၂ဝ၁၆၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (မတ်လ ၂၁ရက်နေ့မှ မတ်လ ၂၇ရက်နေ့အထိ)

blank
၁။ မိရာသီဖွား (Aries )

မတ်လ (၂၁) မှ ပြီလ(၂၀) ရက်အတွင်းမွေးဖွားသူများ

ခက်ခဲသောပြဿနာများကို အပြီးသတ်ဖြေရှင်းနိုင်မည့် ကာလဖြစ်သည်။ အနာဂတ်အတွက်အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်။ မကြာသေးမှီက တွေ့ဆုံခဲ့သော မိတ်ဆွေတစ်ယောက်ထံမှ အကူအညီများရရှိမည်။ နောင်အနာဂတ်တိုင် တသသဖြစ်နေစေမည့် အမှတ်တရများဖန်တီးနိုင်မည်။ သင်၏မိတ်ဆွေသစ်အား mention ခေါ်လိုက်ပါ။

ယတြာ- သောက်ရေလှူဒါန်းပါ။

၂။ ပြိဿ ရာသီဖွား (Taurus )

ပြီလ(၂၁ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

မိမိကိုယ်ကိုအံ့သြရလောက်အောင် ကံကောင်းမှုများဆက်တိုက်ကြုံတွေ့ရမည်။ ပေါင်းသင်းဆက်ဆံရေး နယ်နိမိတ်သစ်များချဲ့ထွင်နိုင်မည်။ အချစ်ရေးတွင် ကတောက်ကဆအနည်းငယ်ကြုံတွေ့ရသော်လည်း မိမိချစ်သူ၏ ဂရုစိုက်မှုကို ခံရတတ်သည်။ ရည်းစားမရှိသေးသောသူများ စန်းပွင့်တတ်သည်။ ပြိဿရာသီဖွားသူငယ်ချင်းကို mention ခေါ်လိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ-မွေးနံထောင့်မှာ ဘုရားပန်းကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ

မိမိ၏လက်အောက်ငယ်သားများအား အားပေးကူညီပေးရင်း အပြန်အလှန်နားလည်မှုရလာမည့် ကာလဖြစ်သည်။ အကြီးအကဲတစ်ဦး၏ အကူအညီကြောင့် ရည်မှန်းချက်များအားလက်တွေ့အကောင်အထည်ဖော်နိုင်မည်။ ငွေရေးအပေးအယူကိစ္စသတိပြုပါ။ မိမိလေးစားရသူ၏ ချစ်ရေးဆိုခြင်းခံရတတ်သည်။

ယတြာ-သံဃာတော်များအား ထီးလှူပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

အချစ်ရေးထက် သူငယ်ချင်းတွေကို ပိုဂရုစိုက်မိနေသော ကာလဖြစ်သည်။ တစ်စုံတစ်ယောက်အား ရင်ဖွင့်တိုင်ပင်လိုက်ခြင်းဖြင့် ကာလအတန်ကြာပူပန်နေရသော သောကများပြေပျောက်သွားမည်။ ရရှိလာသော အခွင့်အရေးများကို အသုံးချလိုက်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သော ဘဝလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်မည်။  ဤစာကို ကရကဋ်ရာသီဖွားသူငယ်ချင်း၏ wall ပေါ်တွင် SHARE ပေးပါ။

ယတြာ- သင်္ကန်းလှူပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

စိတ်လိုက်မာန်ပါ တုန့်ပြန်လိုက်မိသောကြောင့် ချစ်သူနှင့် စကားများရတတ်သည်။ သမရိုးကျဖြစ်စဉ်များမှ ခွဲထွက်ပြီးစဉ်းစားနိုင်မှုများကြောင့် ကြီးမားသော အခွင့်အရေးများရလာတတ်သည်။ ချစ်သူနှင့် အဆင်မပြေသောကာလတွင် အီစီကလီထားချင်နေသော စိတ်များဖြစ်ပေါ်နေသည်။ ရေရှည်လက်တွဲရန် ရည်စူးထားသော်လည်း ချစ်သူအပေါ် စိတ်လက်မရှည်ဖြစ်နေသော ကာလဖြစ်သည်။

ယတြာ- ကလေးငယ်တစ်ယောက်အား အဝတ်စပန်းရောင်တစ်ခုကို ဝယ်ပေးလိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ရရှိလာသော အခွင့်အရေးများကို တွေဝေမနေဘဲ အပြည့်အဝအသုံးချပါ။ မိမိကိုယ်တိုင်ပင် ထင်မှတ်မထားသော အရည်အချင်းများကို အသိအမှတ်ပြု မြေတောင်မြှောက်ပေးမည့် အကြီးအကဲ တစ်ဦးနှင့်ဆုံဆည်းမည်။ မိမိအစွမ်းသတ္တိများကို မရှက်မကြောက်ထုတ်ဖော်အသုံးချပါ။

ယတြာ- ဆွမ်းလှူဒါန်းပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၂) ရက်အတွင်း မွေးဖွားသူများ

မိမိ၏ ပတ်ပတ်လည်တွင် မိမိအားစိတ်လိုလက်ရ ကူညီလိုသော သူများနှင့်ပြည့်နေမည်။ တွေဝေနေသောကိစ္စရပ်များကို ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်တော့မည့်ကာလဖြစ်သည်။ နှလုံးသားရေးရှုပ်ထွေးမှုများ ကြုံမည်ဖြစ်သော်လည်း အနာဂတ်ဘဝအတွက် ရည်ရွယ်လို့ရသော လက်တွဲဖော်နှင့်ဆုံတွေ့မည်။

ယတြာ- သက်ကြီးဝါကြီးများအတွက် ဆေးလှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

ပညာရေးနှင့်ပတ်သတ်ပြီး ကံအထူးကောင်းသော ကာလဖြစ်သည်။ စာမေးပွဲ၊ အင်တာဗျူးဖြေမည့်သူများ ထိပ်တန်းမှအောင်မြင်မည်။ သင်ဘယ်တုန်းကမှ မသိခဲ့သော ပုန်းလျှိုးနေသော အရည်အချင်းတစ်ခုကြောင့် တိုးတက်မြင့်မားသော ဘဝကိုပိုင်ဆိုင်နိုင်မည်။ သူငယ်ချင်းမက ရည်စားမကျအခြေအနေမှ အတိအလင်းချစ်သူဘဝသို့ရောက်မည်။

ယတြာ- ခိုကိုးရာမဲ့ကလေးငယ်များအတွက် ငွေပေးလှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

မိသားစုအတွင်း ပူညံပူညံလုပ်တတ်သူတစ်ယောက်ကြောင့် စိတ်ကသိကအောက်ဖြစ်မည်။ စီးပွားရေးနှင့်ပတ်သတ်ပြီး စိတ်ကူးသမျှမအောင်မြင်သော်လည်း ထင်မှတ်မထားသောငွေဝင်လမ်းများမှ ငွေဝင်မည်။ ချစ်သူနှင့် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေမည်။ ပြည်ပနှင့် ချိတ်ဆက်လုပ်ကိုင်သော လုပ်ငန်းများအောင်မြင်မည်။

ယတြာ-နေအိမ်ဘုရားတွင် ဆီမီးကပ်လှူပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

ပညာရေးနှင့်ပတ်သတ်သော လုပ်ငန်းများအကျိုးပေးသော ကာလဖြစ်သည်။ မိမိဘဝကို ဘေးချော်သွားနိုင်သောဝေဖန်မှုများကို လျစ်လျူရှုပါ။ ဝေဖန်ကဲ့ရဲ့သူများနှင့်ကြုံလင့်တစား မိမိရည်မှန်းချက်ကို တစိုက်မတ်မတ်လျှောက်လှမ်နိုင်ရန် အားပေးကူညီသူများလည်း ရှိနေလိမ့်မည်။ နိုင်ငံရပ်ခြားသို့ ပညာသင်သွားရတတ်သည်။

ယတြာ- ဘုရားခန်းသန့်ရှင်းရေးလုပ်ပေးပါ။

၁၁။ ကုံရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

မိမိပတ်ဝန်းကျင်တွင်ကောင်းသောအပြောင်းအလဲများကြုံတွေ့ရမည်။ လုပ်ငန်းတွင် ဖြတ်လတ်တက်ကြွစွာ ကြိုးစားလိုစိတ်များဖြစ်နေသည်။ ချစ်သူမျက်နှာတစ်ခုတည်းကြောင့် သူမဖက်မှ တိုက်ခိုက်မှုများကို သည်းခံနေရသည်။ ငွေကြေးနှင့်ပတ်သတ်ပြီး သနားစိတ်ဖြင့် မစဉ်းစားဘဲ ကူညီလိုက်ခြင်းကြောင့် အရှုပ်အရှင်းကိစ္စများ ကြုံတွေ့ရတတ်သည်။

ယတြာ-မွေးနံထောင့်တွင် အအေးကပ်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀) ရက်အတွင်းမွေးဖွားသူများ

မိမိ၏အချစ်ရေးတွင် တတိယလူတစ်ယောက်ကြောင့် ကတောက်ကဆများကြုံတွေ့ရတတ်သည်။ ဒေါသဖြင့်အလျင်စလိုဖြေရှင်းခြင်း ရှောင်ကြဉ်ပါ။ မိတ်ဆွေအပေါင်းအသင်း အထောက်အပံ့ကောင်းရရှိမည်။ ငွေကြေးကံကောင်းနေသော်လည်း ဝင်ငွေနှင့်ထွက်ငွေမမျှမတဖြစ်နေသည်။

ယတြာ- လူအိုရုံတစ်ခုသို့သွားရောက်၍ လုပ်အားပေးပါ။

သင့်အတွက်မှန်ခဲ့တယ်ဆိုရင် သူငယ်ချင်းတွေဖတ်ရအောင် SHARE ပေးလိုက်ပါဦး။