၂ဝ၁၆၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ)

blank

၁။ မိဿရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ်(၁၉) ရက်အတွင်းမွေးဖွားသူများ
ဒီအပတ်မှာတော့ အကျင့်ဆိုးများကို စွန့်လွတ်နိုင်မယ့်အပြင် စိတ်ငြိမ်းချမ်းမှုများကိုပါ ခံစားရပါမယ်။ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်ပြီး စိတ်ရှိသလောက် လုပ်ကိုင်နိုင်မယ့်ကာလလည်းဖြစ်ပါတယ်။ သင့်လိုအပ်ချက်များနဲ့ ရည်မှန်းချက်များကို ကိုယ်တိုင် အကောင်အထည်ဖော်နိုင်မယ့် ကာလဖြစ်ပါတယ်။
ယတြာ-မိဿရာသီဖွားသူငယ်ချင်း(၃)ယောက်ကို mention ခေါ်ပါ။ မွေးနံထောင့်မှာ ရေချမ်းကပ်လှူပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပရယ် (၂ဝ) မှ မေလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ
သင့်ဘဝအခြေအနေတွေဟာ အကောင်းဘက်ကို ဦးတည်ပြီး မြင့်မားသော ဘဝကိုပိုင်ဆိုင်နိုင်မည့်ကာလဖြစ်ပါတယ်။ ကံကောင်းခြင်းတွေအားလုံးသင့်နောက်ကို လိုက်နေတယ်လို့ ထင်ရလောက်အောင် အောင်မြင်မှုအပေါင်းခညောင်းနေမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုပြည့်ဝနေတာကြောင့် အခွင့်အရေးအားလုံးကို အသုံးချပြီး တမူထူးခြားတဲ့ ဘဝကို တည်ဆောက်နိုင်မည်။
ယတြာ- သင့် timeline ပေါ်မှာ ဒီစာစောင်ကို SHARE ပေးပါ။ ဘုရားမှာ ရွှေထီးကပ်လှူပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂ဝ) ရက် အတွင်းမွေးဖွားသူများ
သူငယ်ချင်းမိတ်ဆွေအဟောင်းတွေနဲ့ တွေ့ဆုံမည်။ မိမိရောက်ရှိနေသော ဘဝအခြေအနေကို ပြန်လည်သုံးသပ်မိပြီး အပတ်တကုတ်ကြိုးစားမှုများကြောင့် ထင်မှတ်မထားသော အောင်မြင်မှုများရရှိမည်။ ဝေဖန်သံများကို လျစ်လျူရှုပြီး လုပ်သင့်လုပ်ထိုက်သည်များကို အားသွန်ခွန်စိုက်ဆောင်ရွက်ပါ။ ပညာရှာဖွေနေသူများ အနေနဲ့ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုပါ အချိန်ပေးတတ်တာကြောင့် သူတစ်ပါးထက် ထိပ်တန်းရောက်ရှိမယ့် အချိန်ဖြစ်ပါတယ်။
ယတြာ- ဆင်းရဲတဲ့ကလေးငယ်တွေကို စာရေးကိရိယာပေးလှူပါ။ အခင်ဆုံး သူငယ်ချင်း(၃)ယောက်အား mention ခေါ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ
စည်းများဘောင်များမှ ကျော်လွန်စဉ်းစားတတ်တဲ့ ကရကဋ်ရာသီဖွားများအနေနဲ့ သာမန်ထက်ပိုသော အောင်မြင်မှုများရရှိမည့် ကာလဖြစ်ပါတယ်။ စွန့်စားမှုတွေနောက်မှာ အောင်မြင်မှုတွေ ရရှိမှာဖြစ်တာကြောင့် အောင်မြင်မှုတွေ သင့်အလုပ်အကိုင်နဲ့ အသစ်အဆန်းတွေကို စမ်းသပ်လုပ်ဆောင်ဖို့ မကြောက်ရွံ့ပါနဲ့။ သင်အမှတ်မထင်ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ဆီကနေ အလုပ်အကိုင်နဲ့ ပတ်သတ်ပြီး အကူအညီတွေရရှိမယ်။
ယတြာ- ဘိုးဘွားရိပ်သာမှာ အအေးကုသိုလ်လုပ်ပါ။ ကရကဋ်ရာသီဖွား သူငယ်ချင်း တစ်ယောက်ကို tag တွဲပြီး ဒီစာစောင်ကို SHARE ပေးပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

ဒီအပတ်မှာတော့ သင့်ရဲ့ အလုပ်ကြိုးစားမှု ဂုဏ်သတင်းကျော်ဇောမယ့်ကာလဖြစ်ပါတယ်။ သင့်ကိုဝေဖန်တိုက်ခိုက်နေတဲ့ လူတွေတောင်မှ သင့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုဘဲ မနေနိုင်လောက်အောင် စိတ်ဓာတ်ပြင်းပြစွာကြိုစားနေမယ့် ကာလဖြစ်ပါတယ်။ သင်စောင့်မျှော်နေသူဆီကနေ ချစ်စကားကို ကြားရတတ်ပါတယ်။

ယတြာ- သံဃာတော်များကို ဆေးဝါးလှူပါ။ သိဟ်ရာသီဖွားသူငယ်ချင်း(၃)ယောက်ကို mention ခေါ်ပါ။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ
ဒီတပတ်မှာတော့ မကောင်းမြင်တတ်တဲ့စိတ်ကြောင့် လက်ရှိဘဝကို မကျေမနပ်ဖြစ်နေမှာဖြစ်ပါတယ်။ သင့်ကိုယ်သင် အားမလိုအားရဖြစ်နေသောကြောင့် လွယ်ကူတဲ့အရာလေးတွေကိုတောင် သင်မဖြေရှင်းနိုင်ဖြစ်နေပါတယ်။ သင့်ရဲ့အစွမ်းအစတွေကို အပြည့်အဝအသုံးချပြီး ဖြေရှင်းဖို့ကြိုးစားပါ။ အခက်အခဲတွေဟာ သင်စိတ်ဖိစီးနေသလောက် မလေးပင်တာကို တွေ့ရပါလိမ့်မယ်။ သင့်ထက်အသက်ကြီးသူ တစ်ဦးထံမှ အကူအညီများစွာ ရရှိမည်။ သင့်ကို ကူညီပေးလိုက်တဲ့ လူကို mention ခေါ်ရင်း ကျေးဇူးတင်စကားပြောလိုက်ပါ။
ယတြာ- ဘုရားတန်ဆောင်း သန့်ရှင်းရေးလုပ်ပေးပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဒီအပတ်မှာတော့ အလုပ်အကိုင်နဲ့ ပတ်သတ်ပြီးခြေလှမ်းသစ်များကို စတင်နိုင်မှာဖြစ်ပါတယ်။ မိမိကိုယ်ကိုယုံကြည်မှု အားနည်းနေပေမယ့် အားပေးကူညီတတ်တဲ့ မိတ်ဆွေတစ်ယောက်ကြောင့် အောင်မြင်မှုရရှိမယ်။ သင့်ရဲ့ ညှိနှိုင်းဆောင်ရွက်တတ်သော စိတ်ဓာတ်ကြောင့် ကြီးမားသော ကိစ္စရပ်များကို အလွယ်တကူ ဖြေရှင်းနိုင်ပါလိမ့်မယ်။

ယတြာ- ခွေးကလေးများအား အစားဒါနပြုပါ။ တူရာသီဖွား သူငယ်ချင်း(၃)ယောက်ကို mention ခေါ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

ယခုတစ်ပတ်အတွင်း မနာလိုဝန်တိုမှုများကြောင့် သင့်ကိုယ်သင် စိတ်ပူပန်အောင် လုပ်မိနေပါလိမ့်မယ်။ မလိုအပ်သော စိတ်ပူပန်မှုများကို ရင်ဝယ်ပိုက်ပြီး စိတ်ချမ်းသာမှုများကို မမြင်မိဘဲ သောကပွားနေရတတ်ပါတယ်။ ချစ်သူနဲ့ကတောက်ကဆများကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ အကောင်းမြင်စိတ်မွေးဖွားပြီး နားလည်အောင်ဖြေရှင်းလိုက်ပါ။ အရာရာအဆင်ပြေသွားပါလိမ့်မယ်။ ငွေကြေးကံကောင်းမယ်။

ယတြာ- သံဃာတော်တစ်ပါးအား ဖိနပ်လှူဒါန်းပါ။ မျှဝေခြင်းဆိုတာလည်း ကုသိုလ်တစ်မျိုးမို့ ဒီစာစောင်လေးကို SHARE ပေးပါ။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ
ဒီတစ်ပတ်မှာတော့ အခြားသူများရဲ့ စကားကိုနားယောင်ရင်း သင့်ဘဝကိုသင် မကျေမနပ်ဖြစ်နေမယ်။ စိတ်ကိုရှင်းရှင်းထားပြီး စိတ်ခံစားမှုများကို လျှော့ချထားပါ။ အနာဂတ်အတွက် အရေးပါတော့ ခြေလှမ်းများကို ချနိုင်လိမ့်မယ်။ တပါးသူများကို စိတ်ကျေနပ်အောင်နေရင်း မိမိစိတ်ချမ်းမြေ့မှု ပျောက်ဆုံးနေတတ်ပါတယ်။ အလုပ်ခွင်မှာထမ်းဆောင်ရမည့် တာဝန်အသစ်များကြောင့် ပျော်ရွှင်တက်ကြွနေပါလိမ့်မယ်။
ယတြာ- ရေကုသိုလ်လုပ်ပါ။ ဓနုရာသီဖွားသူငယ်ချင်းတွေကို mention ခေါ်လိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

မိသားစုအတွင်းကြုံတွေ့ရမည့် အရှုပ်အထွေးများကို တာဝန်ယူဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ သင့်မိဘများက သင့်အပေါ်အားကိုးတတ်တာကြောင့် ဒီတစ်ပတ်မှာတော့ မိသားစုအတွက် အချိန်ပေးနိုင်အောင်ကြိုးစားပါ။ အလုပ်အကိုင်အသစ်နဲ့ ပတ်သက်ပြီးဆုံးဖြတ်ချက်များ အလျင်စလိုမချမိပါစေနဲ့။ မိတ်ဆွေသစ်များ တိုးပွားပါလိမ့်မယ်။

ယတြာ- မိဘမဲ့ကလေးငယ်များကို မနက်စာလှူဒါန်းပါ။ သင့် timeline ပေါ်မှာ ဒီစာစောင်ကို SHARE ပေးပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂ဝ)ရက် မှ ဖေဖော်ဝါရီ(၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားများအနေနဲ့ ဒီတစ်ပတ်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုများနဲ့ အနာဂတ်အတွက်ခြေလှမ်းသစ်များကို စတင်နိုင်မည့်ကာလဖြစ်ပါတယ်။ ကံကောင်းခြင်းတွေရဲ့ တံခါးခေါက်သံကို သင့်ဘဝထဲမှာ မကြာခဏကြားရပါလိမ့်မယ်။ သင်ပိုးပန်းနေသူထံမှ ကြည်ဖြူလိုက်လျောမှုတွေ ရရှိတတ်ပါတယ်။ ငွေကြေးအပေးအယူကိစ္စတွေမှာ သတိဝီရိယရှိပါ။

ယတြာ- အဝတ်ဟောင်းတစ်စုံကို ချို့တဲ့သူတွေကို ပေးလှူပါ။ မျှဝေခြင်းဆိုတာလည်း ကုသိုလ်တစ်မျိုးမို့ ဒီစာစောင်လေးကို SHARE ပေးပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကြုံတွေ့ရမယ့် အခက်အခဲတွေကို ခံနိုင်ရည်ရှိရှိနဲ့ ကျော်လွှားနိုင်မယ့် ကာလဖြစ်ပါတယ်။ ရှိရင်းစွဲအလုပ်အကိုင်များကို ချဲ့ထွင်နိုင်မည့်အပြင် လုပ်ငန်းသစ်များကိုပါ စတင်နိုင်ပါမယ်။ မိတ်ဆွေများနဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ ကိစ္စရပ်များမှ အောင်မြင်မှုများစွာရရှိပါမယ်။

ယတြာ- အဘိုး၊အဘွားတွေကို သန့်ရှင်းရေးဒါနပြုပါ။ မိန်ရာသီဖွား သူငယ်ချင်းရဲ့ timeline ပေါ်မှာ ဒီစာကို SHARE ပေးပါ။