၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (မေ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

blank
၁။ မိရာသီဖွား (Aries )

မတ်လ (၂၁)  မှ ဧပြီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဘဝကို အကောင်းမြင်စိတ်များဖြင့် ရှုမြင်တတ်ပြီး ကောင်းမွန်သောဆုံးဖြတ်ချက်များ ချမှတ်လာနိုင်လာမည့် ကာလဖြစ်သည်။ ရပ်ဝေးမှဆွေမျိုးများကြောင့် စိတ်အနှောက်အယှက်ဖြစ်ရသော်ငြားလည်း ၄င်းတို့ကြောင့် အကျိုးစီးပွားဖြစ်ထွန်းမည်။ ပြည်ပရောက်သူငယ်ချင်းထံမှ သတင်းကောင်းကြားရမည်။ နိုင်ငံရပ်ခြားတွင်နေထိုင်သော သူငယ်ချင်းကို mention ခေါ်ပါ။

ယတြာ- ဘုရားတွင် ရေချမ်းကပ်လှူပါ။

၂။ ပြိ ရာသီဖွား (Taurus )

ဧပြီလ(၂၁ )မှ မေလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

မိမိလုပ်ကိုင်နေသော အလုပ်များနှင့်ပတ်သတ်၍ မိသားစုအတွင်း သဘောထားကွဲလွဲမှုများ ကြုံတွေ့ရမည်။ သေချာစွာရှင်းပြပြီး နားလည်မှုရယူပါ။ ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် ငွေကြးကုန်ကျမှုများမည်။ ငွေသုံးစွဲမှုကို စိစစ်ပါ။ ချစ်သူခရီးလမ်း သာယာဖြောင့်ဖြူးမည်။ ပြိဿရာသီဖွားသူငယ်ချင်း (၃)ယောက်၏ wall ပေါ်မှာ ဤစာကို SHARE ပေးပါ။

ယတြာ- မွေးနံထောင့်မှာ ဆီမီးထွန်းညှိပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ

အချစ်နဲ့ လှည့်ဖျားမှုတွေအကြား ချာချာလည်နေသော ကာလဖြစ်သည်။ အချစ်ကြောင့် နာကျင်ခံစားမှုတွေကိုကျော်လွန်ပြီးနောက် ပိုမိုကောင်းမွန်သောဘဝကို လျှောက်လှမ်းနိုင်မည့်ကာလဖြစ်သည်။ ငယ်သူငယ်ချင်းများနှင့် မမျှော်လင့်ဘဲ ဆုံတွေ့မည်။ မေထုန်ရာသီဖွား သူငယ်ချင်းကို mention ခေါ်ပါ။

ယတြာ- သံဃာတော်များကို အချိုပွဲလှူဒါန်းပါ။

၎။ ကရက်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

နောင်အနာဂတ်အတွက် စိတ်ကူးယဉ်ခဲ့ရသောကိစ္စများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်။ မိမိအလုပ်အကိုင်များကို ဝင်ရောက်စွက်ဖက်တတ်သူများကို သတိထားပါ။ တစ်ပါးသူများကြောင့် မိမိကိုယ်ပိုင်အချိန်များ ကုန်သွားတတ်သည်။ သင့်wallပေါ်တွင် ဤစာကို SHARE ပေးပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ-သက်ကြီးရွယ်အိုများအား ဆေးဝါးပေးလှူပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

အချစ်ရေးအဆင်မပြေမှုများကို ကျော်လွှားနိုင်ပြီး ပိုမိုကောင်းမွန်သောဆက်ဆံရေးများကို တည်ဆောက်နိုင်မည်။ အလုပ်အကိုင်မပြောင်းလဲသင့်သေးပါ။ အခက်အခဲတစ်ချို့ကြုံတွေ့ရမည်ဖြစ်သော်လည်း ရာထူးတိုးတတ်သည်။ ကျန်းမာရေးအထူးဂရုစိုက်ပါ။ သင့်ချစ်သူကို mention ခေါ်ပါ။

ယတြာ- ဘုရားတွင်ရွှေထီးငွေထီးလှူပါ။
၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ဘဝအတွက် အရေးပါအရာရောက်သောကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်။ ဆုံးဖြတ်ချက်မချမီ သေချာဂရုစိုက်ပါ။ မိမိအကြံဉာဏ်၊ အားပေးမှုနှင့် လမ်းညွှန်မှုများ လိုအပ်နေသော နောက်လိုက်ငယ်သားများကို လျစ်လျူရှုသလိုဖြစ်နေတတ်သည်။ သင့်မိသားစုနှင့် ချစ်ခင်သူများအတွက် အချိန်ပေးပါ။ သင့်မိသားစုဝင်များကို mention ခေါ်လိုက်ပါ။
ယတြာ- ငှက်ကလေးများကို အစာကျွေးပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၂) ရက်အတွင်း မွေးဖွားသူများ

ဘဝအခက်အခဲများကိုကျော်လွှားနိုင်ပြီး ပျော်ရွှင်စရာများကိုကြုံတွေ့ရမည်။ ပတ်ဝန်းကျင်သစ်၊ လူသစ်များနှင့်ပေါင်းသင်းဆက်ဆံရတတ်သည်။ မိသားစုအတွင်းရေးများကို အခင်ဆုံးသူငယ်ချင်းများနှင့်ပင်လျှင် မတိုင်ပင်ပါနှင့်။ မမျှော်လင့်ဘဲ ငွေဝင်တတ်သည်။

ယတြာ- ဘုရားတွင် လျှပ်စစ်မီးပူဇော်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

သင့်ပတ်ဝန်းကျင်တွင်ရှိနေသော မိတ်ဆွေစစ်နှင့် မိတ်ဆွေတုများကို ခွဲခြားနိုင်မည့်ကာလဖြစ်သည်။ နောက်ကျောဓားထိုးခံရသော အဖြစ်တွေ့ကြုံရမည်ဖြစ်သော်လည်း ထိန်းမတ်ပေးမည့် ချစ်သူခင်သူများကြောင့် လွယ်ကူစွာရင်ဆိုင်ကျော်လွှားနိုင်မည်။ ဘဝအတွက်အရေးပါသည့်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည့်ကာလဖြစ်သည်။ သင့်အခင်ဆုံးသူငယ်ချင်းကို mention ခေါ်ပါ။

ယတြာ- လေလွင့်ခွေးလေးများအား အစာကျွေးပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂) မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အညံ့ဆိုးများကင်းစင်မည့် ကာလဖြစ်သည်။ ရရှိနေသည့်အောင်မြင်မှုများထက် လက်လွတ်သွားသည့်အခွင့်အရေးများကိုနှမျောရင်း ပျော်ရွှင်မှုများပျောက်ဆုံးနေသလို ခံစားရမည်။ သင့်ဘဝတွင်းမှာရှိနေတဲ့ အားသာချက်များကို မြင်တတ်အောင်ကြည့်ရင်း ကျေနပ်နိုင်ပါလိမ့်မည်။ အိမ်သားအသစ်တစ်ယောက်ကြောင့် စိတ်ချမ်းသာရမည်။ သင့်အိမ်သို့ကံကောင်းခြင်းတွေ သယ်ဆောင်လာသောသူ့ကို mention ခေါ်ပါ။

ယတြာ- ငါးစာကျွေးပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

အလုပ်အကိုင်အသစ်များချဲ့ထွင်နိုင်မှုကြောင့် အလုပ်များဇယ်ဆက်သလိုလုပ်နေရမည်။ မိမိထက်ငယ်ရွယ်သူများကို အကြံဉာဏ်ကောင်းများပေးနိုင်မည်။ အများအကျိုးအတွက်ရည်ရွယ်၍ လုပ်ဆောင်လိုက်သော ကိစ္စတစ်ခုမှ မိမိအတွက် အကျိုးကျေးဇူးများစွာရရှိမည်။ မကာရရာသီဖွား သူငယ်ချင်း(၃)ယောက်ကို mention ခေါ်ပါ။

ယတြာ- ဖိနပ်ဟောင်းတစ်ရံကို စွန့်ပစ်ပါ။

၁၁။ ကုံရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂ဝ)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

အလုပ်အကိုင်ကိစ္စများ အထွတ်အထိပ်သို့ရောက်ရှိမည့် ကာလဖြစ်သည်။ စမ်းတဝါးဝါးလုပ်နေသော အလုပ်များမှ ကြီးမားသောအကျိုးကျေးဇူးများရရှိမည်။ အဝတ်အစား ကပိုကရိုနေတတ်သောအကျင့်ကို ပြင်ဆင်ပါ။ မိမိကိုယ်ကို ယုံကြည်မှုများတည်ဆောက်နိုင်ပြီး အရောင်အဝါထွန်းလင်းတောက်ပနိုင်မည်။

ယတြာ-ဘုရားရင်ပြင်တော် သန့်ရှင်းရေးလုပ်ပေးပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀) ရက်အတွင်းမွေးဖွားသူများ

ငွေကိုချွေတာစုဆောင်းချင်သော်လည်း အသုံးစရိတ်များတဖွဲဖွဲနှင့် ကုန်ကျနေမည်။ မိမိဘဝကိုအဆိပ်အတောက်ဖြစ်စေတတ်သော လူများကို ပညာသားပါပါနှင့် ရင်ဆိုင်ဖြေရှင်းပါ။ အသိအကျွမ်းဟောင်းများနှင့် ပူးပေါင်းပြီး စီးပွားရေးများလုပ်ကိုင်ဆောင်ရွက်နိုင်မည်။ အနောက်အရပ်သို့ ညအိပ်ခရီးထွက်ခြင်း မပြုသင့်သေးပါ။ သင့်သူငယ်ချင်း (၃) ယောက်နှင့်အတူ ဤစာကို SHARE ပေးပါ။
ယတြာ-ခိုစာကျွေးပါ။