၂ဝ၁၆ ၏ ဂန္ထဝင်အပတ်စဉ်ဗေဒင် (သြဂုတ်လ၂၉ ရက်နေ့မှ စက်တင်ဘာ ၄ ရက်နေ့ထိ)

blank

၁။ မိဿရာသီဖွား (Aries)

မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ
          စိတ်ထင်တိုင်း ခရီးမရောက်ဖြစ်နေတဲ့ကာလတစ်ခုပါ။ သင့်ကိုယ်သင် ယုံကြည်မှု ထားရှိဖို့ လိုအပ်နေပါတယ်။ အလုပ်မှာ ခါတိုင်းထက်ပိုအာရုံစိုက်ပြီး လုပ်ပါ။ ပူးပေါင်း လုပ်ကိုင်ရမယ့်အလုပ်တွေ အကျိုးမပေးသေးပါ။ ခရီးထွက်ရမယ်။ မိတ်ဆွေကောင်း တွေ့မယ့်ခရီးဖြစ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးသာယာပါမယ်။

ယတြာ။      ။ ဘုရားမှာ သပြေညွှန့်လှူပါ။ ဤစာစောင်ကို သင့်သူငယ်ချင်းတစ် ယောက်ကို mention ခေါ်ပြီး မျှဝေပေးလိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus)

ဧပြီလ (၂၁) မှ မေလ (၂၁) ရက်အတွင်းမွေးဖွားသူများ

စိတ်လက်ကြည်လင်စရာတွေနဲ့ ပြည့်နေမယ့်ကာလ ဖြစ်ပါတယ်။ အမျိုးထဲမှာ မင်္ဂလာရှိတဲ့သတင်း ကြားရမယ်။ အလုပ်အကိုင် အပြောင်းအရွှေ့ ကြုံတတ်တယ်။ အထက်အရာရှိ စောင့်ရှောက်ကူညီမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့တတ်တယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်တယ်။ အစားအသောက်ဆင်ခြင်ပါ။

ယတြာ။      ။ လိုအပ်နေသူကို အဝတ်တစ်စုံလှူဒါန်းပါ။ သင့်သူငယ်ချင်း ၃ ယောက်ကို mention ခေါ်ပြီး ဤစာစောင်ကို မျှဝေပေးလိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ
          လုပ်ငန်းဟောင်းတွေ၊ အချစ်ဟောင်းတွေနဲ့ ပြန်ပတ်သက်ရတတ်တဲ့ ကာလဖြစ် ပါတယ်။ စိတ်ပင်ပန်းမှုတွေ ကင်းဝေးနရတဲ့အချိန်ပါ။ လုပ်ငန်းမှာ ရှေ့ဆက်တိုးဖို့ ခွန်အားတွေ ဖြည့်ထားပါ။ ရှေ့မှာ သာယာတဲ့အနာဂတ်က သင့်ကို စောင့်ကြိုနေပါ တယ်။ အိမ်ထောင်ရေးနဲ့ အချစ်ရေး အဆင်ပြေနေပါတယ်။
ယတြာ။      ။ လမ်းဘေးခွေးလေးတွေကို မုန့်ကျွေးပါ။ ဤစာစောင်ကို LIKE and SHARE ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

မျှော်လင့်ထားသမျှ အခြေအနေတွေ အနားကပ်မှ ပျက်ကုန်တာကြောင့် စိတ်ပျက်ရတဲ့အချိန်ဖြစ်ပါတယ်။ အစီအစဉ်တွေ ပြောင်းရွှေ့ရပေမယ့် စိတ်ဓာတ် မကျပါနဲ့။ အခက်အခဲတွေကို သင့်ရဲ့ အတွေ့အကြုံကောင်းတွေနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်မှာပါ။ ပညာရပ်အသစ်တစ်ခု ထပ်သင်ရလိမ့်မယ်။

ယတြာ။      ။ နွမ်းပါးတဲ့ကျောင်းသားတစ်ဦးကို စာရေးကိရိယာ လှူဒါန်းပါ။ ဤစာစောင်ကို LIKE and SHARE ပြီး အခြားသူတွေပါဖတ်ရအောင် မျှဝေပေးလိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်းမွေးဖွားသူများ

ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်တွေ မြင့်မားနေတဲ့ကာလ ဖြစ်ပါတယ်။ စိတ်ကူးထားတဲ့ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်လိုက်ပါ။ အသေးအဖွဲလေးက စတင်ရင်တောင် အမြင့်ဆုံးအထိရောက်နိုင်တဲ့ကာလမို့ သင့်ကိုယ် သင် အားစိုက်ထုတ်လိုက်ပါ။ ဗိုက်အောင့်ဗိုက်နာဖြစ်တတ်တယ်။ အစားအသောက် ဆင်ခြင်သတိပြုပါ။

ယတြာ။      ။ သက်ကြီးရွယ်အိုတစ်ဦးကို အားဆေးလှူပါ။ ဤစာစောင်ကို သင်အခင်မင်ရဆုံးသူတစ်ယောက်ကို TAG တွဲပြီး SHARE လိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo)
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

အလုပ်ထဲမှာဖိအားပေးမှုတချို့နဲ့  ကြုံနေရတဲ့ကာလဖြစ်ပါတယ်။ အသေးစိတ် ကအစ ကိုယ်တိုင်ဂရုစိုက်လုပ်ကိုင်ရမယ့်အချိန်ဖြစ်တဲ့အတွက် ပင်ပန်းနေပါမယ်။ ဒါပေ မယ့် လုပ်စရာရှိတာတွေကို အချိန်မဆွဲပါနဲ့။ မကြာခင်မှာ အခက်အခဲတွေအားလုံး အဆင်ပြေသွားပါလိမ့်မယ်။ ကူညီမယ့်မိတ်ဆွေကောင်း တွေ့တတ်ပါတယ်။

ယတြာ။      ။ မွေးရက်မှာ နီးစပ်ရာကလေးငယ်တွေကို အာဟာရဒါနပြုပါ။ ရာသီ ခွင်တူတဲ့သူငယ်ချင်းတစ်ယောက်ကို mention ခေါ်လိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ
         သင်လုပ်ပေးတာတွေအတွက် အသိအမှတ်မပြုတဲ့ မိတ်ဆွေသူငယ်ချင်း တချို့ ကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ကြုံရတတ်တယ်။ အတိုက်အခိုက်တွေ ကြောင့် သင့်လုပ်ငန်းတွေကို ထိခိုက်မခံပါနဲ့။ လုပ်စရာရှိတာတွေကို တစိုက်မတ်မတ် လုပ်ဆောင်ပါ။ ကူညီမယ့်သူတွေ ပေါ်လာပါလိမ့်မယ်။

ယတြာ။      ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။ ရာသီခွင်တူတဲ့သူငယ်ချင်း ၃ ယောက်ကို mention ခေါ်လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား (Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ကြန့်ကြာနေတဲ့လုပ်ငန်းတွေ ပြန်လည်ပတ်လာပါမယ်။ ကြွေးဟောင်းတွေ ပြန်ရ မယ်။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံရတတ်တယ်။ အချစ်ရေးမှာ ကြားလူကြောင့် စိတ် အနှောင့်အယှက်ဖြစ်နေတတ်တယ်။ အလှူအတန်းတချို့ ပြုရတတ်တယ်။ ငွေဝင်ကိန်း ရှိတယ်။ ထီထိုးပါ။

ယတြာ ။     ။ နာမကျန်းဖြစ်နေသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။ ဤစာစောင်ကို သူငယ် ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၃) မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

စကားအရှုပ်အရှင်းဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်။ စကားအပြောအဆို ဆင်ခြင် သတိပြုပါ။ မိသားစုအတွင်း သတင်းကောင်းရောက်လာတတ်တယ်။ ပူးပေါင်းလုပ်ကိုင် ရမယ့် စီးပွားရေးလုပ်ငန်းတွေ အကျိုးပေးနေပါတယ်။  ဒါပေမယ့် သင်ကိုယ်တိုင် ဦးဆောင်လုပ်ကိုင်သင့်ပါတယ်။ အချစ်ရေးမှာ ရွေးချယ်ရခက်နေတတ်တယ်။

ယတြာ။      ။ မွေးရက်မှာ ပရဟိတအလုပ်တစ်ခု လုပ်ပါ။ သင့် အရင်းနှီးဆုံး သူငယ်ချင်းကို TAG တွဲပြီး ဤစာစောင်ကို SHARE ပေးလိုက်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂) မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

အစစအရာရာ အဆင်ပြေနေတဲ့အတွက် ပျော်စရာဖြစ်နေရမယ့် ကာလဖြစ်ပါ တယ်။ ဒါပေမယ့်  အရင်းနှီးဆုံးမိတ်ဆွေသူတစ်ဦးနဲ့ စပ်လျဉ်းပြီး ပြဿနာကြုံရတတ် တယ်။ အသွားအလာ၊ အနေအထိုင်၊ အပြောအဆို ဆင်ခြင်ပါ။ ကျန်းမာရေးအနည်းငယ် ညံ့တတ်တယ်။ နေအိမ်ကို ညအိပ်ညနေ ဧည့်သည်ရောက်လာတတ်တယ်။

ယတြာ။      ။ မွေးရက်မှာ ပရဟိတအလုပ်တစ်ခု လုပ်ပါ။ ရာသီခွင်တူတဲ့သူငယ်ချင်း တစ်ယောက်ကို mention ခေါ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ (၁၉) အတွင်းမွေးဖွားသူများ

ခရီးစဉ်တွေများနေမယ့်ကာလ ဖြစ်ပါတယ်။ ငွေကြေးကံအထူးကောင်းနေမယ်။ ဝန်ထမ်းဆိုရင် ရာထူးတိုးတတ်တယ်။ သင့်ကြိုးစားမှုတွေကို အစွမ်းကုန်ထည့်ရမယ့် အချိန်ပါ။ အခွင့်အလမ်းကောင်းတွေဆက်တိုက်ရလာတတ်တယ်။ လက်လွှတ်မခံဘဲ ဖမ်းဆုပ်လိုက်ပါ။

ယတြာ။      ။ ကျေးဇူးရှင်တစ်ဦးကို အဝတ်အစားတစ်စုံ ကန်တော့ပါ။ စာပေ ဆိုတာ ကုသိုလ်တစ်မျိုးမို့ အခြားသူတွေပါဖတ်ရအောင် ဤစာစောင်ကို SHARE ပေးလိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဝင်ငွေထွက်ငွေ အလျဉ်မီအောင် ကြိုးစားနေရတဲ့ကာလပါ။ ရစရာရှိတဲ့ ငွေတွေ လည်း ကြန့်ကြာနေတတ်ပါတယ်။ ခရီးရှည်တစ်ခုထွက်ရတတ်တယ်။ ကံကောင်းခြင်း တွေပေးမယ့်ခရီးဖြစ်ပါတယ်။ အချစ်ရေးသာယာပါတယ်။ ကျန်းမာရေးအနေနဲ့ ခါးနာ၊ ဒူးနာဖြစ်တတ်တယ်။

ယတြာ။      ။ လိုအပ်သူတွေကို အစားအသောက်ဒါနပြုပါ။ ဤစာစောင်ကို SHARE ပေးလိုက်ပါ။