၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ)

blank

 ၁။ မိဿရာသီဖွား (Aries)  

 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ယခုအပတ်အတွင်း တိုးတက်မှုများနှေးကွေးသောကြောင့် စိတ်မပျက်ပါနှင့်။ စိတ်ရှည်လက်ရှည်နှင့် ကြိုးစားပါက ဖြည်းဖြည်းမှန်မှန်နှင့် အောင်ပွဲခံမည့်ကာလဖြစ်သည်။ ဘဝ၏အပြောင်းအလဲများစွာကြုံတွေ့ရမှာဖြစ်တာကြောင့် အချိန်နှင့်ငွေဖြုန်းတတ်တဲ့အကျင့်ကိုပြင်ပါ။

ယတြာ- ငှက်စာကျွေးပါ။ မိဿရာသီဖွားသူငယ်ချင်းအတွက် ဤစာကို copy ကူး၍ ပို့ပေးလိုက်ပါ။

၂။ ပြိရာသီဖွား (Taurus)

ပြီလ(၂၁ ) မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

သင်၏ရိုးသားမှုကို အခွင့်အရေးယူပြီး လှည့်ဖြားတတ်သူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမည်။ စကားရှုပ်တတ်သူများကြောင့် အိမ်တွင်းရေးနှင့်လုပ်ငန်းခွင်တွင် အငြင်းပွားမှုများကြုံတွေ့ရမည်။ စိတ်အေးအေးထား၍ ရင်ဆိုင်ဖြေရှင်းပါ။ မထင်မှတ်ဘဲ ငွေဝင်တတ်သည်။

ယတြာ- ငှက်သက်စေ့လွှတ်ပါ။ ပြိဿရာသီဖွား သူငယ်ချင်း(၃)ယောက်ကို mention ခေါ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ

ယခုတစ်ပတ်အတွင်း သင့်စိတ်နှင့်သင်ပင် အခန့်မသင့်သောကာလဖြစ်သည်။ ငွေအစုလိုက် အပြုံလိုက်ဝင်တတ်သော်လည်း လောင်းကစားလုပ်မိပါက ရှုံးမည့်ကာလဖြစ်သည်။ ကာလအတန်ကြာက စိတ်ကူးနေသောအရာများ အကောင်အထည်ပေါ်တတ်သည်။ အပြောင်းအလဲများနှင့်လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်မည်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယတြာ- ငါးစာကျွေးပါ။ ဤစာကို သင့် wall ပေါ်တွင် SHARE ပေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ
သင်နှင့်အခြေအနေမတူညီသူများနှင့် မိမိကိုယ်ကိုနှိုင်းယှဉ်ပြီး အားငယ်နေတတ်သည်။ မိမိကိုယ်ကိုမိမိယုံကြည်မှုများတည်ဆောက်ပြီး ဘဝကိုအကောင်းဆုံးဖြတ်ကျော်ပါ။ မိမိ၏အရည်အသွေးများကို မြင်အောင်ကြည့်ပြီး အကောင်းဆုံးအသုံးချပါ။
ယတြာ- နွမ်းပါးသောသက်ကြီးရွယ်အိုများကို အနွေးထည်လှူဒါန်းပါ။ ကရကဋ်ရာသီဖွား သူငယ်ချင်းကို Tag တွဲ၍ ဤစာကို SHARE ပါ။

၅။ သိဟ်ရာသီဖွား (Leo)   

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

သင်ရည်မှန်းထားသောအရာများ အထမြောက်အောင်မြင်မည်။ အနာဂတ်အတွက် အရေးပါအရာရောက်သော ပြောင်းလဲမှုများနှင့်ကြုံတွေ့ရမည်။ ရှေ့ဆက်လျှောက်လှမ်းမည့်ဘဝလမ်းကြောင်းအတွက် မိမိကိုယ်ကိုကောင်းစွာသုံးသပ်နိုင်မည့်ကာလဖြစ်သည်။ ငွေကြေးလက်လွန်တတ်သည်။

ယတြာ- ခွေးကလေးများကို အစာကျွေးပါ။ သိဟ်ရာသီဖွားသူငယ်ချင်းကို mention ခေါ်ပါ။

၆။ ကန်ရာသီဖွား (Virgo)

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

ဘဝကိုအကောင်းမြင်စိတ်များဖြင့် ဖျတ်လတ်တက်ကြွနေမည့်ကာလဖြစ်သည်။ အတိတ်ကအမှားနှင့်နောင်တတရားများကို လွတ်ချနိုင်ပြီး အနာဂတ်အတွက် ကောင်းမွန်သောခြေလှမ်းများကို စတင်နိုင်မည်။ မိဘ၊အကြီးအကဲ ကျန်းမာရေးဂရုစိုက်ပေးပါ။

ယတြာ- ငါးသက်စေ့လွှတ်ပါ။ ကန်ရာသီဖွားသူငယ်ချင်းကို Tag တွဲ၍ ဤစာကို SHARE ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

ယခုတစ်ပတ်အတွင်း သင်သွားရာနောက်သို့ ကံကောင်းမှုများလိုက်ပါနေမည်။ သင်စိတ်ပင်မကူးထားဖူးသော ကံကောင်းမှုများဆက်တိုက်ကြုံတွေ့ရမည်။ ကံကောင်းမှုများကို အသုံးချ ကြိုးစားမှုနှင့်ပေါင်းစပ်ပြီး ရည်မှန်းချက်များကို အကောင်အထည်ဖော်ပါ။ ရပ်ဝေးမှ မင်္ဂလာသတင်းကြားရမည်။

ယတြာ- မွေးနံထောင့်မှာ ရေချမ်းကပ်လှူပါ။ ဤစာကို သင့် wall ပေါ်တွင် SHARE ပေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ
ယခုတစ်ပတ်သည် ဗြိစ္ဆာရာသီဖွားများအတွက် ကံဆိုးကံကောင်းတွဲနေသောကာလဖြစ်သည်။ ပညာရေးနှင့်ပတ်သတ်၍ အခွင့်အလမ်းသစ်များ ရရှိမည်။ အချစ်ရေးနှင့်ပတ်သတ်ပြီး ချစ်သူ၏ အထင်အမြင်လွဲမှားမှုကို ခံရမည်။ ချစ်သူ၏ တဗျစ်တောက်တောက် ပြောတတ်သောအကျင့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမည်။ အထက်လူကြီး၏ စောင်မမှုခံရမည်။
ယတြာ- မိဘမဲ့ကလေးငယ်များအား စာရေးကိရိယာလှူဒါန်းပါ။ ဗြိစ္ဆာရာသီဖွားသူငယ်ချင်းကို mention ခေါ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အချစ်နှင့်နွေးထွေးမှုများ လွှမ်းခြုံနေမည့်ကာလဖြစ်သည်။ အချစ်ရေးတွင် အစစအရာရာအဆင်ပြေနေမည်။ အားပေးကူညီတတ်သော မိတ်ဆွေများနှင့်ချစ်သူကြောင့် အလုပ်အကိုင်များတွင် အောင်မြင်မှုများရရှိမည်။ အခက်အခဲများကြုံတွေ့ရမည် ဖြစ်လင့်တစား စိတ်ဓာတ်ခိုင်မာစွာကျော်ဖြတ်နိုင်မည်။

ယတြာ- သံဃာတော်များကို ဖိနပ်လှူပါ။ ဓနုရာသီဖွားသူငယ်ချင်းကို Tag တွဲ၍ ဤစာကို SHARE ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

မိသားစုအရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် အချစ်ရေးကံများကောင်းနေမည့် ကာလဖြစ်သည်။ သင့်ဘေးတွင်ဝန်းရံတည်ရှိနေသူများ၏ အားပေးကူညီမှုကြောင့် စိတ်ဖိစီးမှုများကို ရင်ဆိုင်ကျော်လွှားနိုင်မည်။ သင်၏ကျေးဇူးသိတတ်မှုကြောင့် လူအများ၏ချစ်ခင်မှုကိုခံရမည်။

ယတြာ- ဘုရားစေတီတစ်ခုခုတွင် ရေအိုးလှူဒါန်းပါ။ မကာရရာသီဖွားသူငယ်ချင်း(၃)ယောက်ကို mention ခေါ်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ

အနာဂတ်အတွက် တွေးပူတတ်သောအကျင့်ကြောင့် လက်ရှိအချိန်တွင် ရရှိနေသော အခွင့်အလမ်းကောင်းများကို လက်လွှတ်ဆုံးရှုံးမည်။ လက်ရှိအချိန်ကို အာရုံစိုက်၍ သင့်ရှေ့တည့်တည့်ကို ကြည့်လိုက်ပါက အခွင့်အရေးများကို မြင်နိုင်မည်ဖြစ်သည်။ ဘဝကိုဖြည်းဖြည်းနှင့်မှန်မှန်ကျော်ဖြတ်ပါ။

ယတြာ- သံဃာတော်များကို အချိုပွဲကပ်လှူပါ။ ဤစာကို သင့် wall ပေါ်တွင် SHARE ပေးပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ  

သင်၏ဖျတ်လတ်တက်ကြွမှု၊ အလုပ်ကြိုးစားမှုတို့ကြောင့် အထက်လူကြီးမှ ချီးကျူးဂုဏ်ပြုပေးမည်။ မနာလိုဝန်တိုတတ်သော လုပ်ဖော်ကိုင်ဖက်များကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးရမည်။ အတားအဆီးများကို ကျော်လွှားပြီး အလုပ်အကိုင်များကို အကန့်အသတ်မဲ့လုပ်ကိုင်နိုင်မည်။ အလုပ်နှင့်ပတ်သတ်သော ခရီးထွက်ရကိန်းရှိသည်။

ယတြာ- ကလေးသူငယ်များကို ရေခဲမုန့်ဝယ်ကျွေးပါ။ ကြာသပတေးသားသမီးတစ်ယောက်ကို Tag တွဲ၍ ဤစာကို SHARE ပါ။