၂ဝ၁၆၏ ဂန္ထဝင် အပတ်စဉ်ဗေဒင် (စက်တင်ဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ)

blank

၁။ မိဿရာသီဖွား (Aries)

 မတ်လ (၂၁)  မှ ဧပရယ်(၁၉) ရက်အတွင်းမွေးဖွားသူများ

ကိုယ့်ဘဝရဲ့ တကယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို သေချာသတ်မှတ်ပါ။ အခုအချိန်ပိုင်းက သင့်အနာဂတ်ခရီးအတွက် တာထွက်ကောင်းမယ့်အချိန်ပါ။ အလုပ်အကိုင်သစ်၊ ဘဝသစ်ကို စတင်လုပ်ဆောင်သင့်တဲ့အချိန်လည်းဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားရကိန်းရှိတယ်။ ထိုခရီးကနေ အခွင့်အလမ်းအသစ်တွေ ရလာမယ်။ အဟန့်အတားလေးတွေ တွေ့ရတတ်တယ်။ မေတ္တာဖြင့်သာ ရင်ဆိုင်ကျော်ဖြတ်ပါ။ ချစ်သူအတွက် အချိန်မပေးနိုင်လို့ ရွှေစိတ်တော်အကောက်ခံရတတ်ပါတယ်။

ယတြာ။         ။ အဟန့်အတားတွေ ကြုံလာရရင် မွေးနံတူတဲ့ပန်း ၇ပွင့်ကို ဘုရားမှာ လှူပါ။ ဒီစာစောင်လေးကို သူငယ်ချင်းတွေဖတ်ဖို့ SHARE လိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus)

ဧပရယ် (၂ဝ )မှ မေလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

သူတစ်ပါးရဲ့လျှို့ဝှက်ချက်ကို ထုတ်ပြောမိလို့ နေရင်းထိုင်ရင်း အရှုပ်အရှင်းတွေ ဖြေရှင်းရတတ်ပါတယ်။ သူများအကြောင်း ပြောနေမယ့်အစား ကိုယ်ဘဝတက်လမ်းအတွက် အချိန်နဲ့ ကြိုးစားမှုကို ပေးဆပ်လိုက်ပါ။ ယခုအချိန်ဟာ အောင်မြင်မှုနဲ့ နီးကပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ မိသားစုတွင်း ချစ်ခြင်းမေတ္တာတွေ တိုးပွားလာမယ်။ သူငယ်ချင်းနဲ့ ချစ်သူကြား ဗျာများရတတ်တယ်။ ပညာရေးမှာ အရာရာကို အောင်မြင်နိုင်မယ့်နိမိတ်ဆောင်နေတဲ့ ကာလလည်းဖြစ်ပါတယ်။

ယတြာ ။        ။ စိတ်ရှုပ်ထွေးစရာတွေကြုံလာရင် ခိုစာကျွေးပြီး လိုရာဆုတောင်းပါ။ သူငယ်ချင်းတွေကို comment box မှာ mention ခေါ်လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂ဝ) ရက် အတွင်းမွေးဖွားသူများ

အခုအချိန်မှာ သင့်ခံစားချက်တွေကို ဘယ်သူ့ကိုရင်ဖွင့်တိုင်တည်ရမှန်းမသိ ဖြစ်နေတတ်တယ်။ ဆုံးဖြတ်ချက်တစ်ခုချဖို့ ဝေခွဲမရဖြစ်နေတတ်တယ်။ အရိုးရှင်းဆုံးနည်းလမ်းကို စဉ်းစားပါ။ မိတ်ဆွေသစ်တွေနဲ့ ကြုံတွေ့ရလိမ့်မယ်။ မိသားစုဝင်တွေကြားမှာ ပဋိပက္ခလေးတွေ ဖြစ်တတ်တယ်။ ဝမ်းနည်းစရာကြုံလာတိုင်း ချစ်သူရဲ့ဖေးမမှုတွေက သင့်အတွက် အားဆေးတစ်ခွက် ဖြစ်နေမှာပါ။

ယတြာ ။        ။ အိမ်ယာမဲ့သူတစ်ဦးကို မိုးကာလှူဒါန်းလိုက်ပါ။ ဒီစာစောင်လေးကို သူငယ်ချင်းတွေရဲ့ wall ပေါ်မှာ SHARE ပေးလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ခက်ခဲတဲ့အချိန်လေးတွေ ကြုံလာတတ်တဲ့ ကာလတစ်ခုပါ။ ဦးစားပေးရမယ့်အလုပ်နဲ့ အပိုအလုပ်ကို ခွဲခြားသိအောင်ကြိုးစားပါ။ သင့်ရဲ့ဖြတ်ထိုးဉာဏ်က သင့်ကို အခက်အခဲတွေကြားကနေ ဆွဲထုတ်ပေးပါလိမ့်မယ်။ မိဘနဲ့ ဝေးနေရသူများအဖို့ မိဘနဲ့တွေ့ရဖို့ အခွင့်အရေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။ မာနအကြောင်းခံတဲ့ ပဋိပက္ခလေးတွေ အချစ်ရေးမှာ ပေါ်ပေါက်လာတတ်ပါတယ်။

ယတြာ ။        ။ သင့်ဘဝရဲ့အခက်အခဲတွေပြေပျောက်စေဖို့ ဘိုးဘွားရိပ်သာမှာ တတ်နိုင်သလောက်လှူပါ။ ချစ်ရသူတွေ ဖတ်ဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရတတ်တယ်။ ဆုံးရှုံးမှုတွေဖြစ်လာရင် အပြုံးမပျက်တုန့်ပြန်တတ်အောင် အကောင်းမြင်စိတ်မွေးထားပါ။ စာချုပ်စာတမ်း၊ အာမခံကိစ္စတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ လုပ်ငန်းထဲမှာ မြုပ်နေတဲ့ငွေကြေးတွေ ပြန်ပေါ်လာမယ့် ကာလဖြစ်ပါတယ်။ ပညာရေးမှာ ကြိုးစာတာထက်ပိုပြီး ရလဒ်ကောင်းတွေထွက်မယ့်ကိန်းရှိပါတယ်။ အောင်သွယ်ကောင်းလို့ ချစ်သူကောင်းရတတ်တယ်။

ယတြာ ။        ။ ဘေးဘယာကင်းဝေးအောင် သူဆင်းရဲကလေးတွေကို ဘယာကြော်ကျွေးလိုက်ပါ။ သူငယ်ချင်း ၃ယောက်ကို comment box မှာ mention ခေါ်လိုက်ပါ။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ဆုံးဖြတ်ချက်တစ်ခုခုချမှတ်တော့မယ်ဆိုတိုင်း အချိန်ယူစဉ်းစားပါ။ သင့်ဆုံးဖြတ်ချက်တစ်ခုက သင့်ဘဝကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ အလုပ်ရာထူးတိုးကိန်းရှိတယ်။ အထက်လူကြီးရဲ့ ကူညီဖေးမခြင်းခံရလိမ့်မယ်။ ငွေအလုံးအရင်းလိုက်ဝင်ကိန်းရှိတယ်။ အချစ်ရေးမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေနဲ့ ကြုံရလိမ့်မယ်။

ယတြာ ။        ။ ငါးလွှတ်ပြီး ကုသိုလ်ယူပါ။ ချစ်ရသူကို mention ခေါ်လိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အကောင်းဆုံးကြိုးစားခဲ့တာကြောင့် အကောင်းဆုံးကို မျှော်လင့်ထားရမယ့် အချိန်ဖြစ်ပါတယ်။ မျှော်လင့်ထားသလောက်လည်း အကျိုးဆက်ကောင်းတွေ ရရှိလာမယ့်အချိန်ဖြစ်ပါတယ်။ မိတ်ဆွေသစ်တွေဆီကနေ အခွင့်အလမ်းသစ်တွေ ရရှိလာတတ်ပါတယ်။ ခရီးတိုထွက်ရကိန်းရှိတယ်။ ပညာရေးမှာ အောင်မြင်ဖို့ ကြိုးစားသင့်ပါပြီ။ အချစ်ရေးမှာ ထူးခြားမှုတွေ မရှိပေမယ့် ပျော်ရွှင်စရာလေးတွေ ရှိလာတတ်ပါတယ်။

ယတြာ ။        ။ ငှက် ၅ကောင်ကို ဘေးမဲ့လွှတ်ပါ။ သင့်ရဲ့အညံ့တွေ ငှက်တွေနဲ့အတူပါသွားပါစေလို့ အာရုံပြု ဆုတောင်းပါ။ ချစ်ခင်ရသူတွေဖတ်ဖို့ ဒီစာစောင်လေးကို SHARE ပေးလိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

အလုပ်တွေရှုပ်နေတဲ့ ကာလဖြစ်ပါတယ်။ မိမိရဲ့ ပျော်ရွှင်မှုနဲ့ ကျန်းမာရေးအတွက်လည်း အချိန်ပေးပါ။ သင့်ကြိုးစားမှုကြောင့် သင်တင်မက သင့်ပတ်ဝန်းကျင်ကလူတွေပါ အောင်မြင်မှုကို ပိုင်ဆိုင်ရတတ်ပါတယ်။ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေကနေ အမြတ်ငွေတွေ ရတတ်တယ်။ ရပ်ဝေးတစ်နေရာကနေ သတင်းကောင်းကြားရတတ်တယ်။ ချစ်ရသူရဲ့ အလိုလိုက်အကြိုက်ဆောင်မှုကြောင့် စိတ်ချမ်းသာနေတတ်တဲ့အချိန်လည်းဖြစ်ပါတယ်။

ယတြာ ။        ။ သင်လိုချင်တဲ့အရာကို အာရုံပြုပြီး တရားထိုင်ပါ။ ဒီစာစောင်လေးကို SHARE လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အရင်က ငွေကြေးကို ကောင်းကောင်းမစီမံခဲ့တာကြောင့် အခုအချိန်မှာ ငွေကြေးပြဿနာလေးတွေနဲ့ လုံးလည်ချာလည်ဖြစ်နေတတ်တယ်။ ငွေကြေးပြဿနာတွေကို ဖြေရှင်းပြီးတာနဲ့ ဝင်ငွေထွက်ငွေကို စနစ်တကျစီမံပါ။ အလုပ်မှာတော့ အစစအရာရာ အဆင်ပြေနေပါတယ်။ အကျိုးရလဒ်ကောင်းတွေလည်း ထွက်တတ်ပါတယ်။ ငယ်ရွယ်သူများ အချစ်ရေးစန်းပွင့်နေတဲ့ကာလဖြစ်ပါတယ်။

ယတြာ ။        ။ အညံ့တွေပပျောက်သွားအောင် အဝတ်ဟောင်းတွေကို နွမ်းပါးတဲ့သူထံလှူဒါန်းလိုက်ပါ။ ဒီစာစောင်လေးကို ချစ်ရသူတွေ ဖတ်ဖို့ SHARE လိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

အခုရက်ပိုင်းအတွင်းမှာ ကိုယ့်အတွက် မလိုအပ်တဲ့အရာတွေအတွက် အချိန်တွေ၊ ငွေတွေ ဖြုန်းနေမိတတ်တယ်။ ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ ရည်ရွယ်ချက်ကို သိအောင်ကြိုးစားပါ။ လူကြီးမိဘတွေရဲ့ တမင်တကာ အပြစ်ရှာပြောဆိုမှုတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ အရာရာကို ဒေါသနဲ့မတုန့်ပြန်မိအောင် ကြိုးစားထိန်းချုပ်ပါ။ အချစ်လမ်းမှာ ပန်းတွေဝေနေတဲ့အချိန်လည်းဖြစ်ပါတယ်။

ယတြာ ။        ။ ဖိနပ်မပါဘဲ လျှောက်သွားနေတဲ့သူတစ်ယောက်ကို ဖိနပ်တစ်ရံ လှူဒါန်းလိုက်ပါ။ သူငယ်ချင်း ၃ယောက်ကို mention ခေါ်လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂ဝ)ရက် မှ ဖေဖော်ဝါရီ(၁၈) တွင်းမွေးဖွားသူများ

တစ်ခုခုလုပ်ဖို့ စိုးရွံ့စိတ်လေးတွေ ဖြစ်ပေါ်နေတတ်တယ်။ ကိုယ်က အလုပ်ကို မထိန်းချုပ်ဘဲ အလုပ်က ကိုယ့်ကို ပြန်ထိန်းချုပ်သွားတာမျိုးတွေ ဖြစ်တတ်တယ်။ လုပ်ငန်းသစ်တွေ စတင်ဖို့ အခွင့်အလမ်းတွေ ပေါ်ပေါက်လာတတ်တယ်။ ကိစ္စတစ်ခုခုပေါ်လာရင် ငြင်းခုံရန်ဖြစ်နေမယ့်အစား အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကို စဉ်းစားပြီး အတူတကွပူးပေါင်းဖြေရှင်းလိုက်ပါ။ အလုပ်ကိုဦးစားပေးလွန်းတာကြောင့် အချစ်ရေးဘက်မှာ လစ်ဟင်းတာတွေ ဖြစ်တတ်ပါတယ်။

ယတြာ ။        ။ အရေးကြီးကိစ္စတွေ ဆောင်ရွက်ရမယ့်နေ့မျိုးမှာ ဘုရားမှာ သစ်သီးဆွမ်းကပ်ပြီး အောင်မြင်စေကြောင်း ဆုတောင်းပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကိုယ့်ကိုယ်ကို ဘာလုပ်လုပ်မှန်တယ်ထင်ပြီး စိတ်ကြီးဝင်နေတတ်တဲ့အကျင့်လေးကြောင့် လူမှုဆက်ဆံရေးဘက်မှာ ချို့ယွင်းမှုလေးတွေရှိနေတတ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်အောင်နေခြင်းက သင့်ဘဝအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ လတ်တလောကြုံနေရတဲ့ အခက်အခဲတွေကနေ သင်ခန်းစာကောင်းတွေရတတ်ပြီး ထိုသင်ခန်းစာတွေကြောင့် ကိုယ့်ဘဝကို အကောင်းဆုံးကြိုးစားပြီး ရပ်တည်နိုင်လာမယ်။ ခရီးထွက်ရကိန်းရှိတယ်။ အယုံလွယ်ခြင်းကြောင့် အခက်ကြုံရတတ်တယ်။ အချစ်ရေးမှာ ကြည်နူးစရာအမှတ်တရလေးတွေ ပိုင်ဆိုင်ရတတ်ပါတယ်။

ယတြာ ။        ။ ငါးစာကျွေးပြီး လိုရာဆုတောင်းပါ။ သူငယ်ချင်းတွေ ဖတ်ရအောင်လို့ ဒီစာစောင်လေးကို SHARE လိုက်ပါ။