၂ဝ၁၆၏ ဂန္ထဝင် အပတ်စဉ်ဗေဒင် (စက်တင်ဘာလ ၁၉ရက်နေ့မှ ၂၅ ရက်နေ့အထိ)

blank

၁။ မိဿ    ရာသီဖွား (Aries)

မတ်လ (၂၁) မှ ဧပြီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ပေးကမ်းထောက်ပံ့နေရတာတွေကြောင့် ငွေကုန်ကြေးကျများနေပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ အဲ့ဒီအခြေအနေကို ရှောင်လွှဲလို့လည်း မရသေးပါဘူး။ စိတ်မပူပါနဲ့။ လိုအပ်နေသူတွေကို စေတနာ အပြည့်နဲ့သာ ကူညီပေးလိုက်ပါ။ မကြာခင် သင့်အခက်အခဲတွေလည်း ပြေလည်သွားပါလိမ့်မယ်။ အိမ်ကို ညအိပ်ညနေဧည့်သည်လာရင် ထီထိုးပါ။ ငွေဝင်တတ်ပါတယ်။

ယတြာ ။ ။ လေလွင့်တိရိစ္ဆာန်လေးတွေကို ကျွေးမွေးပါ။ ဤစာစောင်ကို သူငယ်ချင်းတွေ အတွက် SHARE ပေးလိုက်ပါ။

၂။ ပြိဿ     ရာသီဖွား (Taurus)

ဧပြီလ(၂၁ )မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

တခြားသူတွေအတွက်ပဲ ကြိုးစားနေတာတွေလျှော့ပြီး သင့်အတွက်သင် ကြိုးစားဖို့ အချိန်ပို ပေးလိုက်ပါ။ ဒီတစ်ပတ်အတွင်း သင့်ရည်မှန်းချက်တွေပြည့်ဝပါလိမ့်မယ်။ လက်ရှိအချိန်က သင့်ဘဝကို မြှင့်တင်နိုင်မယ့်အခွင့်အရေးရရှိဖို့ အကောင်းဆုံးအချိန်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထင်အမြင် လွဲစရာတွေ ကြုံရမယ်။ အပြောအဆို ဆင်ခြင်သတိပြုပါ။

ယတြာ။ ။ အဘိုးအဘွားများကို ထီလက်မှတ်ဝယ်လှူပါ။ ဤစာစောင်ကို SHARE ခြင်းဖြင့် ဖတ်လိုသူတို့အတွက် မျှဝေပေးလိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ

ကံအဆိုးအကောင်း ဒွန်တွဲနေတဲ့ကာလဖြစ်ပါတယ်။ မိသားစုအတွက် အချိန်ပေးပါ။ သင့် အခက်အခဲတွေကို မိသားစုဝင်တွေထဲက ဖြေရှင်းပေးနိုင်သူပေါ်ပါမယ်။ အချစ်နဲ့ ဘဝကို ဟန်ချက် ညီအောင် ထိန်းညှိပါ။ လက်ရှိအခက်အခဲတွေက သင့်ကို အောင်မြင်တဲ့အနာဂတ်ဆီ တွန်းပို့ပေးမယ့် လှေကားထစ်တွေဖြစ်ပါတယ်။ ဇွဲမလျှော့ဘဲ အတတ်နိုင်ဆုံး ရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။

ယတြာ။ ။ ပြည်သူ့ဆေးရုံမှာ ဆန်ပြုတ်လှူပါ။ ဤစာစောင်ကို အခြားသူတွေပါဖတ်ရအောင် SHARE လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

မှန်လွန်းရင် ရွာပြင်ထွက်ရတတ်တာကြောင့် ခံစားချက်တွေကိုမျိုသိပ်ထားရမယ့်ကာလဖြစ်တယ်။ စိတ်ကူးမျှော်လင့်ချက်တွေကို ချက်ခြင်းအကောင်အထည် မဖော်သေးပါနဲ့။ အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် စိတ်ပူပင်ရတတ်တယ်။ ပညာသင်ဖို့ အခွင့်အလမ်းကောင်းတစ်ခုပေါ်မယ်။ အခွင့်အရေးကို လက်လွှတ်မခံဘဲရယူလိုက်ပါ။

ယတြာ။ ။ သီလရှင်တစ်ပါးကို ဆန်တစ်ပြည်လှူပါ။ ရာသီခွင်တူတဲ့သူငယ်ချင်း ၂ ယောက်ကို mention ခေါ်လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အစစအရာရာ အဆင်ပြေနေတဲ့ကာလဖြစ်ပါတယ်။ အချစ်ရေးသာယာမယ်။ ငွေဝင်ကိန်းရှိပါတယ်။ မျှော်လင့်မထားဘဲ အလှူအတန်းကြီးကြီးမားမားပြုရတတ်တယ်။ ကျန်းမာရေးအနေမှာ ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ ရောဂါတစ်ခုခုဖြစ်တတ်တယ်။ အစားအသောက် ဆင်ခြင်သတိပြုပါ။ ယာယီ ခရီးတစ်ခုထွက်ရမယ်။ သင့်ကို ပျော်ရွှင်စေမယ့်ခရီးဖြစ်ပါတယ်။

ယတြာ။ ။ နေအိမ်ခြံဝင်းထဲမှာ သစ်ပင်တစ်ပင်စိုက်ပါ။ ရာသီခွင်တူတဲ့သူငယ်ချင်း ၃ယောက်ကို mention ခေါ်လိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo)

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

မှန်းချက်နဲ့နှမ်းထွက် လွဲချော်မှုတွေကြောင့် အတန်ငယ်စိတ်ပျက်နေရတဲ့ ကာလဖြစ်ပါတယ်။ ဒါပေမဲ့ သင်လုပ်ရမယ့် အလုပ်တွေကို ဇွဲမလျှော့ဘဲဆက်လုပ်သွားပါ။ သင့်အပေါ် အထင်လွဲနေတဲ့ မိတ်ဆွေဟောင်းတွေနဲ့ ပြန်သင့်မြတ်မယ်။ မိတ်ဟောင်းဆွေဟောင်းတွေရဲ့ အကူအညီကောင်းတွေကို ရရှိမယ့်ကာလဖြစ်ပါတယ်။ အချစ်ဟောင်းနဲ့လည်း ပြန်ဆုံတတ်တယ်။

ယတြာ။ ။ မွေးနံထောင့်မှာ ရေသက်စေ့ သပ္ပာယ်ပါ။ ယခုစာစောင်ကို SHARE ခြင်းဖြင့် သင့် အခက်အခဲတွေပြေလည်အောင် ယတြာချေလိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

ငွေရွှင်နေတဲ့ကာလဖြစ်ပါတယ်။ မထင်မှတ်ဘဲ ပဲကဝင်၊ နှမ်းကဝင်နဲ့ ငွေဝင်ကြမ်းနေတတ်တယ်။ အလှူအတန်းများများပြုပါ။ လိုအပ်နေသူတွေကို ကူညီထောက်ပံ့ပေးပါ။ ဘိုးဘွားမိဘတွေကို ကန်တော့ပါ။ အပေါင်းအသင်းနဲ့ စပ်လျဉ်းပြီး မရည်ရွယ်ဘဲ အမှုတွဲတစ်ခုထဲ ပါဝင်ရတတ်တယ်။ အသွားအလာ အနေအထိုင်ဆင်ခြင်ပါ။ အပေါင်းအသင်းကြည့်ပေါင်းပါ။

ယတြာ။ ။ အိမ်နီးချင်းတွေကို ကြာဆံချက်ဝေပါ။ ရာသီခွင်တူတဲ့သူငယ်ချင်းတစ်ယောက်ကို Tag တွဲပြီး ယခုစာစောင်လေးကို SHARE လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား (Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

အလုပ်နဲ့ လူမှုရေးကိစ္စတွေကြားမှာ ဗျာများပြေးလွှားနေရမယ့်အချိန်ဖြစ်ပါတယ်။ ပင်ပန်းသလောက် အလုပ်တွင်တာကြောင့် ကျေနပ်စရာအကျိုးအမြတ်တွေရရှိပါမယ်။ လုပ်သင့်တာနဲ့ လုပ်ချင်တာကို ခွဲခြားပြီး သေချာစဉ်းစားလုပ်ကိုင်ပါ။ ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်မချမှတ်ပါနဲ့။ မှားယွင်းတတ်ပါတယ်။

ယတြာ။ ။ ငှက်လွှတ်ပါ။ အခက်အခဲတွေကျော်လွှားစေဖို့ ယခုစာစောင်လေးကို သင့် Timeline ပေါ် SHARE လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဘဝအတွက် ရွေးချယ်စရာနှစ်ခု တစ်ပြိုင်နက်တည်းပေါ်လာတတ်တဲ့ကာလဖြစ်ပါတယ်။ မိဘဆရာသမားတွေနဲ့ တိုင်ပင်ပြီး သင့်အတွက် ပိုကောင်းတဲ့အခြေအနေကို ရွေးချယ်လိုက်ပါ။ သင့်ကိုယ်သင် ယုံကြည်မှုအပြည့်နဲ့ အလုပ်တွေကြိုးစားရမယ့်အချိန်ပါ။ ခရီးရှည်တစ်ခုထွက်ရမယ်။ သင့်အတွက် အခွင့်အလမ်းကောင်းတွေ ရရှိစေမယ့်ခရီးဖြစ်ပါတယ်။ မိသားစုအကြီးအကဲရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ။ ။ နာမကျန်းဖြစ်နေသူကို ဆေးဝါးဒါနပြုပါ။ ဓနုရာသီဖွားသူငယ်ချင်းကို mention ခေါ်လိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကြားစကားတွေကြောင့် အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်အနှောင့်အယှက်တွေ ပေါ်တတ်တဲ့ကာလဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေကို သေချာစဉ်းစားချမှတ်ပါ။ အိမ်ကို စက်ပစ္စည်းကြီးကြီးမားမား ဝင်တတ်တယ်။ စက်ပစ္စည်းဝင်ရင် ၂ အစ ၆ အဆုံးထီထိုးပါ။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်တယ်။ အစားအသောက်သတိထားပါ။

ယတြာ။ ။ နွမ်းပါးတဲ့ကျောင်းသားလေးတစ်ယောက်ကို အဖြူအစိမ်းတစ်စုံလှူပါ။ မျှဝေခြင်းကလည်း ကုသိုလ်တစ်မျိုးမို့ ယခုစာစောင့်ကို မျှဝေရင်း ကုသိုလ်ယူလိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ

လူမှုရေးကိစ္စတွေနဲ့ ဂျင်ခြေလည်နေမယ့်အချိန်ဖြစ်ပါတယ်။ သင့်အတွက် အချိန်မရှိလောက်အောင် အခြားသူတွေကို အချိန်ပေးနေရပါမယ်။ ရောက်လေရာမှာ လူချစ်လူခင်များနေမယ်။ အချစ်ရေးမှာ စန်းပွင့်နေပါမယ်။ အလုပ်မှာ အပြိုင်အဆိုင်ပေါ်တတ်တယ်။ သင့်လမ်းကြောင်းပေါ်မှာပဲ ဖြောင့်ဖြောင့်လျှောက်လိုက်ပါ။

ယတြာ။ ။ ကြောင်တစ်ကောင်ကို Cat Food တစ်ထုပ်ကျွေးလိုက်ပါ။ ယခုစာစောင်လေးကို Like & Share လုပ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

လုပ်ချင်တဲ့အလုပ်တွေများပြီး စိတ်နောက်ကို လူမလိုက်နိုင်တဲ့အခြေအနေကြောင့် သင့်ကိုယ်သင် အားမလိုအားမရဖြစ်နေပါတယ်။ ဆုံးရှုံးပြီး ထင်ထားတဲ့ကြွေးဟောင်းတွေပြန်ရမယ်။ ခင်မင်သူတွေနဲ့ အထင်အမြင်လွဲစရာတွေဖြစ်တတ်တယ်။ သင် တာဝန်မယူနိုင်သေးတဲ့ကိစ္စတွေအတွက် စကားမကျွံမိပါစေနဲ့။ ကျန်းမာရေးသင့်ပါတယ်။ အချစ်ရေးသာယာနေပါတယ်။

ယတြာ။ ။ မွေးနေ့မှာ ပရဟိတတစ်ခုခုလုပ်ပါ။ ယခုစာစောင်ကို အခြားသူတွေပါဖတ်ရအောင် SHARE လိုက်ပါ။