၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ)

blank
၁။ မိရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ယခုတစ်ပတ်အတွင်း ငွေကြေးရေးရာကိစ္စများ ထင်သလောက်ခရီးမပေါက်ဘဲ ဖြစ်နေမည်။ အကြွေးဝိုင်းဝိုင်းလည်ပြီး စိတ်ဖိစီးမှုများပြားနေမည်။ စနေသားတစ်ယောက်ထံမှ အကူအညီများစွာရရှိမည်။ အရာရာကိုရိုးသားမှုအပြည့်ဖြင့် ဆောင်ရွက်ပါ။ အောင်မြင်မှုများရရှိပါလိမ့်မည်။ လုပ်ငန်းခွင်အတွင်း အောင်မြင်မှုရရှိမည်။

ယတြာ- ဘုရားပရဝုဏ်သန့်ရှင်းရေးလုပ်ပေးပါ။ မိဿရာသီဖွားသူငယ်ချင်းတစ်ယောက်ကို mention ခေါ်ပါ။

၂။ ပြိရာသီဖွား (Taurus )
ပြီလ(၂၁ )မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

မိမိပတ်ဝန်းကျင်ရှိလူများ မိမိကို စိတ်ပျက်လောက်အောင်ပင် အလိုလိုနေရင်း စိတ်ထိခိုက်လွယ်နေမည့် ကာလဖြစ်သည်။ မိမ၏ရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အရေးကြီးသည့်အရာများကို အဓိကထားဆောင်ရွက်ပါ။ ဟန်ဆောင်လိမ်ညာရင်း သင့်မိသားစုအတွင်း စိတ်ဝမ်းကွဲအောင်ပြုလုပ်နေသူအား လက်ပူးလက်ကြပ်ဖြေရှင်းနိုင်မည်။

ယတြာ- ငှက်သက်စေ့လွတ်ပါ။ သင့် Timeline ပေါ်တွင် ဤစာကို SHARE ပေးပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ

ဤတစ်နှစ်အစအတွင်းမှာကတည်းက သင်ကြိုးစားနေခဲ့သောအရာများ အကောင်အထည်ပေါ်မည်။ မိသားစုအတွင်းသတင်းထူးကြားရမည်။ မိသားစုနှင့်ဘုရားဖူးသွားရတတ်သည်။ မျှော်လင့်နေသူထံမှ ချစ်စကားကြားရတတ်သည်။

ယတြာ- နွမ်းပါးသောကလေးငယ်များအား စာရေးကိရိယာလှူဒါန်းပါ။ မေထုန်ရာသီဖွားသူငယ်ချင်း (၃) ယောက်ကို Tag တွဲ၍ ဤစာကို SHARE ပါ။

၎။ ကရက်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

သင့်ကိုယ်သင် အားမလိုအားမရဖြစ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု ကင်းမဲ့နေသောကာလဖြစ်သည်။ သင့်စိတ်ခံစားမှုများကို အလေးမထားတတ်သောချစ်သူကြောင့် စိတ်အားငယ်နေမည်။ ခံစားချက်များကို ထိန်းချုပ်ပြီးလုပ်သင့်လုပ်ထိုက်သည်များကို အလေးထားဆောင်ရွက်သင့်သော အချိန်ဖြစ်သည်။ မထင်မှတ်ဘဲ ရာထူးတိုးတတ်သည်။ ပညာဆည်းပူးနေသူများ အထက်တန်းကျကျအောင်မြင်တတ်သည်။

ယတြာ-လမ်းဘေးခွေးကလေးများအား အစာကျွေးပါ။ သင့်ကိုအမြဲအားပေးကူညီတတ်သော သူငယ်ချင်းကို mention ခေါ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)   
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
ပြောချင်ရာကို ကမူးရှူးထိုးပြောတတ်သောအကျင့်ကြောင့် လျှို့ဝှက်ချက်များပေါက်ကြားမည်။ အလွန်အမင်းသဝန်တိုတတ်သော စိတ်ကြောင့် ချစ်သူနှင့်စကားများရန်ဖြစ်ရတတ်သည်။ အမြင်တစ်ခုတည်းနှင့် တစ်ဖက်သတ်စွပ်စွဲတတ်သော အကျင့်ကိုပြင်ပါ။ သိဟ်ရာသီဖွား လူပျိုကြီး၊အပျိုကြီးများ မထင်မှတ်ဘဲ အိမ်ထောင်ကျတတ်သည်။
ယတြာ- သံဃာတော်များကို အချိုပွဲကပ်လှူပါ။ သင့် Timeline ပေါ်တွင် ဤစာကို SHARE ပေးပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ
ယခုအပတ်အတွင်း ချစ်ခင်ရင်နှီးသူများ၏ အိပ်မက်များကို ကူညီဖော်ဆောင်ပေးရင်း အချိန်ကုန်တတ်သည်။ သူတစ်ပါးခံစားချက်ကိုအလေးထားတတ်သော သင်၏စေတနာများရောင်ပြန်ဟပ်မည့် ကာလဖြစ်သည်။ ထင်မှတ်မထားသူတစ်ဦးထံမှ လက်ဆောင်ရတတ်သည်။ သင့်ဘဝတက်လှမ်းအတွက် အထောက်အကူပြုမည့် ပွဲတစ်ခုတက်ရောက်ရတတ်သည်။
ယတြာ- သင့်မွေးရက်တွင် ငါးသက်စေ့လွှတ်ပါ။ ကန်ရာသီဖွား သူငယ်ချင်း(၃) ယောက်ကို mention ခေါ်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

အိမ်တွင်းရေးပြဿနာများကြောင့် စိတ်ရှုပ်နေရသော်လည်း သင့်ဘက်မှမားမားမတ်မတ်ရပ်တည်ပေးတတ်သူတစ်ယောက်ကြောင့် စိတ်အားတက်ရလိမ့်မည်။ သက်ကြီးဝါကြီးတစ်ဦး၏ ကူညီစောင်မမှုကိုရတတ်သည်။ ယခင်ကတင်နေသော အလုပ်ကြွေးနှင့် ချေးငှားထားသော ငွေကြွေးများကို ဆပ်နိုင်လိမ့်မည်။ ထီထိုးပါ။

ယတြာ- မွေးနံထောင့်တွင် ဆီမီးကပ်လှူပါ။ သင့် Timeline ပေါ်တွင် ဤစာကို SHARE ပေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

မထင်မှတ်ဘဲ ပြောလိုက်မိသော စကားများကြောင့် အရှုပ်အရှင်းများဖြေရှင်းရတတ်သည်။ စကားကို မစဉ်းစားဘဲပြောတတ်သောအကျင့်ကို ပြင်ပါ။ ယခုတစ်ပတ်အတွင်း ဗြိစ္ဆာရာသီဖွားများ၏ အချစ်ရေးအတွက် ထူးခြားသောကာလဖြစ်သည်။ အိပ်ပျော်နေသော နှလုံးသားတံခါးကို လာခေါက်သူတစ်ဦးပေါ်ပေါက်လာမည်။

ယတြာ- သက်ကြီးရွယ်အိုများကို သန့်ရှင်းရေးလုပ်ပေးပါ။ ဗြိစ္ဆာရာသီဖွားသူငယ်ချင်းတစ်ယောက်ကို mention ခေါ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

သင်၏အားနည်းချက်၊ အားသာချက်များကို သိရှိပြီး ထုတ်ဖော်အသုံးချနိုင်မည့်ကာလဖြစ်သည်။ သင့်ဘဝအတွက် အရေးပါအရာရောက်သော ဆုံးဖြတ်ချက်များကို ချနိုင်လိမ့်မည်။ နှုတ်မလုံတတ်သူတစ်ဦးကို ခံစားချက်များဖွင့်ဟမိသောကြောင့် မလိုလားအပ်သော ပြဿနာများကို ဖြေရှင်းရတတ်သည်။ ထူးခြားသောလက်ဆောင်တစ်ခုရတတ်သည်။

ယတြာ- ဘုရားစင်သန့်ရှင်းရေးလုပ်ပေးပါ။ တနင်္ဂနွေသားသမီးတစ်ယောက်ကို mention ခေါ်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ယခုတစ်ပတ်အတွင်းအချစ်ရေးနှင့် ပတ်သတ်ပြီး ကံကောင်းမည်။ သင့်ရည်မှန်းချက်များကို ကွက်ကွက်ကွင်းကွင်းပုံဖော်နိုင်ပြီး သင့်ဆန္ဒများကိုလက်တွေ့ဆောင်ရွက်နိုင်မည်။ အရေးကြီးသော စာရွက်စာတမ်းများပျောက်ရှတတ်သည်။ စာရွက်စာတမ်းများကို သေချာဖတ်ရှုပြီးမှ လက်မှတ်ထိုးပါ။

ယတြာ- ဘုရားတွင် အောင်သပြေကပ်လှူပါ။ သင့် Timeline ပေါ်တွင် ဤစာကို SHARE ပေးပါ။

၁၁။ ကုံရာသီဖွား (Aquarius)
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ

အနောက်ကိုဆွဲခေါ်နေသော အတိတ်မှဖြစ်ရပ်များကို မေ့ပစ်ပြီး အနာဂတ်အတွက် အရေးပါသော ခြေလှမ်းများကို စတင်နိုင်မည်။ သင့်ပျော်ရွှင်မှုကို ဟန့်တားနေသောအရာများကို စိတ်ဓာတ်ခိုင်မာစွာဖြင့်ကျော်ဖြတ်နိုင်မည်။ တနင်္လာသမီးတစ်ဦးထံမှ အရေးပါသော အကြံဉာဏ်များရတတ်သည်။

ယတြာ- သံဃာတော်များကို နို့ဆွမ်းကပ်လှူပါ။ ကုံရာသီဖွားသူငယ်ချင်း (၅) ယောက်ကို mention ခေါ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ  

ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် စိတ်ရှုပ်ထွေးနေမည့်ကာလဖြစ်သည်။ ပြဿနာများကို တိုက်ရိုက်မရှင်းတတ်သော အကျင့်ကြောင့်ပြဿနာများ ပိုမိုရှုပ်ထွေးမည်။ အိမ်တွင်းရေးဆူပူမှုများဖြစ်ပေါ်မည်။ သူငယ်ချင်းများထံမှ အကူအညီရရှိမည်။ အလုပ်အကိုင်အရွှေ့အပြောင်းကြုံတွေ့ရမည်။

ယတြာ- နေအိမ်ဘုရားတွင် ရေချမ်းကပ်လှူပါ။ မိန်ရာသီဖွား သူငယ်ချင်း(၃) ယောက်ကို mention ခေါ်ပါ။

သင့်အတွက် မှန်နေခဲ့ရင် သူငယ်ချင်းတွေဖတ်ရဖို့ ဤစာလေးကို SHARE ပေးပါ။