၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂ဝ ရက်နေ့အထိ)

blank
၁။ မိရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အလုပ်တာဝန်ကျေပွန်မှု ၊ကတိကဝတ်များကို လိုက်နာတတ်မှုတို့ကြောင့် တစ်ပါးသူများထက်အောင်မြင်မည့်ကာလဖြစ်သည်။ အနှောက်အယှက်များကြုံတွေ့ရလင့်တစား မိမိ၏ယုံကြည်မှုများကို မြဲမြံစွာဆုပ်ကိုင်ထားပါ။ ကိစ္စရပ်တိုင်းကိုအောင်မြင်ပေါက်မြောက်အောင် ဆောင်ရွက်နိုင်မည်။ အောင်မြင်မှုသည် နောက်သို့ထပ်ကြပ်မကွာလိုက်ပါနေမည် ကာလဖြစ်သည်။

ယတြာ- နွမ်းပါးကလေးငယ်များကို စာရေးကိရိယာလှူဒါန်းပါ။ အခင်ဆုံးသူငယ်ချင်းကို Tag တွဲ၍ ဤစာကို SHARE ပါ။

၂။ ပြိရာသီဖွား (Taurus )

ပြီလ(၂၁ )မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ
ယှဉ်ပြိုင်မှုများကို စိတ်ဓာတ်ကြံ့ခိုင်မှုအပြည့်ဖြင့် အလဲထိုးအနိုင်ယူနိုင်မည့်ကာလဖြစ်သည်။ အလွယ်တကူလက်မလျှော့တတ်သောစိတ်ဓာတ်ကြောင့် အစပိုင်းတွင် ကြုံတွေ့ရမည့် အခက်အခဲများကိုပင် အောင်မြင်မှုအဖြစ်ပြောင်းလဲနိုင်မည်။ မိတ်ဆွေတု၊မိတ်ဆွေယောင်များကြောင့် စိတ်အနှောင့်အယှက်အနည်းငယ်ကြုံတွေ့ရမည်။ မျှော်လင့်မထားသော အခွင့်အလမ်းတစ်ခုမှ ငွေဝင်တတ်သည်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်သည်။
ယတြာ- ဘုရားတစ်ခုတွင် မီးသပ္ပာယ်ပါ။ ပြိဿရာသီဖွားသူငယ်ချင်းတစ်ယောက်ကို mention ခေါ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ

တက်လွယ်ကျလွယ်ဖြစ်နေသော စိတ်ဓာတ်ကို အလယ်အလတ်ဖြစ်အောင်လုပ်ပြီး အရာရာတိုင်းကို သဟာဇာတဖြစ်အောင်တုံ့ပြန်ပါ။ လေထဲတွင်တိုက်အိမ်ဆောက်ပြီး စိတ်ကူးရွက်လွင့်နေမိသဖြင့် တန်ဖိုးရှိသော အချိန်များကိုဖြုန်းမိနေတတ်သည်။ စိတ်ကူးများကို လက်တွေ့အကောင်ဖော်ပြီး လုပ်ဆောင်ပါက အောင်မြင်မှုရရှိမည့်ကာလဖြစ်သည်။ သူတစ်ပါးအရေးကိစ္စများ စွက်ဖက်ခြင်းကို လျှော့ချပြီး မိမိအလုပ်များကို အာရုံစိုက်ပါ။ မထင်မှတ်ဘဲ ရာထူးတိုးတတ်သည်။

ယတြာ- ဘိုးဘွားရိပ်သာတွင် နေ့လည်စာလှူဒါန်းပါ။ မေထုန်ရာသီဖွားသူငယ်ချင်းအတွက် ဤစာကို SHARE ပေးပါ။

၎။ ကရက်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

စိတ်ရှုပ်ထွေးစရာများကြောင့် သတိမေ့လွယ်ဖြစ်နေမည့်ကာလဖြစ်သည်။ အရေးကြီးသောအကြောင်းအရာများကို လုပ်ဆောင်ရန် မေ့နေသဖြင့် အလုပ်အကိုင်တွင် ဆုံးရှုံးမှုများဖြစ်ပေါ်မည်။ လုပ်ဆောင်ရမည့်အချက်များကို ချရေးထားပါ။ မိမိလုပ်ငန်းတာဝန်များကို တစ်ပါးသူများအားလွဲပြောင်းမထားပါနှင့်။ မျှော်လင့်နေသူထံမှ ချစ်စကားကြားရမည်။

ယတြာ- လမ်းတံတားအတွက် အလှူငွေပေးလှူပါ။ ကရကဋ်ရာသီဖွား(၃)ယောက်ကို mention ခေါ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)   

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အလုပ်အကိုင်နှင့်ပတ်သတ်၍ သူတစ်ပါးအကြံဉာဏ်ယူတတ်ခြင်းကို ရှောင်ကြဉ်ပါ။ သူတစ်ပါးအောင်မြင်ခဲ့သောနည်းများကို လိုက်လံဆောင်ရွက်သော်လည်း မိမိနှင့်မကိုက်ညီ၍ ဆုံးရှုံးမှုများဖြစ်ပေါ်တတ်သည်။ မိမိကိုယ်တိုင်စွန့်စားလုပ်ဆောင်မှုများမှ အောင်မြင်မှုများစွာရရှိမည်။ အမှားများမှ သင်ခန်းစာယူပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်မည်။ မထင်မှတ်ဘဲ အမွေရတတ်သည်။

ယတြာ- မိဘမဲ့ကျောင်းတွင် စာရေးကိရိယာလှူဒါန်းပါ။ သိဟ်ရာသီဖွားသူငယ်ချင်းကို Tag တွဲပြီး ဤစာကို SHARE ပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

မိမိအား မျက်ခြည်မပျက် စောင့်ကြည့်နေသော အထက်လူကြီးမှ မိမိ၏အားသွန်ခွန်စိုက် ကြိုးပမ်းတတ်သော စိတ်ဓာတ်ကို သတိထားမိမည့် ကာလဖြစ်သည်။ မိမိထက် ဦးစွာရောက်နှင့်သူများကိုပင် ကျော်လွန်ပြီး ရာထူးတိုးတတ်သည်။ မနာလိုဝန်တိုတတ်သူများကြောင့် ခေါင်းရှုပ်ရတတ်သည်။

ယတြာ- ဘုရားရင်ပြင်တော်သန့်ရှင်းရေးလုပ်ပေးပါ။ ကန်ရာသီဖွားသူငယ်ချင်းသုံးယောက်ကို mention ခေါ်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

မလိုအပ်သောအရာများကို ဘေးဖယ်ထားပြီး အရေးကြီးသောအကြောင်းအရာများကို ဦးစားပေးဆောင်ရွက်ပါ။ နောက်ကျောကိုထိုးမည့် ဓားများကို သတိထားပါ။ မိမိယုံကြည်၍ ရင်ဖွင့်လိုက်သူတစ်ဦးက လိုက်ဖွတတ်သောကြောင့် မကောင်းသတင်းကျော်ကြားတတ်သည်။ ပြဿနာများကို ထိပ်တိုက်ရင်ဆိုင်ရန် အချိန်မကျရောက်သေးပါ။

ယတြာ- လမ်းဘေးတိရိစ္ဆာန်လေးများကို အစာကျွေးပါ။ သင့် Timeline ပေါ်မှာ ဤစာကို SHARE ပေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ဆန္ဒများလက်တွေ့အကောင်အထည်ပေါ်မည့် ကာလဖြစ်သည်။ မိမိ၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်ခြင်းဖြင့် အနာဂတ်အတွက်သေချာရေရာသော ခြေလှမ်းများကို ပြင်ဆင်နိုင်မည်။ မကြာမီအချိန်အတွင်း အလုပ်ဟောင်းတွင် ကောင်းမွန်သောပြောင်းလဲမှုများ ကြုံတွေ့ရမည်။ အလုပ်အကိုင် မပြောင်းလဲသင့်သေးပါ။

ယတြာ- နာမကျန်းနေသူကို ဆေးဝါးဒါနပြုပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အားသန်နေမည်။ မိမိ၏စိတ်အားထက်သန်မှုကို လုပ်ဖော်ကိုင်ဖက်များပင် တအံ့တသြဖြစ်ရင်း အမှီမလိုက်နိုင်ဖြစ်နေမည်။ အကြံအစည်အသစ်များကို ဖော်ဆောင်ရင်း ကြီးစွာသော အောင်မြင်မှုများရရှိတတ်သည်။ တန်ဖိုးကြီးလက်ဆောင်တစ်ခု လက်ခံရရှိတတ်သည်။

ယတြာ- မွေးနေ့မှာ သစ်ပင်စိုက်ပါ။ ရာသီခွင်တူတဲ့သူငယ်ချင်းတစ်ယောက်ကို mention ခေါ် လိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

အလုပ်အကိုင်နှင့်ပတ်သတ်၍ တိုင်းတာနိုင်သော တိုးတက်မှုများဖြစ်ပေါ်မည်။ ရရှိလာမည့် အခွင့်အရေးအားလုံးကို အသုံးချပြီး တက်လှမ်းသစ်များကို ဖန်တီးနိုင်မည်။ သူတစ်ပါးနှင့် လက်တွဲဆောင်ရွက်သည့်အရာများမှ အမြတ်များစွာရရှိမည်။ အထက်လူကြီး၏ အသိအမှတ်ပြုချီးကျူးမှုကို ရရှိမည်။ အစားမှားသဖြင့် လေအောင့်တတ်သည်။
ယတြာ- သံဃာတော်များကို မျက်နှာသုတ်ပုဝါ လှူဒါန်းပါ။ ရာသီခွင်တူ သူငယ်ချင်းကို Tag တွဲပြီး ဤ စာစောင်ကို SHARE လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ

စည်းဘောင်များကို ကျော်လွန်ပြီး ဆောင်ရွက်လိုက်သောကိစ္စများမှ အတွေ့အကြုံကောင်းများရရှိမည်။ အောင်မြင်မှုကို ပံ့ပိုးနိုင်မည့် အခြေခံအုတ်မြစ်များကို ချမှတ်နိုင်မည်။ မိတ်ဆွေဟောင်းတစ်ယောက်ကို လိုက်ကူညီရင်းမိမိအတွက် အကျိုးရှိမည့် အဆက်အသွယ်ကောင်းများရရှိမည်။ ချစ်ခွင့်ပန်ထားသူထံမှ အဖြေရတတ်သည်။

ယတြာ- မွေးနေ့မှာ ကြာဆံကြော်ဆွမ်းလောင်းပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ  

သူတစ်ပါးကို ဂရုစိုက်အလေးပေးတတ်သော မိမိစိတ်ကြောင့် ချစ်သူခင်သူများ ဝိုင်းဝိုင်းလည်နေမည့်ကာလဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်များအကြား နာမည်သတင်းကျော်ဇောမည်။ ရပ်ဝေးမှသတင်ကောင်းကြားရမည်။ ငွေကြေးအပေးအယူကိစ္စများသတိထားပါ။ အတိတ်နိမိတ်ပေးသော အိပ်မက်များကို မြင်မက်ပါက ထီထိုးပါ။

ယတြာ- မွေးနံထောင့်မှာ ရွှေထီး၊ငွေထီးကပ်လှူပါ။ မိန်ရာသီဖွားသူငယ်ချင်းတစ်ယောက်ကို mention ခေါ်ပါ။