၂ဝ၁၆ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဖေဖဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ)

blank
၁။ မိဿရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ်(၁၉) ရက်အတွင်းမွေးဖွားသူများ

ဒီတစ်ပတ်ကတော့ သင့်အတွက် လန်းဆန်းတက်ကြွစွာနဲ့ အလုပ်သစ်တွေကို စတင်ရမယ့် အချိန်ပါ။ ဒါပေမယ့် အာရုံစိုက်ဖို့တော့ လိုပါတယ်နော်။ မိသားစုတွင်းက အထင်လွဲမှုသေးသေးလေးတွေနဲ့ အချစ်ရေး ပဋိပက္ခသေးသေးလေးတွေကြောင့် စိတ်ရှုပ်ရတတ်တယ်။ အရေးပါတဲ့ ဆက်ဆံရေးလား၊ အရေးမပါတဲ့ ဆက်ဆံရေးလားဆိုတာ ခွဲခြားသိမြင်နိုင်အောင် ကြိုးစားပါ။ တစ်ယောက်တည်း အေးအေးဆေးဆေးနေဖို့လည်း အချိန်ပေးပါ။

ယတြာ ။     ။ ငှက်လွှတ်ရင်း ကံကောင်းဖို့ ဆုတောင်းပါ။ ခင်မင်ရတဲ့ သူငယ်ချင်း ၃ယောက်ကို Comment Box မှာ mention ခေါ်လိုက်ပါ။

၂။ ပြိဿ      ရာသီဖွား (Taurus )

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

အရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေး စပ်တူလုပ်ကိုင်ရမယ့် အချိန်ရောက်လာတော့မှာပါ။ ဒါ့ကြောင့် ကိုယ့်ကိုနှိမ်ချင်တဲ့သူတွေ၊ မနာလိုတဲ့သူတွေ ဘာပြောပြော လျစ်လျူရှုထားလိုက်ပါ။ လူမှုဆက်ဆံရေး ကောင်းမွန်နေတဲ့ အချိန်ဖြစ်ပြီး သင့်ဘဝအတွက် သင့်တော်တဲ့ လက်တွဲဖော်ကို မကြာခင်တွေ့ရတော့မှာပါ။

ယတြာ ။     ။ ကံတွေပိုကောင်းသွားအောင် ဇီဝိတဒါနပြုပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်းမွေးဖွားသူများ

ဘဝခရီးလမ်းကဆို ဆက်လျှောက်ဖို့ တွန့်ဆုတ်နေသလို ဖြစ်တတ်ပါတယ်။ ပုံမှန်အတိုင်းဘဲ ဆက်လျှောက်ပါ။ ငွေကြေးပြဿနာအချို့ကြောင့် သင်စိတ်ညစ်နေတတ်တယ်။ ဒါပေမယ့် အလုပ်နဲ့ မိသားစုနဲ့ ခွဲခြားထားပါ။ အပြင်ကပြဿနာတွေကို အိမ်ကိုသယ်မသွားပါနဲ့။ အလုပ်နဲ့ မိသားစုကြား အကြပ်ရိုက်တာမျိုးတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် သင်ဖြေရှင်းနိုင်မှာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ ။     ။ အခက်အခဲတွေ ကြုံနေရရင် မိန်ရာသီဖွား သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်ပြီး အကြံဉာဏ်တောင်းကြည့်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ပုဂ္ဂိုလ်ရေးနဲ့ စီးပွားရေးကို ခွဲခြားပြီး ကြိုးစားလုပ်ဆောင်ကြည့်ပါ။ အောင်မြင်မှုဆိုတာ သင်ထင်ထားတာထက်ပိုပြီး နီးကပ်နေပါတယ်။ တစ်ကိုယ်ကောင်းဆန်လွန်းတယ်၊ မတည်နိုင်တဲ့ ကတိတွေကို ပေးနေတယ်ဆိုရင် သင့်ကိုပဲထိခိုက်စေပြီး သင့်စိတ်ကူးတွေပဲ တစ်စစီဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ပတ်အတွင်းမှာ ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ် စိတ်ရင်းအမှန်အတိုင်းဆက်ဆံပေးပါ။ သင်ကံပွင့်လာမှာ အသေအချာပါပဲ။

ယတြာ ။     ။ သူတော်စင်တစ်ဦးကို ဆွမ်းကပ်လှူပေးပါ။

ကရကဋ်ရာသီဖွား သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

အလုပ်ကိစ္စနဲ့ ငွေရေးကြေးရေး ကိစ္စရပ်တွေမှာ အလျှင်စလို ပြုမူခဲ့တာတွေဟာ တရားမဝင်သဘော ဖြစ်နေတတ်ပြီး ဥပဒေနဲ့ တစ်နည်းတစ်ဖုံငြိစွန်းနေတတ်ပါတယ်။ ဘယ်သူဘာပြောပြော သင်မှန်နေတဲ့အတွက် ခေါင်းငုံ့မခံပါနဲ့။ အမှားတွေကို ဝန်ခံဖို့လည်း သတ္တိရှိပါ။ သင်ထင်ထားတာထက် ပိုမိုအောင်မြင်လာပါလိမ့်မယ်။

ယတြာ ။     ။ မသန်မစွမ်း ဒုက္ခိတတစ်ယောက်ကို ငွေကြေးအနည်းငယ် လှူလိုက်ပါ။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

သင့်ကို ရှေ့ဆက်မတိုးနိုင်အောင် တားဆီးပိတ်ပင်နေတဲ့ အရာတွေကနေ လွတ်မြောက်အောင် ရုန်းထွက်ရမယ့် အချိန်ပါ။ အတွေးသစ် အမြင်သစ်တွေနဲ့ ခြေလှမ်းသစ်တွေ စတင်ရမယ့်အချိန်လည်း ဖြစ်နေပါတယ်။ လိုက်လျောညီထွေမှု၊ မျှတအောင် ထိန်းညှိမှုတွေကတော့ ဒီတစ်ပတ်ထဲမှာ မရှိသလောက်ရှားနေမယ်။ ဒါပေမယ့် ရလဒ်ကောင်းတွေတော့ ထွက်လာမယ်။

ယတြာ ။     ။ လမ်းမှာ ဒုက္ခရောက်နေတဲ့ သက်ကြီးရွယ်အို တစ်ဦးကိုတွေ့ရင် စားစရာတစ်ခုခု ဝယ်ပေးလိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၂) ရက်အတွင်း မွေးဖွားသူများ

သင့်ရဲ့ ဉာဏ်စွမ်းကိုသုံးပြီး မိသားစုဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပါ။ မိသားစုတွင်း စိတ်သဘောထားကွဲလွဲမှုတွေ ရှိနေတတ်ပြီး ချစ်ကြည်ရေးပြန်လည်တည်ဆောက်ပေးဖို့ လိုအပ်နေပါတယ်။ သင်ကြိုးစားပြီး ရင်ကြားစေ့ပေးကြည့်ပါ။ သူတစ်ပါးရဲ့ စိတ်ခံစားမှုတွေကိုလည်း စာနာနားလည်ပေးပါ။

ယတြာ ။     ။ အိမ်မှာရှိတဲ့ ဖိနပ်စုတ်တွေကို လွှင့်ပြစ်လိုက်ပါ။ ဤစာစောင်ကို သူငယ်ချင်းငါးယောက်ရဲ့ timeline ပေါ်ကို ဝေမျှပေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဒီတစ်ပတ်မှာတော့ အိမ်တွင်းရေးမှာရော ငွေရေးကြေးရေးမှာပါ အောင်မြင်စပြုလာနေပြီ။ ဒါ့ကြောင့် သင့်အလုပ်အကိုင်နဲ့ ပတ်သတ်တဲ့ အတွေးအမြင်ကောင်းတွေကို ကြိုးစားရှာဖွေပါ။ စိတ်ရှည်သည်းခံတယ်ဆိုတာ ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ရှည်ခြင်းကြောင့်ရလာတဲ့ ရလဒ်ကောင်းတွေကတော့ သင့်ကို ပြုံးပျော်စေနိုင်မှာပါ။ အချစ်ရေးမှာလည်း ထို့အတူပဲ စိတ်ရှည်သည်းခံလိုက်ပါ။

ယတြာ ။     ။ ဒီတစ်ပတ်လုံး နေ့စဉ်နေ့တိုင်း ဘုရားဝတ်ပြုဆုတောင်းပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဒီတစ်ပတ်မှာတော့ သင့်သူငယ်ချင်းတွေအပေါ် အကောင်းမြင်စိတ်နဲ့ဆက်ဆံပါ။ စိတ်ဓာတ်ခွန်အားတွေ ပေးပါ။ အသက်မွေးဝမ်းကျောင်းမှုနဲ့ လူမှုဆက်ဆံရေးတွေမှာ တိုးတက်ကောင်းမွန်နေတတ်တယ်။ အိမ်တွင်းရေးအခြေအနေတစ်ချို့မှာ အထိမခံဖြစ်နေတတ်တယ်။ ဒါပေမယ့် သင့်မှာ စိတ်ကောင်းနှလုံးကောင်းရှိတာကြောင့် ပြဿနာတိုင်းကို ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။

ယတြာ ။     ။ အိမ်က ဘုရားစင်မှာ အနီရောင်ပန်းတစ်မျိုး ကပ်လှူပြီး အညံ့တွေဝေးပါစေလို့ ဆုတောင်းပါ။

၁၀။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

ဝင်ငွေတွေ တိုးတက်လာစေဖို့ အခွင့်အရေးကောင်းတွေ မကြာခဏပေါ်လာတတ်တယ်။ ဒါပေမယ့် ကျင့်ဝတ်နဲ့ညီရဲ့လားဆိုတာ ပြန်လည်ဆန်းစစ် ဆင်ခြင်သင့်ပါတယ်။ ပိတ်ရက်တွေမှာ ဘာလုပ်မယ်ဆိုတာကို ကြိုတင်အစီအစဉ်ဆွဲထားပါ။ သောကြာနေ့ညနေရောက်မှ အတင်းကြီးစဉ်းစားတာမျိုးမဖြစ်ပါစေနဲ့။ ဘယ်အရာကိုမဆို ကြိုတင်ပြင်ဆင်မှုမရှိရင် အလွဲလွဲ အချော်ချော်ဖြစ်တတ်ပါတယ်။

ယတြာ ။     ။ ခပ်လတ်လတ် ဖိနပ်တစ်ရံကို ဆင်းရဲနွမ်းပါးသူ တစ်ဦးအား လှူလိုက်ပါ။

မကာရရာသီဖွား ခင်မင်ရသူတွေကို mention ခေါ်လိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

အလုပ်ပေါ်မှာ သင့်ဘက်က ရိုးသားဖြောင့်မတ်ပြီး ရည်မှန်းချက်ကြီးကြီးနဲ့ ကြိုးစားပါ။ ဒီတစ်ပတ်လုံး သင်ငွေရွှင်နေမှာပါ။ အလုပ်အကိုင်ကောင်းတွေနဲ့ ပတ်သတ်ပြီး အဆက်အသွယ်တွေ ပိုရမယ်။ မျှော်လင့်မထားတဲ့ သတင်းတွေကြောင့် အံ့အားသင့်ရမယ်။ အကြံဉာဏ်ကောင်းတွေများများ ထွက်လေလေ၊ ပြဿနာဖြေရှင်းနည်းတွေ ပိုမိုရရှိလေလေ ဖြစ်ပါတယ်။

ယတြာ ။     ။ မွေးရက်မှာ ငါးစာကျွေးပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀) ရက်အတွင်းမွေးဖွားသူများ

သင့်ဦးနှောက်ထဲမှာ ပေါ်လာသမျှ အကြံဉာဏ်ကောင်းတွေကို မှတ်သားထားပါ။ တစ်ချိန်ချိန်မှာ လိုအပ်လာတတ်ပါတယ်။ တစ်ခါတစ်လေ ဘောင်ကျော်ပြီးစဉ်းစားမိတဲ့ အတွေးတွေက စီးပွားရေးမှာ အထောက်အကူဖြစ်နေတတ်တယ်။ ဒါပေမယ့် ချရေးထားဖို့တော့ မမေ့ပါနဲ့။ ဆုံးဖြတ်ရလွယ်တဲ့ ကိစ္စတွေ ကြုံရပေမယ့် ကိုယ့်ကိုယ်ကို သိပ်ပြိး စိတ်ကြီးဝင်မနေပါနဲ့။

ယတြာ ။     ။ အိမ်လမ်းထဲက ခွေးလေခွေးလွင့်တွေကို အစာကျွေးပါ။သင့်အတွက် မှန်နေပြီဆိုရင် သူငယ်ချင်းတွေအတွက် Share ပေးလိုက်နော်။