၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (မေလ ၂ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ)

blank
၁။ မိဿ     ရာသီဖွား (Aries )

မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

သင်ရည်ရွယ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို တခြားသူတွေနဲ့ ရှယ်ယာလုပ်ဖို့ အခွင့်အလမ်းတွေရောက်လာမယ်။ အလုပ်မှာ သင်က အကြီးအကဲအနေနဲ့ ဦးဆောင်ပြီးလုပ်ရတတ်တယ်။ မနာလိုသူတွေရဲ့ စကားတင်းဆိုမှုတွေကို ဂရုစိုက်မနေဘဲ သင့်လမ်းသင်ဖြောင့်ဖြောင့်လျှောက်လိုက်ပါ။

ယတြာ ။     ။ မွေးနေ့မှာ ပရဟိတအလုပ်တစ်ခုခုလုပ်ပါ။

သင်နဲ့ရာသီခွင်တူတဲ့သူငယ်ချင်းတွေကို  mention ခေါ်ပြီး မျှဝေပေးခြင်းအားဖြင့် သင့်ရဲ့ လေးနက်တဲ့ခင်မင်မှုကို ပြသလိုက်ပါ။

၂။ ပြိဿ     ရာသီဖွား (Taurus )

ဧပြီလ (၂၁ )မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အလုပ်နဲ့ပတ်သက်ပြီး စိတ်အားထက်သန်မှုတွေ အနည်းငယ်လျော့ရဲနေတတ်တဲ့ အချိန်ပါ။ ဒါပေမယ့် စီးပွားစန်းလဂ်တက်နေချိန်မို့ သင်ကြိုးစားရင် ကြိုးစားသလောက် ခရီးရောက်ပါလိမ့်မယ်။ ဒါကြောင့် လျော့ရဲနေတဲ့စိတ်ဓာတ်တွေကိုပြင်ဆင်ပြီး အလုပ်ကြိုးစားလုပ်ကိုင်ဖို့ သင့်ကိုယ်သင် တွန်းအားပေးသင့်ပါတယ်။ ကြီးကြီးမားမား ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ ။     ။ ဘုရားတစ်ဆူဆူသွားပြီး သင့်မွေးနံထောင့်မှာ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ပါ။

ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ

အကြံဉာဏ်ဟောင်းတွေကို ခဏဘေးဖယ်ပြီးစိတ်ကူးသစ်တွေနဲ့ အလုပ်လုပ်ရမယ့် အချိန်ဖြစ်ပါတယ်။ ငွေဝင်သလို ထွက်ငွေတွေလည်း များနေတဲ့အတွက် အိတ်ပေါက်နဲ့ဖားကောက်သလို ဖြစ်နေတတ်ပါတယ်။ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို သေချာစဉ်းစားပြီးလုပ်ကိုင်သင့်ပါတယ်။ ပညာသင်ဖို့ အခွင့်အရေးရလာတတ်တယ်။ လက်မနှေးဘဲ သင်ယူလိုက်ပါ။

ယတြာ ။     ။ ခိုကလေးတွေကို အစာကျွေးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဤစာစောင်ကို  SHARE  ပြီး သင့်အခင်မင်ဆုံးသူငယ်ချင်း၃ယောက်ကို mention ခေါ်လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

ကံဇာတာအနည်းငယ်ညံ့နေတဲ့ အချိန်ဖြစ်ပါတယ်။ တခြားသူတစ်ယောက်ရဲ့ အမှားကို သင့်အနေနဲ့ တာဝန်ယူဖြေရှင်းပေးရတတ်တယ်။ စိတ်ရှည်၊ သည်းခံ၊ လမ်းကြောင်းမှန်ဆိုတဲ့ထုံးကို နှလုံးမူပြီး အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းလိုက်ပါ။ ကံဇာတာအညံ့ရှိနေချိန်မို့ အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် စကားအပြောအဆိုဆင်ခြင်သတိထားသင့်ပါတယ်။

ယတြာ ။     ။ မွေးနေ့မှာ သစ်ပင်စိုက်ပါ။

ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

 ၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့အချိန်ပါ။ သင်လုပ်နေကျအလုပ်တွေမှာတောင် အမှားမှားအယွင်းယွင်းတွေဖြစ်နေတတ်တယ်။ သတိထားပြီးလုပ်ဆောင်သင့်ပါတယ်။ ဆရာသမားကောင်းတွေဆီက အကြံဉာဏ်တွေယူပါ။ အဲ့ဒီအကြံဉာဏ်တွေက သင့်အခက်အခဲတွေပြေလည်အောင် ကူညီပေးပါလိမ့်မယ်။

ယတြာ ။     ။ မကျန်းမာသူတစ်ဦးကို ဆေးဝါးဒါနပြုလိုက်ပါ။

သင့်အရင်းနှီးဆုံးသူငယ်ချင်းကို TAG တွဲပြီး ဤစာစောင်ကို SHARE ပေးလိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

စွန့်စားစရာကိစ္စတွေနဲ့ ပြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ အလုပ်သစ်၊ နေရာသစ်တွေကို ပြောင်းရွှေ့ရကိန်းရှိပါတယ်။ အချစ်ရေးမှာ ကြားလူကြောင့် အထင်လွဲစရာလေးတွေ ဖြစ်ရတတ်ပါတယ်။ ငွေဝင်ကိန်းရှိတယ်။ ကျန်းမာရေးအနေနဲ့ အနည်းငယ်ညံ့နေပါတယ်။ ဒူးနာ၊ ခါးနာဖြစ်တတ်တယ်။ အထိုင်အထ၊ အသွားအလာသတိထားပါ။

ယတြာ ။     ။ လမ်းဘေးခွေးလေးတွေကို အစာကျွေးလိုက်ပါ။

ဤစာစောင်ကို  LIKE and SHARE ပြီး တခြားသူတွေပါ ဖတ်နိုင်အောင် မျှဝေပေးလိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိသားစုနဲ့ပတ်သက်ပြီး ငွေကုန်ကြေးကျများနေချိန်မှာ သင်လုပ်ချင်တဲ့အလုပ်အတွက် ငွေကြေးရင်းနှီးမြုပ်နှံဖို့အခွင့်အရေးပေါ်တတ်ပါတယ်။ အကောင်းအဆိုးဒွန်တွဲနေတဲ့ အခြေအနေတွေအတွက် စိတ်ပင်ပမ်းနေရတဲ့အချိန်ပါ။ အဆိုးတွေကုန်သွားရင် အကောင်းတွေဝင်လာပါလိမ့်မယ်။ သင်လုပ်စရာရှိတာတွေကို ယုံယုံကြည်ကြည်နဲ့ ဆက်လုပ်လိုက်ပါ။

ယတြာ ။     ။ မရှိဆင်းရဲသားတစ်ယောက်ကို ဖိနပ်တစ်ရံလှူလိုက်ပါ။

သင်နဲ့ရာသီခွင်တူတဲ့သူငယ်ချင်းရဲ့ timeline ပေါ်မှာ ဒီစာစောင်လေးကို  SHARE ပေးလိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

အချစ်ရေးနဲ့ပတ်သက်ပြီး မျှော်လင့်မထားတဲ့ ကံကောင်းမှုတွေ ရောက်ရှိလာတတ်တဲ့ အချိန်ပါ။ ဒါပေမယ့် အချစ်အပေါ်မှာမျက်စိစုံမှိတ် ယုံမှတ်ပြီးမပုံအပ်မိပါစေနဲ့။့ မိသားစု၊ ချစ်သူနဲ့ မိတ်ဆွေသူငယ်ချင်းတွေကြားမှာ ဗျာများနေရတတ်ပါတယ်။ သင့်ရဲ့အချိန်တွေကို သေချာစီမံခန့်ခွဲပြီး အားလုံးနဲ့ အဆင်ပြေအောင် ကြိုးစားသင့်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗိုက်နာ၊ ဗိုက်အောင့်ဖြစ်တတ်တယ်။ သတိထားပါ။

ယတြာ ။     ။ ပံ့သကူပစ်ပါ။

တခြားသူတွေလည်း တစ်ပတ်တာအတွင်း ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေ သိနိုင်စေဖို့ ဤစာစောင်ကို SHARE ခြင်းအားဖြင့် သင့်စေတနာကို ပြသလိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ကိစ္စတစ်ခုအပေါ်မှာလောလောလတ်လတ် ခံစားချက်နဲ့မတုံ့ပြန်ပါနဲ့။ အချိန်ယူစဉ်းစားပြီး တုံ့ပြန်တာက သင့်အလုပ်မှာကော၊ လူမှုဆက်ဆံရေးမှာပါ အဆင်ပြေစေမှာပါ။ သင့်အမှားကိုစောင့်နေသူတွေရှိတဲ့အတွက် အပြောအဆို၊ အပြုအမူကို သတိထားပါ။ နည်းနည်းပြောပြီး များများလုပ်ရမယ့်အချိန်ဖြစ်ပါတယ်။ အချစ်ရေးသာယာနေပါမယ်။

ယတြာ ။     ။ ငါးလေးတွေကို အစာကျွေးပါ။

ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

အဆိုးထဲက အကောင်းကို မြင်အောင်ရှာဖွေကြည့်ဖို့ သင့်ကိုယ်သင် တွန်းအားပေးနေရမယ့် အချိန်ဖြစ်ပါတယ်။ ကြိုးစားလျှင်တော့ အတိုင်းထက်အလွန် တိုးတက်လာနိုင်မယ့် အချိန်ပါ။ သင့်စိတ်ထဲရှိသလောက် သင့်လုပ်နိုင်စွမ်းကို အားမရသလိုဖြစ်နေမယ်။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့။ ရိုးသားကြိုးစားမှုနဲ့ ဖြည်းဖြည်းမှန်မှန်ခရီးဆက်ရင်း လိုရာခရီးရောက်အောင်သွားလိုက်ပါ။

ယတြာ ။     ။ ဘုရားတစ်ဆူဆူမှာ ရွှေချပါ။

ဤစာစောင်ကို သင့်သူငယ်ချင်းတစ်ယောက်ကို mention ခေါ်ပြီး မျှဝေပေးလိုက်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) အတွင်းမွေးဖွားသူများ

အချစ်ရေးမှာကော မိတ်ဆွေသူငယ်ချင်းတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာပါ အဆင်ပြေချောမွေ့နေတဲ့အချိန်ဖြစ်ပါတယ်။ ချစ်သူဟောင်းက သင့်ကိုပြန်ဆက်သွယ်ဖို့ ကြိုးစားလိမ့်မယ်။ ပညာရေးမှာလည်း ရွေးချယ်စရာအခွင့်အလမ်းကောင်းတွေ နှစ်ခုသုံးခု ယှဉ်တွဲပေါ်လာတတ်တယ်။ သင့်ဝါသနာနဲ့ကိုက်ညီပြီး သင့်ဘဝအတွက်လည်း တကယ်အသုံးဝင်မယ့် ပညာရပ်ကို သေချာစဉ်းစားရွေးချယ်သင့်ပါတယ်။

ယတြာ ။     ။ မွေးနေ့မှာ အဖြူရောင်အင်္ကျီကို ဝတ်ဆင်ပါ။

ဤစာစောင်ကို သူငယ်ချင်းတွေဖတ်ရှုနိုင်အောင် SHARE ပေးလိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

သင့်ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ပြီး ဖိအားတွေပေးနေတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် စိတ်ရှုပ်နေရတတ်ပါတယ်။ သူထင်သလို သင့်အနေနဲ့ ပျော့ညံ့သူမဟုတ်ဘဲ သင့်ခြေထောက်ပေါ်သင်ရပ်တည်နိုင်ကြောင်း သင့်ကြိုးစားမှုတွေနဲ့ သက်သေပြလိုက်ပါ။ ခရီးတစ်ခု ထွက်ရတတ်တယ်။ သင့်အတွက် ကံကောင်းစေမယ့် ခရီးဖြစ်ပါတယ်။

ယတြာ ။     ။ ကလေးငယ်တစ်ဦးကို မုန့်ဝယ်ကျွေးလိုက်ပါ။

ဤတစ်ပတ်စာဟောစာတမ်းလေးတွေကို တခြားသူတွေပါ ဖတ်ရအောင် SHARE ပေးခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ။