၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာလ ၁၇ရက်နေ့မှ ၂၃ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )  
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

လူမှုရေးကိစ္စများနှင့် ပတ်သတ်၍ ပတ်ဝန်းကျင်နှင့် ကတောက်ကဆများကြုံတွေ့ရမည်။ မိသားစု၏ အားပေးနှစ်သိမ့်မှုနှင့် အရာရာတိုင်းကိုကျော်လွှားနိုင်မည်။ မထင်မှတ်ဘဲ ပေါ့ဆမိသောကိစ္စများမှ အလုပ်အကိုင်တွင် ကြီးမားသောဆုံးရှုံးမှုများဖြစ်ပေါ်မည်။ ဆုံးဖြတ်ချက်များကို အလျဉ်စလိုမချသင့်။ ပြဿနာများကို လူကြီးမိဘများ၏ အကူအညီယူ၍ စိတ်တည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းပါ။

ယတြာ- အကြံအစည်များအောင်မြင်ရန်နှင့် စိတ်အေးချမ်းရန် ရည်စူးလျက် သံဃာတော်များကို အအေးကပ်လှူပါ။ တနင်္ဂနွေသားသမီး သူငယ်ချင်းတစ်ယောက်ကို Tag တွဲ၍ ဤစာစောင်ကို SHARE ပါ။

၂။ ပြိဿရာသီဖွား (Taurus )

ပြီလ(၂၁ ) မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အလုပ်အကိုင်တွေကြုံတွေ့ရသော အခက်အခဲပြဿနာများကြောင့် အအိပ်ပျက်၊အစားပျက်ဖြစ်နေမည်။ မည်မျှပင်ခက်ခဲသော အရာများကိုကြုံတွေ့ရစေကာမူ အဆုံးသတ်တွင် အကောင်းဆုံးဖြစ်အောင်ရင်ဆိုင်ကျော်လွှားနိုင်မည်။ ငွေကြေးအကျပ်အတည်းများကို သူငယ်ချင်းတစ်ယောက်၏ အကူအညီကြောင့် ဖြေရှင်းနိုင်မည်။ အရာရာတိုင်းကို စိတ်ရှည်ရှည်ထားပြီးရင်ဆိုင်ကျော်လွှားပါ။

ယတြာ- ကံဆိုး၊ကံညံ့များ ပပျောက်ရန် ရည်စူး၍ ဘုရားတန်ဆောင်းသန့်ရှင်းရေးလုပ်ပေးပါ။ ပြိဿရာသီဖွားသူငယ်ချင်း(၃)ယောက်ကို mention ခေါ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ
အပြောင်းအလဲများကို ဖော်ဆောင်ရန်စိတ်ဆန္ဒရှိနေသော်လည်း  နည်းလမ်းများကိုရှာမရဘဲ လမ်းပျောက်နေသောကာလဖြစ်သည်။ မိသားစုအရေး၊ အချစ်ရေး နှင့် လုပ်ငန်းခွင်ကို အချိုးညီညီ အချိန်မပေးနိုင်သောကြောင့် စိတ်ရှုပ်ထွေးနေမည်။ သမားရိုးကျနည်းလမ်းများကို ငြီးငွေ့တတ်သော စိတ်ကြောင့် အရာရာကိုအလိုမကျဖြစ်နေမည်။ အချစ်ရေးကတောက်ကဆများကို စိတ်ရှည်ရှည်ထားပြီး ဖြေရှင်းပါ။
ယတြာ- စိတ်တည်ငြိမ်စေရန် တရားထိုင်ပါ။ ကြာသပတေးသားသမီး(၃)ယောက်ကို Tag တွဲ၍ ဤစာကို SHARE ပေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

နတ်သမီးတစ်ပါး၏ စောင်မမှုကို ခံရသကဲ့သို့ ထူးခြားသောကံကောင်းမှုများ ဆက်တိုက်ကြုံတွေ့ရမည်။ အတားအဆီးများကို တည်ငြိမ်ရင့်ကျက်စွာ ကျော်လွှားနိုင်သောကြောင့် ထင်မှတ်မထားသော အောင်မြင်မှုများကိုရရှိမည်။ ပတ်ဝန်းကျင်တွင် နာမည်သတင်းကျော်ဇောမည်။ စိတ်သွားတိုင်းကိုယ်ပါပြီး အလုပ်အကိုင်များကို စိတ်ရှိသလောက်လုပ်ဆောင်နိုင်မည်။

ယတြာ-  မိဘမဲ့ကလေးများအား နွားနို့တိုက်ကျွေးပါ။ မိမိ Timeline ပေါ်တွင် ဤစာစောင်ကို SHARE ပါ။

၅။ သိဟ်ရာသီဖွား (Leo)   

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

လုပ်ငန်းခွင်မှာ အကြောင်းမဲ့ ပျင်းရိထိုင်းမှိုင်းနေမည့်ကာလဖြစ်သည်။ အရေးကြီးသောဆုံးဖြတ်ချက်များ မချမှတ်မီ မိမိအကျိုးကိုလိုလားသော လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများနှင့်တိုင်ပင်ဆွေးနွေးပါ။ မဆင်မခြင်ပြုလိုက်မိသော အရာများကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်မည်။

ယတြာ- သံဃာတော်များအား ဖိနပ်လှူဒါန်းပါ။ သိဟ်ရာသီဖွား သူငယ်ချင်း(၃)ယောက်ကို mention ခေါ်ပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

မိမိ၏အနာဂတ်ရည်မှန်းချက်များကို အားသွန်ခွန်စိုက်ပုံဖော်နိုင်မည့်ကာလဖြစ်သည်။ အားလပ်ချိန်မရှိလောက်အောင် အနားမနေအလုပ်လုပ်နေသော်လည်း ပျော်ရွှင်တက်ကြွနေမည်။ မိမိလုပ်ကိုင်နေသောအလုပ်နဲ့ပတ်သတ်ပြီး ကွန်ယက်အသစ်များ ချိတ်ဆက်ဆောင်ရွက်နိုင်မည်။ အလုပ်အကိုင်အခွင့်အလမ်းအသစ်များနှင့်အတူ ငွေကြေးများဒလဟော ဝင်လာမည်။

ယတြာ- ရေသက်စေ့လှူပါ။ ကန်ရာသီဖွား သူငယ်ချင်း၏ Timeline ပေါ်တွင် ဤစာကို SHARE ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

သင့်အိပ်မက်များကို အကောင်အထည်ဖော်ရန် လမ်းစများကို ရှာဖွေတွေ့ရှိမည်။ တနင်္လာသား အထက်လူကြီးတစ်ဦး၏ စောင်မမှုခံရမည်။ စိတ်ခံစားချက်များထက် ဦးနှောက်ကိုဦးစားပေးမှုကြောင့် လူမှုရေးကိစ္စများတွင် လစ်ဟင်းမှုများကြုံတွေ့ရမည်။ အသေးအဖွဲစိတ်အနှောင့်အယှက်များကြောင့် မိမိကိုယ်ကိုယုံကြည်မှုမပျက်ပြားပါစေနှင့်။

ယတြာ- ဘုရားမီးလှူဒါန်းပါ။ တူရာသီဖွားသူငယ်ချင်း(၁)ယောက်ကို mention ခေါ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

သင်၏ လွယ်လွယ်ငြီးငွေ့နေသောစိတ်ကို တက်ကြွစေမည့် အလုပ်များကိုလုပ်ဆောင်ပါ။ မူယာမာယာပိုသူများကြောင့် စိတ်ပျက်နေမည့်ကာလဖြစ်သည်။ ရိုင်းပြစွာမပြုမိအောင် ဂရုစိုက်ပါ။ မိမိအစပြုထားသော ကိစ္စရပ်များကို အဆုံးသတ်အထိပြီးစီးအောင် ဆောင်ရွက်ပါ။

ယတြာ-  ငှက်သက်စေ့လွှတ်ပါ။ သောကြာသားသမီး သူငယ်ချင်းကို Tag ပြီး ဤစာကို SHARE ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အလုပ်များသော်လည်း လူမှုရေးကိစ္စများကို မလစ်ဟင်းအောင် စီမံဆောင်ရွက်နိုင်မည့် ကာလဖြစ်သည်။ အရာရာကို ထောင့်စေ့အောင်စီမံဆောင်ရွက်နိုင်မှုကြောင့် အလုပ်အကိုင်တွင် အောင်မြင်မှုများရရှိမည်။ စိတ်ရှိသလောက်ဆောင်ရွက်နိုင်မှုကြောင့် စိတ်လက်ပေါ့ပါးနေမည်။ အချိန်များကိုကောင်းစွာအသုံးချနိုင်မှုကြောင့် ထင်မှတ်မထားသော အကျိုးကျေးဇူးများရရှိမည်။

ယတြာ- သက်ကြီးရွယ်အိုများကို ဆေးဝါးလှူဒါန်းပါ။ ဓနုရာသီဖွားသူငယ်ချင်း(၃)ယောက်ကို mention ခေါ်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

စိတ်လေနေမည့်ကာလဖြစ်တာကြောင့် အနာဂတ်အတွက် အရေးပါသော ဆုံးဖြတ်ချက်များကို မချသင့်သေးပါ။ မိမိရရှိထားသော အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အလုပ်အကိုင်နှင့် ကိုယ်ရေးကိုယ်တာခံစားမှုများကို ခွဲခြားထားပါ။  အမြင်စောင်းနေသည်များကို လျှော့ချလိုက်ပါက ယခင်ကပျောက်ဆုံးနေသော ပျော်ရွှင်မှုများကို ပြန်လည်ရရှိမည်။ စကားရှုပ်တတ်သူများကို ပြန်လည်ဖြေရှင်းရန် အချိန်မကျရောက်သင့်ပါ။

ယတြာ- နွမ်းပါးသူများကို အဝတ်အစားလှူဒါန်းပါ။ သူငယ်ချင်း(၂)ယောက်ကို Tag တွဲပြီး ဤစာကို SHARE ပေးပါ။

၁၁။ ကုံရာသီဖွား (Aquarius)
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ

မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးများကို ဖြည့်စွမ်းနိုင်ပြီး မိမိဘဝမှ ပူပင်ကြောင့်ကျမှုများကိုဖယ်ရှားနိုင်မည့် ကာလဖြစ်သည်။ မိမိပတ်ဝန်းကျင်တွင် ကောင်းမွန်သောဂုဏ်သတင်းကျော်ဇောမည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က စိတ်ဖိစီးနေသောအရာများကို ကောင်းမွန်စွာကျော်လွှားနိုင်မည်။ လုပ်ငန်းခွင်အတွင်း ကြီးမားသောအောင်မြင်မှုများကိုရရှိမည်။

ယတြာ- ဘုရားတွင် တံခွန်လှူပါ။ ကုံရာသီဖွားသူငယ်ချင်းတစ်ယောက်ကို mention ခေါ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ  

မိမိ၏ရိုးသားမှုကို လုပ်ငန်းခွင်မှအကြီးအကဲများက အသိအမှတ်ပြုချီးမြောက်မည့်ကာလဖြစ်သည်။ မိမိမထင်မှတ်ဘဲ ပြုမူလိုက်သော ကိစ္စတစ်ခုကြောင့် သူငယ်ချင်းတစ်ယောက်စိတ်ထိခိုက်မည်။ မိမိနှင့်မသက်ဆိုင်သော အရှုပ်အထွေးကိစ္စများကို ဖြေရှင်းရင်း အချိန်ကုန်နေတတ်သည်။ အသိအကျွမ်းဟောင်းတစ်ဦး၏ အကူအညီကိုယူပြီး ပြဿနာများကိုဖြေရှင်းနိုင်မည်။

ယတြာ- နွမ်းပါးသော ဘိုးဘွားတစ်ဦးအား အနွေးထည်ပေးလှူပါ။ ရာသီခွင်တူ သူငယ်ချင်းများကို Tag တွဲပြီး ဤစာကို SHARE ပါ။