၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာလ ၃ရက်နေ့မှ ၉ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )  
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ထစ်ငေါ့နေတဲ့အခက်အခဲတွေပြေပျောက်ပြီး အလုပ်အကိုင်လေးတွေ အဆင်ပြေလာမယ့် အချိန်ဖြစ်ပါတယ်။ မသေချာတဲ့မျှော်လင့်ချက်တွေကို လွှတ်ချပြီး လက်ရှိအခွင့်အရေးတွေကို ဆုပ်ကိုင် လိုက်ပါ။ မိသားစုအတွင်း စိတ်ရှုပ်စရာအနည်းငယ်ရှိပေမဲ့ မကြာခင်ပြေလည်သွားမှာပါ။ ငွေကြေးကံကောင်းနေပါတယ်။ ထီထိုးပါ။
ယတြာ ။        ။ ပရဟိတများများလုပ်ပေးပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE လိုက်ပါ။

၂။ ပြိရာသီဖွား (Taurus )
ပြီလ(၂၁ ) မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ
        စွန့်စားစရာလေးတွေနဲ့ ပြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ ဘဝအတွက် အရေးကြီးတဲ့ရွေးချယ်စရာ နှစ်ခုတစ်ပြိုင်တည်းပေါ်လာတတ်ပါတယ်။ အလျင်စလိုမဆုံးဖြတ်ဘဲ တတ်သိနားလည်သူတွေနဲ့ တိုင်ပင်ပြီး သေချာရွေးချယ်သင့်ပါတယ်။ အခက်အခဲတွေကြုံရင်လည်း ယုံကြည်မှုအပြည့်နဲ့ ကျော်ဖြတ်လိုက်ပါ။ အဆင်ပြေမှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။
ယတြာ ။        ။ လေလွင့်တိရိစ္ဆာန်လေးတွေကို ကျွေးမွေးပါ။ သူငယ်ချင်း တစ်ယောက်ကို TAG တွဲပြီး ဤစာစောင်ကို SHARE ပေးလိုက်ပါ။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

 

၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ

အစစအရာရာအဆင်ပြေမှုတွေနဲ့ ပျော်ရွှင်နေရမယ့် ကာလဖြစ်ပါတယ်။ အလုပ်တွေလည်း ကောင်းစွာပြီးမြောက်ပါလိမ့်မယ်။ သူတစ်ပါးရဲ့ မိသားစုကိစ္စတွေမှာ ဝင်မပါပါနဲ့။ စကားမှားတတ်ပါ တယ်။ ပညာရပ်အသစ်သင်ဖို့ စိတ်ကူးရှိရင် ဒီကာလအတွင်း အကောင်အထည်ဖော်ပါ။ အချစ်ရေး အဆင်ပြေပါမယ်။ ကျန်းမာရေး သင့်ပါတယ်။
ယတြာ ။        ။ ကြာဆံဟင်းခါးချက်ပြီး အိမ်နီးချင်း(၇)အိမ်ကို ဝေငှပါ။ ရာသီခွင်တူတဲ့သူငယ်ချင်း(၃) ယောက်ကို mention ခေါ်လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

        စိန်ခေါ်မှုတွေဝန်းရံနေတဲ့ အချိန်ပါ။ သမားရိုးကျဘဝထဲက ခွဲထွက်ပြီး အတွေ့အကြုံသစ်တွေ ကြောင့် ပျော်ရွှင်ကျေနပ်နေရမယ်။ အလှူအတန်းတွေ ပြုလုပ်ရမယ်။ လိုအပ်နေသူတွေကို စိတ်ထဲရှိ သလောက် ကူညီခွင့်ရနေမယ်။ ကျန်းမာရေးအနေနဲ့ ဗိုက်အောင့်၊ ဗိုက်နာဖြစ်တတ်တယ်။ အစားအ သောက် ဆင်ခြင်ပါ။

ယတြာ ။        ။ ကြောင်လေးတွေကို Cat Food ဝယ်ကျွေးပါ။ အခြားသူတွေကို မျှဝေဖို့ ယခုစာစောင်ကို  SHARE လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)   

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        အလုပ်အပေါ် ခါတိုင်းထက် ပိုအာရုံစိုက်ရမယ့်အချိန်ဖြစ်ပါတယ်။ ကံဆိုးကံကောင်း ဒွန်တွဲ နေပါတယ်။ လောကဓံရဲ့ အနိမ့်အမြင့်အတက်အကျတွေကြား သင့်ကိုယ်သင် ယုံကြည်မှုနဲ့ ကျော်ဖြတ် လိုက်ပါ။ မကြာခင် အခွင့်အရေးကောင်းတွေ ရောက်ရှိလာပါလိမ့်မယ်။ ယာယီခရီးတို တစ်ခုထွက်ရ မယ်။ သင့်အတွက် ကံကောင်းစေမယ့်ခရီးဖြစ်ပါတယ်။

ယတြာ ။        ။ နာမကျန်းဖြစ်နေသူကို ဆေးဝါးဒါနပြုပါ။ ယခုစာစောင်ကို အခြားသူတွေ အတွက် SHARE ပေးခြင်းဖြင့် စာပေဒါနပြုလိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

        အတိုက်အခိုက်တွေကြောင့် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်နေရမယ့်ကာလဖြစ်ပါတယ်။ ဒါပေမဲ့ ဇွဲမလျှော့ဘဲ ရုန်းကန်ကျော်ဖြတ်လိုက်ပါ။ မမျှော်လင့်ဘဲ ရပ်ဝေးခရီးထွက်ရမယ်။ မိသားစုအ တွင်း မင်္ဂလာကိစ္စကြုံမယ်။  လိုအပ်နေသူတွေတွေ့ရင် သင်တတ်နိုင်သလောက်ကူညီလိုက်ပါ။ သင့် အခက်အခဲတွေလည်း ပြေလည်သွားပါလိမ့်မယ်။

ယတြာ ။        ။ လမ်းဘေးခွေးတွေကို ထမင်းဟင်းကျွေးမွေးပါ။ မျှဝေခြင်းကလည်း ကုသိုလ် တစ်မျိုးမို့ ယခုစာစောင်ကို SHARE လိုက်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

        ကံကြမ္မာက မျက်နှာသာပေးနေတဲ့ အချိန်ဖြစ်ပါတယ်။ ရည်ရွယ်ထားတဲ့စိတ်ကူးတွေကို မြန်မြန် အကောင်အထည်ဖော်လိုက်ပါ။ ရောက်လေရာမှာ ချစ်သူခင်သူတွေများပြီး စန်းပွင့်နေမယ်။ ကျန်းမာ ရေး ကောင်းပါတယ်။ မိသားစုအတွင်း သတင်းကောင်းကြားရမယ်။

ယတြာ ။        ။ ငါးသက်စေ့လွှတ်ပါ။ ရာသီခွင်တူတဲ့သူငယ်ချင်း(၃)ယောက်ကို mention ခေါ်လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

        ဖြည်းဖြည်းမှန်မှန်နဲ့ လိုရာပန်းတိုင်ဆီကို စိတ်ရှည်လက်ရှည် ချီတက်ရမယ့် အချိန်ဖြစ်ပါတယ်။ အောင်မြင်မှုတစ်ခုရဲ့ နောက်ကွယ်မှာ အခက်အခဲတွေရှိတတ်တာကို သတိရပါ။ ကြားစကားတွေ ကြောင့် အချစ်ရေးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေ ကြုံနေရတတ်တယ်။ မေတ္တာတရားနဲ့ပဲ အရာရာကို တုံ့ပြန်လိုက်ပါ။

ယတြာ ။        ။ ဆံပင်အဖျားကို အနည်းငယ်တိလိုက်ပါ။ ဤစာစောင်ကို သူငယ်ချင်းတွေ အတွက် SHARE ပေးလိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

စိတ်ကူးထားတာတွေဖြစ်မလာဘဲ မမျှော်လင့်ထားတဲ့အပြောင်းအလဲသစ်တွေနဲ့ ကြုံနေရမယ့် ကာလဖြစ်ပါတယ်။ ဖြစ်မလာသေးတာတွေအတွက် သင့်ကိုယ်သင်အပြစ်မတင်ပါနဲ့။ အခိုက်အတံ့ကြုံတွေ့ရမယ့် အခက်အခဲတွေကို ကျော်ဖြတ်ပြီးသွားရင် သင် အမောပြေစရာရလဒ်ကောင်းတွေ ရလာပါလိမ့်မယ်။
ယတြာ ။        ။ ဆရာ၊ ဆရာမဟောင်းများကို ကန်တော့ပါ။ ယခုစာစောင်ကို သင့် ဖေ့ဘွတ်သူငယ် ချင်းတွေဖတ်ဖို့ ပြန် SHARE ပေးလိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

မိမိအပေါ်စေတနာထားပြီး အကြံဉာဏ်ကောင်းပေးမယ့် မိတ်ဆွေကောင်းတွေနဲ့ တွေ့တတ်တယ်။ သူတို့ရဲ့ အကြံဉာဏ်တွေကို အလေးအနက်ထားပါ။ မကာရရာသီဖွား ဝန်ထမ်းများ ရာထူးတိုးတတ်ပါတယ်။ အချစ်ရေး သာယာနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဒူးနာ၊ ခါးနာဖြစ်တတ်ပါတယ်။ အလေးအပင်တွေမ မ ပါနဲ့။

ယတြာ ။        ။ မွေးနေ့မှာ သက်သတ်လွတ်စားပါ။ မကာရရာသီဖွားသူငယ်ချင်း တစ်ယောက် ကို  mention ခေါ်လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ

        ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေကြားမှာ ဗျာများနေရတဲ့အခိုက်အတံ့ဖြစ်ပါတယ်။ ဖြစ်သင့်တာကို ဦးစားပေးလိုက်ပါ။ သင့်အတွက် သာယာတဲ့မနက်ဖြန်တွေက စောင့်ကြိုနေပါတယ်။ အရင်းနှီးဆုံး သူ ငယ်ချင်းတစ်ယောက်နဲ့ အထင်အမြင်လွဲစရာကိစ္စတစ်ခုပေါ်တတ်တယ်။ ပြဿနာကို စိတ်လိုက်မာန်ပါ မဖြေရှင်းပါနဲ့။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေနေပါတယ်။

ယတြာ ။        ။ မွေးနေ့တွင် ဆေးရုံမှာ ဆန်ပြုတ်ဒါနပြုပါ။ ဤစာစောင်ကို သူငယ်ချင်းတွေ အတွက် SHARE ပေးလိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ   

        သင့်အလုပ်တွေထက် လူမှုရေးအလုပ်တွေနဲ့ မအားလပ်နေရတဲ့အချိန်ဖြစ်ပါတယ်။ အားနာ တတ်တဲ့စိတ်ကို နည်းနည်းလျှော့ပါ။ ဘယ်လောက်ရင်းနှီးရင်းနှီး သင့်ရဲ့တန်ဖိုးကြီးပစ္စည်းတွေ မချေး ငှားပါနဲ့။ ပျောက်ရှတတ်ပါတယ်။ အိမ်ကို စက်ပစ္စည်းအသစ်ဝင်မယ်။ ဝင်လာရင် ထီထိုးလိုက်ပါ။

ယတြာ ။        ။ သူငယ်ချင်းတစ်ယောက်ကို သင်နှစ်သက်တဲ့စာအုပ်လက်ဆောင်ပေးပါ။ အများသူငှာဗဟုသုတရစေဖို့ ယခုစာစောင်လေးကို SHARE လိုက်ပါ။