၂၀၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ)

blank
၁။ မိရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

နေရောင်ခြည်ရဲ့စွမ်းအင်တွေလို သွက်လက်ဖြတ်လတ်နေမည့်ကာလဖြစ်သည်။ အကြံဥာဏ်ကောင်း၊စိတ်ကူးကောင်းများဖြင့် သစ်လွင်သည့်နေ့ရက်များကိုပိုင်ဆိုင်ခွင့်ရမည်။ အချစ်ရေးတွင် ဖြည်းဖြည်းနှင့်မှန်မှန်အောင်ပွဲခံနိုင်မည့် ကာလဖြစ်သည်။ မိဿရာသီဖွားသူငယ်ချင်းကို mention ခေါ်လိုက်ပါ။

ယတြာ- ရေစစ်လှူပါ။

၂။ ပြိဿ ရာသီဖွား (Taurus )

ဧပြီလ(၂၁ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

မိမိ၏စိတ်ကူးအိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် မိမိအပေါ်ကောင်းကျိုးမပေးသည့် လူတစ်ချို့နှင့်လမ်းခွဲရမည်။ စွန့်စားလုပ်ကိုင်လိုက်သောကိစ္စများမှ ရလဒ်ကောင်းများခံစားရမည်။ အချစ်ရေးကံကောင်းမည်။ ပြိဿရာသီဖွားသူငယ်ချင်း၏ wall ပေါ်တွင် ဤစာစောင်ကို SHARE ပေးပါ။

ယတြာ-ဘုရားတန်ဆောင်းတစ်ခုတွင် သန့်ရှင်းရေးလုပ်အားပေးပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ

အနာဂတ်အတွက်ကောင်းမွန်သော ခြေလှမ်းများကိုစတင်နိုင်မည့်ကာလဖြစ်သည်။ မိမိကိုယ်ကိုယုံကြည်မှုများတိုးမြှင့်ပြီး ခိုင်မာသောဆုံးဖြတ်ချက်များချမှတ်နိုင်မည်။ စိတ်မြန်လက်မြန်ဆုံးဖြတ်ချက်ချခြင်းများအား သတိထားပါ။ မေတ္တာရေးကံကောင်းမည်။ သူငယ်ချင်း (၃) ယောက်အား Tag လုပ်ပြီး ဤစာကို SHARE ပေးပါ။

ယတြာ- မွေးနံထောင့်တွင်ဆီမီးကပ်လှူပါ။

၎။ ကရက်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ကာလအတန်ကြာ စိတ်ကူးယဉ်ခဲ့ရသော ကိစ္စများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်။ မိမိပတ်ဝန်းကျင်ရှိလူများနှင့် သဘောထားမတိုက်ဆိုင်ဘဲတစ်ယောက်တည်း ခွဲထွက်နေသလိုခံစားရမည်။ သို့သော်နားလည်မှုရှိသောချစ်သူကြောင့် စိတ်ချမ်းသာရမည်။ လုပ်ငန်းအဆင်ပြေမှုများဆက်တိုက်ကြုံတွေ့ရမည်။ မိမိချစ်သူအား mention ခေါ်လိုက်ပါ။

ယတြာ-သက်ကြီးရွယ်အိုများအား ဆေးဝါးပေးလှူပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သင်၏အလုပ်အပေါ်စိတ်အားထက်သန်မှုနှင့် သူတစ်ပါးအပေါ် အကောင်းမြင်တတ်မှုကြောင့် အကြီးအကဲများ၏ ယုံကြည်အားကိုးမှုကို ခံရတတ်သည်။ နိုင်ငံရပ်ခြားနှင့် ဆက်သွယ်လုပ်ဆောင်သော လုပ်ငန်းများအောင်မြင်မည်။ သူတစ်ပါးအပေါ် ယုံကြည်မှုလွန်ကဲမှုကြောင့် အလုပ်ခွင်တွင် အဆင်မပြေမပြေမှုများကြုံတွေ့ရတတ်သည်။ သိဟ်ရာသီဖွားသူငယ်ချင်းများသိအောင် ဤစာစောင်ကို SHARE ပေးပါ။

ယတြာ- ဘုရားတွင်ရွှေထီးငွေထီးလှူပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ခြစ်ခြုတ်ချွေတာပြီး ငွေကြေးများစုဆောင်းနိုင်မည့် ကာလဖြစ်သည်။ ရည်မှန်းမထားသော အလုပ်အကိုင်များမှ အကျိုးဆက်ကောင်းများခံစားရမည်။ ယိမ်းယိုင်နေသော အချစ်ရေးကို အတင်းအကျပ်ဖြေရှင်းရန်မကြိုးစားပါနှင့်

ယတြာ- ရေအိုးစင်လှူဒါန်းပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၂) ရက်အတွင်း မွေးဖွားသူမျာ

အလုပ်အကိုင်နှင့် နှလုံးသားရေးရာကိစ္စများ အချိုးညီညီထိန်းညှိနေနိုင်သော ကာလဖြစ်သည်။ အချစ်ရေးတွင်ရှုပ်ထွေးမှုအနည်းငယ်ကြုံတွေ့ရမည်ဖြစ်သော်လည်း အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်နိုင်မည်။ အိပ်မက်များကိုလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်။သူငယ်ချင်း(၅) ယောက်အား mention ခေါ်ပါ။

ယတြာ- ဘုရားတွင် လျှပ်စစ်မီးပူဇော်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

အထင်လွဲမှုများကို ဖြေရှင်းရင်း အချိန်ကုန်၊လူပန်းဖြစ်နေတတ်သည်။ ဝေဖန်ကဲ့ရဲ့မှုများစွာကြုံတွေ့ရမည်ဖြစ်သော်လည်း ခိုင်မာသောစိတ်ဓာတ်ဖြင့်ကျော်လွှားနိုင်မည်။ အလုပ်ခွင်တွင်အဆင်မပြေမှုများကိုကျော်လွှားနိုင်မည်။

ယတြာ- လေလွင့်ခွေးလေးများအား အစာကျွေးပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

စိတ်ရောကိုယ်ပါနှစ်မြှပ်ကြိုးစားနေသလောက် အလုပ်အကိုင်အဆင်ပြေမည့် ကာလဖြစ်သည်။ ရာထူးတိုးတတ်သည်။ ငွေကြေးဗလဖွာသုံးစွဲနေခြင်းကို ဆင်ခြင်ပါ။ သူငယ်ချင်းများနှင့်ချစ်သူအကြားဗျာများရတတ်သည်။ သင့်ကိုအမြဲတမ်း အကူအညီပေးတတ်သော သူငယ်ချင်း(၃)ယောက်အား mention ခေါ်ပါ။

ယတြာ- ငါးစာကျွေးပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

ချစ်သူရှိသူများ အခုတစ်ပတ်အတွင်း မိမိချစ်သူနှင့် မိသားစုအကြားအဆင်ပြေသော ဆက်ဆံရေးတစ်ခုတည်ဆောက်ပေးနိုင်လိမ့်မည်။ တစ်ပါးသူများကိုကောင်းစွာပြုမူဆက်ဆံတတ်သော သင်၏အကျင့်ကြောင့် ကောင်းမွန်သောအကျိုးဆက်များခံစားရမည်။ ပရဟိတဝါသနာပါသော သူငယ်ချင်းအား mention ခေါ်ပါ။

ယတြာ- ဖိနပ်ဟောင်းတစ်ရံကို စွန့်ပစ်ပါ။

၁၁။ ကုံရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

မိမိပေးမိသောကတိတစ်ခုကိုတည်အောင်ကြိုးစားနေရင်း ဘေးကျပ်နံကျပ်ဖြစ်တတ်သည်။ မိတ်ဆွေစစ်နှင့်မိတ်ဆွေကောင်းကို ကွဲကွဲပြားပြားသိနိုင်မည့်ကာလဖြစ်သည်။ အနာဂတ်ရည်မှန်းချက်များအတွက် အရေးကြီးသောဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်။ သင့်လုပ်ဖော်ကိုင်ဖက်များဖတ်ရှုနိုင်အောင် ဤစာကို SHARE ပေးပါ။

ယတြာ-ဘုရားရင်ပြင်တော်သန့်ရှင်းရေးလုပ်ပေးပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀) ရက်အတွင်းမွေးဖွားသူများ

ပျော်ရွှင်စရာတွေက သင့်ကိုစောင့်မျှော်နေသောကာလဖြစ်သည်။ အတိတ်မှနာကျည်းစရာများကိုမေ့ပြီး ပျော်ရွှင်စရာအနာဂတ်ခြေလှမ်းများကို စတင်နိုင်မည်။ မိမိအထက်လူကြီးများနှင့် စကားအပြောအဆိုဂရုစိုက်ပါ။ သင့်အတွက်မှန်နေခဲ့ရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

ယတြာ-ခိုစာကျွေးပါ။