၂၀၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဧပြီလ ၁၈ရက်နေ့မှ ဧပြီလ ၂၄ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )

မတ်လ (၂၁)  မှ ဧပရယ်(၁၉) ရက်အတွင်းမွေးဖွားသူများ

သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ သင့်ကိုနှောင့်ယှက်နေတဲ့ အဟန့်အတားတွေ ကွယ်ပျောက်သွားပြီး ရှေ့ဆက်လျှောက်လှမ်းနိုင်ပါလိမ့်မယ်။ အရင်ကထက် ပိုမိုလွတ်လပ်တဲ့ဘဝကို ရရှိလိမ့်မယ်။

ယတြာ ။     ။ ငါးလွှတ်ခြင်းခြင့် သင့်ရဲ့ကံဇာတာတွေ ကောင်းမွန်လာပါလိမ့်မယ်။

ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

       သင့်ရဲ့အရင်ကတွေးထားတဲ့ အစီအစဉ်တွေက အနာဂတ်အတွက် ဘာမှဖြစ်မလာနိုင်ပါဘူး။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ သင့်ကို စိတ်ခွန်အားတွေ၊ အကြံဉာဏ်ကောင်းတွေပေးလာမယ့် အားကိုးရသူတွေ ပေါ်ပေါက်လာလိမ့်မယ်။ သူတို့ရဲ့ အကြံဉာဏ်တွေက သင့်အတွက်အရမ်းကို အသုံးဝင်တယ်ဆိုတာ ယုံကြည်ထားလိုက်ပါ။ မိသားစုတွင်းက အကြီးအကဲတစ်ယောက်ယောက်ရဲ့ အထင်လွဲခြင်းခံရတတ်တယ်။

ယတြာ ။     ။ ငှက်ကလေးတွေကို အစာကျွေးပြီး လိုရာဆုတောင်းပါ။
သူငယ်ချင်းတွေကို mention ခေါ်လိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်းမွေးဖွားသူများ

ပြီးခဲ့တဲ့ကာလတွေမှာ အလုပ်လုပ်ဖို့ တက်တက်ကြွကြွမရှိဘဲဖြစ်နေတတ်တယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ သင့်အလုပ်ကို တက်တက်ကြွကြွလုပ်ဆောင်ချင်စိတ်တွေ ပေါ်ပေါက်လာမယ်။ သင်ဖြစ်ချင်တဲ့ဆန္ဒတွေ အရာထင်လာမယ်။ အသက်မွေးဝမ်းကျောင်းအလုပ်မှာ အောင်မြင်မှုတွေရလိမ့်မယ်။ သဝန်တိုတတ်လွန်းတဲ့စိတ်ကြောင့် နောင်တတွေရတတ်တယ်။ စကားတစ်ခွန်းကိုမပြောခင် သေချာစဉ်းစားသုံးသပ်ပါ။

ယတြာ ။     ။ မိဘမဲ့ဂေဟာ တစ်ခုခုမှာ တတ်နိုင်သလောက် လှူပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

       မိသားစုနဲ့ လူမှုရေးကိစ္စတွေကြောင့် ငွေကုန်ကြေးကျများနေတတ်တယ်။ ဒါပေမယ့် ဒီလိုငွေကုန်တာတွေက တစ်ချိန်ချိန်မှာ သင့်အတွက် ကောင်းကျိုးတွေရနိုင်ပါတယ်။ စေတန်ဂြိုဟ်ရဲ့ လွှမ်းမိုးမှုကြောင့် ဒီရက်ပိုင်းအတွင်း လူကြီးမိဘတွေစကား နားမထောင်ဘဲ စိတ်ထင်ရာလုပ်နေတတ်တယ်။ သင့်ဘဝရဲ့ ရုတ်တရက်ပြောင်းလဲမှုတွေက အနာဂတ်ရဲ့ လမ်းခရီးအတွက် ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာပါလိမ့်မယ်။

ယတြာ ။     ။ သက်ကြီးရွယ်အို တစ်ဦးကို ကျွေးမွေးပေးကမ်းပါ။

Comment Box မှာ ရာသီခွင်တူ သူငယ်ချင်းတစ်ယောက်ကို mention ခေါ်လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

       ဒီတစ်ပတ်အတွင်း အချစ်ရေးအထူးကံကောင်းနေတတ်တယ်။ သင့်အတွက် အရေးပါတဲ့အရာတွေအတွက် အချိန်နဲ့ ခွန်အားစိုက်ထုတ်ရကိန်းရှိတယ်။ “မုသားမပါ၊ လင်္ကာမချော” ဆိုသလို အလုပ်မှာ အဖြူရောင်မုသားလေးတွေ အနည်းငယ်သုံးရတတ်တယ်။ အရင်ကကြိုးစားခဲ့သမျှ အရာထင်လာမယ့် အချိန်ကောင်းလည်းဖြစ်နေပါတယ်။

ယတြာ ။     ။ သင့်ကို စိတ်ဆိုးစေတဲ့သူတစ်ယောက်ကို ခွင့်လွှတ်ပေးပါ။

ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

အလုပ်နဲ့လူမှုရေးကြား ဗျာများနေတတ်တယ်။ ဒီအခြေအနေဖြစ်အောင်လည်း သင်ကိုယ်တိုင်ဖန်တီးခဲ့တာပါ။ ဒါပေမယ့် အပြစ်တစ်စုံတစ်ရာမရှိဘဲ ဖြေရှင်းနိုင်ပါလိမ့်မယ်။ အရေးမပါတဲ့ ဆုံးဖြတ်ချက်တွေအတွက် အချိန်အရမ်းအကုန်မခံပါနဲ့။ ခရီးသွားဖို့စီစဉ်ထားတဲ့ အစီအစဉ်တွေ ပြန်လည်အသက်ဝင်လာလိမ့်မယ်။

ယတြာ ။     ။ တစ်နေ့လောက် မုသာဝါဒကို ရှောင်ကြဉ်ပါ။

ဤစာစောင်ကို SHARE ပြီး သင်အားအကိုးရဆုံးသူကို TAG လုပ်လိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

သင့်ကို နှောင့်နှေးစေတဲ့ အကျင့်ဆိုးတွေ၊ လုပ်ရပ်ဆိုးတွေကို စွန့်လွှတ်ချင်စိတ်တွေ ပေါ်ပေါက်လာပြီး ကြိုးစားချင်လာပါလိမ့်မယ်။ တူရာသီဖွားတွေရဲ့ စိတ်မှာ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ကိုပဲ စိတ်အားထက်သန်နေလိမ့်မယ်။ သင့်ကြိုးစားအားထုတ်နိုင်မှုကို ပြသရမယ့်အခွင့်ကောင်းတွေ ပေါ်ပေါက်လာတတ်တာကြောင့် ပတ်ဝန်းကျင်ကို အမြဲမပြတ်စောင့်ကြည့်နေရမယ့်အချိန်ပါ။

ယတြာ ။     ။ မွေးရက်မှာ ငါးစာကျွေးပါ။

ချစ်ရတဲ့သူ ၃ယောက်ကို Mention ခေါ်လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

တဖြည်းဖြည်းရင့်ကျက်လာပြီး ဘဝကို တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းတတ်လာမယ့် ကာလပါ။ ဝင်ငွေတွေလည်းပိုမိုတိုးတက်လာမယ်။ တစ်ခါတလေ စိတ်လွတ်ကိုယ်လွတ်ပျော်ချင်တာမျိုးတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် အရာရာကို သေချာ ဆင်ခြင်သုံးသပ်ပြီးမှ လုပ်သင့်ပါတယ်။ အသိဉာဏ်ရှိရှိနဲ့ ဆောင်ရွက်ပါ။ သင့်အတွက်ကောင်းကျိုးတွေအများကြီး ဖြစ်လာနိုင်ပါတယ်။

ယတြာ ။     ။ အဝတ်ဟောင်းတွေကို လိုအပ်သူတွေဆီ စွန့်ကြဲလိုက်ပါ။

ဤဗေဒင်စာစောင်လေးကို သူငယ်ချင်းတွေပါဖတ်ရအောင် SHARE ပေးလိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

မျှော်လင့်မထားတာတွေက သင့်ဘဝထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာပါလိမ့်မယ်။ သင်မပေးချင်တဲ့အရာတစ်ခုကို အလွန်အမင်း လိုချင်တောင့်တနေသူတစ်ယောက်ရှိတယ်။ ဆုံးဖြတ်ချက်တစ်ခုကို မချမှတ်ခင် အတွေးပေါင်းများစွာနဲ့ တွေဝေနေတတ်တယ်။ ပျော်ပွဲရွှင်ပွဲတစ်ခုတက်ရောက်ရင်း သင့်ဘဝကိုကောင်းကျိုးယူဆောင်လာပေးမယ့်သူနဲ့ ဆုံတွေ့ရတတ်တယ်။

ယတြာ ။     ။ သင့်အိမ်လမ်းထဲရှိ ခွေးများကို အစာကျွေးပါ။

ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

အရင်ကခံစားနေရတဲ့ပူဆွေးနာကျင်မှုတွေကို ဘဝထဲကမောင်းထုတ်ပြီး အနာဂတ်ကို ပျော်ရွှင်စွာလျှောက်လှမ်းရမယ့်အချိန်ပါ။ အနာဂတ်ရဲ့ ပျော်ရွှင်စရာအချိန်တွေက သင့်ကိုစောင့်ကြိုနေပါတယ်။ မရောက်ဖူးသေးတဲ့ နေရာအသစ်တစ်ခုဆီ ခရီးထွက်ရကိန်းရှိတယ်။ သင့်ကြိုးစားမှုကြောင့် အလုပ်က အထက်လူကြီးတွေရဲ့ မျက်နှာသာပေးခြင်းခံရလိမ့်မယ်။
ယတြာ ။     ။ အိမ်က ဘုရားမှာ သစ်သီးဆွမ်းကပ်ပါ။

သူငယ်ချင်း ၃ယောက်ကို Mention ခေါ်လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ(၁၈) တွင်းမွေးဖွားသူများ

ငြင်းခုံရန်ဖြစ်မှုတွေ၊ အထင်လွဲမှုတွေကြောင့် စိတ်ညစ်စရာတွေနဲ့ ကြုံရတတ်တယ်။ ပြဿနာတွေကို သေချာကိုင်တွယ်ဖြေရှင်းပါ။ အလျှော့ပေးသင့်ရင် အလျှော့ပေးလိုက်ပါ။ ပြဿနာတွေကို အချိန်ကုန်ခံဖြေရှင်းနေမယ့်အစား အလုပ်ကို အချိန်ပေးကြိုးစားလိုက်ပါ။ အလုပ်ကြိုးစားမှုလျော့သွားရင် သင့်အောင်မြင်မှုအတွက် အဟန့်အတားတွေပေါ်လာနိုင်ပါတယ်။

ယတြာ ။     ။ သင့်မိတ်ဆွေ တစ်ဦးကို ဗဟုသုတအမြင်တစ်ခု မျှဝေပေးပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀) ရက်အတွင်းမွေးဖွားသူများ

       သင့်ရဲ့ အတင်းပြောတတ်တဲ့အကျင့်ကြောင့် မကောင်းတဲ့ကိစ္စရပ်တွေ ဖြစ်လာနိုင်ပါတယ်။ သူတစ်ပါးအကြောင်းတွေ စိတ်ဝင်စားနေမယ့်အစား ကိုယ့်အကြောင်းကိုသာ စိတ်ဝင်စားပါ။ သင့်ရဲ့ကြိုးစားအားထုတ်မှုများလေလေ၊ အောင်မြင်နိုင်ခြေပိုများလေလေ ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ အကြံဉာဏ်ကိုအားကိုးတာထက် ကိုယ်ပိုင်အကြံဉာဏ်ကို ယုံကြည်အားကိုးလိုက်ပါ။ အောင်မြင်မှုက သင်နဲ့လက်တစ်ကမ်းအကွာမှာပါ။

ယတြာ ။     ။ သူဆင်းရဲ တစ်ဦးဦးကို ပေါင်မုန့်လှူလိုက်ပါ။

သူငယ်ချင်းတွေအတွက် ဤစာစောင်ကို SHARE ပေးလိုက်ပါ။