၂ဝ၁၆၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် ( သြဂုတ်လ ၁ ရက်နေ့မှ ၇ရက်နေ့အထိ)

blank

၁။ မိဿရာသီဖွား (Aries )

မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

စကားအရှုပ်အရှင်း အနည်းငယ်ဖြစ်တတ်တဲ့အချိန် ဖြစ်ပါတယ်။ ချစ်ခင်သူတွေနဲ့ ကသိကအောက်ဖြစ်တတ်တဲ့အတွက် စကားအပြောအဆိုဆင်ခြင် သတိပြုသင့်ပါ တယ်။ သင့်လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေချောမွေ့အောင် ကူညီမယ့်သူတွေ တွေ့တတ်ပါတယ်။ ငွေကြေးလာဘ်ရွှင်နေတဲ့အတွက် အလုပ်ကြိုး စားလုပ်သင့်တဲ့ အချိန်ပါ။

ယတြာ ။     ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။ ဤစာစောင်ကို LIKE and SHARE ပါ။

၂။ ပြိဿရာသီဖွား (Taurus)

ဧပြီလ (၂၁ )မှ မေလ (၂၁) ရက်အတွင်း မွေးဖွားသူများ

သင်မတတ်နိုင်တဲ့ကိစ္စတွေအတွက် စိုးရိမ်ပူပန်နေတာတွေကို ရပ်တန့်လိုက်ပါ။ မလိုအပ်တဲ့စိုးရိမ်ပူပန်မှုတွေက သင့်ကို စိတ်ဖိစီးစေပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ ဆီက အကူအညီတောင်းပါ။ သိပ်မကြာခင် လက်ရှိ အခက်အခဲတွေ ပြေလည်သွား ပါလိမ့်မယ်။ ကြန့်ကြာနေတဲ့စီးပွားရေးလုပ်ငန်းတွေလည်း ပြန်လည်ပတ်လာပါမယ်။ အိမ်ထောင်ရေး၊ အချစ်ရေး သင့်တင့်ပါတယ်။
ယတြာ ။     ။ အောင်မြင်မှုရရှိအောင် သပြေညွှန့်ဆောင်ပါ။ ဗဟုသုတရစေမယ့် ဤစာစောင်လေးကို သင့်   Facebook wall ပေါ် share ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ

အလုပ်အကိုင်အဆင်ပြေနေတဲ့အချိန်ဖြစ်ပါတယ်။ အဝေးရောက် မိတ်ဆွေ သူငယ်ချင်းများထံမှ အံ့သြဝမ်းသာစရာ သတင်းကောင်းတစ်ခုကြားရမယ်။ ပညာသင်ဖို့ အခွင့် အလမ်းကောင်းပေါ်မယ်။ အခွင့်အရေးကို လက်မလွှတ်ဘဲ ရယူသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်တယ်။ အစားအသောက် ဆင်ခြင်သတိပြုပါ။ အချစ်ရေး သာယာပါတယ်။

ယတြာ ။     ။ ကြောင်လေးတွေကို ငါးကြော်ကျွေးပါ။ ဤစာစောင်ကို LIKE and SHARE လုပ်ပြီး သူငယ်ချင်းတွေပါဖတ်ရအောင် ဝေမျှလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

မိတ်ဆွေသူငယ်ချင်းတွေနဲ့ စပ်လျဉ်းပြီး ကိုယ်နဲ့မဆိုင်တဲ့ပြဿနာတွေကြားထဲ ရောက်ရှိတတ်တဲ့အချိန်ဖြစ်ပါတယ်။ အပြောအဆို၊ အသွားအလာဆင်ခြင်သတိပြုပါ။ ငွေကံပွင့်လန်းနေတာကြောင့် စီးပွားရေးလုပ်ငန်းကို အားသွန်ခွန်စိုက်လုပ်ရမယ့် အချိန် ပါ။ အထူးသဖြင့် ဒီတစ်ပတ်အတွင်း ငွေဝင်ကိန်းရှိပါတယ်။ အချိန်ကို ထိရောက်စွာ အသုံးချပြီး အခွင့်အလမ်းကောင်းတွေကို ရယူလိုက်ပါ။

ယတြာ။      ။ မွေးရက်မှာ သက်ကြီးရွယ်အိုတစ်ဦးကို ကြာဆံကြော် ဒါနပြုလိုက်ပါ။ ဤစာစောင်ကို  Like လုပ်ပြီး comment box မှာ သင်နဲ့မွေးရက်တူ သူငယ်ချင်းတစ် ယောက်နာမည်ကို mention ခေါ်လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ရွေးချယ်စရာတွေများလို့ ဗျာများနေရတဲ့ကာလဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေ အပြိုင်ပေါ်တတ်ပါတယ်။ အချစ်ရေးမှာ  သင့်ကိုချစ်တဲ့သူနဲ့ သင်က ချစ်တဲ့ သူအကြား စဉ်းစားရခက်နေတတ်ပါတယ်။ သင်ဖြစ်ချင်တာကို သေချာဆန်းစစ်ပြီး ရွေးချယ်ရမယ့်အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့  ခါးနာ၊ ဒူးနာတာတွေ ဖြစ်တတ် ပါတယ်။ လှေကားအတက်အဆင်း ဂရုစိုက်ပါ။

ယတြာ။      ။ နာမကျန်းဖြစ်နေသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။ ဤစာစောင်ကို LIKE and SHARE ပြီး သူငယ်ချင်းတွေကို မျှဝေလိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

သင့်ကိုယ်သင် အဆိုးမြင်တာတွေများနေတာကို ရပ်လိုက်သင့်တဲ့ ကာလဖြစ်ပါ တယ်။ အဆင်မပြေမှုတွေထွက်ခွာပြီး ပျော်ရွှင်စရာတွေရောက်လာတတ်ပါတယ်။ ပိုကောင်းတဲ့ အလုပ်နေရာကို ပြောင်းရွှေ့ရတတ်တယ်။ မိတ်ဆွေကောင်း တွေ့တတ် တယ်။ ပညာသင်ယူဖို့ အခွင့်အလမ်းကောင်းတွေ တွေ့ရတတ်ပါတယ်။ အခွင့်အရေး တွေကို လက်မလွှတ်ရအောင် အားစိုက်ထုတ်ပြီး ကြိုးစားလိုက်ပါ။

ယတြာ။      ။ နွမ်းပါးသူတစ်ဦးကို ထီလက်မှတ်ဒါနပြုပါ။ ဤစာစောင်ကို အခြားသူတွေ ပါဖတ်ရအောင် SHARE ခြင်းဖြင့် စာပေကုသိုလ်ယူလိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အံ့သြစရာ ကိစ္စလေးတွေနဲ့ ကြုံရတတ်တဲ့ အချိန်ဖြစ်ပါတယ်။ မျှော်လင့်မထားသူ တစ်ယောက်ဆီက တောင်းပန်မှုကို လက်ခံရတတ်တယ်။ ကွဲကွာနေတဲ့ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံတွေ့ရတတ်တယ်။ ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေ ပြန်ရတတ်ပါတယ်။ ဆရာသမားဟောင်းတွေဆီက အကူအညီတွေ ရရှိတတ်တယ်။

ယတြာ။       ။ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းကျွေးပါ။ ဤစာစောင်ကို LIKE and SHARE ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

       အိမ်နေရာအပြောင်းအရွှေ့ကြုံရတတ်တဲ့ ကာလဖြစ်ပါတယ်။ မင်္ဂလာကိစ္စတစ်ခု ကို အကြောင်းပြုပြီး ခရီးထွက်ရတတ်တယ်။ အချစ်ရေး သင့်တင့်ပါတယ်။ လူကြီးမိဘ ကျန်းမာရေးကို ဂရုစိုက်ပါ။ လုပ်ငန်းတွေအဆင်ပြေပါမယ်။ ငွေဝင်ကိန်းရှိတယ်။ မွေးရက် မှာ တောင်ဘက်အရပ်မှ ထီဆိုင်တစ်ဆိုင်မှာ ထီထိုးလိုက်ပါ။

ယတြာ။      ။ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ကို မုန့်ဝယ်ကျွေးလိုက်ပါ။ ဤစာစောင်ကို LIKE ပြီး သူငယ်ချင်းသုံးယောက်နာမည်ကို mention ခေါ်လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အိပ်မက်နဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့  အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ကူညီပေးမယ့်သူတွေ တွေ့ရတတ်ပါတယ်။ အခက်အခဲတွေ ကြုံရနိုင် ပေမယ့် အခိုက်အတန့်ပါ။ အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ကျော်ဖြတ်လိုက်ပါ။ အချစ်ရေးသာယာပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်တတ်တယ်။ ငွေဝင်ကိန်းရှိပါတယ်။

ယတြာ။      ။ နွမ်းပါးတဲ့ကျောင်းသားတစ်ဦးကို ကျောင်းဝတ်စုံ လှူဒါန်းလိုက်ပါ။ သင့် အရင်းနှီးဆုံးသူငယ်ချင်းကို TAG တွဲပြီး ဤစာစောင်ကို SHARE ပေးလိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကြိုးစားသမျှတွေ အရာထင်လာတာကြောင့် မျှော်လင့်ချက်တွေနဲ့ တက်ကြွနေ မယ့်ကာလဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေလည်း တွေ့ရပါမယ်။ အလှမ်းကျယ်ရင် အလယ်လပ်တတ်တာကြောင့် သင့်လုပ်ငန်းဟောင်းကို ဂရုစိုက် ဖို့လည်း မမေ့ပါနဲ့။ အိမ်ကို ရပ်ဝေးဧည့်သည်ရောက်လာတတ်တယ်။ အချစ်ရေး သာယာနေပါမယ်။

ယတြာ။      ။ စာဖတ်ဝါသနာပါတဲ့သူငယ်ချင်းတစ်ယောက်ကို စာအုပ်တစ်အုပ် လက်ဆောင်ဝယ်ပေးလိုက်ပါ။ သင်နဲ့ရာသီခွင်တူတဲ့သူငယ်ချင်းရဲ့ Timeline ပေါ်မှာ ဒီစာစောင်လေးကို  SHARE ပေးလိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) အတွင်းမွေးဖွားသူများ

စကားတင်းဆိုတတ်သူတွေကြောင့် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်ရတတ် ပါတယ်။ ရန်ကိုရန်ချင်းမတုံ့ပြန်ဘဲ မေတ္တာတရားသာ လက်ကိုင်ထားလိုက်ပါ။ မကြာခင် အားလုံးပြေလည်သွားပါလိမ့်မယ်။ သင့်အပေါ် အထင်လွဲနေသူတွေကို အပြောထက် အလုပ်နဲ့ သက်သေပြရမယ့် ကာလဖြစ်ပါတယ်။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ။      ။ ငါးသက်စေ့လွှတ်ပါ။ ဤစာစောင်ကို သင့်သူငယ်ချင်းတစ်ယောက်ကို mention ခေါ်ပြီး မျှဝေပေးလိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ပစ္စည်းပျောက်တတ်တယ်။ သွားလေရာမှာ ပိုက်ဆံအိတ်၊ ဖုန်းစတဲ့ပစ္စည်းတွေ မေ့မကျန်ခဲ့အောင် သတိပြုပါ။ ယာယီခရီးတစ်ခု ရုတ်တရက်ပေါ်တတ်တယ်။ သင့်အ တွက် ကောင်းခြင်းတွေယူဆောင်လာမယ့် ခရီးဖြစ်ပါတယ်။ ပညာရပ်အသစ်တစ်ခု လေ့လာသင်ယူခွင့်ရမယ်။ ငွေဝင်မယ်။ အလှူအတန်းတွေပြုနိုင်မယ့်ကာလဖြစ်ပါတယ်။

ယတြာ။      ။ နွမ်းပါးသူတစ်ဦးကို ထီးတစ်လက်လှူပါ။ တခြားသူတွေလည်း တစ်ပတ် တာအတွင်း ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေ သိနိုင်စေဖို့ ဤစာစောင်ကို SHARE ခြင်းအားဖြင့် သင့်စေတနာကို ပြသလိုက်ပါ။