၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဂျူလိုင်လ ၂၅ရက်နေ့မှ ၃၁ရက်နေ့အထိ)

blank

၁။ မိဿရာသီဖွား (Aries)

မတ်လ (၂၁)  မှ ဧပရယ်(၁၉) ရက်အတွင်းမွေးဖွားသူများ

မိသားစုနဲ့ အဆင်မပြေမှုတွေရှိနေသည့်တိုင်အောင် သည်းခံစိတ်အပြည့်နဲ့ ရင်ဆိုင်ဖြေရှင်းပါ။ သင့်ရဲ့ကံကောင်းခြင်းဟာ အထွဠ်အထိပ်ကို ရောက်နေတာကြောင့် ကြိုးစားရင်ကြိုးစားသလောက်ရှေ့ရောက်နေမယ်။ အလုပ်အကိုင် အသစ်ကနေ သတင်းကောင်းကြားရမယ်။ ချစ်သူရဲ့အထင်လွဲခြင်း ခံရမည်။ အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်တွေအဆင်ပြေမည်။

ယတြာ ။     ။ ဘုရားပရဝဏ် အတွင်းမှာ အရိပ်ရသစ်ပင်စိုက်ပါ။ ဤစာဆောင်ကို သင့်မိသားစုနဲ့အတူ SHARE လိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus)

ဧပရယ် (၂ဝ )မှ မေလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

သင်အကောင်းဆုံးဖြစ်အောင်နေထိုင်နေသော်လည်း ပတ်ဝန်းကျင်ရဲ့ အမြင်ဆောင်းခြင်းခံရမည်။ မျှော်လင့်မထားဘဲ အလုပ်ကိစ္စကြောင့်ခရီးသွားရမည်။ သင်စွန့်စားလုပ်ကိုင်လိုက်တဲ့ အလုပ်ကအောင်မြင်မှု ရရှိမည်။ ချစ်သူဆီမှ အံသြဖွယ်လက်ဆောင်ရမည်။

ယတြာ ။     ။ လမ်းဘေးခွေးတစ်ကောင်ကို အစာကျွေးလိုက်ပါ။ ဤစာဆောင်ကို သင့်သူငယ်ချင်းတွေ wall ပေါ် SHARE ပေးလိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂ဝ) ရက် အတွင်းမွေးဖွားသူများ

မဆင်မခြင်ပြောမိတဲ့စကားတွေကြောင့် သူငယ်ချင်းတွေအကြား အမုန်းပွားရမည်။ အရင်ကကြန့်ကြာနေတဲ့ အလုပ်တွေ အလွယ်တကူ အဆင်ပြေမည်။ သင်လေးစားရတဲ့ လူတစ်ယောက်စီက အကူအညီရရှိမည်။ အရောင်းအဝယ်နဲ့ပတ်သက်တဲ့ အလုပ်အကိုင်တွေ အကျိုးပေးမည်။ အဝေးရောက်နေတဲ့ ချစ်သူကြောင့် စိတ်အနှောင့်အယှက် ဖြစ်မည်။

ယတြာ ။     ။ မသန်စွမ်းကလေးငယ်တွေကို အဟာရကျွေးပါ။ သင့်နဲ့ ရာသီဖွားခြင်းတူတဲ့ သူငယ်ချင်းသုံးယောက်နဲ့အတူ ဤစာဆောင်ကို SHARE လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

လုပ်သမျှအဆင်မပြေဘဲ တစ်ခုမဟုတ်တစ်ခု အမှားအယွင်းဖြစ်နေမည်။ သင်အကောင်းဆုံးလုပ်နေသည့်တိုင်အောင် လူတွေရဲ့ အမြင်စောင်းခြင်းခံရမည်။ သူငယ်ချင်းအသစ်တွေနဲ့ တွဲဖက်လုပ်ကိုင်တဲ့လုပ်ငန်းများမှ ဝင်ငွေအမြောက်အများရမည်။ နာလည်မှုရှိတဲ့ချစ်သူကြောင့် ပျော်ရွှင်ရမည်။ ပညာရေးကံကောင်းနေတာကြောင့် အတွေ့အကြုံသစ်တွေ ရှာဖွေပါ။ တစ်နယ်တစ်ကျေးမှ ဆွေမျိုးများဆီက မင်္ဂလာသတင်းကြားရမည်။

ယတြာ ။     ။ သံဃာတော်တွေကို သစ်သီးကပ်ပါ။ သင့်ချစ်သူကို mention ခေါ်လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သင်ကြံစည်ထားသမျှ အောင်မြင်မည်။ သိဟ်ရာသီဖွားတွေအတွက် ကံအကောင်းဆုံးအချိန်ဖြစ်တာကြောင့် သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် အစွမ်းကုန်ကြိုးစားရမယ့်အချိန်ဖြစ်သည်။ သင့်အတွက် အသေးအဖွဲလေးလို့ ထင်ထားခဲ့တဲ့ အရာတွေကတောင် အံ့အားသင့်ဖွယ် ပျော်ရွှင်ရမည်။ အဝေးမှာရောက်နေတဲ့ ချစ်သူကြောင့် စိတ်အနှာင့်အယှက် ဖြစ်ရမည်။ အဝါရောင်ဟာ သင့်ကိုကံကောင်းစေတာကြောင့် ဝတ်ဆင်ပါ။

ယတြာ ။     ။ အဝတ်အစားဟောင်းသုံးစုံ လှူလိုက်ပါ။သင်နဲ့ ရာသီခွင်တူ သူငယ်ချင်းသုံးယောက်နဲ့အတူ ဒီစာကို SHARE လိုက်ပါ။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

မိသားစုဝင်တစ်ယောက်ယောက်နဲ့ အချင်းများနိုင်တာကြောင့် မိမိစိတ်ကို အတတ်နိုင်ဆုံး ချိုးနှိမ်ထားပါ။ လုပ်သမျှအရာတိုင်းဟာ ထင်တဲ့အတိုင်းဖြစ်မလာတာကြောင့် စိတ်အလိုမကျဖြစ်နေမည်။ အရောင်းအဝယ်အလုပ်အကိုင်တွေမှ ငွေအလုံးအရင်းနဲ့ ဝင်မည်။ နိုင်ငံရပ်ခြား ခရီးသွားရနိုင်သည်။ ချစ်သူရှိသူများ အိမ်ထောင်ကျကိန်းရှိသည်။

ယတြာ ။     ။ လမ်းဘေးမှာတွေ့တဲ့ ကလေးတစ်ယောက်ကို ထမင်းကျွေးလိုက်ပါ။သင့်မိသားစုကို mention ခေါ်လိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

သင်စိတ်ကူးထားသမျှ အကောင်အထည်ဖော်နိုင်မယ့် အချိန်ဖြစ်သည်။ အကျိုးတူပူပေါင်းလုပ်ကိုင်တဲ့ အလုပ်တွေအဆင်ပြေမည်။ လုပ်သမျှ အဆက်အဟပ်တည့်နေတာကြောင့် ဝင်ငွေကောင်းနေမည်။ သူငယ်ချင်းတွေနဲ့ စိတ်ဝမ်းကွဲနိုင်တာကြောင့် အရာရာသည်းခံပါ။ စိတ်တူကိုယ်တူ ချစ်သူနဲ့ ဖူးစာဆုံမည်။ ပညာရေးလမ်းသစ်ဖောက်သင့်တဲ့ အချိန်ဖြစ်သည်။

ယတြာ ။     ။ မိဘမဲ့ကျောင်းမှာ လုပ်အားပေး တစ်ရက်လုပ်ပါ။ ဤစာဆောင်ကို သူငယ်ချင်းတွေအတွက် SHARE လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား (Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

သင့်အတွက်အကျိုးမရှိတဲ့ အရာတွေကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ကို ရွေးချယ်လျှောက်လှမ်းရမယ့် အကောင်းဆုံးအချိန်ဖြစ်သည်။ သင့်ဆီကိုရောက်လာတဲ့ အခွင့်အရေးသစ်တွေကို အသုံးချပြီး ဘဝအတွက် အကောင်းဆုံးကြိုးစားပါ။ ပညာရေးကံကောင်းနေတာကြောင့် ရှေ့ဆက်တိုးပါ။ ဘေးစကားတွေကြောင့် ချစ်သူနှစ်ဦးကြား အထင်လွဲမှုတွေ ဖြစ်မည်။ သူငယ်ချင်းတစ်ယောက်စီမှ မင်္ဂလာသတင်း ကြားရမည်။

ယတြာ ။     ။ ဘုရားရင်ပြင် သန့်ရှင်းရေးလုပ်ပါ။ ရာသီခွင်တူတဲ့ သူငယ်ချင်းတစ်ယောက်ကို mention ခေါ်လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

သင်လုပ်သမျှဟာ အခြားလူတွေအတွက် ဆန့်ကျင်ဘက် ဖြစ်နေမည်။ ကိုယ့်ကိုယ်ကို ပဲ့ကိုင်ပြီး ကိုယ့်လမ်းကိုယ် တည့်တည့်လျှောက်ပါ။ ကိစ္စတစ်ခုခုကြောင့် မမျော်လင့်ဘဲ ငွေကုန်ကြေးကျများမည်။ ချစ်သူမရှိသေးသူများ စန်ပွင့်မည်။ အကျိုးတူပူးပေါင်းလုပ်ကိုင်သော အလုပ်များ အဆင်ပြေမည်။ ဝင်ငွေနှင့်ထွက်ငွေ မျှနေမည်။ ဆွေမျိုးသားချင်းတွေဆီက သတင်းကောင်းကြားရမည်။

ယတြာ။      ။ ငှက်နှစ်ကောင် ဘေးမဲ့လွှတ်လိုက်ပါ။ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ကို tag လုပ်ပြီး ဤစာဆောင်ကို SHARE လိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

အလုပ်ထဲမှာ အဆင်မပြေမှုတွေနဲ့ ကြိုးစားရုန်းကန်နေရမည်။ သင်ဘာလုပ်လုပ် အကောင်းမမြင်တဲ့လူတွေကြောင့်စိတ်ညစ်ရမည်။ သင့်ရဲ့ကံဇာတာဟာ အကောင်းဘက်မှာရှိနေတာကြောင့် မလျော့သောဇွဲနဲ့ အရာရာကိုရင်ဆိုင်ကျော်လွှားပါ။ ပညာရေးကံကောင်းနေတာကြောင့် အတွေ့အကြုံသစ်တွေရှာဖွေပါ။ ရပ်ဝေးခရီးသွားရကိန်းရှိသည်။ နှစ်ရှည်လများကွဲကွာနေတဲ့ ငယ်ချစ်ဟောင်းနဲ့ ပြန်လည်ဆုံစည်းမည်။

ယတြာ ။     ။ သင့်မွေးနံထောင့်မှာ ဆီမီးသက်စေ့လှူပါ။ဤစာကို သူငယ်ချင်းသုံးယောက် wall ပေါ် SHARE လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂ဝ)ရက် မှ ဖေဖော်ဝါရီ(၁၈) တွင်းမွေးဖွားသူများ

သင်ဟာ သူငယ်ချင်းတွေနဲ့ ရောရောရောထွေးထွေးမနေတတ်တာကြောင့် အမြဲတမ်းအထီးကျန်သလိုခံစားနေရမည်။ သင့်ရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းကို အသုံးမချဘဲ အခြားလူပေါ်မှီခိုလွန်းတာကြောင့် ကိုယ့်ကိုယ်ကို အားမရဘဲ သိမ်ငယ်နေမည်။ ကုံရာသီဖွားတွေဟာ အလုပ်တစ်ခုကို အဆုံးစွန်ထိ လုပ်တတ်တာကြောင့် ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်မှုပန်းတိုင်ကို ရောက်အောင်သွားပါ။ ဘာသာကွဲနှင့် ဖူးစာဆုံကိန်းရှိသည်။ ငွေရေးကြေးရေး ကံကောင်းနေတာကြောင့် အဘက်ဘက်က ငွေဝင်နေမည်။

ယတြာ ။     ။ ငှက်သုံးကောင်ဘေးမဲ့ လွှတ်လိုက်ပါ။ရာသီခွင်တူ သီငယ်ချင်းသုံးယောက်ကို mention ခေါ်လိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဘေးစကားတွေကို ယုံကြည်လွန်းအားကြီးတဲ့ အကျင့်ကိုဖျောက်ဖျက်ပစ်ပါ။ ကိုယ့်အားကိုယ်ကိုးပြီး လိုရာပန်းတိုင်ကိုရောက်အောင်သွားပါ။ သင့်ရဲ့ ရိုးသားဖြူစင်မှုကြောင့် လူချစ်လူခင်ပေါမည်။ ငွေကြေးအခက်အခဲရှိသည့်တိုင် ကူညီမည့်သူ ပေါ်မည်။ ပညာရေးကံကောင်းနေတာကြောင့် အခွင့်အလမ်းသစ်တွေရှာဖွေပါ။ ကိုယ်ပိုင်လုပ်ငန်းလုပ်ပါက အောင်မြင်မည်။ သင့်ရဲ့ရိုးသားမှုကို မြတ်နိုးတဲ့ ချစ်သူနဲ့ဖူးစာဆုံကိန်းရှိသည်။

ယတြာ ။     ။ မိဘနှစ်ပါးကို ကိုယ်လက် သန့်စင်ပေးပါ။ ဤစာဆောင်ကို သင့်မိသားစုနဲ့အတူ SHARE လိုက်ပါ။