၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဂျူလိုင်လ ၁၁ရက်နေ့မှ ဂျူလိုင်လ ၁၇ရက်နေ့အထိ)

blank

၁။ မိဿရာသီဖွား (Aries )

 မတ်လ (၂၁)  မှ ဧပရယ်(၁၉) ရက်အတွင်းမွေးဖွားသူများ

သင် လုံးဝမဖြေရှင်းနိုင်ဘူးလို့ထင်ထားတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းတွေ ပေါ်ပေါက်လာလိမ့်မယ်။ နေမြဲအတိုင်းသာနေပါ။ အတိတ်က ခင်မင်ခဲ့သူတစ်ဦးဆီကနေ သင့်အလုပ်အကိုင်ကိစ္စတွေအတွက် သတင်းကောင်းကြားရတတ်တယ်။ အလုပ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ကြိုးစားပါ။ အပေါင်းအသင်းတွေကြား အထင်လွဲမှုလေးတွေ ကြုံရတတ်တယ်။

ယတြာ ။     ။ ဒီတစ်ပတ်လုံး မိဘကို ကန်တော့ပြီးမှ အလုပ်သွားပါ။ သူငယ်ချင်းတွေလည်း ဖတ်နိုင်ဖို့ ဒီစာစောင်ကို SHARE လိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပရယ် (၂ဝ )မှ မေလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

သင်ပေးသမျှအကြံဉာဏ်တိုင်းက သင့်သူငယ်ချင်းတွေအတွက် အသုံးဝင်နေလိမ့်မယ်။ အလုပ်ကိစ္စတွေမှာ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ သင့်ရဲ့ဆုံးဖြတ်ချက်တိုင်းကို သေချာစဉ်းစားပြီးမှ ချမှတ်ပါ။ ငွေကြေးနဲ့ပတ်သတ်ပြီး အဆင်မပြေခဲ့တဲ့ကာလတွေ ပြီးမြောက်ချိန်ရောက်ပါပြီ။ သာမန်ထက်များတဲ့ဝင်ငွေတွေ ရလာလိမ့်မယ်။ ကောင်းစွာစီမံသုံးစွဲပါ။

ယတြာ ။     ။ ခိုစာကျွေးပြီး လိုရာဆုတောင်းပါ။ ရာသီခွင်တူ သူငယ်ချင်းတစ်ဦးကို mention ခေါ်လိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂ဝ) ရက် အတွင်းမွေးဖွားသူများ

သင်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ သင်တစ်ယောက်တည်းအပေါ်တင်မဟုတ်၊ သင့်ပတ်ဝန်းကျင်က လူတွေအတွက်ပါ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပါ။ အလုပ်ကိစ္စတွေကို စီစဉ်ထားတဲ့အတိုင်းပဲလုပ်ပါ။ အစီအစဉ်မပြောင်းပါနဲ့။ အချစ်ရေးမှာ နည်းနည်း ညံ့နေတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယတြာ ။     ။ သင့်အတွက်အသုံးမဝင်တဲ့အရာတွေကို အသုံးလိုနေတဲ့သူတွေဆီ စွန့်ကြဲလိုက်ပါ။ သူငယ်ချင်း ၃ ယောက်ကို mention ခေါ်လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

မိသားစုဝင်တွေအပေါ်၊ ချစ်ရသူအပေါ် ပျက်ကွက်ခဲ့တာတွေ များနေတဲ့အတွက် အချိန်ပေးပြီး သူတို့ကို ဂရုစိုက်ပေးသင့်ပါတယ်။ အလုပ်ကိစ္စတွေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်အောင်နိုင်ဖို့ အကောင်းဆုံးလက်နက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုပါ။ ငွေကြေးကိစ္စတွေ ဖြေရှင်းပေးရင်း သင်ခန်းစာကောင်းတွေ ရလာမယ်။ သူတစ်ပါးအကျိုးဆောင်ရင်း ကိုယ့်အကျိုးအောင်မယ့် ကာလလည်းဖြစ်ပါတယ်။

ယတြာ ။     ။ သူဆင်းရဲကလေးငယ်လေးတွေကို တတ်နိုင်သလောက် ကျွေးမွေးပေးကမ်းပါ။ သူငယ်ချင်း ၃ယောက်ရဲ့ Timeline ပေါ်မှာ ဒီစာစောင်လေးကို SHARE ပေးလိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သင့်ပတ်ဝန်းကျင်မှာ လမ်းမှားပေါ်ရောက်ကာနီးနေတဲ့သူတစ်ယောက်ရှိတယ်။ သင်စေတနာနဲ့ လမ်းမှန်ရောက်အောင် ပို့ပေးလိုက်ပါ။ သူလတ်တလောတော့ သင့်အပေါ်အထင်လွဲနေလိမ့်မယ်။ ဒါပေမယ့် အချိန်တန်ရင် သင့်စေတနာကို သူနားလည်သွားမှာပါ။ သင့်ဘဝတိုးတက်ဖို့ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာလိမ့်မယ်။ ရအောင်ဆုပ်ကိုင်နိုင်ဖို့ကတော့ သင့်တာဝန်ပဲဖြစ်ပါတယ်။ အလွန်စန်းပွင့်နေတဲ့ ကာလလည်းဖြစ်ပါတယ်။

ယတြာ ။     ။ ကံဇာတာတက်အောင် အိမ်ကဘုရားစင်မှာ သစ်သီးဆွမ်းကပ်လှူပါ။ သူငယ်ချင်းတွေဖတ်ဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါ။

၆။ ကံရာသီဖွား (Virgo)

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

အချစ်ရေးခိုင်မြဲဖို့ ယုံကြည်မှုတွေကို လွယ်လွယ်ကူကူတည်ဆောက်ယူနိုင်မယ့် ကာလဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရိုးသားစွာ ချစ်ကြဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေဆီက လေးစားမှုနဲ့ အထင်ကြီးမှုခံရမယ်။ သင့်လုပ်ငန်းကိစ္စတွေအတွက်ကတော့ အထက်လူကြီးတွေဆီက အကြံကောင်းတွေရမယ်။ ခရီးထွက်ရကိန်းရှိတယ်။

ယတြာ ။     ။ အားကိုးရာမဲ့ သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက် လှူဒါန်းပါ။ သူငယ်ချင်း ၂ယောက်ကို mentionခေါ်လိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

လတ်တလောဖြေရှင်းနေရတဲ့ ကိစ္စတွေ အောင်မြင်စွာ ပြီးပြတ်သွားလိမ့်မယ်။ အဓိကက သေချာအာရုံစိုက်ပြီး ဖြေရှင်းဖို့ပါပဲ။ အတိတ်က သင်ခန်းစာတွေက အခုအချိန်မှာ ပြန်လည်အသုံးဝင်လာတတ်ပြီး ဘဝခရီးလမ်းမှာ လမ်းပြသဖွယ် ဖြစ်လာလိမ့်မယ်။ စီစဉ်ထားပေမယ့် မသွားဖြစ်ခဲ့တဲ့ခရီးတွေ ပြန်သွားဖို့ လမ်းစပေါ်လာမယ်။ အချစ်ရေးမှာ အထင်လွဲမှုလေးတွေဖြစ်တတ်တယ်။

ယတြာ ။     ။ ငါးစာကျွေးခြင်းက သင့်ကို ကံဇာတာတက်စေမှာပါ။ မျှဝေတယ်ဆိုတာ ကုသိုလ်တစ်မျိုးဖြစ်တာကြောင့် ဒီစာစောင်လေးကို SHARE လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

       ဒီတစ်ပတ်ထဲမှာ လိုတာမရ၊ ရတာမလို ဖြစ်နေလို့ ခံစားရတတ်တယ်။ အတွေးလွန်နေတာကို ရပ်တန့်လိုက်ပါ။ အရိုးရှင်းဆုံးစဉ်းစားပြီး ဆုံးဖြတ်ချက်ချပါ။ စိတ်တူကိုယ်တူ ပေါင်းလို့ရမယ့် သူငယ်ချင်းအသစ်တွေ တိုးပွားလာမယ်။ နေ့ရက်တိုင်းဟာ အချစ်တွေနဲ့ ဝေဆာနေတာကြောင့် ပျော်ရွှင်ရလိမ့်မယ်။

ယတြာ ။     ။ ကံတွေ ကောင်းသထက်ကောင်းဖို့ ရေလှူအသင်းတွေမှာ ရေလှူပေးပါ။ ချစ်ရသူ ၃ယောက်ကို mention ခေါ်လိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

သင့်ဘဝထဲကနေ ကွယ်ပျောက်သွားပြီလို့ထင်ရတဲ့သူတစ်ယောက် သင့်ဘဝထဲကို ပြန်လည်ဝင်ရောက်လာလိမ့်မယ်။ သင့်ဘဝပန်းတိုင်ကို ရောက်ရှိဖို့ တစ်ယောက်တည်းအားနဲ့ မဖြစ်နိုင်သေးတာကြောင့် သူတစ်ပါးနဲ့ ပူးပေါင်းလုပ်ဆောင်ပါ။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ကျေးဇူးကြောင့် ဘဝသင်ခန်းစာရလိမ့်မယ်။ အချစ်ရေးမှာ ဆန္ဓတွေတကယ်ဖြစ်လာဖို့ နည်းနည်းဝေးနေသေးတယ်။

ယတြာ ။     ။ မနက်ခင်းမှာ ငှက်ကလေးတွေကို အစာကျွေးပါ။ သူငယ်ချင်းတွေဖတ်ဖို့ ဒီဗေဒင်စာစောင်လေးကို SHARE လိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

အတိတ်နဲ့ ပစ္စုပ္ပန်ကို ယှဉ်တွဲစဉ်းစားပြီး ဆုံးဖြတ်ရမယ့် ကိစ္စတွေရှိလာလိမ့်မယ်။ မိတ်ဆွေသစ်တွေနဲ့ ဆုံရလိမ့်မယ်။ အချို့မိတ်ဆွေသစ်တွေကသာ သင့်အတွက် ကောင်းကျိုးဖြစ်ထွန်းစေနိုင်မယ်။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကိုယ့်အဆင့်အတန်းနဲ့ မာနကို အထိခိုက်မခံပါနဲ့။ အချစ်ရေးမှာ နားလည်မှုတွေ ပိုမိုတိုးပွားလာလိမ့်မယ်။

ယတြာ ။     ။ ကံဇာတာကောင်းဖို့ မနက်တိုင်း ဘုရားရှစ်ခိုးပါ။ သူငယ်ချင်း ၃ ယောက်ကို mention ခေါ်လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂ဝ)ရက် မှ ဖေဖော်ဝါရီ(၁၈) တွင်းမွေးဖွားသူများ

“အပြောလွယ် အလုပ်ခက်” ဖြစ်နေတာကြောင့် အခုတလော ကြိုးစားမှုတိုင်းဟာ သဲထဲရေသွန်ဖြစ်နေတတ်တယ်။ အရေးကြီးတာက ဇွဲမလျှော့ဖို့ပါပဲ။ သူများတွေရဲ့ ဝေဖန်မှုတွေကို ဥပေက္ခာပြုပြီး သင့်ရည်ရွယ်ချက်အတိုင်း ကြိုးစားလုပ်ဆောင်ပါ။ စိတ်အလိုလိုက်ပြီး အပျော်ဘက်ကို ဦးစားပေးတာတွေ လျှော့ပါ။ မိသားစုအတွင်း နွေးထွေးမှုတွေ တိုးတက်လာမယ်။ အချစ်ရေး ကံကောင်းနေပါတယ်။

ယတြာ ။     ။ မွေးရက်မှာ သတ်သတ်လွတ်စားပါ။ ဤစာစောင်လေးကို သူငယ်ချင်းတွေဖတ်ဖို့ SHARE လိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကိုယ့်စိတ်ထဲကမပါတဲ့ စကားတွေကို အပျင်းပြေသက်သက် လျှောက်မပြောပါနဲ့။ သူတစ်ပါးအတွက်တော့ အထင်လွဲစရာတွေ ဖြစ်နိုင်ပါတယ်။ စိတ်အနှောင့်အယှက်ပေးတဲ့ မိတ်ဆွေတွေရှိသလို သင့်အကျိုးစီးပွားအတွက် အခွင့်အလမ်းတွေ ယူဆောင်လာပေးနိုင်တဲ့ သူငယ်ချင်းကောင်းတွေလည်း ရှိနေပါတယ်။ အချစ်ကို ပေါ့ပေါ့လေးတွေးပြီး ကစားတတ်တာမျိုးတွေ ရှောင်ပါ။ သင့်ကြောင့် နာကျင်ခံစားရမယ့်သူတွေ ရှိနေပါတယ်။

ယတြာ ။     ။ မိဘမဲ့ကလေးကျောင်းမှာ တတ်နိုင်သလောက် သွားရောက်လှူဒါန်းပါ။ သူငယ်ချင်းတွေရဲ့ timeline ပေါ်မှာ ဒီဗေဒင်စာစောင်လေးတွေကို SHARE ပေးလိုက်ပါ။