၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာလ ၁ဝရက်နေ့မှ ၁၆ ရက်နေ့အထိ)

blank

၁။ မိဿရာသီဖွား (Aries ) 

 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ငွေဝင်ပေမဲ့ မစုနိုင်ဘဲ ကုန်ကျစရာတွေ ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ အလျင်စလိုမလုပ်ဘဲ အချိန်ယူဆုံးဖြတ်ပါ။ အိမ်ကို စက်ပစ္စည်းဝင်ကိန်းရှိတယ်။ မိသားစု အတွင်း သတင်းထူးကြားရမယ်။ မမျှော်လင့်ဘဲ ခရီးတစ်ခုထွက်ရမယ်။ သင့်အတွက် ကံကောင်းစေ မယ့်ခရီးဖြစ်ပါတယ်။

ယတြာ ။        ။ နာမကျန်းနေသူကို ဆေးဝါးဒါနပြုပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၂။ ပြိရာသီဖွား (Taurus )

ပြီလ(၂၁ ) မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အချစ်ရေးနဲ့ ဘဝအရေးကြားမှာ ရွေးချယ်ရခက်ပြီး ဗျာများနေရတဲ့အချိန်ပါ။ မိတ်ဆွေကောင်း တွေကို ဖွင့်ဟတိုင်ပင်ပြီး အကြံဉာဏ်တောင်းသင့်ပါတယ်။ ဒီအပတ်ထဲမှာ သင့်ကို အကူအညီကောင်း ပေးမယ့်သူတွေကတော့ မေထုန်ရာသီဖွားတွေပဲ ဖြစ်ပါတယ်။ ငွေဝင်ကိန်းရှိပါတယ်။ ထီထိုးပါ။

ယတြာ ။        ။ မွေးနံထောင့်မှာ စံပယ်သုံးကုံးလှူပါ။ သူငယ်ချင်းတစ်ယောက်ကို TAG တွဲ ပြီး ဤစာစောင်ကို SHARE ပေးလိုက်ပါ။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ

ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတတ်တယ်။ စီးပွားရေးလုပ်ငန်းသစ်တွေ စတင်ဖို့ အခွင့်အရေးပေါ်မယ်။ ဝန်ထမ်းဖြစ်ရင် အလုပ်နေရာအပြောင်းအရွှေ့ရှိပါတယ်။ ပညာရပ်အသစ်တစ်ခု သင်ယူခွင့်ပေါ်မယ်။ အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။
ယတြာ ။        ။ မွေးနေ့မှာ သစ်ပင်စိုက်ပါ။ ရာသီခွင်တူတဲ့သူငယ်ချင်းတစ်ယောက်ကို mention ခေါ် လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ
       
အဖက်ဖက်က အဆင်ပြေပြီး ပျော်စရာတွေနဲ့ ပြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ ရည်မှန်းချက်တွေ ကို အကောင်အထည်ဖော်ရမယ့်အချိန်ပါ။ ဆရာသမားကောင်းတွေရဲ့ ဖေးမကူညီမှုတွေ ကြုံရမယ်။ မိတ်ဆွေဟောင်းနဲ့ ပြန်ဆုံရတတ်တယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်တယ်။ အစားအသောက် ဆင်ခြင်သတိပြုပါ။

ယတြာ ။        ။ စာချစ်သူတစ်ယောက်ကို စာအုပ်လက်ဆောင်ပေးပါ။ အများသူငှာဗဟုသုတရစေဖို့ ယခုစာစောင်လေးကို SHARE လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)   

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ပြီးပြီးသားကိစ္စတွေကို ထားခဲ့ပြီး စိတ်သစ်၊ လူသစ်နဲ့ အနာဂတ်ဆီ ခရီးဆက်ရမယ့်ကာလဖြစ် ပါတယ်။ တနင်္လာနံနဲ့စတဲ့ လုပ်ငန်းတွေမှာ အကျိုးပေးမယ်။ အချစ်ရေးမှာ ကြားလူကြောင့် စိတ်အ နှောင့်အယှက်ဖြစ်နေမယ်။ သင့်ရဲ့သစ္စာတရားတွေနဲ့သာ ချစ်သူယုံကြည်အောင် သက်သေပြလိုက်ပါ။ ကျန်းမာရေး ဂရုစိုက်ပါ။

ယတြာ ။        ။ လူကြီးမိဘတွေကို တဘက်လှူပါ။ သင်နဲ့ ရာသီခွင်တူတဲ့ သူငယ်ချင်းကို Tag တွဲပြီး ယခု စာစောင်လေးကို SHARE လိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

အဆိုးအကောင်းဒွန်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ အလှူအတန်းများများပြုလုပ်ပေးပါ။ သောကြာနံနဲ့စတဲ့ လုပ်ငန်းတွေ အကျိုးပေးတတ်ပါတယ်။ မလိုသူတွေရဲ့ စကားအရှုပ်အရှင်းကြောင့် မိသားစုအတွင်း စိတ်ဝမ်းကွဲစရာဖြစ်တတ်တယ်။ ပြဿနာတွေကို စိတ်အေးအေးထားဖြေရှင်းပါ။ မကြာခင် အခက်အခဲတွေအားလုံး ပြေလည်သွားမှာပါ။

ယတြာ ။        ။ နွမ်းပါးတဲ့ကျောင်းသားတစ်ယောက်ကို စာရေးကိရိယာလှူပါ။ ယခုဗေဒင်စာစောင် လေးကို SHARE ခြင်းဖြင့် စာပေဒါနပြုလိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

မိသားစုအတွင်း သတင်းကောင်းကြားရမယ်။ ကြန့်ကြာနေတဲ့အကြွေးတွေ မမျှော်လင့်ဘဲပြန် ရမယ်။ အလှူအတန်းပြုရမယ်။ ပညာရေးကံကောင်းနေပါတယ်။ အချစ်ရေးမှာ အချစ်ဟောင်းနဲ့ အချစ် သစ်ကြား ဗျာများနေရတတ်တယ်။ ဒီတစ်ပတ်အတွင်းမှာ တစ်ယောက်ယောက်ဆီက သင့်ကို ပျော်ရွှင် စေမယ့် လက်ဆောင်တစ်ခု လက်ခံရရှိတတ်တယ်။

ယတြာ ။        ။ လမ်းဘေးခွေးတစ်ကောင်ကို ထမင်းကျွေးပါ။ သင်နဲ့ ရာသီခွင်တူတဲ့သူငယ်ချင်း ၃ ယောက်ကို mention ခေါ်လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ဝင်ငွေထွက်ငွေမမျှတလို့ အတန်ငယ်စိတ်မောနေရမယ့်ကာလဖြစ်ပါတယ်။ အခက်အခဲတွေကို ဇွဲရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။ မကြာခင်မှာ ပြေလည်သွားပါလိမ့်မယ်။ အချစ်ရေးမှာ စန်းပွင့်နေ ပါတယ်။ ရောက်လေရာမှာ ချစ်ကြိုက်သူတွေဝိုင်းဝိုင်းလည်နေတတ်တယ်။ အလုပ်အင်တာဗျူးဖြေဆို ထားပါက အောင်မြင်ပါမယ်။

ယတြာ ။        ။ သူငယ်ချင်းတစ်ယောက်ကို ဒံပေါက်ကျွေးပါ။ သင့်သူငယ်ချင်းတွေအတွက် ယခု ဗေဒင်စာစောင်လေးကို SHARE လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

        အဟောင်းတွေနဲ့ အကျိုးပေးနေတဲ့ကာလဖြစ်ပါတယ်။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံ တတ်တယ်။ လုပ်ငန်းဟောင်းတွေဆီက အကျိုးအမြတ်တွေရတတ်တယ်။ ပျောက်သွားတဲ့ ပစ္စည်း ဟောင်းတွေ ပြန်တွေ့တတ်ပါတယ်။ အိမ်ကို ညအိပ်ညနေဧည့်သည်လာတတ်တယ်။ လာရင် ထီထိုးပေးပါ။

ယတြာ ။        ။ မွေးနေ့မှာ ကြာဆံကြော်ဆွမ်းလောင်းပါ။ အခြားသူတွေပါဖတ်ရအောင် ယခု ဗေဒင်စာစောင်လေးကို SHARE လိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကြိုးစားသလောက် အရာမထင်သေးတာမို့ အတန်ငယ်စိတ်မောရဦးမယ့်ကာလပါ။ ဇွဲမလျှော့ ပါနဲ့။ အကူအညီပေးမယ့်သူတွေ ပေါ်လာတတ်ပါတယ်။ အချစ်ရေးအဆင်ပြေသာယာနေပါတယ်။ ကျန်းမာရေး သင့်ပါတယ်။ လုပ်ငန်းသစ်စတင်မယ်ဆိုရင် အချိန်နည်းနည်းစောင့်လိုက်ပါ။

ယတြာ ။        ။ မွေးနေ့မှာ သီလရှင်တစ်ပါးကို ဆွမ်းဆန်စိမ်းတစ်ပြည်လှူပါ။ သင်နဲ့ ရာသီခွင်တူတဲ့ သူငယ်ချင်းကို Tag တွဲပြီး ယခု စာစောင်လေးကို SHARE လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ

        စိတ်ကူးသစ်တွေ၊ အကြံဉာဏ်သစ်တွေနဲ့ တက်ကြွနေတဲ့ကာလဖြစ်ပါတယ်။ လုပ်ကိုင်သ လောက် အရာထင်နေတဲ့ရလဒ်တွေကြောင့် လုပ်ငန်းသစ်တွေထပ်ချဲ့နိုင်မယ်။ အိမ်ထောင်ရှင်များ ကြားလူကြောင့် အထင်လွဲရတတ်တယ်။ မလိုသူတွေကို ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ မေတ္တာတရားနဲ့သာ ဆက်ဆံလိုက်ပါ။ သိပ်မကြာခင် အဆင်ပြေသွားမှာပါ။

ယတြာ ။        ။ နွမ်းပါးသူကို သင်တတ်နိုင်သလောက်ငွေကြေး ကူညီလိုက်ပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ  

        အခွင့်အရေးကောင်းတွေနဲ့ ပြည့်နေတဲ့ကာလဖြစ်ပါတယ်။ အခွင့်အရေးတွေကို လက်လွှတ် မခံပါနဲ့။  သင် ကြိုးစားရင်ကြိုးစားသလောက် ခရီးရောက်မှာပါ။ အချစ်ရေးမှာ အနေဝေးလို့ သွေးအေး နေမယ်။ အရင်းနှီးဆုံးသူငယ်ချင်းနဲ့ အထင်လွဲစရာကြုံရတတ်တယ်။ စကားအပြောအဆို ဆင်ခြင် သတိပြုပါ။

ယတြာ ။        ။ မွေးနေ့မှာ ငါးသက်စေ့လွှတ်ပါ။ သင်နဲ့ ရာသီခွင်တူတဲ့သူငယ်ချင်း ၂ ယောက်ကို mention ခေါ်လိုက်ပါ။