွင်းရေကန်များအတွက် အလှူငွေထည့်ဝင်ပေးပါ။ ကြာသပတေးသားသမီးတစ်ယောက်ကို mention ခေါ်ပါ။

၎။ ကရက်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

အကြံဉာဏ်အသစ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပါ။ အများကလုပ်ဆောင်ရန် တွန့်ဆုတ်နေသောကိစ္စများကို စွန့်ဦးလုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှုများစွာ ရရှိမည်။ အစပြုထားသောကိစ္စရပ်များကို ပြီးမြောက်အောင်မြင်သည်အထိလုပ်ဆောင်တတ်သည့် အကျင့်ကိုမွေးမြူပါ။
ယတြာ- လမ်းတံတားအလှူငွေ ပေးအပ်ပါ။ ကရကဋ်ရာသီဖွားသူငယ်ချင်းကို tag တွဲ၍ ဤစာကို SHARE ပေးပါ။

၅။ သိဟ်ရာသီဖွား (Leo)   
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိမိ၏အမြင်များကို သေချာစွာစဉ်းစားဆုံးဖြတ်ခြင်းမရှိပါဘဲ ထုတ်ဖော်မပြောပြပါနှင့်။ အလုပ်အကိုင်နှင့်ပတ်သတ်၍ ပြိုင်ဘက်များအားလုံးကို ဖြည်းဖြည်းနှင့်မှန်မှန် အနိုင်ယူနိုင်မည်။ အရေးကြီးသောအကြောင်းအရာများကို အဓိကထားဆောင်ရွက်ပါ။ နိုင်ငံရပ်ခြားသို့ ခရီးထွက်ရတတ်သည်။

ယတြာ- ဆွမ်းဆန်စိမ်းလှူဒါန်းပါ။  မိမိ၏ Timeline ပေါ်တွင် ဤစာကို SHARE ပေးပါ။
၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

ကန့်သတ်ချက်များထက်ကျော်လွန်ပြီး တွေးတောလုပ်ဆောင်တတ်သောကြောင့် အလုပ်အကိုင်နှင့်ပတ်သတ်၍ အောင်မြင်မှုများစွာရရှိမည်။ အလုပ်တွင်သလောက် အကျိုးကျေးဇူးများစွာရရှိခံစားရမည်။ ငွေကြေးအပေးအယူကိစ္စများ သတိထားဆောင်ရွက်ပါ။

ယတြာ- နွမ်းပါးကလေးများအား အနွေးထည်လှူဒါန်းပါ။ တနင်္လာသားသမီးတစ်ယောက်ကို mention ခေါ်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

ငွေဝင်သလောက် ငွေကြေးအကုန်အကျများနေမည့်ကာလဖြစ်သည်။ မထင်မှတ်ဘဲ နိုင်ငံရပ်ခြားသို့ အလည်အပတ်သွားရတတ်သည်။ ရပ်ဝေးမှမင်္ဂလာသတင်းတစ်ခု ကြားရလိမ့်မည်။ အလုပ်အကိုင်အပြောင်းအရွှေ့များကြုံရတတ်သည်။ ကျန်းမာရေးအထူးဂရုစိုက်ပါ။

ယတြာ- ယောဂီများအား အအေးဒါနပြုပါ။ ဤစာကို ကူးယူ၍ တူရာသီဖွားသူငယ်ချင်းကိုပို့ပေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

အရာရာတွင် အခြေတကျဖြစ်သွားသည့် အခြေအနေများကြောင့် မိမိဘဝမှ ရင်ခုန်စိတ်လှုပ်ရှားမှုများပျောက်ဆုံးနေသလို ခံစားရမည်။ ဘဝအနှစ်သာရများကို ရှာဖွေရင်း သွေးအေးနေသလိုခံစားနေရမည်။ အကြောင်းရင်းကို ရှာမရဘဲ စိတ်လေနေတတ်သည်။ အပြောင်းအလဲများကိုဖော်ဆောင်ရန်အချိန်မကျသင့်သေးပါ။

ယတြာ- နွမ်းပါးသောသက်ကြီးရွယ်အိုများအား ကြာဆံကြော်လှူဒါန်းပါ။ ဗြိစ္ဆာရာသီဖွားသူငယ်ချင်းကို Tag တွဲ၍ ဤစာကို SHARE ပါ။
၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ယခုတစ်ပတ်အတွင်း နှလုံးသားရေးရာကိစ္စများကံကောင်းမည်။ ဘဝတစ်လျှောက်လုံးအတွက် အရေးပါသောဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်။ စန်းလာဘ်ထနေသော အချစ်ကံကြောင့် ပိုးပန်းသူများဝိုင်းဝိုင်းလည်နေကာ မိမိချစ်သူ၏ အထင်အမြင်လွဲမှားမှုကို ခံရတတ်သည်။ ငွေကံအသင့်အတင့်ကောင်းမွန်သည်။

ယတြာ- နာမကျန်းဖြစ်နေသော ရဟန်းသံဃာများအတွက် ဆေးဝါးလှူဒါန်းပါ။ ဓနုရာသီဖွားသူငယ်ချင်း(၃)ယောက်ကို mention ခေါ်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

အနာဂတ်ဘဝအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နိုင်မည်။ အတိတ်မှဒဏ်ရာဟောင်းများကို တူးဆွတတ်သောပတ်ဝန်းကျင်ကြောင့် စိတ်ညစ်ညူးရမည်။ အလုပ်အကိုင်နှင့်ပတ်သတ်သော ခရီးထွက်ရလိမ့်မည်။ မကာရရာသီဖွားအပျိုကြီး၊ လူပျိုကြီးများမမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်သည်။

ယတြာ- ငှက်စာကျွေးပါ။ တနင်္ဂနွေသားသမီး(၃)ယောက်ကို mention ခေါ်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ

မိသားစုအတွင်း ငွေကြေးကိစ္စများကြောင့် ကတောက်ကဆများကြုံတွေ့ရတတ်သည်။ အိမ်တွင်းရေးကို စပ်စုတတ်သောအိမ်နီးချင်းတစ်ဦးကြောင့် ပြဿနာများပိုမိုရှုပ်ထွေးမည်။ နားလည်မှုများတည်ဆောက်၍ သွေးအေးအေးဖြင့်ဖြေရှင်းပါ။ မမျှော်လင့်ဘဲ အပျော်ခရီးထွက်ရတတ်သည်။

ယတြာ- ငါးသက်စေ့လွှတ်ပါ။ ကုံရာသီဖွားသူငယ်ချင်းကို Tag တွဲ၍ ဤစာကို SHARE ပါ။
၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ  

မိမိ၏ အကြံအစည်များအားလုံးကို သူတစ်ပါးနားလည်လက်ခံလာအောင် တွန်းအားပေးရန်ကြိုးစားရင်း မိမိ၏အချိန်များကို ဖြုန်းနေမိတတ်သည်။ မတူညီသောအတွေးအခေါ်များကို နားလည်လက်ခံနိုင်အောင်ကြိုးစားပါ။ မမျှော်လင့်ဘဲ ဖူးစာဖက်နှင့်ဆုံဆည်းမည်။ ငွေကြေးလက်လွန်တတ်သည်။

ယတြာ- ဆပ်ပြာလှူဒါန်းပါ။ မိမိ၏ Timeline ပေါ်တွင် ဤစာကို SHARE ပေးပါ။